ကွန်ပျူတာတက္ကသိုလ်-ဘားအံကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ

  • Home
  • Myanmar
  • Hpa-an
  • ကွန်ပျူတာတက္ကသိုလ်-ဘားအံကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ

ကွန်ပျူတာတက္ကသိုလ်-ဘားအံကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ အရေးတော်ပုံ အောင်နေပြီ။

========================ATTENTION: စစ်ကောင်စီဖွင့်လှစ်သော ကျောင်းများတွင် တက်ရောက်ခြင်းမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက်နှ...
25/12/2024

========================
ATTENTION: စစ်ကောင်စီဖွင့်လှစ်သော ကျောင်းများတွင် တက်ရောက်ခြင်းမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက်နှင့် ယင်းကို ထောက်ခံပေးသည့် ထောက်ခံစာ တင်သွင်းခြင်းမရှိသည့် ဖောင်ဖြည့်သွင်းမှုများကို ဆက်လက် ဆောင်ရွက်ပေးမည်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။
========================
========================
ကွန်ပျူတာတက္ကသိုလ်များနှင့် ကွန်ပျူတာနှီးနွယ်တက္ကသိုလ်များမှ ပညာသင်ယူခွင့်ရပ်တန့်နေခဲ့သော နောက်ဆုံးနှစ် ကျောင်းသား/သူများအတွက် နောက်ဆုံးနှစ်ပြီးမြောက်ကြောင်းလက်မှတ်ထုတ်ပေးနိုင်ရေးအစီအစဉ် ကြေညာချက်
(မေ ၄၊ ၂၀၂၄)
=========================
(၂၀၁၉-၂၀၂၀)ပညာသင်နှစ်တွင် မြန်မာနိုင်ငံတဝှမ်းရှိ ကွန်ပျူတာတက္ကသိုလ်များနှင့် ကွန်ပျူတာနှီးနွယ်တက္ကသိုလ်များ၌ ပညာသင်ယူခွင့်ရပ်တန့်နေခဲ့သော နောက်ဆုံးနှစ်ကျောင်းသား‌/သူများအတွက် နောက်ဆုံးနှစ်ပြီးမြောက်ကြောင်း လက်မှတ် ရယူနိုင်ရန်အတွက် ၆.၇.၂၀၂၃ နှင့် ၂၃.၄.၂၀၂၄ တို့တွင် ကြေညာချက်များ ထုတ်ပြန်ခဲ့ပါသည်။
(ယင်း ကြေညာချက်များကို
https://nucs-edu.org/final-continuing/
လင့်တွင် ဖတ်ရှုနိုင်ပါသည်။)
စိတ်ပါဝင်စားသောကျောင်းသား/သူများအနေဖြင့် ကြေညာချက်နှင့်အတူ တင်ပေးထားသောလင့်တွင် အချက်အလက်များ ဖြည့်စွက်တင်သွင်းကာ ကြေညာချက်ပါညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ပါသည်။
လျှောက်ထားရာတွင် အောက်ပါအချက်အလက်များ တင်ပြရပါမည် -
၁) စစ်ကောင်စီဖွင့်လှစ်ထားသော တက္ကသိုလ်များတွင် တက်ရောက်နေခြင်းမရှိကြောင်း ကျောင်းသား/သူ၏ ကိုယ်တိုင် လက်မှတ်ထိုးဝန်ခံချက်
၂) ရပ်တန့်ခဲ့သည့် သင်တန်းနှစ်အတွက် မှန်ကန်ကြောင်းအထောက်အထား
- ကျောင်းသားကတ် (သို့မဟုတ်) အထောက်အထားတစ်ခုခု (သို့မဟုတ်)
- ကွန်ပျူတာနှင့်ကွန်ပျူတာနှီးနွယ်တက္ကသိုလ်တစ်ခုခုမှ စီဒီအမ် ဆရာ၊ ဆရာမ၊ ဝန်ထမ်း တစ်ဦးဦး၏ ထောက်ခံစာ
၃) စစ်ကောင်စီဖွင့်လှစ်ထားသောတက္ကသိုလ်များတွင် တက်ရောက်နေခြင်းမရှိကြောင်း ထောက်ခံချက်
- သက်ဆိုင်ရာကျောင်းကောင်စီ (သို့မဟုတ်) စီဒီအမ်ဆရာ/မ (သို့မဟုတ်) စီဒီအမ်ဝန်ထမ်း (သို့မဟုတ်) ပြည်နယ်/ခရိုင်/မြို့နယ်ပညာရေးဘုတ်အဖွဲ့ (သို့မဟုတ်) သက်ဆိုင်ရာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တစ်ခုခု၏ ထောက်ခံစာ
နံပါတ် ၂ နှင့် နံပါတ် ၃ တွင် တောင်းခံထားသော ရပ်တန့်ခဲ့သည့်သင်တန်းနှစ်အတွက် မှန်ကန်ကြောင်းအထောက်အထားနှင့် စစ်ကောင်စီဖွင့်လှစ်ထားသောတက္ကသိုလ်များတွင် တက်ရောက်နေခြင်းမရှိကြောင်းထောက်ခံချက်ကို ထောက်ခံစာတစ်စောင် တည်းဖြင့်လည်း တင်သွင်းနိုင်ပါသည်။
ထောက်ခံစာပေးမည့်သူသည် ယင်းထောက်ခံစာကို ကိုယ်တိုင်တင်သွင်းပေးနိုင်ပါသည်။ ယင်းသို့ကိုယ်တိုင်တင်ပေးမည် ဆိုပါကကျောင်းသား/သူအနေဖြင့် အဆိုပါထောက်ခံစာကို တင်သွင်းရန်မလိုပါ။ ယင်းထောက်ခံစာအပြည့်အစုံရရှိပြီးမှသာ ကျောင်းသား/သူအတွက် ဆောင်ရွက်ရမည့်ကိစ္စများကို ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

အရေးတော်ပုံအောင်နေပြီ

ဤကြေညာချက်ပါအစီအစဉ်သည် နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက်သာ ဖြစ်ပါသည်။

ကွန်ပျူတာတက္ကသိုလ်များ၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT)၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT) နှင့....

23/12/2024

ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရောက်နိုင်ရန် အတွက် Registeration Form ပြန်လည်ဖွင့်လှစ်မည့်နေ့ကို

NUCS page
https://www.facebook.com/profile.php?id=61565827423927&mibextid=ZbWKwL

မှ ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ပါသည်။

အရေးတော်ပုံအောင်နေပြီ

The official page of National University of Computer Studies - NUCS

20/12/2024

ကျွန်တော်တို့ Page Admin များသည် တော်လှန်ရေးတာဝန်များ ထမ်းဆောင်ရင်း ကျောင်းသူကျောင်းသားများ ကျောင်းပြန်တက်နိုင်ရေး အတွက် မအားသည့်ကြားက ကြိုးစားပြုလုပ်ပေးခြင်းဖြစ်သောကြောင့် Page မှ Reply နောက်ကျခြင်း ကြန့်ကြာခြင်းများ ရှိခဲ့ပါက သည်းခံ ခွင့်လွတ် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။


အရေးတော်ပုံအောင်နေပြီ

19/12/2024

CDM ပြုလုပ်ထားသော ကွန်ပျူတာတက္ကသိုလ် ဘားအံမှ ကျောင်းသူကျောင်းသားများ NUCS မှကျောင်းကို ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သောကြောင့် ကျောင်းဆက်တက် နိုင်ပြီဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

ကျောင်းဆက်တက်ရန် အတွက် အသေးစိတ်ကို Page Messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

CDM ဟုတ်မှန်ကြောင်း သေချာစွာ စိစစ်ပြီးမှ သာကျောင်းဆက်တက်နိုင်မည်ဖြစ်ပါသည်။

အရေးတော်ပုံအောင်နေပြီ

13/12/2024

Covid-19 နှင့် စစ်အာဏာသိမ်းမှုကြောင့် သင်တန်းရပ်တန့်နေခဲ့ရသော
ကျောင်းသား/သူများ ကျောင်းအပ်နှံခြင်း နှင့်သင်တန်းစတင်သင်ကြားခြင်းအတွက်ကြေငြာချက်
***********************************************************************
• Covid-19 နှင့် စစ်အာဏာသိမ်းမှုကြောင့် သင်တန်းရပ်တန့်နေခဲ့ပြီး ကျောင်းသား/သူများ ကျောင်းအပ်နှံထားခဲ့သောကျောင်းသားများအနက် အကောင့်အမည်၊ လင့်၊ နှင့်ကျောင်းတက်ရောက်ရက်လိုအပ်သောအချက်အလက်များကို NUCS ကျောင်းသားရေးရာဌာနမှ အီးမေးလ်ရရှိထားသော ကျောင်းသားကျောင်းသူများသည် ၁၂.၁၂.၂၀၂၄(ကြာသပတေးနေ့)မှစပြီး Learning Management System (LMS) တွင် ဘာသာရပ်များကို စတင် enroll လုပ်နိုင်ပြီဖြစ်ပါသည်။
• ဘာသာရပ်မိတ်ဆက်ခြင်း(Orientation) ကို ၁၉.၁၂.၂၀၂၄ (ကြာသပတေးနေ့) -ညနေ ၇ နာရီ တွင် ကျင်းပမည်ဖြစ်ပြီး တက်ရောက်ရန် Zoom Linkနှင့် Telegram Channel ကို LMS တွင်တင်ထားပေးမည်ဖြစ်ပါသည်။
• Telegram Channel ကို ချိတ်ဆက်သောအခါ ဖြည့်ခဲ့သော Telegram account name ကိုသာအသုံးပြုကြရပါမည်။
• ကျောင်းသား/ကျောင်းသူများ၏ Student ID သည် LMS တွင်ပေးထားသော First Name ဖြစ်ပါသည်။
• ကျောင်းသား၊သူ မျာသည် Email မှ ပေးပိုသည့် LMS link နှင့် information များကို မည်သူ့ကိုမျှ မျှဝေခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရ။

website: https://nucs-edu.org
Email - [email protected]
Telegram - https://t.me/ucs_iboe

ကွန်ပျူတာတက္ကသိုလ် - ဘားအံ၌ ၂၀၂၁ ခုနှစ်မှစ၍ အကြမ်းဖက်စစ်ကောင်စီ၏ ပညာရေးစနှစ် အောက်၌ ပညာသင်ယူခြင်းမရှိပဲ CDM ပြုလုပ်ခဲ့သေ...
15/10/2024

ကွန်ပျူတာတက္ကသိုလ် - ဘားအံ၌ ၂၀၂၁ ခုနှစ်မှစ၍ အကြမ်းဖက်စစ်ကောင်စီ၏ ပညာရေးစနှစ် အောက်၌ ပညာသင်ယူခြင်းမရှိပဲ CDM ပြုလုပ်ခဲ့သော ကျောင်းသူကျောင်းသားများ ခင်ဗျာ
ယခုအခါ ပညာဆက်လက်သင်ယူနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးလိုပါသည်။

အသေးစိတ်သိရှိလိုပါက
https://www.facebook.com/permalink.php?story_fbid=122114834324527580&id=61565827423927

ထောက်ခံစာ ရယူရန် Page Messenger သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

14/10/2024
14/10/2024

The official page of National University of Computer Studies - NUCS

09/10/2024

NUCS (ယခင် - ကွန်ပျူတာတက္ကသိုလ်များ) ပထမနှစ် ဒုတိယအသုတ်တွင် ၀င်ခွင့်ရရှိ ရွေးချယ်ထားသော ပထမနှစ်၊ ပထမနှစ်၀က် ကျောင်းသား၊ ကျောင်းသူ
များကျောင်းအပ်ရန်ကြေညာချက်
===========================================NUCS (ယခင် - ကွန်ပျူတာတက္ကသိုလ်များ) တွင် ဒုတိယအကြိမ် ၀င်ခွင့်ရရှိရွေးချယ်ထားသော ပထမနှစ်၊ ပထမနှစ်၀က် တက်ရောက်မည့် ကျောင်းသား၊ကျောင်းသူများ အနေဖြင့် ကျောင်းသား၊ကျောင်းသူအဖြစ် မှတ်ပုံတင်စာရင်းပေးသွင်းခြင်း (၁၀.၁၀.၂၀၂၄ မှ ၈.၁၀.၂၀၂၄ ထိ) Myanmar Education System (MES) မှတဆင့် ကျောင်းအပ်နှံရပါမည်။

၂၄.၁၀.၂၀၂၄ (ကြာသပတေးနေ့)တွင် ကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

၂၇.၁၀.၂၀၂၄ (တနင်္ဂနွေနေ့) တွင် ဘာသာရပ်မိတ်ဆက်ခြင်း ပြုလုပ်မည်ဖြစ်ပါသည်။

အခြားအရေးကြီးသော ကြေငြာချက်များကို ဆက်လက်ကြေငြာသွားပါမည်။

Address

Hpa-an

Website

Alerts

Be the first to know and let us send you an email when ကွန်ပျူတာတက္ကသိုလ်-ဘားအံကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to ကွန်ပျူတာတက္ကသိုလ်-ဘားအံကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ:

Share