Mon Family Of Computer University hpa-an

Mon Family Of Computer University hpa-an Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mon Family Of Computer University hpa-an, College & University, Hpa-an.

မွန်တိုင်းရင်းသားတို့၏ ဇာတိသွေး၊ဇာတိမာန်နဲ့ ရဲ့ရင်သော ဇာတိသွေးတို့ဖြင့် တပို့တွဲလပြည့်ကျော်(၁)ရက်နေ့တွင့် ဟံသာဝတီနိုင်ငံ...
24/02/2024

မွန်တိုင်းရင်းသားတို့၏ ဇာတိသွေး၊ဇာတိမာန်နဲ့ ရဲ့ရင်သော ဇာတိသွေးတို့ဖြင့် တပို့တွဲလပြည့်ကျော်(၁)ရက်နေ့တွင့် ဟံသာဝတီနိုင်ငံတော်ကြီး(ယခု ပဲခူး) ကိုတည်ထောင်ခဲ့လေသည်။

ထိုနေ့ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ဒါ‌ကြောင့်(၂၅.၂.၂၀၁၄)မှာကျရောက်မည့်(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့ကို ကျွန်တော်တို့ ကွန်ပျူတာ တက်ကသိုလ်(ဘားအံ)၊မွန်စာပေနှင့်ယဉ်း‌ကျေးမှုအသင်းမှလှိုက်လှဲစွာကြိုဆိုပါသည်

Welcome (77)th Mon National Day

သွက်ဂွံဓမံက်ပ္တိတ် လိခ်ပတ်မည်တြေံတြဟ်ကီု...သွက်ဂွံဂိုင်ကေတ်နဲကဲမည်တြေံတြဟ်ကီု သွက်ဂွံဒ်ှဗဟုသုတကီုမဒ်ှတဲုအ္စာကဝိပိုယ် ချူ...
10/02/2024

သွက်ဂွံဓမံက်ပ္တိတ် လိခ်ပတ်မည်တြေံတြဟ်ကီု...
သွက်ဂွံဂိုင်ကေတ်နဲကဲမည်တြေံတြဟ်ကီု သွက်ဂွံဒ်ှဗဟုသုတကီုမဒ်ှတဲု
အ္စာကဝိပိုယ် ချူဇန်လဝ်ဍိုက်ပေင်က်ုံရှ် ( လိခ်ပုံအာဂီု မဒံက်ခေဝ် 📚 )

06/02/2024

ရာဇာဓိရာဇ် နှင့် ဘုရင်မင်းခေါင်းတို့ အေဒီ ၁၄၀၁ တွင် မွန်မြန်မာနယ်နယ်ခြားသတ်မှတ်ပုံ

ပုသိမ်မဏ္ဍလ

ပုသိမ်နယ်၏အကျယ်အဝန်းကို ကောဇာနှစ် ၁၁၄၅ ခု နှင့် ၁၁၆၄ ခု ဘိုးတော်ဘုရားလက်ထက်ပုသိမ် စစ်တမ်းများတွင်အောက်ပါအတိုင်းဖော်ပြထားပါသည်။ ပုသိမ်နယ်သည် အရှေ့အလားဧရာဝတီမြစ်လယ်ကြော၊ တောင်အလားပင်လယ်၊ အနောက်အလားနာဂရစ်တောင်ရိုးအထိ၊ မြောက်အလားဖားတရှည်နယ်အထိကျယ်ဝန်းပါသည်။ နယ်လေးရပ်အတွင်း ၃၂ မြို့ရှိပါသည်။

ထိုဖော်ပြချက်တွင် တောင်ဘက်ပင်လယ်နှင့် အနောက်ဘက် နာဂရစ်တောင်းရိုး ( ရခိုင်ရိုးမ ) တို့မှာ ရှင်းလင်းပေသည်။ မြောက်ဘက်ဖားတရှည်နယ်မှာ မည်သည့်နေရာဖြစ်သည်ကိုမသိပေ။ အရှေ့ဘက် ဧရာဝတီမြစ်လယ်ကြောဆိုသည်မှာကားမမှန်ပေ။ ပုသိမ်နယ်သည်ဧရာဝတီမြစ်၏အရှေ့ဘက်သို့ရောက်ရှိသည်မှာကား သေချာလှပေသည်။

ပုသိမ်မဏ္ဍလ၏ အကျယ်အဝန်းကိုသိရန်မှာ ရှေးခေတ်မွန်နိုင်ငံ၏အကျယ်အဝန်းကိုသိရန်လိုပေသည်။ ရာဇာဓိရာဇ် နှင့် ဘုရင်မင်းခေါင်းတို့ အေဒီ ၁၄၀၁ တွင် မွန်မြန်မာနယ်နယ်ခြားသတ်မှတ်ပုံကို ရာဇာဓိရာဇ်အရေးတော်ပုံတွင်ဤသို့တွေ့ရပေသည်။

မင်းဧကရာဇ်နှစ်ပါး သစ္စာစကားအမြဲအချက်ဆိုကြမှ မြသီတင်းမြတ်စွာဘုရား ( ပြည်ရွှေဆံတော်ဘုရား ) ရင်ပြင်တော်တွင် တနေရာတည်းနေကြ၍ သုခဒုက္ခပြောဟောပြီးလျှင် သူ့ရှင်ဆောင်းသည့်ထီးဖြူ စားတော်ကွမ်းလောင်းကွမ်းခွက် တို့ကိုမင်းခေါင်ထံပေးသည်။

ဘုရင်မင်းခေါင်ဆောင်းသည့်ထီးဖြူ စားတော်ကွမ်းခွက်တို့ကိုလည်း သူ့ရှင်သို့ပေးတော်မူသည်။ မင်းနှစ်ပါနှစ်သိမ့်ကြ၍ အနောက်ဘက်လည်း ဗဒင်တမော့ရမ္မပ ( ရမ္မပကျောက်နံရံ ) သည်မြေခြား အညာသည်အင်းဝကျေး၊ အကြေသည်ပဲခူးကျေး၊ အရှေ့ဘက်ကား ကြုံလှာ ( ချောင်းလျား ) သည်မြေခြား အညာသည်အင်းဝကျေး၊ အကျေသည်ပဲခူးကျေးဖြစ်စေဟုပိုင်းခြားကြသည်။ ပြီးလျှင်တလည်ဆီးကိုဗာရာဏသီသမုတ်၍ တည်သည့်တပ်တွင်လူထည့်ခဲ့ပါသည်။

ထိုဖော်ပြချက်တွင် မွန်နှင့်မြန်မာအနောက်ဘက်နယ်ခြား ရမ္မပကျောက်နံရံသည် အကောက်တောင်ကိုဆိုလိုပေသည်။ အရှေ့ဘက်ကြုံလျား သည် ခပေါင်းချောင်းဖြစ်ဟန်တူသည်။ မွန်နိုင်ငံ၏အပိုင်းအခြားကို သာမာန်အားဖြင့် ပုသိမ်မဏ္ဍလ၊ ဟံသာဝတီမဏ္ဍလ၊ မုတ္တမမဏ္ဍလဟုပိုင်းခြားထားပေသည်။

ဒဂုံ၊ သံလျှင်၊ ဒလ နယ်တို့ကိုလည်း ဟံသာဝတီမဏ္ဍလတွင်ထည့်သွင်းရေတွက်ပေသည်။ သို့သော်လည် ဟံသာဝတီ မြို့ရံ ၃၂ မြို့ကိုရေတွက်ရာတွင် သံလျှင်နှင့် ဒလနယ်တို့ကို ထည့်သွင်းခြင်းမပြုပေ။ ဒဂုံကိုမူ ဟံသာဝတီ မြို့ရံ ၃၂ မြို့အပါအဝင် ရမ္မနဂိုရ် မြို့ဟုရေတွက်သည်။ သံလျှင် နှင့် ဒလတို့မှာ အရေးပါသည့် သင်္ဘောဆိပ်မြို့ကြီးများဖြစ်သဖြင့် သီးခြားပင်ထားရှိသည်။

ထို့ကြောင့် ပုသိမဏ္ဍလသည် စစ်တောင်းမြစ်အနောက်ဘက် နှင့် ရခိုင်ရိုးမအကြားတွင်တည်ရှိပြီး၊ အကောက်တောင်၏ တောင်ဘက် ဟံသာဝတီ ၃၂ မြို့နယ်မြေများ၊ သံလျှင် နှင် ဒလနယ်များထုတ်နုတ်ပြီး ကျန်နယ်မြေအားလုံးပါဝင်ရမည်ဖြစ်ပေသည်။ ယခုခေတ်နယ်မြေများဖြင့်ဆိုရပါလျှင် ဧရာဝတီတိုင်းတခုလုံး။ ပဲခူးတိုင်းသာယာဝတီခရိုင်နှင့် ရန်ကုန်တိုင်းလှိုင်မြစ်အနောက်ဘက်ဒေသအချို့ပါဝင်ကြောင်း တွေ့ရပေမည်။

မွန်အမျိုးသားတွေရဲ့နာမည်ရှေ့မှာ မင်း ထည့်ခေါ်လေ့ရှိပါတယ် ဒါမေမဲ့ ဒီနေ့ခေတ်မှာ မွန်လို မာံ လို့ရေးပြီး Mehm လို့အသံထွက်ပါ...
03/02/2024

မွန်အမျိုးသားတွေရဲ့နာမည်ရှေ့မှာ မင်း ထည့်ခေါ်လေ့ရှိပါတယ်

ဒါမေမဲ့ ဒီနေ့ခေတ်မှာ မွန်လို မာံ လို့ရေးပြီး Mehm လို့အသံထွက်ပါတယ်

မင်း ဆိုတာ မွန်အမျိုးသားတွေရဲ့ ဘွဲ့နာမည် သို့မဟုတ် မွန်အမျိုးသားတွေရဲ့နာမည်ရှေ့မှာထည့်တတ်တဲ့အထူးပြုဝေါဟာရဖြစ်ပါတယ်။

ဒီဘွဲ့မည်ရည်ဟာ အလွန်ရှေးကျတဲ့ခေတ်က ဒီနေ့အထိမွန်တွေ သုံးစွဲ လာခဲ့ကြတာဖြစ်ပါတယ်။

ရှေးဒွါရဝတီ မွန်ကျောက်စာတွေမှာ မာင် လို့ရေးပါတယ်ပုဂံခေတ် မွန်စာတွေမှာ မင် လို့ရေးပါတယ်
အလယ်ခေတ်မွန်စာတွေမှာလဲ မင် လို့သုံးပါတယ်
မျက်မှောက်ခေတ်မှာတော မာံ လို့ရေးပါတယ်

ပုံ ၁။ ဒွါရာဝတီခေတ် မာင်
ပုံ ၂။ ပုဂံခေတ် မင်
ပုံ ၃။ မွန်ဘွဲ့မည်ရည်များ

Win Bo

လွန်ခဲ့သည့်နှစ်ပေါင်း(၆၀၀)ကျော်ကမွန်လူမျိုးတို့ရေးသားခဲ့သည့်’’ရာဇာဝံသကထာ’’ရာဇ၀င်ကျမ်းကို ကျွန်တော်တို့လေ့လာဖတ်ရှုလျှင် ယောက်ျားနှင့်သက်ဆိုင်သည့် မွန်လူမျိုးတို့၏အမည်မှည့်ခေါ်ဆိုခဲ့ပုံကိုတွေ့မြင်နိုင်ပါသည်။ ၄င်းစာအုပ်ကိုလေ့လာပြီးသိရှိရသည်မှာမွန်လူမျိုးတို့၏်ယောက်ျားအမည်ရှေ့မှာအောက်ပါဝေါရဟာစကားလုံးတို့ကိုသုံးနှုန်းခဲ့သည်ကိုတွေ့ရှိရသည်။
(၁)-မ။ (၂)-မင်။ (၃)-ဘဝ်။ (၄)-နဲာ။ (၅)-စ’။(၆)ဗညာ-တို့ဖြစ်သည်။
တခုစီကိုအနည်းငယ်အကျယ်ချဲ့၍ပြောပါရစေ။
(၁)-မ။
ဥပမာ-မလော်၊ မတောဝ်၊မသာန်(မွန်သူရဲကောင်းတစ်ဦး)
(၂)-မင်။ ဥပမာ-မင်လှစေသု။ မင်ကျဝ်ဇွာ။ မင်လမုင်။
ဒီနေရာမှာမွန်လူမျိုးကဲ့သို့ဗမာလူမျိုးတို့လည်းတချိန်က(မင်)ကိုသုံးနှုန်းပြီးအမည်မှည့်သည်ကိုတွေ့ရသည်။ဒါပေမဲ့သူတို့သုံးသည်(မင်)မှာရှေ့စီးသည့်ပြီး(မင်း)အဖြစ်သုံးသည်။ဥပမာ။
ဘုရင်မင်းခေါင်။မင်းဆွေ။မင်းညာနစ်၊မင်းရဲကျော်စွာ။မင်းရဲအောင်နိုင်(မြန်မာ့သမိုင်းမှအမည်များဖြစ်သည်)
(၃)-ဘဝ်။ ဥပမာ-ဘဝ်အဲာ။ ဘဝ်ဗိုန်၊ဘဝ်မုင်။ဘဝ်ငု့ာံမုင်(ဘုရင်ဗညားဦး၏သားတစ်ဦးအမည်)။
(၄)-နဲာ။ ဥပမာ နဲာနာတ် (ဗညာနွဲ့၏ရဲဘော်သုံးကျိတ်အမည်စာရင်းမှရဲဘော်တစ်ဦးအမည်)
(နဲာ)ဝေါဟာရနှင့်ပတ်သက်ပြီးကျွန်တော်အမြင်ကိုအနည်းငယ်ပြောပါရစေ။ဆရာကြီးနိုင်ပန်းလှက(နဲာ)ဝေါဟာရသည်(နာယက)ဝေါဟာရမှဆင်းသက်လာသည်ဟုဤနေရာမှာဖေါ်ပြထားသည်ကိုတွေ့ရသည်။ကျွန်တော်၏အမြင်ပြောရရင်(နဲာ)ဝေါဟာရသည်(တလနဲာ)ဝေါဟာရမှဆင်းသက်လာသည်ဟုယူဆပါသည်။အဓိပ္ပါယ်မှာ(သခင်)လို့အဓိပ္ပါယ်ရသည်။ဥပမာသခင်စိုး။သခင်သန်းထွန်း။သခင်အောင်ဆန်း၊သခင်ဗမော်။သုံးနှုန်းသလိုမွန်လူမျိုးတို့သည်လည်းယခင်ကတည်းကပင်(နဲာ)စကားလုံးကိုမိမိတို့၏အမည်ရှေ့မှာထည့်သုံးသည်ကိုတွေ့ရသည်။
(၅)-စ’။ ဥပမာ-စ’ခေတ်၊စ’အောဝ်။စ’အိန်စမာန်(ဗညာနွဲ့၏ရဲဘော်သုံးကျိတ် အမည်စာရင်းမှရဲဘော်တစ်ဦးအမည်)။
စ’ဆိုသည့်ဝေါဟာရသည်။ရှမ်းလူမျိုးတို့၏အသုံးနှုန်းဖြစ်သည်။အဓိပ္ပါယ်မှာ(အရှင်သခင်)လို့အဓိပ္ပါယ်ရသည်။
(၆)-ဗညာ။ ဥပမာ-ဗညာအူ။ ဗညာဒုင်မဘော(ဗညာနွဲ့၏ရဲဘော်သုံးကျိတ်အမည်စာရင်းမှရဲဘော်တစ်ဦးအမည်)။
စသည့်တို့ဖြစ်သည်။
ဤအကြောင်းရာများသည်ကျွန်တော်လေ့လာတွေ့ရှိသမျှကိုတင်ပြခြင်းဖြစ်ပါသည်။ကျေးဇူးတင်ပါသည်။

Pe Thein Zae

03/02/2024

" မန် "
"ဂကူမန်"၊ "မွန်လူမျိုး"
လူဦးရေ ၈ သန်း၊
ထိုင်းနိုင်ငံတွင် ၁၁၄ ၅၀၀
ဘာသာစကား မွန်ဘာသာ (ဘာသာမန်)
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ၊
မွန်လူမျိုးသည် ပြည်ထောင်စုသားလူမျိုးများ ထဲတွင်ပါဝင်သည်။ မွန်လူမျိုးများသည် ရှေးအခါကတည်းက မျိုးနွယ် မြင့်မားသူများဖြစ်ပြီး အောက်မြန်မာနိုင်ငံတွင် သုဝဏ္ဏဘူမိ (သထုံ) ကဲ့သို့သော တိုင်းပြည်အား မလေးအနွယ်တို့ကို တိုက်ခိုက်ကာ တည်ထောင် ခဲ့ကြသည်။ တစ်ခါက ရာဇာဓိရာဇ် မင်းနှင့် အခြား ဘုန်းတန်ခိုးအာဏာ ကြီးများသော မင်းများလည်း မွန်လူမျိုးထဲမှ ပေါ်ပေါက်ခဲ့ဘူးပါသည်။ သမိုင်းထဲတွင် မွန်ဘုရင်မကြီး ရှင်စောပုသည်လည်း မြန်မာ့သမိုင်းတွင် တစ်ပါးတည်းသော ဘုရင်မကြီးဖြစ်သည်။ ၎င်း၏သားမက်ဖြစ်သည့် ဓမ္မစေတီမင်းသည်လည်း သာဿနာတော် သန့်ရှင်းရေးအတွက် ကြိုးပမ်းခဲ့သူအဖြစ် သမိုင်းတွင် ထင်ရှားပါသည်။[၁]

ဦးဖိုးကျား ရေးသော ခေတ်မီ မြန်မာရာဇဝင်အကျဉ်းစာအုပ်မှ...
မာတိကာ [ဝှက်]
၁။ နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
၂။ မွန်-ခမာ အုပ်စုဝင်
၃။ ရှေးဟောင်းမွန်လူမျိုးများ
၄။ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
၅။ မွန်အမျိုးသား အလံ
၆။ ကိုးကွယ်ယုံကြည်မှု
၆.၁။ သာသနာအစ သထုံက
၆.၂။ ဦးငါးဦး
၇။ စာပေ
၈။ မွန်-မြန်မာ စာပေယဉ်ကျေးမှု ပေါင်းကူး
၉။ ထင်ရှားသော မွန်လူမျိုးများ
၁၀။ အနုပညာ ယဉ်ကျေးမှု
၁၀.၁။ တူရိယာ
၁၁။ အကိုးအကားများ
နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
မွန်-ခမာတို့ အုပ်စုသည် တရုတ်ပြည်တောင်ပိုင်း ယန်စီမြစ်ဝှမ်း (Yangtze Kiang) တွင် စတင်အခြေတည် နေထိုင်ခဲ့သည်ဟု ဆိုသည်။ ပါမောက္ခ G.H.Luce ၏ “Old Burma, Early Pagan (1969)” စာအုပ်တွင် ဤသို့ ဖော်ပြထားသည်။

"မွန်-ခမာ အုပ်စုဝင်"
သမိုင်းပါမောက္ခ ဒေါက်တာသန်ထွန်းကလည်း အောက်ပါအတိုင်း မှတ်ချက်ချထားသည်ကို တွေ့ရသည်။ “မွန်နှင့် ခမာလူမျိုးတို့ကား မွန်ဂိုလ်အနွယ်ဝင်များ ဖြစ်၍ ဝ၊ ပလောင်၊ ရိယန်တို့မှာ မွန်ဂိုလ်အနွယ်များ ဖြစ်သော်လည်း ဝ တို့၌ တောင်ဘက်အမျိုး (Australoid) ရောနှောမည်ဟု သံသယရှိသည်” ဟု ဆိုထားသည်။
ထို့ပြင် ဦဘသန်း၏ မြန်မာ့ရာဇဝင်၊ စာမျက်နှာ-၅၀ တွင်လည်း အောက်ပါအတိုင်း ရေးသားသည်ကို တွေ့ရသည်။ “မွန်လူမျိုးတို့ကား တိဘက်တိုးဘားမင်း(ပျူ၊ ကမ်းယံ၊ သက်)လူမျိုးတို့ မရောက်လာမီကပင် တရုတ်ပြည်အနောက်ပိုင်း ကုန်းပြင်မြင့်များမှ တောင်ဘက်သို့ ဆင်းလာကြပြီးလျှင် ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝ အရပ်ဒေသတို့တွင် မြို့ရွာတည်ထောင် နေထိုင်ကြသည်ဟု ထင်ရန်ရှိသည်။ မွန်ရာဇဝင်သမိုင်း တစောင်တွင် မွန်လူမျိုးတို့သည် ရှေးပဝေသဏီအခါက မွန်တိဟု အမည်တွင်လျက် ရှမ်း (စောထိုင် သို့မဟုတ် ထိုင်း) လူမျိုးတို့နှင့်အတူ ဧရာဝတီမြစ်နှင့် သံလွင်မြစ်တို့အကြား ကုန်းမြင့်တောင်တန်းကြီး တလျှောက် မြို့ရွာပြုစု နေထိုင်ကြကြောင်း၊ နောင်ကာလရှည်လျားမှ တောင်ဘက်သို့ ရွှေ့ဆင်း၍ အဆိုပါမြစ်ကြီးတို့၏ အဝရှိ အရပ်ဒေသတို့တွင် နေထိုင်ကြသည်” ဟုဆိုသည်။
တိဘက်တိုးဘားမင်း (တိဘက်တို-မြန်မာ) (ပျူ၊ ကမ်းယံ၊ သက်) လူမျိုးတို့ မရောက်လာမီကပင် ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝ အရပ်ဒေသတို့တွင် မြို့ရွာတည်ထောင် နေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်းရှိ မွန်လူမျိုးတို့၏ အစဦး မင်းနေပြည်တော်သည် သုဝဏ္ဏဘူမိ (ခေါ်) သထုံဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့၏ မင်းနေပြည်တော်မှာ လန်ဖန်း (ယခုထိုင်းနိုင်ငံ မြောက်ပိုင်း) ဖြစ်သည်။ ၁၁ ရာစုနှင့် ၁၂ ရာစု အရောက်တွင် မွန်တို့သည် ထိုင်းနိုင်ငံတွင် မြောက်ဖက်မှ ရွှေ့ပြောင်းလာသည့် ထိုင်းလူမျိုးတို့၏ရန်ကို ခံရသကဲ့သို့ မြန်မာနိုင်ငံအတွင်းတွင်လည်း မြန်မာတို့၏ ရန်ကို တစ်ပြိုင်နက်နီးပါး ခံခဲ့ရသည်။ ထိုအခါ ယဉ်ကျေးမှု မြင့်မားပြီး အင်အားကြီးသော မွန်တို့မှာ စည်းလုံးမှုနည်းခဲ့သည့်အတွက် မိမိတို့ပိုင်နက်များကို လက်လွတ်ခဲ့ကြရသည်။
ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာ ဆုံးခန်းတိုင် ပျက်စီးခြင်းသို့ ရောက်ရသော်လည်း ခမာတို့မှာမူ ထိုင်းတို့နှင့် သမိုင်းတစ်လျှောက် စစ်ပြုကာ ဆက်လက်နေထိုင်နိုင်ခဲ့ပြီး ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံအဖြစ် ရပ်တည်နေနိုင်သေးသည်။ မြန်မာနိုင်ငံရှိ မွန်တို့မှာ ပုဂံ အင်အားနည်းချိန်တွင် မဂဒူးမင်းဆက်ကို ထူထောင်ကာ မုတ္တမကို ဗဟိုပြုကာ ပြန်လည်ဦးမော့ခဲ့သော်လည်း ရှေးမွန်တို့၏ မြင့်မားခြင်းကို ပြန်မရနိုင်တော့ပေ။ နောက်ပိုင်းတွင် ဟံသာဝတီ (ပဲခူး) မှာ မင်းနေပြည်တော် ဖြစ်လာခဲ့သည်။ မွန်လူမျိုးတို့သည် (၉) ရာစုမှ (၁၁) ရာစု၊ (၁၃)ရာစုမှ (၁၆)ရာစုအထိနှင့် (၁၈)ရာစုတွင် နှစ်အပိုင်းအခြား တိုတောင်းသည့် ကာလများအတွင်း မြန်မာနိုင်ငံတွင် အလွန်တန်ခိုးဩဇာ ကြီးမားခဲ့ကြသည်။ [၂]
မွန်နှင့် ခမာမှာ ဘာသာစကားအားဖြင့်သာ တူညီပြီး မျိုးနွယ်မှာ တစ်ခုတည်းမဟုတ်ဟုလည်း ဆိုကြသည်။ မွန်-ခမာတို့သည် အရှေ့အာရှတွင် မိုးရေသောက် လယ်များဖော်ထုတ်ပြီး စပါးကို အကြီးအကျယ်စိုက်ပျိုးသည့် ပထမဆုံး လူမျိုးများ ဖြစ်သည်ဟု သမိုင်းများက ဆိုပါသည်။

"ရှေးဟောင်းမွန်လူမျိုးများ"
ရှေးဟောင်း ပျူလူမျိုးများ နည်းတူ မြန်မာနိုင်ငံ သမိုင်းနှင့် ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာကို အခြေခံ အုတ်မြစ်ချပေးခဲ့သူ လူမျိုးကြီး တစ်မျိုးမှာ မွန်ခမာ အနွယ်ဝင် မွန်လူမျိုးများ ဖြစ်သည်။ အရှေ့အာရှတိုက်ဆိုင်ရာ သမိုင်းပညာရှင်များ ဖြစ်ကြသည့် အိုနယ်လုစ်နှင့် ဟာဘတ် အေစတက်တို့က အာရှတိုက် တောင်ပိုင်းဒေသများသို့ ဦးစွာဝင်ရောက်လာသည့် မောင်းဂွတ် အနွယ်ဝင်များဟု ဆိုကြသည် သို့သော် တိဗက် တရုတ်နှင့် ထိုင်း တရုတ် အနွယ်ဝင်များနှင့် မဆိုင်ပဲ ဩစထရို အေရှတစ်အုပ်စုဝင် လူမျိုးနွယ်များ အဖြစ် မွန် ခမာလူမျိုးများအား သတ်မှတ်ကြသည်။
အိန္ဒိယပြည် ဒဏ္ခိဏ ကုန်းမြေတဝိုက်ရှိ မွန်းဒတ်စ် လူမျိုးများ၊ ဘင်္ဂလားနယ်ရှိ ဆန်သာလ် လူမျိုးများ၊ အာသံနယ်ရှိ ခါဆီးလူမျိုးများ၊ မြန်မာနိုင်ငံရှိ ပလောင်၊ ဝ၊ မွန်လူမျိုးများသည် မူလက လူမျိုးတမျိုးတည်း ဖြစ်လိမ့်မည်ဟု ယူဆကြသည်။ သို့သော် အာရှ တိုက်တောင်ပိုင်းသို့ ဝင်ရောက်လာကြရင်း အိန္ဒိယ၊ မြန်မာ၊ အင်ဒိုချိုင်းနား ကျွန်းဆွယ် ဒေသများသို့ ပြန့်နှံ့သွားကြသည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ မွန်လူမျိုးများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက် မလာခင်က ၎င်းတို့နှင့် အနွယ်တူ ခမာလူမျိုးများနှင့် အတူ အင်ဒိုချိုင်းနား တဝိုက်တွင် နေထိုင်ခဲ့ကြကြောင်း သမိုင်းဝင် အထောက်အထားများ တွေ့ရှိရသည်။ ယိုးဒယား (ထိုင်း) များမှာ ၁၃ ရာစု လောက်ကမှ ဝင်ရောက်နေထိုင်ကြသည်။
အင်ဒိုချိုင်းနားကျွန်းဆွယ် မဲနမ်မြစ်ဝှမ်းဒေသတဝိုက်တွင် ရှေးဟောင်း မွန်လူမျိုးများနှင့် သက်ဆိုင်သည့် မြို့ဟောင်းမြို့ပျက်များ၊ ဘာသာ ကိုးကွယ်မှု ဆိုင်ရာ ရှေးဟောင်း ကျောက်စာများကို တွေ့ရှိရသည်။ မွန်ရာဇဝင်ဟောင်းများ၌ မဲနမ်မြစ်ဝှမ်း မြောက်ပိုင်းဒေသကို ယောနကတိုင်း-ဟရိပုဉ္စပြည်နယ်၊ တောင်ပိုင်းဒေသကို အယဇ္ဈယတိုင်း-ဒွါရဝတီပြည်နယ်ဟု ရေးသားဖေါ်ပြကြပြီး အာရပ် ခရီးသွား မှတ်တမ်းများတွင်လည်း သုဝဏ္ဏဘူမိတိုင်း၏ ကြီးကျယ်ခန်းနားပုံကို ရေးသားထားကြသည်။ ရှေးဟောင်း မွန်လူမျိုးများသည် အိန္ဒိယ တောင်ပိုင်း ဒေသများနှင့် ကူးလူးဆက်ဆံခဲ့ကြပြီး ထေရဝါဒ ဗုဒ္ဓဘာသာနှင့် အခြား ယဉ်ကျေးမှုများကို မြန်မာနိုင်ငံတွင်းသို့ တင်သွင်းခဲ့ကြသည်။
၃ ရာစု ဝန်းကျင် လောက်တွင် ဗီယက်နမ်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် စမ္ပပြည်နယ်နှင့်လည်းကောင်း၊ ၅ ရာစု လောက်တွင် စတင် တည်ထောင် ၍ ၁၃ ရာစုခန့်အထိ အင်ဒိုချိုင်းနားကျွန်းဆွယ်နှင့် အရှေ့အာရှတိုက် တောင်ပိုင်းတွင် ကြီးကျယ် ကောင်းစားခဲ့သည့် ခမာ လူမျိုးများ၏ ကမ္ဗောဇနိုင်ငံတော်ကြီးနှင့် ရှေးဟောင်းမွန်လူမျိုးများသည် ဆက်သွယ်မှုများ ရှိခဲ့ကြသည်။ ရှေးဟောင်း မွန်လူမျိုးများသည် မဲနမ်မြစ်ဝှမ်းဒေသ တဝိုက်တွင် နှစ်ကာလများစွာ နေထိုင်ပြီးမှ မြန်မာနိုင်ငံ တောင်ပိုင်းဒေသ ဖြစ်သည့် တနင်္သာရီ ဘက်သို့ ပြန့်နှံ့ဝင်ရောက်လာကြသည်။ ထို့နောက် ဧရာဝတီမြစ်ဝှမ်းများနှင့်၊ စစ်တောင်း၊ မြစ်ဝကျွန်းပေါ်၊ ပဲခူးဘက်သို့ ပြန့်နှံ့လာပြီး ၉ ရာစုနှစ်ခန့်တွင် ဥဿာပဲခူးပြည်နှင့် မာလမင်းဆက်ကို ထူထောင်ကြသည်။
ထိုသို့ထူထောင်စဉ် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဘက်ကို အခြေစိုက် ထူထောင်ရန် ကြိုးပမ်းအားထုတ်ကြသည့် အိန္ဒိယနိုင်ငံ တောင်ပိုင်း ချိုလာမင်းဆက် ဘုရင်များနှင့် တိုက်ခိုက်ကြရသည့် စစ်ပွဲများအကြောင်း မွန်ရာဇဝင်များ၌ ရေးသားထားသည်။ ၁၀ ရာစုခန့်က အိန္ဒိယတောင်ပိုင်း ချိုလာမင်းဆက် ရာဂျန်ဒရာမင်းသည် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကို တိုက်ခိုက် သိမ်းပိုက်ထားကြောင်း ဖေါ်ပြထားသည်။
ခမာ လူမျိုးတို့၏ ကမ္ဗောဒီးယားနိုင်ငံ တန်ခိုးကြီးမားခဲ့စဉ်က မွန်လူမျိုးတို့၏ မြို့ပြ ပြည်နယ်များကို ယင်းတို့နိုင်ငံ၏ အစိတ်အပိုင်းတခု အဖြစ် ဆက်ဆံခြင်း ခံခဲ့ရသည်။ အနော်ရထာ မင်း လက်ထက်တွင် ဥဿပဲခူးအား မဲနမ်မြစ်ဝှမ်းမှ ဂျွန်း (ဂျွမ်း) စစ်သည်များ လာရောက် တိုက်ခိုက်၍ အနော်ရထာဘုရင်၏ တပ်များက သွားရောက် ကူညီရကြောင်း ရာဇဝင်သမိုင်းများ၏ ရေးသားထားချက်များကိုလည်း ဆက်စပ်လေ့လာကြည့်နိုင်သည်။
ရှေးဟောင်း မွန်လူမျိုးများသည် တနင်္သာရီမှ ပဲခူးအထိ ပြန့်နှံ့လာပြီး ရာစုနှစ် အနည်းငယ်အတွင်း မြစ်ဝကျွန်းပေါ် ဒေသတခုလုံးသို့ ပြန့်နှံ့သွားကြသည်။ ရန်ကုန်၊ မြောင်းမြ၊ ပုသိမ်၊ ဖျာပုံ၊ ကျိုက်လတ်၊ တွံတေး၊ ဒေးဒရဲ၊ လပွတ္ကာ၊ ဓနုဖြူ၊ ကျုံပျော် အစရှိသည့် မြို့များသည် မွန်လူမျိုးများ တည်ထောင်ခဲ့ကြသည့် မြို့ပြများဖြစ်ပြီး အခေါ်အဝေါ်များသည်လည်း မွန်လူမျိုးတို့ ဝေါဟာရများ ဖြစ်သည်။
၁၄ ရာစုခန့်တွင် ရှေးဟောင်း မွန်လူမျိုးတို့ အပြည်ပြည် အကွဲကွဲ အပြားပြား အမင်းမင်း ဖြစ်နေခြင်းအား ရာမညတိုင်းကို စတင်ထူထောင်သည့် ဝါရီရူမင်းဆက် ရာဇာဓိရာဇ်ဘုရင်က ပထမဦးဆုံးအကြိမ် စည်းလုံးသိမ်းသွင်းခဲ့သည်။ ရှေးဟောင်း မွန်လူမျိုးတို့၏ မြို့ဟောင်းများ စေတီများ ကိုးကွယ်မှု ဆိုင်ရာနှင့် ယဉ်ကျေးမှုများအား လေ့လာတွေ့ရှိချက်တွင် ရှေးဟောင်း ပျူလူမျိုးများ ကဲ့သို့ ဗြဟ္မဏနှင့် မဟာယနများကို မတွေ့ရှိရပဲ ထေရဝါဒ ဆိုင်ရာ ယဉ်ကျေးမှုများကိုသာ တွေ့ရှိရသည်။ ဗိသုကာ နည်းပညာမှာ အိန္ဒိယနိုင်ငံ တောင်ပိုင်းသို့ နွယ်ကာ ပါဠိစာပေကိုသာ သုံးစွဲပြီး အက္ခရာ အရေးအသားမှာ အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသသုံး ပလ္လဝ အက္ခရာမျိုးနှင့် ဆင်တူလေသည်။

" ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ"
မွန်လူမျိုးတို့သည် ရှေးနှစ်ပေါင်း များစွာကတည်းက ကိုယ့်ထီး ကိုယ့်နန်း၊ စာပေ၊ ယဉ်ကျေးမှုနှင့် နေလာကြသူများဖြစ်သည်။ ရွှေဟင်္သာ သည် မွန်လူမျိုးများ၏ အထိမ်းအမှတ် အမှတ်အသားတစ်ခုဖြစ်သည်။ ရွှေဟင်္သာကိုမြင်သည်နှင့် မွန်လူမျိုးကို အထူးပြုထားမှန်း သိသာပါသည်။ မွန်နိုင်ငံ တည်ရှိရာ ဒေသကို ရာမညဒေသ ဟုလည်းခေါ်ဆိုခဲ့ကြပါသည်။

"မွန်အမျိုးသား အလံ
(အလံဂကူမန်) Monflag"

"ကိုးကွယ်ယုံကြည်မှု"
မွန်လူမျိုးအများစုသည် ထေရဝါဒဗုဒ္ဓဘာသာ ကို ရှေးပဝေသဏီကတည်းက ကိုးကွယ်ကြသည်။

" သာသနာအစသထုံက"
ဂေါတမ မြတ်စွာဘုရား ဘုရားဖြစ်ပြီး ၈ ဝါမြောက်တွင် ဂဝမ္ပတိ မဟာထေရ်ကို အကြောင်းပြု၍ သထုံ၊ ဟံသာဝတီ စသော မွန်တို့၏ ဒေသများသို့ ဒေသစာရီကြွချီ ရောက်ရှိတော်မူသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး သာသနာ သက္ကရာဇ် ၂၅၃ ခုနှစ်၊ သီရိဓမ္မာ သောကမင်းကြီး လက်ထက်တွင် ကိုးတိုင်းကိုးဌာနသို့ ရဟန်းတော်များ စေလွှတ် သာသနာပြုစေရာတွင် သောဏထေရ်နှင့် ဥတ္တရထေရ်နှစ်ပါး သထုံဒေသသို့ သာသနာပြုရန် ရောက်ရှိတော်မူပြန်သည်။
သာသနာ သက္ကရာဇ် ၉၀၀ ကျော်တွင် မွန် အရှင်ဗုဒ္ဓဃောသ မထေရ်သည် သီဟိုကျွန်း (သီရိအလင်္ကာ) သို့ ကြွကာ ပိဋကတ်တော်များကို မာဂဓဘာသာဖြင့် ပေရွက်ပေါ်တွင် ကူးယူပြီး သထုံသို့ ယူဆောင်လာခဲ့၍ မွန်တို့ဒေသတွင် ဗုဒ္ဓသာသနာတော် ထွန်းကားစည်ပင်လာခဲ့သည်။ အနော်ရထာမင်း လက်ထက် ပိဋကတ်တော်များကို သထုံမှ ပုဂံသို့ ဆောင်ကြဉ်းခဲ့ပြီး ထေရဝါဒဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံအနှံ့ ပြန်နှံ့သွားခဲ့သည်။ ထို့ကြောင့် “သာသနာအစ သထုံက” ဟု ဆိုစမှတ်ပြုကြကြောင်း တွေ့ရှိရပါသည်။

"ဦးငါးဦး"
သာသနာဝင်ကျမ်းများအရ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူပြီး (၄၉) ရက်မြောက် လင်းလွန်းပင်ရင်း၌ စံနေတော်မူစဉ် မြန်မာနိုင်ငံ ဥက္ကလာပတိုင်းသား မွန်လူမျိုး တဖုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်နှစ်ဦးတို့သည် မြတ်စွာဘုရားကို ဖူးမျှော်ခဲ့ရပြီး သာသနာတော်တွင် ဘုရားကို ဦးစွာဖူးမျှော်ခွင့်ရသူများ၊ သရဏဂုံနှစ်ပါးတွင် ဦးစွာတည်သူများ၊ မြတ်စွာဘုရား ကိုယ်စားတော် သံဃာတော်များကို ဦးဆုံးကိုးကွယ်ခွင့် ရသူများ၊ မြတ်စွာဘုရား၏ ဆံတော်များ ဌာပနာပြီး ကမ္ဘာပေါ်တွင် ပထမဦးဆုံး စေတီဖြစ်သော ရွှေတိဂုံစေတီတော်ကို တည်ထားကိုးကွယ်ခွင့် ရခဲ့သူများဖြစ်ကြောင်း သိနိုင်သည်။

"စာပေ"
မွန်လူမျိုး ကို မွန်ဘာသာဖြင့် ဂကူမန် ဟုရေးသားပါသည်။ မွန်စာပေတွင် ဗျည်း (၃၅) လုံးရှိပြီး ၊ သရ (၁၂) လုံး ရှိသည်။
မွန်စာပေသည် အေဒီ ၅ ရာစုခန့်တွင် ပေါ်ပေါက်နေပြီ ဖြစ်ကြောင်း စတင်တွေ့ရပါသည်။ အိန္ဒိယတောင်ပိုင်း ပလ္လဝလူမျိုးတို့၏ ပလ္လဝအက္ခရာကို အခြေခံ၍ မွန်စာကို တီထွင်ခဲ့ကြသည်။ သထုံခေတ်တွင် မွန်စာပေ ကောင်းစွာ ထွန်းကားနေပြီဖြစ်ကြောင်း သုဝဏ္ဏဘူမိ ဝန်းကျင်တွင် တွေ့ရှိရသော မွန်ကျောက်စာများက ဖော်ပြနေသည်။ ယိုးဒယားနိုင်ငံတောင်ပိုင်း ပရပထုံကျောက်စာကိုကြည့်၍ ခရစ်နှစ် ၅ ရာစုခန့်တွင် မွန်တို့ မွန်စာကို ကောင်းစွာရေးတတ် ဖတ်တတ်နေပြီဖြစ်ကြောင်း သိနိုင်သည်။
မွန်စာပေသမိုင်းကို ဆန်းစစ်မည်ဆိုလျှင် ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ၊ ခေါင်းလောင်းစာ၊ စဉ့်ကွင်းစာ၊ အင်္ဂတေစာ၊ ပုရပိုဒ်စာ၊ ပေစာ၊ ပုံနှိပ်စာ စသည်ဖြင့် ပုံစံအမျိုးမျိုးတွေ့ရှိနိုင်သည်။ ပိဋကတ်တော်ဆိုင်ရာကျမ်း၊ ရာဇာဝင်ကျမ်း၊ ဆေးကျမ်း၊ ဓါတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပျို့ကဗျာလင်္ကာကျမ်း၊ ပုံဝတ္ထုများ၊ စကားပြေအရေးအသားများ စသည်ဖြင့် စုံလင်လှသည်။

"မွန်-မြန်မာ စာပေယဉ်ကျေးမှု ပေါင်းကူး"
မွန် နှင့် ဗမာတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုပေါင်းကူးချိန်သည် မွန်နှင့် မြန်မာတို့ ကျောက်ဆည် နယ်တွင် ဆုံတွေ့၍ အတူတကွ နေထိုင်ခဲ့သောအချိန်မှ စတင်ခဲ့ပါသည်။
ထိုအချိန်အတွင် မွန်တို့သည် မြေပြန့်လွင်ပြင်တွင် လယ်ယာလုပ်ငန်းဖြင့် အေးချမ်းသာယာစွာ နေထိုင်ခဲ့သည်မှာ အနှစ်သုံးထောင်ခန့်ပင် ကြာညောင်းခဲ့ပြီး၍ ယဉ်ကျေးမှုအရာတွင် အလွန်မြင့်မား နေပါသည်။ မွန်တို့၏ အချက်အချာနိုင်ငံဖြစ်သော ဒွါရဝတီနိုင်ငံသည်လည်း တန်ခိုးကြီးမားနေချိန် ဖြစ်ပါသည်။ ထို့ပြင် မွန်တို့သည် ထေရဝါဒဗုဒ္ဓဘာသာ ပိဋကတ်တော်များနှင့်တကွ စာပေအရေးအသားများကိုပါ ပိုင်ဆိုင်ထားကြပြီးဖြစ်၍ စိတ်သဘောထား နူးညံ့သိမ်မွေ့နေသူများ ဖြစ်ကြပေသည်။
ယဉ်ကျေးမှုသည် မြင့်ရာမှနိမ့်ရာသို့ စီးမြဲဖြစ်သည့်အတိုင်း မွန်နှင့် မြန်မာတို့ ဆုံတွေ့ကြရာတွင် မြင့်မားသော မွန်ယဉ်ကျေးမှုသည် မြန်မာများထံသို့ ဒလဟောစီးသွားပေလိမ့်မည်။ လယ်ယာစိုက်ပျိုးရေးပညာ၊ လက်မှုပညာ၊ ဂီတအနုပညာ၊ ဘာသာအယူဝါဒများနှင့်တကွ ဘာသာစကား ဝေါဟာရများနှင့် စာပေ အရေးအသားများပါ မြန်မာများထံသို့ ကူးစီးသွားကြမည်ဖြစ်ပါသည်။
မွန် နှင့် မြန်မာ ကို နှိုင်းယဉ်ရာ၌ ယဉ်ကျေးမှုအရာတွင် မွန်က မြန်မာ ထက်အနည်းဆုံး အနှစ်တစ်ထောင် စောသည်ကို သတိပြုစေလိုပါသည်။
ရန်ကုန်တက္ကသိုလ်တွင် သမိုင်းပါမောက္ခအဖြစ် ထမ်းဆောင်ယင်း ပြည်ထောင်စုသားများကြားတွင် နှစ်ပေါင်းများစွာနေထိုင်ကာ ကျန်စစ်သားမင်း၏ မွန်ကျောက်စာ (၁၂) တိုင်ကို ဖတ်၍ အက်ပီဂရပ်ဖီယာဗားမင်နီကာ ခေါ် မြန်မာကျောက်စာပေါင်းချုပ် စာအုပ်ကို တည်းဖြတ်ပြုစုပေးခဲ့သော အလွန်လေးစားအပ်သည့် ပါမောက္ခချုပ်၏ ယူဆချက်သည်လည်း ဒေါက်တာသန်းထွန်း၏ ယူဆချက်နှင့် ထပ်တူထပ်မျှပင်ဖြစ်ပါသည်။
ရှေးမြန်မာသမိုင်းပညာရှင်များသည် မြန်မာတို့က ပျူတို့ထံမှတဆင့် ဘာသာယဉ်ကျေးမှုနှင့် စာပေ အရေးအသားကို လက်ခံရရှိ ခဲ့သည်ဟု ယူဆလိုကြသည်။ သို့သော် နောက်ပိုင်းတွင် တွေ့ရှိလာရသော သမိုင်းအထောက်အထားများအရ ဒေါက်တာသန်းထွန်းက အမှန်ကို ဖော်ထုတ်ပြလို၍ သုံးနှုန်းလိုက်သည့် အတိုင်း ” မြန်မာတို့ ဆရာကား မွန်ဖြစ်သည်” ဆိုသည်မှာ ထင်ရှားလှပါသည်။
မြန်မာတို့သည် ကျောက်ဆည်နယ်တွင် မွန်တို့နှင့် စတင်တွေ့ဆုံခဲ့ပြီး၊ မွန်တို့ထံမှ ဘာသာ ယဉ်ကျေးမှုနှင့် စာပေအရေးအသားကို လက်ခံယူသည်။ နောင်အင်အားကြီးထွားလာသည့်အခါတွင်မှ ကျောက်ဆည်နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်သို့ တစတစ တိုးချဲ့ကာ ပျူတို့၏ ယဉ်ကျေးမှုနှင့် ထိတွေ့လာကြသည်။ ထို့ကြောင့် ပျူတို့သည် မြန်မာ တို့၏ ဒုတိယ ဆရာ ဖြစ်သည်။ သို့သော် ပျူယဉ်ကျေးမှုနှင့် ထိတွေ့သောအချိန်တွင် မြန်မာ တို့သည် မွန်ယဉ်ကျေးမှုတည်းဟူသော နို့ချိုအေးကို တဝသောက်စို့ ခဲ့ရပြီးဖြစ်သည်။

"ထင်ရှားသော မွန်လူမျိုးများ"
(မြန်မာနိုင်ငံ ထေရဝါဒ ဗုဒ္ဓသာသနာသန့်ရှင်း ထွန်းလင်းစေသူ ပုဂံပြည်သူတို့ကို လမ်းမှန်ရောက်စေခဲ့သူ ရှင်အရဟံ)

(လက်ရုံးရည်နှလုံးရည်နှင့် အလွန်ထင်ရှားသော မွန်ဘုရင် ရာဇာဓိရာဇ်)
(မြန်မာ့သမိုင်း- မွန်သမိုင်း တွင် အလွန်ထင်ရှားသော ဘုရင်မကြီး ရှင်စောပု)[၇]
(ဗုဒ္ဓဘာသာသာသနာတော် အတွက်ကြိုးပမ်းမှုများကြောင့် ကျော်ကြားထင်ရှားသောမွန်ဘုရင် ဓမ္မစေတီ)
(မွန်သူရဲကောင်း သမိန်ဗရမ်း)
(မွန်သူရဲကောင်းလဂွန်းအိန်)
(သူဌေးကြီး ဆာဦးသွင်)
(မွန်သူဌေးကြီး ဦးနာအောက်)
(မွန် အမျိုးသား ခေါင်းဆောင်နိုင်အောင်ထွန်း)
(မွန် အမျိုးသား ခေါင်းဆောင်နိုင်ရွှေကျင်)
(ပါမောက္ခ ဆရာကြီး ဒေါက်တာ နိုင်ပန်းလှ)
(မွန် အမျိုးသား ခေါင်းဆောင် မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ နိုင်ထင်)
(မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဒု-ဥက္ကဋ္ဌ နိုင်ငွေသိမ်း)
(ပါမောက္ခ ဆရာကြီး ဒေါက်တာမင်းတင်မွန်)

"အနုပညာ ယဉ်ကျေးမှု"
မွန်တို့သည် ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း စသည့် ပန်း ၁၀ မျိုး အတတ်နှင့် အဆောက်အဦးများ တည်ဆောက်ခြင်း၊ အင်္ဂတေရုပ်လုံးများ ထွင်းထုခြင်း စသည့် လက်မှုပညာများကို သထုံခေတ်တွင် ကောင်းစွာ တတ်မြောက်နေပြီဖြစ်သည်။ သထုံဝန်းကျင်တွင် ဂဝံကျောက်ဆစ် လက်ရာများ ကျန်ရစ်နေသည်ကို ယခုတိုင် တွေ့မြင်နိုင်ကြပါသည်။ ကျောက်သင်ပုန်းလုပ်ငန်းသည် မွန်တို့၏ လက်မှုပညာတစ်ခု ဖြစ်သည်။

"တူရိယာ"
မွန်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု တူရိယာမှာ မိကျောင်း(တူရိယာ) ဖြစ်သည်။

"အကိုးအကားများ"
Professor G.H.Luce ၏ Old Burma, Early Pagan (1969)
ဦးဘသန်းရေး၏ မြန်မာ့ရာဇဝင်
ရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလ
အရှေ့တောင်အာရှ ရာဇဝင်၊ ဟော-၁၉၅၅
မြန်မာ ရာဇဝင် (ဟာဗေး ၁၉၂၅)
မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်းဂျာနယ်။

ရာမညမိုးစွေ၏ မွန်ဂီတနိဒါန်း
ဒေါက်တာမင်းတင်မွန်၏ မွန် - မြန်မာ စာပေပေါင်းကူး
[ဝှက်] ရှု ပြော ပြင်
မြန်မာအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားများနှင့် လူမျိုးများ

လေးစားစွာဖြင့် - - to- 4-Mon.

မွန်အက္ခရာသမိုင်းအက္ခရာသမိုင်းကို လေ့လာရာ ဘာသာစကား၊ အက္ခရာနှင့် ဘာသာစာပေဟူသော ဝေါဟာရသုံးမျိုးကို ခွဲခြားသိထားရန်လိုအပ်ပေ...
31/01/2024

မွန်အက္ခရာသမိုင်း

အက္ခရာသမိုင်းကို လေ့လာရာ ဘာသာစကား၊ အက္ခရာနှင့် ဘာသာစာပေဟူသော ဝေါဟာရသုံးမျိုးကို ခွဲခြားသိထားရန်လိုအပ်ပေသည်။ ဘာသာစကားဆိုရာ၌ လူမျိုးတစ်မျိုးဖြစ်ပေါ် လာသောအခါ ထိုလူမျိုးအတွက် ပြောဆိုသုံးစွဲရန်အတွက် ပေါ်ပေါက်လာသော ဘာသာစကားကို ဆိုလိုသည်။ ထိုမှတစ်ဆင့် ထိုလူမျိုးအတွက် ဘာသာစာပေသည်ထိုလူမျိုး၏ ကြိုးပမ်းမူအပေါ်မူတည်ပြီး ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။

မွန်တို့သည် အက္ခရာကို ခရစ်သက္ကရာဇ် 5 ရာစုလောက်တွင် အိန္ဒိယတောင် ပိုင်းရှိ ပလ္လဝလူမျိုးတို့၏ အက္ခရာကိုယူပြီး စာပေကို ရေးသားကြသည်ဟု သုတေသီတို့က ဆို လေသည်။
ပလ္လဝလူမျိုး တို့၏ အက္ခရာဆိုသော်လည်း ပလ္လဝအက္ခရာသည် အိန္ဓိယနိုင်ငံတွင်းသို့ ပထမရောက်ရှိလာသော ဗြဟ္မီအက္ခရာမှ ဆင်းသက်လာသော အက္ခရာပင် ဖြစ်လေသည်။ ဗြဟ္မီအက္ခရာကို ခရစ်မပေါ်မီသုံးရာစုလောက်တွင် ရရှိပြီးသီရိဓမ္မသောကမင်းကြီးကစတင်ရေးသားအသုံးပြုသော အက္ခရာဖြစ် လေသည်။

ခရစ်သက္ကရာဇ် ၅ - ရာစုလောက်မှစ၍ ယခုတိုင်ရေးသားနေသော မွန်စာပေကို ခေတ်သုံး ခေတ်ခွဲပြီး ပိုင်းခြားထားနိုင်သည်ဟု သုတေသီတို့က ဆိုကြလေသည်။ (၅) ရာစုမှ(၁၂)ရာစုထိစာပေ များက ခေတ်ဟောင်းစာပေ၊(၁၂)ရာစုမှ(၁၆)ရာစုစာပေများကို အလယ်ခေတ်စာပေနှင့်(၁၆)ရာစုမှ ယခုချိန်ထိရေးသားကြသောစာပေကို ခေတ်သစ်စာပေဟု ခွဲခြားထားလေသည်။

ခေတ်ဟောင်း စာပေဆိုသည်မှာ ယိုးဒယားပြည် ဒွါရဝတီ၊ ဟရိပုဉ္စနှင့်မြန်မာပြည်၊ သထုံနှင့် ပုဂံခေတ်တို့တွင် ရေးသားထားသော စာပေကို ခေါ်ပါသည်။ ခေတ်ဟောင်းစာပေများသည်ကျောက်စာ၊စဉ့်ခွက်စာ၊အုတ်ခွက်စာ၊မင်စာအဖြစ်သာကျန်ရှိ သည်ကို တွေ့ရလေသည်။ခေတ်ဟောင်း မွန်စာပေကို တွေ့နိုင်သောနေရာမှာ ယိုးဒယားပြည် ဖရပထုံဒေသ၊ ဟရိပုဉ္စဟု ခေါ် သောလန်ဖွန်ဒေသ၊ မြန်မာပြည်တွင်သထုံနှင့် ပုဂံတို့ပင်ဖြစ်လေသည်။ အထူးသဖြင့် ပြင်းထန်သော ရာသီဥတုဒဏ်ကိုမခံရသော ပုဂံဒေသတွင်ယခုထက်တိုင်အများအပြားကျန်ရှိနေသည်ကို တွေ့ရ လေသည်။ ထိုခေတ်ဟောင်းစာပေများအနက် ပုဂံတွင် တွေ့ရသော ရွှေစည်းခုံဘုရားကျောက်စာနှင့် ကျန်စစ်သား နန်းတော်တည်ကျောက်စာတို့သည် အလွန်ထင်ရှားသော စာပေများဖြစ်ပြီး အလွန် အဆင့်အတန်းမြင့်သော စာပေများ ဖြစ်ကြလေသည်။

အလယ်ခေတ်မွန်စာပေများကိုလည်း ကျောက်စာများတွင်သာ တွေ့ရှိရလေသည်။ အလယ် ခေတ်ကျောက်စာများသည် ဟံသာဝတီခေတ်တွင်ထင်ရှားကျော်စောသောမွန်ဘုရင်မရှင်စောပုနှင့် ဓမ္မစေတီမင်း လက်ထက်တို့တွင်ရေးသားထားသောစာများ ဖြစ်လေသည်။ စာပေများကို လိုက်စား လေ့လာကြသော သုတေတီတို့၏ အဆိုအရ ဟံသာဝတီခေတ်မွန်စာပေတို့သည် ပုဂံခေတ်ရေး မွန်စာပေတို့လောက်အဆင့်မမြင့်သောစာပေဟူ၍သတ်မှတ်ကြလေသည်။ အလယ်ခေတ်စာပေတွင် ထင်ရှားသော စာပေများမှာ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားရှိ ရွေတိဂုံကျောက်စာနှင့် ပဲခူးမြို့ရှိကလျာဏီ သိမ်ကျောက်စာများပင် ဖြစ်လေသည်။

ခေတ်သစ်မွန်စာပေများကို ပေစာနှင့် ပုံနှိပ်စာအုပ်များတွင် တွေ့နိုင်းပါသည်။ ခေတ်သစ်ဟု ဆိုသော်လည်း ပေစာများသည် ရှေ့ဟောင်းကျပြီး ပုံနှိပ်စာအုပ်ရှိ စာပေတို့သည် မျက်မှောက်ခေတ် စာပေ ဟုခေါ်ဆိုနိုင်းပါသည်။ ခေတ်ဟောင်းစာပေနှင့် အလယ်ခေတ်စာပေများသည် များသောအား ဖြင့် စာကားပြေဖြင့် ရေးသားသော်လည်း စာပေများတွင် အလကာင်္ နှင့် စာကားပြေ နှစ်မျိုးဖြင့် ရေးသားကြသည်ကို တွေ့ရလေသည်။

#နိုင်ထွန်းသိန်း
photo #
မူရင်းပိုင်ရှင်များအားဦးထိပ်တင်ပါသည်။

ကျွန်တော်တို့ မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များက လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျောက်ကလပ်စေတီတော်တွင်   သက်သက်...
04/01/2024

ကျွန်တော်တို့ မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များက လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျောက်ကလပ်စေတီတော်တွင် သက်သက်သက်လွတ်စတုဒီတာတွက် လှူဖွယ်ပစ္စည်းများလှူတမ်းခဲ့ပါသည်။

စ္မတ်သမ္တီ တငဲဗလးဧး
ဂကောံ လိက်ပတ်ယေန်သ္နာင်မန် ပိုယ် က်ုဒါန်နာနာ
#4.1.2024

မွန်ရိုးရာ မိကျောင်းတူရိယာမွန်မိကျောင်း တူရိယာသည် မွန်ဘာသာ "ကျာံ" (မြန်မာအသံထွက် "ကျာမ်") ဟု ထွက်ဆိုပြီး ထိုင်းနိုင်ငံမှ...
29/12/2023

မွန်ရိုးရာ မိကျောင်းတူရိယာ

မွန်မိကျောင်း တူရိယာသည် မွန်ဘာသာ "ကျာံ" (မြန်မာအသံထွက် "ကျာမ်") ဟု ထွက်ဆိုပြီး ထိုင်းနိုင်ငံမှ Jakhe စောင်းနှင့် ကမ္ဘောဒီးယားမှ Krapeu ရှေးဟောင်းကြိုးတပ် တူရိယာကြီးများနှင့် ဆင်တူကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းအခေါ် Jakhe၊ ကမ္ဘောဒီးယားအခေါ် Krapeu ဟူသည်မှာ "မိကျောင်း" ဟု အနက်အဓိပ္ပာယ်ချင်း တူညီသကဲ့သို့ တူရိယာများ၏ ဖွဲ့စည်းပုံ၊ တီးခတ်ပုံမှာလည်း ဆင်တူလှသည်။
သို့သော် မွန်မိကျောင်း၏ ဖွဲ့စည်းပုံသည် ပုံမှန်အားဖြင့် ၄ ပေ ရှည်လျားသည့် မိကျောင်း ကိုယ်ထည်ကဲ့သို့ အချိုးအစား ပြေပြစ်ပြီး ဦးခေါင်း၊ အမြီးနှင့် ခြေ ၄ ချောင်း ပါရှိသည်။ ကျောကုန်းအကျယ် ၇ လက်မ ရှိပြီး ဝမ်းဗိုက်မှာ ၈ လက်မ ကျယ်သည်။ ဝမ်းဗိုက်ဟောင်းလောင်း ဖြစ်၍ ကျောဘက်တွင် မိကျောင်းသားရေဖြင့် တန်ဆာဆင်ထားသည်။ ၃ ကြိုးတပ် မိကျောင်းတူရိယာဖြစ်သည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သော မွန်လူမျိုးတို့က ကြိုး ၃ ချောင်းသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုယ်စားပြုသည်ဟု ဆိုကြသည်။ အောက်ဆုံးကြိုးမှာ ကြေးနီဖြစ်ပြီး အပေါ် ၂ ချောင်းအတွက် နိုင်လွန်ကြိုး သုံးထားသည်။ ပုံမှန်အသံများမှာ FCF ကြိုးညှိသံ ဖြစ်သော်လည်း သစ်သား (သို့မဟုတ်) ဝါးဖြင့် ပြုလုပ် ထားသည့် ဖလက်တံ ၁၃ ခုမှာ အသေမဟုတ်ဘဲ လိုအပ်သလို ရွေ့လျားနိုင်သည်။ ထိုမိကျောင်းကို စောင်းနှင့် မတူရ လေအောင် ရောင်စုံ ခြူးပန်းခြူးနွယ်ဖြင့် တန်ဆာဆင်ထားသေးသည်။
အေဒီ (၈၀၁ - ၈၀၂) ခုနှစ်တွင် ပျူမင်း ယန်ချိအန် စေလွှတ်လိုက်သော သံအဖွဲ့တဖွဲ့သည် တရုတ်နိုင်ငံ ချန်အန် နေပြည်တော် ဧကရာဇ် တဲကျုန်၏ နန်းတော်သို့ ရောက်ရှိခဲ့သည်။ ယင်းသံအဖွဲ့တွင် ပါသွားသည့် တူရိယာ ၂၂ မျိုးအနက် ကြိုးတပ် တူရိယာတွင် မိကျောင်းခေါင်းစောင်း ၂ မျိုး ပါဝင်ရာ တရုတ်ပြည်ရောက် မိကျောင်းစောင်းသည် ယခု မွန်တို့ အသုံးပြုနေသော မိကျောင်းစောင်း တမျိုး ဖြစ်သည်ဟု ဆရာကြီး ဒေါက်တာသန်းထွန်း ရေးသား ထားသည်။

ယခုအခါ မိကျောင်းတူရိယာကို မွန်တို့ ကသာ အသုံးပြုနေကြသဖြင့် ထန်မင်းဆက် တရုတ်နန်းတော်ရောက် မိကျောင်းစောင်းသည် ယခု မွန်မိကျောင်း တူရိယာမျိုး ဖြစ်သည်ဟူသော ဆရာကြီး ဒဂုန်နတ်ရှင်၏ အဆိုကို လက်ခံသင့်သည်ဟု မွန်သမိုင်းဆရာ နိုင်ခင်မောင်လေးက ထောက်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် မွန်တူရိယာ ဖြစ်ကြောင်း သုတေသီတို့က တညီတညွတ်တည်း ဆုံးဖြတ်ကြသည့် မိုးသားခေါင်း ဗျပ်စောင်းတူရိယာ၏ ကြိုးခေါက် တုတ်ပြား၌ ကနေသည့် ရုပ်ပုံကို တရုတ်တို့က ကွန်လွန် (Kun Lun) ဟု ခေါ်သည်။ ကွန်လွန်သည် တရုတ်တို့က မွန်လူမျိုးကို ခေါ်ဝေါ်သည့် အမည် ဖြစ်သည်။
တခြားအချက်မှာ မွန်မိကျောင်းတူရိယာ ဆင်းသက်လာပုံကို တချို့သမိုင်းဆရာတို့က “ရှင်မွေ့နွန်းနှင့် မင်းနန္ဒာ” တို့၏ ဒဏ္ဍာရီဆန်ဆန် ကြေကွဲဖွယ်ဖြစ်ရပ်၏ နောက်ကွယ်က စတည်လာသည်ဟု ဆိုသည်။ ချစ်သူနှင့် ဆုံတွေ့ရန် ငမိုးရိပ်ချောင်း ဖြတ်ကာ မင်းနန္ဒာကို ပို့ပေးခဲ့သည့် မိကျောင်းကို အစွဲပြု၍ မိကျောင်းတူရိယာကို ထွင်းလုပ်စေကာ နန်းစဉ်သုံး တူရိယာတမျိုးအဖြစ် စတင်အသုံးပြုလာကြကြောင်း မွန်လူမျိုးတချို့ကလည်း လက်ခံယုံကြည်ထားကြသည်။
ထို့ကြောင့် မိကျောင်းတူရိယာ၏ အသံသည် လွမ်းဆွတ်ကြေကွဲမှုများ ထင်ဟပ်နေသည် ဟု ဆိုကြသည်။

မွန်လူမျိုးတို့၏ ဂီတတူရိယာများစွာအနက်က မိကျောင်းတူရိယာသည် အဓိကကျနေသည့် တူရိယာတခုလည်းဖြစ်ပြီး အများဆုံးတီးခတ်ရသည့် ဖျော်ဖြေမှုမှာ “သဿာဒွက်” စမာဒဝက် ခေါ် ရှေးဟောင်း မွန်နှစ်ပါးသွားအက ဖြစ်သည်။ အဆွဲ အငင်၊ အလှည့်အပြောင်း၊ အတက်အကျ၊ အထစ်အငေါ့၊ အချောအကြမ်းကို ကျွမ်းကျင်သလို လိုက်ဖက်တီးခတ်နိုင်၍ မိကျောင်းတူရိယာသည် စမာဒဝက် ခေါ် ရှေးဟောင်း မွန်ှနှစ်ပါးသွားအကနှင့် လိုက်ဖက် ညီပါပေသည်။

#မူရင်းရေးသူ

ယနေ့တွင်ကျရောက်ခဲ့သော မွန်လူငယ်နေ့ (Mon Youth day) ကိုကျွန်တော်တို့မွန်လူငယ်နှင့်ယဉ်ကျေးမှုအသင်းမှလှိုက်လဲစွာကြိုဆိုပါသည...
28/12/2023

ယနေ့တွင်ကျရောက်ခဲ့သော မွန်လူငယ်နေ့ (Mon Youth day) ကိုကျွန်တော်တို့မွန်လူငယ်နှင့်ယဉ်ကျေးမှုအသင်းမှလှိုက်လဲစွာကြိုဆိုပါသည်။
သမိုင်းကြောင်း

ခရစ်နှစ် 1946, ဒီဇင်ဘာ-28 တွင် ခေတ်မှီပညာတတ်များနှင့် ဖွဲ့စည်းထားသော မွန်လူငယ်အဖွဲ့အစည်းကို "မန်သာန်လှိုင် ၊ မန်ဗလုန် ၊ မန်သိင် ထောန်အံင် ၊ မန်သာန်လှ ၊ မန်ၚ္ၚိုဲသိင် နှင့် မန် မျာတ်ထောန်တံ" (မွန်ဘာသာအမည်ဖြင့် ) တို့ဦးဆောင်ပြီး မွန်လူငယ်အဖွဲ့အစည်းကို ဤနေ့တွင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထိုနောက်ပိုင်း ပထမဦးဆုံးသာ မွန်လူငယ်အစည်း‌ေဝးကြီးကို မော်လမြိုင်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည်။
ရည်ရွယ်ချက်တွင် ဗလ(၅)တန် မြှင့်တင်‌‌ေရးကို ဖော်ထုတ်ပြထား‌‌ေသာ်လည်း ရည်ရွယ်ချက်ပန်းတိုင်စင်စစ်မှာ တန်းတူအခွင့်အရေး ၊ လူမျိုးဘာသာအခွင့်အရေးရရှိဖို့အတွက် ဖြစ်သည်။ မွန်တို့၏ ရပ်ရွာမြို့များကို ကူညီလှုပ်ရှားဖို့အတွက်ဖြစ်သည်။ ထိုသို့ဖြစ်၍ တစ်ခေတ်တစ်ချိန်က မွန်လူငယ်တို့ ရပ်ရွာမြို့ပြအရေးနှင့် လူမျိုးလွတ်မြောက်ရေးကို ခွန်အားအပြည့်နှင့် စတင်လှုပ်ရှာခဲ့သာ ဒီဇင်ဘာ(၂၈)ကို မွန်လူငယ်များန့ဟု အသိအမှတ်ပြုခဲ့ကြသည်။

ကျင်းပခဲ့သည့်နေရာများ
၂၀၁၂ ပထမအကြိမ်၊ တောင်ပေါက်ကျေးရွာ၊ကြာအင်းဆိပ်ကြီးမြို့နယ်

၂၀၁၃ ဒုတိယအကြိမ်၊ တမော့ကနင်းကျေးရွာ

၂၀၁၄ တတိယအကြိမ်၊ နှီးပဒေါကျေးရွာ၊မုဒုံမြို့နယ်

၂၀၁၅ ၄ကြိမ်မြောက် ၊ကော့ပိန်းကျေးရွာ၊ကော့ကရိတ်မြို့နယ်

၂၀၁၆ ၅ကြိမ်မြောက်၊ ဝါခရူကျေးရွာ၊သံဖြူဇရပ်မြို့နယ်

၂၀၁၇ ၆ကြိမ်မြောက်၊ ကမာမိုကျေးရွာ၊ချောင်းဆုံမြို့နယ်

၂၀၁၈ ၇ကြိမ်မြောက်၊ သံလှယ်ကျေးရွာ၊ ဘားအံမြို့နယ်

၂၀၁၉ ၈ကြိမ်မြောက်၊ ခရုံဂူ၊ကျိုက်မရောမြို့နယ်

၂၀၂၀ ၉ကြိမ်မြောက်၊ ရေးမြို့

၂၀၂၁ ၁၀ကြိမ်မြောက်၊ မော်လမြိုင်မြို့

၂၀၂၂
တို့ဖြစ်ကြပါတယ်

ယခု ၂၀၂၃ခုနှစ်တွင် တန်းပချောင်းကျေးရွာ ပေါင်မြို့နယ်တွင်ကျင်းပခဲ့ပါသည်။


ကျွန်တော့်တို့မွန်လူမျိုးတို့သည်ခမ်းနားသောသမိုင်းကြောင်းနှင့်ရှည်ကြားသောယဉ်ကျေးမှုရှိခဲ့သည်။ထိုယဉ်ကျေးမှုကိုမပျောက်မပျက်ဘဲကျန်ရှိခဲ့သည်မှာ မွန်လူငယ်အဆက်ဆက်တို့ထိန်းသိမ်းခဲ့ကြခြင်းကြောင့်ဖစ်သည်။မွန်လူငယ်မရှိရင်မွန်သမိုင်းကြောင်း မွန်ယဉ်ကျေးမှုလည်းတည်တံံ့နိုင်မှာမဟုပေ။ထိုသို့ထိန်းသိမ်းရာတွင်ကိုယ်တတ်နိုင်သည့်ဘက်မှကိုယ့်လူမျိုးအကျိုးကိုသယ်ပို့ရမည်။ကိုယ်နဲ့မဆိုင်ကိုယ်မဟုစသည့်အချောင်းစိတ်ဓာတ်များကိုရှောင်ကြည်ရမည်။ကိုယ့်လူမျိုးအကျိုးကိုကိုယ်မသယ်ပို့နိုင်လျင်မည်သည့်လူမျိုးမှလာရောက်ကူညီနိုင်မည်မဟုပါ။
"မည်သည့်ရော မည်သည့်အချိန်ဖစ်ဖစိ ကိုယ့်လူမျိုးတွေ့ရင်ကူညီပါရိုင်းပင်ကြပါ"ဟုပြောဆိုရင်း
ယနေ့ ၂၈.၁၂ . ၂၀၂၃ ကျရောက်သော၁၂ကြိမ်မြောက် မွန်လူငယ်နေ့ကို ကြိုဆိုပါသည်။

#28.12.2023

ဗီုရုပ် ဂကောံသ္မတ် လိက်ပတ်ယေန်သ္နာင်မန် တက္ကသိုလ်ကောန်ပျူတာ ဘာအင် ပဍဲ Fresher WelcomeFresher welcomeအတွင်းမွန်စာပေနှင့်ယ...
27/12/2023

ဗီုရုပ် ဂကောံသ္မတ် လိက်ပတ်ယေန်သ္နာင်မန် တက္ကသိုလ်ကောန်ပျူတာ ဘာအင် ပဍဲ Fresher Welcome

Fresher welcomeအတွင်းမွန်စာပေနှင့်ယဉ်ကျေးမှုအသင်းမှလူငယ်များအမှတ်တရပုံရိပ်အချို့
#27.12.2023

အာလုံးဘဲမင်ဂလာပါဗျ။  ဒီနေ့ကတော့ကျွန်တော့်တို့ေကျာင်းရဲ့ fresher လေး တွေကိုကြိုဆိုတဲ့ fresher welcomeရဲ့အကြိုနေ့ဘဲဖြစ်ပါတ...
26/12/2023

အာလုံးဘဲမင်ဂလာပါဗျ။ ဒီနေ့ကတော့ကျွန်တော့်တို့ေကျာင်းရဲ့ fresher လေး တွေကိုကြိုဆိုတဲ့ fresher welcomeရဲ့အကြိုနေ့ဘဲဖြစ်ပါတယ်ဗျ။မနက်ဖြန်ကျလို့ရှိရင် ကျွန်တော့်တို့ကျောင်းရဲ့၂၀၂၃-၂၄ပညာသင်နှစ်ရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကိုပျော်ပျော်ရွင်ရွင်ကျင်းကြပါမယ်နော်။မနက်ဖန် ကျရင်ဂျုးဂျုးတို့လည်း welcomeကို တက်ရောက်ဖို့မမေ့ကြပါနဲ့နော်။
နှစ်သစ်မှာပျော်ရွင်ပါစေလို့ဆုတောင်းရင်း ပထမနှစ်ညီငယ်ညီမလေးငယ်များကို ကျွန်တော့်တို့ရဲ့မွန်လူငယ်နှင့်ယဉ်းကျေးမှုအသင်းမှ နွေးထွေးကြိုဆိုလိုက်ပါတယ်ဗျာ။

မျါဵုရအူတျါဲဏအြ ဒြှတျါဲဒးစးဒျြုါ ဒျုါတ်ြကု ျါကြှးဘာမနသြၞာံတၟိ မဒြှကီုရအူတ္ၚဲဂယးတေံမ္ဂး ဒှ်တ္ၚဲ ဒုၚ်တၠုၚ်ကွးဘာသၞာံတၟိ သၞာံဗ္တောန်ပညာ ၂၀၂၃-၂၀၂၄ မိပ်ပ်မြဟ်ဟ် မဒှ်ကီုရအဴ
တ္ၚဲဂယးတေံ ကွးဘာမန် သၞာံတၟိသီုဖအိုတ် သွက်ဂွံတိုန်စိုအ်အခန်ကၞာဂှ် လ္ပဝိုတ်အိုတ်ညိအဴ
ပဍဲကဵု သၞာံတၟိဏအ် ကွးဘာမန် ကောဒေံပိုယ်သီုဖအိုတ် ဗွဲမဆာန်ကၟိန် နူကဵု ဂကောံ လိက်ပတ် ယေန်သၞာၚ် မန်ပိုယ် ဒုၚ်တၠုၚ်ဏာရအဴ

Address

Hpa-an

Telephone

+9677513378

Website

Alerts

Be the first to know and let us send you an email when Mon Family Of Computer University hpa-an posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share