Students' Target

Call Directions Contact the university

Students' Target ST for your perfect education.

Student Centered learning.. Student-Centered Learning Approach (ကျောင်းသားဗဟိုပြု သင်ယူမှု) ဆိုတာ သင်ခန်းစာ အားလုံး သင်က...
02/10/2026

Student Centered learning.. Student-Centered Learning Approach (ကျောင်းသားဗဟိုပြု သင်ယူမှု) ဆိုတာ သင်ခန်းစာ အားလုံး သင်ကြားတဲ့အခါ...
ကျောင်းသားများကို Learning Process ၏ အဓိကဗဟို အဖြစ်ထားခြင်း
ဆရာ/ဆရာမများက Guide & Mentor အဖြစ် လမ်းညွှန်ပံ့ပိုးပေးခြင်း
Active Learning, Critical Thinking, Problem Solving, Collaboration Skills များ ဖွံ့ဖြိုးစေခြင်း
ကျောင်းသားတစ်ဦးချင်း၏ Interest, Ability & Learning Pace ကို အလေးထားခြင်း
ကိုယ်တိုင်စဉ်းစား၊ ဆွေးနွေး၊ လက်တွေ့လုပ်ဆောင်ပြီး Independent Learner များ ဖြစ်လာစေခြင်း တို့အတွက် ရည်ရွယ်ပြီး ဆရာ ဆရာမ များ က စုပေါင်း ဆွေးနွေးတိုင်ပင်ပြီး ST မှာ လေ့ကျင့် သင်ကြားပေးလျက်ရှိပါတယ်။

၂၀၂၆-ခုနှစ် စက်တင်ဘာလ ၂၃ ရက် နေ့တွင် Students’ Target Private High School သို့ - ပြည်ထဲရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ရဲတပ...
30/09/2026

၂၀၂၆-ခုနှစ် စက်တင်ဘာလ ၂၃ ရက် နေ့တွင် Students’ Target Private High School သို့ -
ပြည်ထဲရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်) လက်အောက်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တာဝန်ရှိသူများက
(၁) မူးယစ်ဆေးဝါး တရားမဝင် ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် လက်ဝယ်တွေ့ရှိခြင်း
(၂) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး မူဝါဒများနှင့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ခြင်း။
(၃) ပြည်တွင်းပြည်ပ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ခြင်း။
(၄) ပြည်သူလူထုနှင့် လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်စေရန် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်း။
(၅) တပ်မတော်၊ အကောက်ခွန်ဦးစီးဌာနနှင့် အခြားဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ အထူးစစ်ဆင်ရေးများ ပြုလုပ်ခြင်း။
အထူးအားဖြင့် ကျောင်းနေအရွယ် လူငယ်များ အပေါ် မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်စေရန် အထူး အသိပညာပေး ဟောပြောပို့ချ ပေးခဲ့ပါသည်။
ST မှ လာရောက်ရှင်းပြသော မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တာဝန်ရှိသူများ ကို ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်ပါသည်။

၂၀၂၆-ခုနှစ် စက်တင်ဘာလ ၂၃ ရက် နေ့တွင် Students’ Target Private High School သို့ -ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊...
30/09/2026

၂၀၂၆-ခုနှစ် စက်တင်ဘာလ ၂၃ ရက် နေ့တွင် Students’ Target Private High School သို့ -
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (က.ည.န)၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ က တာဝန်ရှိသူများက “လမ်းအသုံးပြုသူများ လက်စွဲ” တွင်ပါဝင်သော -
(၁)ခြေလျင် လျှောက်သူများ လိုက်နာရန် စည်းကမ်း (၁၈) ချက်
(၂)စက်ဘီး စီးသူများ လိုက်နာ ရန် စည်းကမ်း (၁၆) ချက်
(၃)မော်တော်ဆိုင်ကယ် စီးသူများ လိုက်နာရန် စည်းကမ်း (၁၀) ချက် နှင့်
(၄)မော်တော်ယာဉ် မောင်းနှင်စဉ် လိုက်နာရမည့် အချက်များ ကို ကျောင်းသူ/ ကျောင်းသားများသို့ အန္တရာယ် ကင်းရှင်းစေရန် ဟောပြောပို့ချခဲ့ပြီး မေးမြန်းတဲ့ မေးခွန်းများကိုလည်း ဖြေဆိုပေးခဲ့ကြပါတယ်။
Students’ Target Private High School မှ လာရောက်ရှင်းပြသော တာဝန်ရှိသူအဖွဲ့ကို ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်ပါသည်။

📢 𝗦𝗶𝗻𝗴𝗮𝗽𝗼𝗿𝗲 𝗠𝗮𝘁𝗵 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 (𝗦𝗠𝗖)ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စာရင်းစစ်ဆေးခြင်း𝗦𝗶𝗻𝗴𝗮𝗽𝗼𝗿𝗲 𝗠𝗮𝘁𝗵 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 (𝗦𝗠𝗖) ဝင်ရ...
24/09/2026

📢 𝗦𝗶𝗻𝗴𝗮𝗽𝗼𝗿𝗲 𝗠𝗮𝘁𝗵 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 (𝗦𝗠𝗖)ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စာရင်းစစ်ဆေးခြင်း

𝗦𝗶𝗻𝗴𝗮𝗽𝗼𝗿𝗲 𝗠𝗮𝘁𝗵 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 (𝗦𝗠𝗖)
ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ၏ နာမည်စာရင်းကို ထုတ်ပြန်ပေးလိုက်ပါတယ်။

စာရင်းပါ ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့၏ Full Name (အမည်စာလုံးပေါင်းများ) မှန်ကန်မှု ရှိမရှိ သေချာစွာ စစ်ဆေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ အထူးသတိပြုရန်
အမည်စာလုံးပေါင်း (Spelling) မှားယွင်းနေပါက သို့မဟုတ် ပြင်ဆင်စရာရှိပါက Page Messenger မှတစ်ဆင့် အမြန်ဆုံး အကြောင်းကြားပေးရန် မေတ္တာရပ်ခံ အပ်ပါသည်။

Certificate များတွင် အချက်အလက်များ တိကျမှန်ကန်စေရန်အတွက် ယခုအချိန်တွင် သေချာစစ်ဆေးပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

အားလုံး စာမေးပွဲကို ကြိုးစားဖြေဆိုနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🌟

Students' Target Private High School မှကျောင်းသား၊ကျောင်းသူလေးများ စိတ်ဝင်စားမှုများ အများဆုံးဖြစ်နေတဲ့ အတန်းလေးက ပန်းချ...
24/09/2026

Students' Target Private High School မှ
ကျောင်းသား၊ကျောင်းသူလေးများ စိတ်ဝင်စားမှုများ အများဆုံးဖြစ်နေတဲ့ အတန်းလေးက ပန်းချီပညာ ဖြစ်နေပါတယ်။ Students' Target Private High School မှ ကျောင်းသား၊ကျောင်းသူလေးများ၏ ဘာသာရပ်သင်ကြားမှု့တွင် ဘာသာရပ်တစ်ခုအဖြစ် ပါဝင်သော ပန်းချီ ဘာသာရပ်ကိုလည်း ကျွမ်းကျင်သော ဆရာ၊ဆရာမများမှ စနစ်တကျ လေ့ကျင့်သင်ကြားပေးနေပါတယ်။

ကျောင်းသား ကျောင်းသူများ ပန်းချီဆွဲခြင်းသည် -
အာရုံစူးစိုက်မှု တိုးတက်စေခြင်း (Improved Concentration)<
စိတ်ခံစားမှု ထိန်းညှိနိုင်ခြင်း (Emotional Regulation)
ဖန်တီးနိုင်စွမ်း မြှင့်တင်ခြင်း (Enhanced Creativity)
ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်စေခြင်း (Problem-Solving Skills)
ပြန်လည်ကြံ့ခိုင်နိုင်စွမ်း တည်ဆောက်ခြင်း (Resilience Building)
မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေခြင်း (Increased Self-Confidence) ကျောင်းသား/သူများရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုရုံသာမက သင်ယူမှုဆိုင်ရာ အခြေခံ စွမ်းရည်များကိုလည်း ဘက်ပေါင်းစုံမှ မြှင့်တင်ပေးပါတယ်။
ဒီလို အကျိုးကျေးဇူးများ ရရှိစေဘို့ Students’ Target က ကျွမ်းကျင်သူဆရာ များနဲ့ စနစ်တကျ လေ့ကျင့် ပျိုးထောင် ပေးလျက်ရှိပါတယ်။

Students' Target Private High School မှ ကျောင်းသား၊ကျောင်းသူလေးများ ဘက်ပေါင်းစုံမှ တိုးတက်အောင်မြင်လာစေရန် ရည်ရွယ်ချက်မျ...
24/09/2026

Students' Target Private High School မှ ကျောင်းသား၊ကျောင်းသူလေးများ ဘက်ပေါင်းစုံမှ တိုးတက်အောင်မြင်လာစေရန် ရည်ရွယ်ချက်များဖြင့် လေ့ကျင့်သင်ကြားပေးပါတယ်။

ကျောင်းသား ကျောင်းသူများ စစ်တုရင် - Chess ကစားခြင်းကြောင့်
Improved Thinking (စဥ်းစားတွေးခေါ်မှု တိုးတက်စေခြင်း)
It strengthens critical thinking (အကျပ်အတည်းများကို ဖြေရှင်းနိုင်စွမ်း) and logical reasoning (ယုတ္တိဗေဒဆိုင်ရာ စဉ်းစားတွေးခေါ်မှုများ)
Better Concentration (အာရုံစူးစိုက်မှု ကောင်းမွန်လာခြင်း) and
it develops strategic planning (နည်းဗျူဟာကျကျ စီစဉ်နိုင်စွမ်း) and the habit of decision-making (ဆုံးဖြတ်ချက်ချနိုင်သည့် အလေ့အထတိုးတက်လာခြင်း)
Gaining Resilience and Mental Strength (ခံနိုင်ရည်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှု ရရှိခြင်း)
to calmly control the mind under pressure (ဖိအားအောက်တွင် စိတ်ကို တည်ငြိမ်စွာ ထိန်းချုပ်တတ်ရန်), Increased Confidence (ယုံကြည်မှု တိုးပွားလာခြင်း)
When winning through one's own effort (မိမိ၏ ကြိုးစားအားထုတ်မှုဖြင့် အနိုင်ရရှိသည့်အခါ), self-confidence (ကိုယ်တိုင်ယုံကြည်မှု) and self-respect (မိမိကိုယ်ကို လေးစားမှုတိုးတက်လာခြင်း) ကို ကျောင်းသား/သူများ ရရှိစေဘို့ အတွက်
က ကျွမ်းကျင်တဲ့ ဆရာများက စနစ်တကျ စီစဉ် လေ့ကျင့် ပေးလျက်ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပခဲ့သော အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာပြိုင်ပွဲတွင် ‌ကျောင်းသားကျောင်း...
05/03/2026

ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပခဲ့သော အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာပြိုင်ပွဲတွင် ‌ကျောင်း
သားကျောင်းသူပေါင်း‌ ၆၀၀၀ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော Students' Target Private High School မှ Grade 7 ကျောင်းသူလေး မဖူးပွင့်သွယ် သည် အခြေခံပညာအလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲတွင် အထူးဆု ရရှိခဲ့သောကြောင့် ဆုရရှိသွားသော သမီးလေးဖူးပွင့်သွယ်အား Students' Target Private High School မှ
ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်ဂု‌ဏ်ပြုအပ်ပါသည်။

Students’ Target ကိုယ်ပိုင်ကျောင်း၏ ဆုပေးပွဲအခမ်းအနားနှင့် စုံညီပွဲတော် ပုံရိပ်တချို့
03/01/2026

Students’ Target ကိုယ်ပိုင်ကျောင်း၏ ဆုပေးပွဲအခမ်းအနားနှင့် စုံညီပွဲတော် ပုံရိပ်တချို့

31/12/2025

နှစ်သစ်ကူး ဆုတောင်း🙏🏻

Students’ Target ကိုယ်ပိုင်ကျောင်း၏
မိတ်ဟောင်း မိတ်သစ်၊ ကျောင်းသား/သူဟောင်း ကျောင်းသား/သူသစ် များအားလုံး
နှစ်သစ်မှစ၍

•ဆင်းရဲခြင်းကင်းသော ချမ်းသာမှုမျိုး
•ရောဂါကင်းဝေးသော ကိုယ်ကျန်းမာမှုမျိုး
•သောကကင်းဝေးသော စိတ်ချမ်းသာမှုမျိုး ရရှိကြ၍
ကုသိုလ်ဟူသမျှကို ကျန်းမာစွာ၊ ချမ်းသာစွာ၊
ပြည့်စုံစွာဖြင့် ပြုနိုင်ကြပြီးလျှင်
•ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော
ကိုယ်နှုတ်နှလုံး ကံသုံးပါးကို ရောင့်ရဲထိန်းသိမ်းနိုင်သော
ပညာနှင့် ပြည့်စုံနိုင်ပါစေ

ဤနှစ်သစ်ဆုတောင်းသည်
သူစိမ်း၊ သူကျက်မဟူ၊ မိတ်ဆွေ၊ ရန်သူမဟူမခွဲခြားဘဲ ထပ်တူထပ်မျှပြည့်ဝကြပါစေ။

Address

No. 50 ; City Golf Housing Estate, Thirimingalar Street, Insein Tsp
Insein
11011

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+9595087656

Website

Alerts

Be the first to know and let us send you an email when Students' Target posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Students' Target:

Shortcuts

Share