Hpaan University Red Cross Branch

Hpaan University Red Cross Branch Official Page Of Hpaan University Red Cross Branch

17/02/2024
16/02/2024
17/12/2021
03/07/2021

တက္ကသိုလ်မှာ သင်တန်းဖွင့်တဲ့အခါ ပထမဦးဆုံး မိတ်ဆက်တယ် အမြဲရယ်စရာတွေပြောပြီး ပြုံးပြုံးနဲ့ နေတတ်တဲ့ဆရာ ကောင်းရာသုဂတိလားပါစေ

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာ ကြက်ခြေနီ 💚
15/06/2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာ ကြက်ခြေနီ 💚

🗣🗣 ကိုရိုနာဗိုင်းရပ်စ်သည် နှာချေခြင်း သို့မဟုတ် ချောင်းဆိုးခြင်းကြောင့် ထွက်လာသော အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်များထဲ...
12/06/2021

🗣🗣 ကိုရိုနာဗိုင်းရပ်စ်သည် နှာချေခြင်း သို့မဟုတ် ချောင်းဆိုးခြင်းကြောင့် ထွက်လာသော အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်များထဲမှနေ၍ လေထဲမှတစ်ဆင့် ပျံ့နှံ့နိုင်ပြီး အဆုတ်များအတွင်းသို့ ရှူသွင်းမိနိုင်တယ်။

❎❎ ဒါကြောင့် စည်းကမ်းမဲ့ ချောင်းဆိုးခြင်း၊ တံတွေး/ သလိပ်ထွေးခြင်းနှင့် ကွမ်းတံတွေးထွေးခြင်းတို့ကို ရှောင်ကြဉ်ရမယ်။


သင့်ရဲ့မေတ္တာကိုပြပါ။ သွေးလှူဒါန်းပါ ❤️
01/06/2021

သင့်ရဲ့မေတ္တာကိုပြပါ။ သွေးလှူဒါန်းပါ ❤️

ကျွန်တော့ရဲ့ ကျောင်းကြက်ခြေနီဘဝ ဘောလုံးပွဲတွေမှာ medical coverပေးဖူးတဲ့ ဇာတ်လမ်းလေး ကို သတိရမိပါတယ် ...... ဘောလုံးပွဲထဲမ...
21/05/2021

ကျွန်တော့ရဲ့ ကျောင်းကြက်ခြေနီဘဝ ဘောလုံးပွဲတွေမှာ medical coverပေးဖူးတဲ့ ဇာတ်လမ်းလေး ကို သတိရမိပါတယ် ...... ဘောလုံးပွဲထဲမယ် ဘောလုံးသမားတွေ အချင်းချင်းကန်ကြပြိုင်ကြနေချိန် မတော်တဆ ထိခိုက်မိတော့ ပွဲကြည့်ပရိတ်သတ်က ကြက်ခြေနီတွေ ဟိုမှာကူမနေဘူးလား၊ ဒီမှာကူမနေဘူးလား၊ ဟိုမှာ သေတော့မယ်၊ ဝင်ပြောပါလား၊ ကြက်ခြေနီဆိုတာ နေရာတိုင်း ဝင်ထွက်သွားလာလို့ရတယ်။ ချက်ချင်းဝင်ပါ တော့လား။ လူသားချင်းမစာနာဘူးလား။ ###x စသဖြင့် ပေါ့လေ။ ဒီကြားထဲ နောက်ကနေ ခဲနဲ့ထုခံရတာက ရှိသေး တယ်။ တစ်ခါတလေများဆိုရင် အနားရောက်ခံနီးမှ ဒဏ်ရာရတဲ့ ဘောလုံးသမားက အကောင်းပကတိထပြေးလို့ ပရိသတ်ဝိုင်းရီခံရတာကလည်းရှိသပေါ့လေ။ ဒီကြားထဲ မဆီမဆိုင် မင်းအပြန်ကြရင် သိမယ်ဆိုပြီး ခြိမ်းခြောက်ခံရတာတွေကလည်း အကြိမ်ကြိမ် ပါပဲလေ။
ဟုတ်ကဲ့ပါ… ဒိုင်လူကြီးက ဆေးအကူအညီအတွက် ခရာမတွတ်မချင်း မည်သူမျှ ကွင်းထဲဝင်လို့မရပါ။ ဒါပေမဲ့ ကြက်ခြေနီတွေက ကွင်းစည်း နဘေးမှာတော့ ကျရာတာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့်အမြဲရှိနေပါတယ်။

ဒီလိုပါပဲ မည်သည့်နိုင်ငံက ကြက်ခြေနီမဆို ICRC ပဲ ဖြစ်ဖြစ် IFRC ပဲ ဖြစ်ဖြစ် ကုန်ကုန်ပြောရရင် WHO တို့ UN တို့ပဲ ဖြစ်ဖြစ် မည်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းကိုမဆို လုပ်ကိုင်နေရကြတဲ့ အဖွဲ့အစည်းမဆို ဥပဒေ၊ မူဝါဒ၊ မူဘောင်နဲ့ စည်းမျဉ်းတွေကိုလိုက်နာရပါတယ်။

ကြက်ခြေနီက အများထင်သလို အချိန်မရွေးနေရာတိုင်းဝင်ရောက် ကူညီလို့မရပါဘူး။ ကြက်ခြေနီမှာ လိုက်နာ စောင့်ထိန်းရမယ့် နည်းစနစ်မူဘောင်တွေ ဥပဒေတွေရှိပါတယ်။ နိုင်ငံတကာမှာလည်း ကူညီချင်ရင်တောင် အဲ့ဒီနိုင်ငံရဲ့ ဥပဒေနဲ့ ခွင့်ပြုပေးနိုင်တဲ့ stakeholder တွေကို ဂျီနီဗာ ကွန်ဗန်းရှင်းကို လိုက်နာဖို့ တိုက်တွန်းပြောပေး လို့ပဲရပါတယ်။

ဒီနေရာမှာ ဇာတ်လမ်းတွေထဲကလို လေယာဉ်ကြီးတွေ ဟက်စကီးကြီးတွေ ကားကြီးတွေကို တံဆိပ်တွေတပ် အလံတွေလွှင့်ပြီး ကူညီချင်ပါတယ်။ မြေပြင်မှာ တကယ်လက်တွေ့ကူညီတဲ့အခါ အကူအညီ လိုနေသူတွေထံ မရောက်ခင် သွားရောက်ကူညီရမယ့် သူတွေ ရင်ဆိုင်ရမယ့် အသက်အန္တရာယ်နဲ့ကြံုတွေ့ရမယ့် အခြေအနေတွေမှာ အကူအညီလို နေတဲ့သူတွေဆီကို အဆင်ပြေပြေ သွားရောက် လုပ်ခွင့်ရရှိအောင် ချိတ်ဆက် ဆောင်ရွက်ဖို့အတွက် လမ်းခရီးအခက်အခဲဆိုတဲ့ ကိစ္စအားလုံးကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

စာလည်းရှည်သွားပြီး ပြန်ချုပ်ရမယ်ဆိုရင် အကူအညီ လိုအပ်နေချိန်မှာ အကူအညီမပေးနိုင်ခဲ့ရင် ခံစားရမယ့်သူက တကယ်ထိခိုက်နေသူများပဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်အရာမဆို ချိန်ဆဖို့ လိုပါတယ်။

သဒ္ဒါအားဖြင့်......

28/02/2021

Address

Hpaan University
Hpa-an

Website

Alerts

Be the first to know and let us send you an email when Hpaan University Red Cross Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share