Tokyo Metropolitan International Exchange Program

Tokyo Metropolitan International Exchange Program Japanese Language Center

https://www.facebook.com/445991042223936/posts/2154154014740955/?d=n
09/05/2022

https://www.facebook.com/445991042223936/posts/2154154014740955/?d=n

Specified Skilled Worker Test ဖြေဆိုရန် One Stop Service ဆောင်ရွက်ပေးနေပါပြီ။

🌳 Learning Program + Test + Matching Jobs 🌳

May လတွင်ဖြေဆိုနိုင်မည့်စာမေးပွဲ နေ့ရက်၊ အချိန်
အလိုက် PACKAGE စီစဉ်ပေးထားပါတယ်ရှင့်..

၁)ဖောင်တင်ခြင်း၊
၂) လေယာဉ်လက်မှတ်စီစဉ်ပေးခြင်း၊
၃) Hotel Booking ယူပေးခြင်း၊
၄) Insurance ဝယ်ပေးခြင်း၊
၅) PCR Test စစ်ခြင်း
၆) စာမေးပွဲဖြေဆိုရာ centre သို့လိုက်ပို့ပေးခြင်း၊
၇) အစားအသောက်၊ ဈေးဝယ်ခြင်း၊ မြို့တွင်း Trip

လိုအပ်ချက်
-----------
၁) သက်တမ်းရှိ PASSPORT
( အနည်းဆုံး ၆လ ကျန်ရမည်)
၂) ID CARD

May လ exam 🇹🇭 Thailand

29 th MAY '2022 -JFT
30 th MAY '2022 - CAREGIVER
$586

















တိုကျိုမှာ ကျောင်းလခ အခမဲ့နော်... https://www.facebook.com/445991042223936/posts/2024239404399084/?d=n
16/11/2021

တိုကျိုမှာ ကျောင်းလခ အခမဲ့နော်...
https://www.facebook.com/445991042223936/posts/2024239404399084/?d=n

TUMH University ၏ ၂၀၂၂ ဧပြီလ (တိုကျိုမြို့) JAPANESE LANGUAGE PROGRAM အတွက် ကျောင်းသူကျောင်းသား အယောက် (၁၀၀) ခေါ်ယူ ပါမယ်။

N5 သင်ယူနေသူများနာရီ(၁၅၀) သင်ယူပြီးသော
ကျောင်းသူကျောင်းသားများ အနေဖြင့်
ကျောင်းလခ (၆)လစာခွဲသွင်း၍ တက်ရောက်နိုင်ပါတယ်။

စည်းကမ်းသတ်မှတ်ချက်
-------------------------
✅ဂျပန်ကျောင်း မလျှောက်ဖူးသူ
✅အသက် (၃၀) အထိလက်ခံပါသည်။
✅ဂျပန်စာ အရည်အချင်း N2 အောင်မြင်ပြီးပါက
ကျောင်းလခ ၁၀၀% အခမဲ့
✅ဂျပန်စာ အရည်အချင်း N3 အောင်မြင်ပြီးပါက
ကျောင်းလခ ၅၀% သက်သာစွာဖြင့် တက်ရောက်နိုင်မယ့်အခွင့်အရေးကို လက်လွတ်မခံသင့်ပါဘူး။

REJECT ခဲ့ဖူးတယ်။
Language School ပြန်လျှောက်ချင်တယ်ဆို ပြန်ဖြေရှင်းပေးပေမယ့် ရနိုင်ချေ အရမ်ူနည်းပါတယ်။ ဒါပေမယ်ါ N2 အောင်ပြီးတဲ့ သူအတွက် language school နဲ့မဆိုင်ဘဲ senmon တိုက်ရိုက် လျှောက်ထားလို့ရပါတယ်။ လျှောက်ပေးပါတယ်။

DEADLINE: First Week DEC '2021
Interview Date: 24 NOV 2021
တက်ရောက်လိုသောကျောင်းသူကျောင်းသားများ
အမြန်စာရင်းပေးပါ... TOKYO ကို၂၀၁၄ မှ ၂၀၁၈ အထိ COE 100% Pass ရအောင်လျှောက်ပေးနိုင်ခဲ့တဲ့ အတွက် အခုအခါမှာ လည်း ယုံကြည်မှုအပြည့်နဲ့
လျှောက်ကြရအောင်...

PSJLS ကျောင်းမှ စာရွက်သာတမ်း ဘာသာပြန်ခြင်း၊ လျှောက်ထားခြင်း၊ အလုပ်ရှာဖွေခြင်း၊ လေယာဉ်လက်မှန်၊ အဆောင်၊ ဖုန်းလုပ်ခြင်း၊ အားလုံးကို One stop service ဖြင့်ဆောင်ရွက်ပေးနေပါပြီရှင့်။

ဆက်သွယ်လိုပါက...

အမှတ်(၁၂၉)၊ဒုတိယထပ်၊ ရန်ကုန်၊ အင်းစိန်လမ်းမကြီး၊ ကမာရွတ်မြို့နယ်။
☎️ 09441436628

ဂျပန်နိုင်ငံကို  ဒီလကစပြီး Business Visa , Student Visa တွေ ပြမ်ဖွင့်ပေးတော့မှာဖြစ်တယ်လို့ သတင်းမှာကြော်ငြာသွားပါတယ်။ အလ...
01/11/2021

ဂျပန်နိုင်ငံကို ဒီလကစပြီး Business Visa , Student Visa တွေ ပြမ်ဖွင့်ပေးတော့မှာဖြစ်တယ်လို့ သတင်းမှာကြော်ငြာသွားပါတယ်။ အလည်အပတ် ဗီဇာတော့မပါသေးပါဘူး...

https://asia.nikkei.com/Spotlight/Coronavirus/Japan-to-ease-entry-for-businesspeople-students-but-not-tourists.

Exclusive: Quarantines for short-term trips to be cut to 3 days

Essayပြိုင်ပွဲ ဝင်ပြိုင်ရင်း ဂျပန်နိုင်ငံကို အလည်သွားကြမယ် 🇯🇵ဂျပန်နိုင်ငံကို အလည်သွားချင်တဲ့ ညီလေး၊ညီမလေးတွေအတွက် Essay ...
29/08/2021

Essayပြိုင်ပွဲ ဝင်ပြိုင်ရင်း ဂျပန်နိုင်ငံကို အလည်သွားကြမယ် 🇯🇵

ဂျပန်နိုင်ငံကို အလည်သွားချင်တဲ့ ညီလေး၊ညီမလေးတွေအတွက် Essay ပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း ဂျပန်နိုင်ငံကို လည်ပတ်ခွင့်ရမဲ့အခွင့်အရေးဖြစ်တဲ့ Essay Competitionလေးကို မျှဝေပါရစေ။

Essay ပြိုင်ပွဲရဲ့ အမည်ကတော့ ICU Global Youth Essay Competition 2021ပဲဖြစ်ပါတယ်။

ဒီEssay ပြိုင်ပွဲကို International Christian University (ICU) နဲ့ Japan ICU Foundationတို့ကနေ ပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။

ဒီ Essay Competitionမှာအနိုင်ရခဲ့ရင် ဘာဆုတွေရမှာလဲ ?? 🤔

Top Prize : ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ကို လည်ပတ်ခွင့်ရမှာဖြစ်ပါတယ်။ အကယ်၍ဂျပန်ကို မလည်ပတ်ချင်ဘူးဆိုရင်တော့ 100,000 yen ကို ရယူနိုင်ပါတယ်။ ( only 1 winner )😱

Second Prize : 50,000 yen gift card ( only 1 winner)

Third Prize : 5,000 yen gift card (10 winners)

Wow, ရမဲ့ ဆုကြေးတွေကလဲ စိတ်ဝင်စားစရာပဲဆိုတော့ ဘယ်လိုလူတွေ Essay ဝင်ပြိုင်လို့ရမလဲ ဆက်ကြည့်လိုက်ရအောင် ??🤔

အသက် ၁၄-၁၈ အတွင်းဖြစ်ရပါမယ်။
ဂျပန်မှာနေတဲ့သူ မဖြစ်ရပါ။
လက်ရှိမှာ တက္ကသိုလ်တက်ရောက်နေသူ မဖြစ်ရပါ။
Essay ကို English လိုပဲရေးရမှာဖြစ်ပီး စာလုံးရေ ၆၅၀ ထက်မကျော်ရပါဘူး။

ကဲ၊ ဒါဆို Essay ခေါင်းစဉ်တွေအနေနဲ့ (၃)ခုပေးထားပီး မိမိကြိုက်နှစ်သက်ရာ တစ်ခုကို ရေးနိုင်ပါတယ်။ Essay ခေါင်းစဉ်တွေကိုတော့ ပိုစတာထဲမှာရော၊ link ထဲမှာရော ဖတ်နိုင်ပါတယ်။

Key Dates
Competition Open Date : August 15, 2021
Competition Close Date (Deadline) : November 30, 2021
Announcement of winners : March 14, 2022

Essay Competitionမှာ ဝင်ပြိုင်မယ်ဆိုရင်တော့
https://www.icu.ac.jp/en/news/GlobalYouthEssay2021.html

International Christian University (ICU) and Japan ICU Foundation invite youth from around the world...

JLPT ဖြေဆိုလိုသော ကျောင်းသူကျောင်းသားများ ဒီဇင်ဘာ (၅)ရက်နေ့တွင် ဖြေဆိုနိုင်ပါပြီ။ JLPT Preparation Exam Course များကို မ...
13/08/2021

JLPT ဖြေဆိုလိုသော ကျောင်းသူကျောင်းသားများ ဒီဇင်ဘာ (၅)ရက်နေ့တွင် ဖြေဆိုနိုင်ပါပြီ။
JLPT Preparation Exam Course များကို မကြာမှီ ဖွင့်လှစ်သွားပါမည်။
JLPT EXAM ဖြေဆိုရန် MAJA တွင်တိုက်ရိုက်ဖောင်တင်နိုင်ပါပြီ။

https://www.facebook.com/117985645021854/posts/2077918669028532/?d=n

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) အတွက် ကြေညာခြင်း။
----------------------------------------------------------------------------------------------------------------
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့(တနင်္ဂနွေနေ့) တွင် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) အား အောက်ဖော်ပြပါအတိုင်း ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပမည်ဖြစ်ပါသည်။

※ Covid-19 ရောဂါဖြစ်ပွားမှု မြင့်တက်နေချိန်ဖြစ်ပါသောကြောင့် ဖြေဆိုသူဦးရေ အနည်းငယ်ဖြင့် N3 နှင့် N4 ကိုသာ ကျင်းပပြုလုပ်သွားနိုင်မည်ဖြစ်ပြီး၊ လူအချင်းချင်းထိတွေ့မှု မရှိစေရန် အွန်လိုင်းမှသာ လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ကြောင်းဦးစွာ အသိပေးအပ်ပါသည်။ အခက်အခဲများအကြားတွင် ကျင်းပပြုလုပ်ရန် စီစဉ်ရသည် ဖြစ်ပါသောကြောင့် အပြောင်းအလဲများအပေါ် နားလည်သဘောပေါက် လက်ခံပေးပါရန်နှင့် အလုပ်အကိုင်အတွက်စသည့် စာမေးပွဲအောင်မြင်ရန် လိုအပ်ချက် ရှိသူများသာ လျှောက်ထားကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

စာမေးပွဲဝင်ရောက် ဖြေဆိုမည့်သူများမှာ အောက်ပါ အချက်အလက်များကိုလေ့လာပြီး လျှောက်ထား နိုင်ပါသည်။

၁။ စာမေးပွဲကျင်းပမည့်နေ့ရက်
ဒီဇင်ဘာလ ၅ရက်နေ့ (တနင်္ဂနွေနေ့)

၂။ ကျင်းပမည့် စာမေးပွဲအဆင့်၊ နေရာနှင့် အရေအတွက်
ကျင်းပမည့် စာမေးပွဲအဆင့် - N4 နှင့် N3
ရန်ကုန်မြို့ - N4 ၁၅၀၀ ဦး၊ N3 ၅၀၀ ဦး
မန္တလေးမြို့- N4 ၆၀၀ ဦး၊ N3 ၁၀၀ ဦး

၃။ စာမေးပွဲကြေး
စာမေးပွဲကြေး (N4, N3) - ၄၀,၀၀၀ကျပ်
လျှောက်လွှာကြေး - ၄,၀၀၀ကျပ်
စုစုပေါင်း - ၄၄,၀၀၀ကျပ်

Covid-19 ရောဂါကူးစက်မှု ကာကွယ်ရေးအစီအစဉ်များနှင့် အညီကျင်းပရသည် ဖြစ်ပါသောကြောင့် စာမေးပွဲကြေးများကို ပြောင်းလဲသတ်မှတ်ရသည် ကို နားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ Covid-19 ရောဂါကူးစက်မှုအခြေအနေနှင့် အခြားသော အကြောင်းအရင်းများကြောင့် စာမေးပွဲပြုလုပ်ကျင်းပနိုင်ခြင်း မရှိပါက စာမေးပွဲကြေးအား ပြန်လည် ပေးအပ်သွားမည် ဖြစ်သော်လည်း၊ လျှောက်လွှာကြေးအား ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ လျှောက်လွှာကြေးသည် လျှောက်လွှာလက်ခံစီစဉ်ဆောင်ရွက်ခြင်းအတွက် ကုန်ကျသောစရိတ် ဖြစ်ပါသည်။

၄။ စာမေးပွဲဖြေဆိုခွင့် လျှောက်ထားနည်း

Online မှ တဆင့် လျှောက်ထားရမည် ဖြစ်ပြီး၊ စတင်လျှောက်ထားနိုင်သည့် သြဂုတ်လ (၂၀) ရက်နေ့ တွင် URL Address နှင့် လျှောက်ထားခြင်းလမ်းညွှန်ကို ကြေငြာသွားမည် ဖြစ်ပါသည်။ လျှောက်လွှာများ တပြိုင်နက်တည်း ပေးပို့ခြင်းကြောင့် System Error ဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် ကြိုတင်ကြေငြာပေးနိုင်ခြင်း မရှိမှုအား နားလည်သဘောပေါက် ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

လျှောက်လွှာတင်ရန် အောက်ဖော်ပြပါ စာမေးပွဲလမ်းညွှန်အား ဖတ်ရှုပြီး၊ Application Form အတွက် လိုအပ်သည့် အချက်အလက်များကို ပြင်ဆင်ထားရန်နှင့် လျှောက်လွှာပြင်ဆင်ရာတွင် ကွန်ပျူတာအသုံးပြုရန် လိုအပ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

● ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲလမ်းညွှန်
https://ascoja-maja.org.mm/upload/pdf/JLPT_Test_Guide_2021B.pdf
“How to Fill in the Application Form” (အထက်ပါ စာမေးပွဲလမ်းညွှန် Page 21-30)

၅။ လျှောက်လွှာလက်ခံမည့်ကာလ
သြဂုတ်လ (၂၀) ရက် မှ စက်တင်ဘာလ (၃) ရက်အတွင်း
※ သတ်မှတ်အရေအတွက် ပြည့်သည်နှင့် လျှောက်လွှာလက်ခံခြင်းကို ရပ်ဆိုင်းမည် ဖြစ်ပါသည်။

၆။ စာမေးပွဲကြေး ပေးသွင်းခြင်း
Online မှ တဆင့် လျှောက်ထားသည့် လျှောက်လွှာများအား စိစစ်ပြီး၊ အချက်အလက်ပြည့်စုံသည့် လျှောက်ထားသူများအား ငွေသွင်းရန် “Invoice Number” အား ပေးပို့သွားပါမည်။ KBZ Quick Pay (K Pay, KBZ iBanking, KBZ Bank, Agent) မှ ပေးသွင်းရမည် ဖြစ်ပြီး၊ Invoice Number နှင့် အတူ ငွေပေးသွင်းခြင်းလမ်းညွှန်အား ပေးပို့ပေးသွားပါမည်။ ငွေပေးသွင်းပြီးသည့် လျှောက်ထားသူများအား Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ကို Viber မှ ပေးပို့ပေးသွားပါမည်။ (စာမေးပွဲဖြေဆိုသည့် နေ့တွင် ယင်း Soft Copy နှင့် ID Card မူရင်းအား ပြသကာ Test Voucher မူရင်းအား ထုတ်ယူရမည် ဖြစ်ပါသည်။)

၇။ စုံစမ်းမေးမြန်းခြင်း
လျှောက်လွှာတင်ခြင်းနှင့်ပတ်သက်၍စုံစမ်းမေးမြန်းလိုပါက
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
ဖုန်း။ 09-9627 51373, 09-6922 88751
ဖုန်းလက်ခံဖြေကြားချိန်။ တနင်္လာနေ့ မှ စနေနေ့ (နံနက် ၉း၃၀ မှ ၁၂း၀၀၊ နေ့လယ် ၁း၀၀ မှ ၄း၃၀)။

07/08/2021
ဂျပန်ရုပ်ရှင်ပွဲတော်၂၀၂၁ ခုနှစ်အတွက် ဂျပန်ရုပ်ရှင်ပွဲတော်ကို အွန်လိုင်းရုပ်ရှင်ပွဲတော်အဖြစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၂ ရက်...
11/01/2021

ဂျပန်ရုပ်ရှင်ပွဲတော်

၂၀၂၁ ခုနှစ်အတွက် ဂျပန်ရုပ်ရှင်ပွဲတော်ကို အွန်လိုင်းရုပ်ရှင်ပွဲတော်အဖြစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၂ ရက်နေ့အထိ https://watch.jff.jpf.go.jp/page/myanmar/ ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ရုပ်ရှင်ကားများကို ပြသသွားရန် စီစဉ်ထားပါသည်။
သို့ဖြစ်ပါ၍ ၂ၒ၂၁ ခုနှစ် ဂျပန်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို အွန်လိုင်းမှတစ်ဆင့် ပြုလုပ်မည်ဖြစ်ပါသဖြင့် လူကြီးမင်းတို့အနေဖြင့် Zoom webinar မှသော်လည်းကောင်း။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်နှင့် ဂျပန်ရုပ်ရှင်ပွဲတော်စာမျက်နှာ၏ Facebook Live မှသော်လည်းကောင်း ကြည့်ရှုနိုင်ရန် လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။

နေ့ရက် ။ ။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့)
အချိန် ။ ။ နေ့လည် ၁၁ နာရီခွဲ
Webinar Link: https://zoom.us/j/94957391822?pwd=M0lqa3UxUVBJYmNXNHBpeVV4aitnQT09
Webinar ID: 949 5739 1822
Passcode: 636223

မိတ်ဆွေများအနေဖြင့် ဂျပန်ရုပ်ရှင်ပွဲတော်အကြောင်းကို မိမိတို့၏ အသိမိတ်ဆွေများနှင့် ကျောင်းသူကျောင်းသားများကို ထပ်ဆင့်ကမ်း ဝေမျှပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဂျပန်ရုပ်ရှင်ပွဲတော် ကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ၂၂ ရက်နေ့အထိ JFF Plus ဝက်ဘ်ဆိုဒ်မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ဒီ၁ဝ ရက်တာ အွန်လိုင်းရုပ်ရှင်ပွဲတော်ကာလ မှာ ဂျပန်ရုပ်ရှင်ကားပေါင်း ၂၇ ကားပြသသွားမည်ဖြစ်ကာ မိမိတို့၏ အိမ်မှာတင် အမျိုးအစားစုံလင်စွာ ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။ ရုပ်ရှင်ပွဲတော်ကာလတွင် စိတ်ဝင်စားဖွယ်ရာ စကားဝိုင်း၊ ပြိုင်ပွဲ အစရှိသည့် အစီအစဉ်များကိုလည်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ဂျပန်ရုပ်ရှင်ပွဲတော်(မြန်မာ) စာမျက်နှာတွင်စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်အပ်ပါသည်။

လေးစားစွာဖြင့်
ဂျပန်ဖောင်ဒေးရှင်း၊ရန်ကုန်
Facebook event: https://www.facebook.com/events/726051651639604

https://watch.jff.jpf.go.jp/page/myanmar/

- Films are available for 24 hours only, from the scheduled starting times. - You will no longer be able to playback films when they reach the 24-hour expiration limit.

အသက် (၁၅) မှ(၁၈) ကျောင်းသူကျောင်းသားများ ဂျပန်နျုင်ငံ အထက်တန်းကျောင်းတွင် အစိုးရကုန်ကျစရိတ်ဖြင့် တက်ရောက်နိုင်မယ့် အခွင့...
06/01/2021

အသက် (၁၅) မှ(၁၈) ကျောင်းသူကျောင်းသားများ ဂျပန်နျုင်ငံ အထက်တန်းကျောင်းတွင် အစိုးရကုန်ကျစရိတ်ဖြင့် တက်ရောက်နိုင်မယ့် အခွင့်အရေး လက်မလွှတ်သင့်ဘူးနော်။

14/12/2020

Address

Kamayut
11041

Alerts

Be the first to know and let us send you an email when Tokyo Metropolitan International Exchange Program posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Tokyo Metropolitan International Exchange Program:

Share