TU Hmawbi ပြန်ကြားရေး

TU Hmawbi ပြန်ကြားရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TU Hmawbi ပြန်ကြားရေး, College & University, Pyay Road, Hmawbi.

01/10/2019
Technological University (Hmawbi) ------------------------------------Student Conference for Final Year (6BE) Studentsဖိ...
09/07/2018

Technological University (Hmawbi)
------------------------------------
Student Conference for Final Year (6BE) Students
ဖိတ်​ကြားအပ်​ပါသည်​။

03/07/2018

(Hmawbi)

ကျောင်းသားတွေ စောင့်မျှော်နေကြတဲ့ အစီအစဉ်တစ်ခု ကျွန်တော်တို့ မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ မကြာမီအချိန်တိုလေးအတွင်း အကောင်အထည်ဖော်ပေးတော့မှာ ဖြစ်ပါတယ်။ကျွန်တော်တို့ နည်းပညာတက္ကသိုလ်(မှော်ဘီ) မှာ ကျင်းပခဲ့တဲ့ ကျောင်းသားအားလုံး စိတ်ဝင်တစား ပါဝင်ဆင်နွဲခဲ့တဲ့ ပွဲတော်တစ်ခုကိုအသစ်အသစ်သော အစီအစဉ်တွေထပ်ပေါင်းထည့်ပြီး ကျင်းပမယ့် ပွဲတစ်ခုပါ။ ဘာပွဲတော်တို့ထင်မြင်မိပါသလဲ။
ဟုတ်ပါတယ်။ ကျောင်းမှာကျင်းပခဲ့ဖူးတဲ့ "စာပေနှင့်အနုပညာပွဲတော်"ကို
ပိုမိုကျယ်ကျယ်ပြန့်ပြန့်နဲ့ ပိုစိတ်ဝင်စားစရာပွဲတော်တစ်ခုအဖြစ်ကျင်းပမှာပါ။
ပွဲတော်ကို "Students' Fair"လို့အမည်ပေးထားပြီး ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပမှာပါ။

ပွဲတော်မှာ ဘာတွေပါမှာလဲ။
ယခင်ကျင်းပခဲ့တဲ့ပွဲတော်ကိုမှ ထပ်မံတိုးချဲ့ကျင်းပမှာမို့ ယခင်ကအစီအစဉ်တွေဖြစ်တဲ့ "ပန်းချီ၊ ကာတွန်း၊ ကဗျာ၊ ဓာတ်ပုံ ပြခန်း"တွေ၊ ယဉ်ကျေးမှုအကအလှတွေအပြင် အာဇာနည်နေ့အထိမ်းအမှတ် အဖြစ်ကျင်းပမယ့် စာပေဟောပြောပွဲနှင့် ကျောင်းသားကျောင်းသူတွေကော မေဂျာတွေကပါ ပါဝင်လို့ရမယ့် အထူးအစီအစဉ်တစ်ရပ်လည်းရှိပါသေးတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ ကျွန်တော်တို့ မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးကော်မတီကနေ အချိန်နှင့်တပြေးညီ တင်ပေးနေမှာဖြစ်ပါတယ်။

အနုပညာဝာသနာရှင်တွေအနေနှင့် မိမိတို့ရဲ့ အနုပညာလက်ရာတွေကို ဖော်ထုတ်ပြသနိုင်တဲ့ အစီအစဉ်တစ်ရပ်လည်းရှိသေးတာမို့ အားလုံးပဲ စိတ်ဝင်စားကြမယ်လို့ မျှော်လင့်ပါတယ်။အားလုံးကိုလည်းဖိတ်ခေါ်ပါတယ်။

နေ့ရက်။ ။၁၃. ၇. ၂၀၁၈(သောကြာနေ့)
အချိန်။ ။နံနက်၉နာရီခွဲမှ ညနေ၃နာရီ
နေရာ။ ။နည်းပညာတက္ကသိုလ်(မှော်ဘီ)

#သတင်းနှင့်ပြန်ကြားရေးကော်မတီ
#မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

ကျောင်းသား​လေးတစ်​​ယောက်​က ထမင်းချိုင့်​ကို ဝန်​ထမ်း​ရေးရာငှါနတွင်​လာပို့ထားပါတယ်​ ​ကျောင်းသူမ​လေးတ​ယောက်​ကကျန်​ခဲ့...
20/06/2018

ကျောင်းသား​လေးတစ်​​ယောက်​က ထမင်းချိုင့်​ကို ဝန်​ထမ်း​ရေးရာငှါနတွင်​လာပို့ထားပါတယ်​ ​ကျောင်းသူမ​လေးတ​ယောက်​ကကျန်​ခဲ့တာပါတဲ့ ၃၇ကား​ပေါ်​ပြေးတက်​ပြီး​မေ့ကျန်​ခဲ့တာပါလို့​ပြောပါတယ်​ ဘယ်​သူမှန်းလည်းမသိပါဘူးလို့​ပြောပါတယ်

စော်​ဘွားကြီးကုန်း ကားမှတ်​တိုင်​မှာပါ တဲ့...

အားလုံးပဲ​စောင့်​​မျှော်​​နေကြတဲ့ ​ကျောင်းလွယ်​အိတ်​​လေး​တွေ ကို ပုံနှင့်​တကွ ​ကြေညာလိုက်​ပါတယ်​​နော်​။ကျောင်းလွယ်​အ...
23/02/2018

အားလုံးပဲ​စောင့်​​မျှော်​​နေကြတဲ့ ​ကျောင်းလွယ်​အိတ်​​လေး​တွေ ကို ပုံနှင့်​တကွ ​ကြေညာလိုက်​ပါတယ်​​နော်​။ကျောင်းလွယ်​အိတ်​နဲ့ ​ကျောင်းရင်​ထိုး ၂မျိုး​ပေါင်းကို ၅၅၀၀ ကျပ်​ထဲနဲ့ ​ရောင်းချ​ပေးမှာဖြစ်​ပါတယ်​။ အားလုံး​တောင်းဆိုထားတဲ့အတိုင်း သံလိုက်​ရင်​ထိုးမှာယူထားတဲ့အတွက်​ အချိန်​​စောင့်​​ဆိုင်း​ရတာမို့ ​ရင်​ထိုးကို​တော့ တပါထဲမ​ကြေညာနိုင်​တာ ​တောင်းပန်​ပါတယ်​​။ကိုယ်​တိုင်​ပဲလွယ်​လွယ်​ အမှတ်​တရအဖြစ်​ သိမ်းထားချင်​ရင်​ပဲဖြစ်​ဖြစ် တစ်နှစ်လုံးမှာမှ တခါထဲ​​ရောင်း​ချတာမို့ လက်​မလွှတ်​ပဲ ​​ ၀ယ်​ယူသင့်တဲ့အ​ခွင့်​အ​ရေးပါ။ အိတ်​ဒီဇိုင်းကို​တော့ ၂မျိုးထုတ်​​ပေးထားတာမို့ မိမိကြိုက်​နှစ်​သက်​တဲ့ဒီဇိုင်း ​ရွေးချယ်​နိုင်​ပါတယ်​။ ကာလာက​တော့ အခြားUni​တွေနဲ့မတူ​အောင်​နဲ့ အ​ပေလည်းခံ အ​ရောင်​လည်းဆန်းတဲ့ ဆင်​စွယ်​​ရောင်​​လေး​ရွေးချယ်​ထားပါတယ်​။ Delivery Service လည်းရှိတာမို့ မိမိစိတ်​၀င်​စားတဲ့လူဆီ တိုးတိုးတိတ်​တိတ်​​ပေးပို့ချင်​ရင်​လည်း ၀န်​​ဆောင်​မှု ပေးပါတယ်​။ Prepaid order စနစ်​ဖြစ်​တဲ့အတွက်​ ကြိုတင်​စာရင်း​ပေးမှ စိတ်​ချမှာဖြစ်​ပါတယ်​။
၀ယ်​ယူချင်​တဲ့လူ​တွေအ​နေနဲ့ မနက်​ဖြန်​ ၂၁.၂.၂၀၁၈(ဗုဒ္ဓဟူး​နေ့) ​မှစတင်​၍ နေ့လည် ၁၂နာရီမှ ၁နာရီခွဲအတွင်း ကျောင်းသားများသမဂ္ဂရုံးခန်း (3/104-A) သို့်လာ​ရောက်​မှာယူနိုင်​ပါတယ်​။ Delivery Service နဲ့ပါတ်​သတ်​ပြီးအ​သေးစိတ်​ကိုလည်း တပါထဲ​မေးမြန်းနိုင်​ပါတယ်​။
Brighter

နည်းပညာတက္ကသိုလ်မှော်ဘီဘွဲ့နှင်းသဘင်အခမ်းအနားအစမ်းလေ့ကျင့်ခြင်း ၂-၂-၂၀၁၈BTဘွဲ့တက်ရောက်သူအားလုံးနံနက် ၈:၃၀နာရီအရောက်တက်ရော...
23/01/2018

နည်းပညာတက္ကသိုလ်မှော်ဘီ
ဘွဲ့နှင်းသဘင်အခမ်းအနား
အစမ်းလေ့ကျင့်ခြင်း ၂-၂-၂၀၁၈
BTဘွဲ့တက်ရောက်သူအားလုံး
နံနက် ၈:၃၀နာရီအရောက်

တက်ရောက်မည့်နေ့ ၃-၂-၂၀၁၈
BTဘွဲ့တက်ရောက်သူများအားလုံး
မနက်ပိုင်း ၈:၃၀နာရီအရောက်
Archi/ Mech/ Civil

ညနေပိုင်း နေ့လည် ၁နာရီအရောက်
Mc/ IT/Ep/Ec

Credit

နည်းပညာတက္ကသိုလ်​(​မှော်​ဘီ)၂၀၁၇ -၂၀၁၈ ပညာသင်​နှစ်​၊ နှစ်​ဦးဓမ္မသဘင်​အား ​သစ္စာ​ရွှေစည်​ဆရာ​တော်​မှ​ ​အောက်​ပါအစီအစဉ်​တို...
04/01/2018

နည်းပညာတက္ကသိုလ်​(​မှော်​ဘီ)၂၀၁၇ -၂၀၁၈ ပညာသင်​နှစ်​၊ နှစ်​ဦးဓမ္မသဘင်​အား ​သစ္စာ​ရွှေစည်​ဆရာ​တော်​မှ​ ​အောက်​ပါအစီအစဉ်​တိုင်းကျင်းပပြုလုပ်​မည်​ဖြစ်​ပါသဖြင့်​​ကျောင်းသား/​ကျောင်းသူများ တက်​​ရောက်​နာကြားနိုင်​ပါ​ကြောင်းဖိတ်​ကြားအပ်​ပါသည်​-
နေ့ရက်​ ။ (၉-၁-၂၀၁၈)ရက်​​နေ့ ၊ အင်္ဂါ​နေ့
အချိန်​ ။ ​နေ့လည်​(၁း၀၀)နာရီ
နေရာ ။ ဘွဲ့နှင်းသဘင်​ခန်းမ

25/12/2017

သူငယ်ချင်းတို့ရေ

SUTU FC (Hmaw Bi) ကနေပြီးလူရွေးပွဲလေးထပ်မံလုပ်ပါမည်။မေဂျာမှာအကြောင်းအမျိုးမျိုးကြောင့်အရွေးမခံရလို့ စိတ်ပျက်နေတာလား
လာခဲ့ပါ SUTU FC (Hmaw Bi) ကနေသင့်ကိုနွေးထွေးစွာစောင့်ကြိုနေလျှက်ပါ။
နေ့ရက်။ ။၂၆-၁၂-၂၀၁၇ (အင်္ဂါနေ့)
၂၇-၁၂-၂၀၁၇ (ဗုဒ္ဓဟူးနေ့)
အချိန် ။ ။၁၀နာရီ
နေရာ ။ ။အုန်းခြံကွင်း
မှတ်ချက်။ ။ကစားသမားအဟောင်းများလည်းလာရောက်ပေးပါ ရန်။လူပြန်လည်စီစစ်ပါမည်။ဘောကန်ဖိနပ် များလည်းတစ်ပါတည်းယူဆောင်လာရန်။
အသေးစိတ်သိရှိလိုပါက
ကိုပြည့်စုံ -09772535150
ကိုလင်းခန့်-09254445852
ကိုဆက်အောင်နိုင်-09773081242
သို့ဆက်သွယ်နိုင်ပါသည်။

နည်းပညာတက္ကသိုလ်​ (​မှော်​ဘီ) ၁၅ကြိမ်​​မြောက်​ ဘွဲ့နှင်းသဘင်
25/12/2017

နည်းပညာတက္ကသိုလ်​ (​မှော်​ဘီ) ၁၅ကြိမ်​​မြောက်​ ဘွဲ့နှင်းသဘင်

Address

Pyay Road
Hmawbi

Alerts

Be the first to know and let us send you an email when TU Hmawbi ပြန်ကြားရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share