18/07/2019
ယနေ့မှာတော့ အာဇာနည်နေ့ အထိမ်းအမှတ် အနေဖြင့် ကျင်းပတဲ့ Debate ရဲ့ finalပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပြိုင်ပွဲဝင် အဖွဲ့နှစ်သင်းဟာဆိုရင်ဖြင့် အကျိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီးပြီပဲ ဖြစ်ပါတယ် ပထမဆုကြီးကို ဆွတ်ခူးရရှိသွားတဲ့ The Talking Headsအဖွဲ့ကိုရော ဒုတိယဆုကြီးကို ဆွတ်ခူးရရှိသွားတဲ့ XSအဖွဲ့ကိုရော congratulationsပါ.. ပထမဆုအတွက် ဆုငွေကျပ် ၆သောင်း ဒုတိယဆုအတွက် ဆုငွေကျပ် ၃သောင်းနဲ့တကွ certificate များကိုပါ ချီးမြှင့်ပေးပါသော ပါမောက္ခချုပ်ကြီး ဒေါက်တာကေသီလွင်နှင့်တကွ လာရောက်အားပေးကြပါသော ဆရာ ဆရာမများ ကျောင်းသူကျောင်းသားများ ပွဲဖြစ်မြှောက်စေရန် အဖက်ဖက်က ကူညီထောက်ပံ့ပေးပါသောသူများ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများကို HTUDCမှ ကျေးဇူးအထူးပင် တင်ရှိအပ်ပါတယ်ရှင်...
ဆက်လက်ကြိုးစားပါဦးမည်
HTUDC