Karen Family of Hpa-an Computer University

Karen Family of Hpa-an Computer University Karen Family of Computer University (Hpa-an)

ယနေ့ကျရောက်သော (၇၁) နှစ်မြောက် ကရင်အာဇာနည်နေ့အား ကွန်ပျူတာတက္ကသိုလ် ကရင်မိသားစုမှဂါရဝ ပြုပါအပ်သည်။
12/08/2021

ယနေ့ကျရောက်သော (၇၁) နှစ်မြောက် ကရင်အာဇာနည်နေ့အား ကွန်ပျူတာတက္ကသိုလ် ကရင်မိသားစုမှဂါရဝ ပြုပါအပ်သည်။

(၇၁) နှစ်မြောက် ကရင်အာဇာနည်နေ့71st Karen Martyrs' Dayကရင်အမျိုးသားထုတစ်ခုလုံး၏ ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားများ သတ်မှတ...
09/08/2021

(၇၁) နှစ်မြောက် ကရင်အာဇာနည်နေ့
71st Karen Martyrs' Day

ကရင်အမျိုးသားထုတစ်ခုလုံး၏ ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားများ သတ်မှတ်ထားသည့် စောဘဦးကြီး သည် ဗိုလ်ချုပ်စောစိုင်းကေ တို့နှင့် အတူ ၁၉၅၀ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့ တွင် ကော့ကရိတ်မြို့နယ်၊ ထို ကော်ကိုးကျေးရွာ ရှိလယ်တဲတစ်ခု၌ ရန်သူများ၏ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခြင်းကြောင့် ကျဆုံးသွားခဲ့ကြ သည်။ အခြားသော လူမျိုးစုများ နှင့် အတူ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ မှီတင်းနေထိုင်လျက် ရှိသော ကရင်လူမျိုးစုသည် အမျိုးသားရေးအရ ခွဲခြားဆက်ဆံမှုမရှိရန် နှင့် နိုင်ငံရေးအရ တန်းတူအခွင့်အရေး ရရှိရန် တိုက်ပွဲဝင်တောင်းဆိုလာခဲ့ကြသည်မှာ နှစ်ပေါင်း (၇၀) ကျော်လာပြီးဖြစ်သည်။

ထိုကဲ့သို့ အမျိုးသား တန်းတူ အခွင့်အရေးအတွက် တိုက်ပွဲဝင် တောင်းဆိုလာသည့် ကာလတလျှောက်လုံးတွင် အသက်၊ သွေး၊ ချွေးတို့ဖြင့် ပေးဆပ်ခဲ့ရသည့် ကရင်အမျိုးသား အများအပြားရှိသည်။ ထိုသို့သော အသက်၊ သွေး၊ ချွေးတို့ဖြင့် ကရင်အမျိုးသား တန်းတူအခွင့်အရေးအတွက် ပေးဆပ်သွားသော ကရင်အမျိုးသား များအား ဂုဏ်ပြုသည့်အနေဖြင့် ခေါင်းဆောင် စောဘဦးကြီး တို့အဖွဲ့ ကျဆုံးသွားသည့် သြဂုတ်လ (၁၂) ရက်နေ့ကို ကရင်အမျိုးသားအာဇာနည်နေ့ အဖြစ် သတ်မှတ်ပေးခဲ့သည်။ ထို့ကြောင့် လာမည့် ၂၀၂၁ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့သည် (၇၁) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ ဖြစ်ပါသည်။ ကျရောက်လာမည့် (၇၁) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ကို ကရင်အမျိုးသားရေး တာဝန်အဖြစ်ခံယူကာ ဂုဏ်ပြုလုပ်ဆောင်သွားကြရမည်ဖြစ်သည်။ ယခုကာလသည် အခက်ခဲများစွာကို လူမျိုးစုပြည်သူတစ်ရပ်လုံး အလူးအလဲခံစားနေကြသည့် ကာလဖြစ်သော်လည်း
မိမိတို့၏ နှလုံးသားထဲမှ တစ်မျိုးသားလုံးအတွက် အသက်ပေးလှူခဲ့ကြသော ကရင်အာဇာနည်များအား လေးစားဂုဏ်ပြုလျက် ဩဂုတ်လ (၁၂) နေ့တွင် ကျရောက်မည့် (၇၁) နှစ်မြောက် ကရင်အာဇာနည်နေ့တွင် မမေ့မလျော့ဂါရဝပြုကြဖို့ရန် တိုက်တွန်းလိုက်ရပါသည်။

#ကရင် #ကရင်အာဇာနည်နေ့



Credit

အိမ်မာ သံပုံးတီးတာ ထောင် ၇ရက်ကျတယ် တဲ့ဗျာ😡သတင်းကသေချာပါတယ်--အဖမ်းခံရတဲ့သူက စ အောင်မိုးဟိန်းပါ တစ်ရပ်ကွက်လုံးမာ တစ်ယောက်တ...
18/02/2021

အိမ်မာ သံပုံးတီးတာ ထောင် ၇ရက်ကျတယ် တဲ့ဗျာ😡
သတင်းကသေချာပါတယ်
--အဖမ်းခံရတဲ့သူက
စ အောင်မိုးဟိန်းပါ တစ်ရပ်ကွက်လုံးမာ တစ်ယောက်တည်း တီးရဲတဲ့သူပါ။
--Computer university hpa-an ကရင်စာပေနဲ့ယဉ်ကျေးမှုအသင်းရဲ့ ဥက္ကဌ လည်း ဖြစ်ပါတယ်။
--လှိုင်းဘွဲ့မှာနေပါတယ်
-- အသားထဲက‌လောက်ထွက် Bgf က တိုင်တာလို့လည်းသိ ရပါတယ်။ 🤬🤬🤬
အကူပေးနိုင်တဲ့သူများရှိရင် ကူညီပေးကြပါ။🙏🙏🙏



Home သတင်း လှိုင်းဘွဲတွင် သံပုံးတီးသည့် လူငယ်တစ်ဦး ထောင် ၇ ရက်ကျ သတင်း လှိုင်းဘွဲတွင် သံပုံးတီးသည့် လူငယ်တစ်ဥ...

03/02/2021
12 August 2020 ၌ကျရောက်သောနှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့အား Computer University (Hpa an) Karen Family မှ ဂါရဝ ပြုပါသည်။
12/08/2020

12 August 2020 ၌ကျရောက်သော
နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့အား Computer University (Hpa an) Karen Family မှ ဂါရဝ ပြုပါသည်။

17/07/2020

Computer University (Hpa-an)
Karen Family

9-2-2020

Address

Hpa-an

Telephone

+959788563452

Website

Alerts

Be the first to know and let us send you an email when Karen Family of Hpa-an Computer University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share