07/02/2021
ဤကြေငြာချက်သည် နည်းပညာတက္ကသိုလ်(ကလေး) Electronic major ကျောင်းသားများ အားလုံး၏ သဘောတူ ကြေငြာချက်ဖြစ်သည် ။
ကျွန်ုပ်တို့ ကျောင်းသားများသည် စစ်အာဏာရှင်စနစ် လက်အောက်၌ ဘယ်သောအခါမှ ကျောင်းပြန်မတက်ခြင်းအားဖြင့် သပိတ်မှောက် တော်လှန်မည် ဖြစ်ကြောင်းကို အတိအလင်း ကြေငြာပါသည်။
ထို့ကြောင့် ကျောင်းအုပ်ကြီး အပါအ၀င် ဆရာ ဆရာမများ အားလုံး တို့သည်လည်း Civil Disobedience Movement ၌ ပါ၀င်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တုံ့ပြန်ရန် ကျွန်ုပ်တို့ EC ကျောင်းသားများ အားလုံးမှ အလေးအနက်ထား၍ တောင်းဆို လိုက်ပါသည်။
#စစ်အာဏာရှင်မုချကျဆုံးပါစေ