MIRAI Japanese & Career Training Center

MIRAI Japanese & Career Training Center MIRAI Japanese & Career Training Center

"ငါကတော့ အသုံးမကျပါဘူး" ဆိုတဲ့ စိတ်ဒဏ်ရာကို ချေဖျက်နည်း💮 自分(じぶん)には価値(かち)がないの心理学(しんりがく) 💮​皆(みな)さん、こんばんは 🙋‍♀️💮​"SNS မှာ ကိ...
25/08/2026

"ငါကတော့ အသုံးမကျပါဘူး" ဆိုတဲ့ စိတ်ဒဏ်ရာကို ချေဖျက်နည်း

💮 自分(じぶん)には価値(かち)がないの心理学(しんりがく) 💮

​皆(みな)さん、こんばんは 🙋‍♀️💮

​"SNS မှာ ကိုယ်နဲ့同(おな)じ အသက်ရွယ်တူတွေ အောင်မြင်နေတာတွေ့ရင် 'သူတို့နဲ့ယှဉ်ရင် ငါက ဘာမှမဟုတ်ပါလား' လို့ တွေးမိဖူးလား?"
​ဒီလို စိတ်ထဲမှာ "ငါကတော့ အသုံးမကျပါဘူး" လို့ အလိုလို ရေရွတ်မိတဲ့ အကျင့်ဟာ 無価値感(むかちかん - Unworthiness) ဆိုတဲ့ စိတ်ဒဏ်ရာဝင် မိနေလို့ပဲ ဖြစ်ပါတယ်။

​ဒီနေ့မှာတော့ ဂျပန်စိတ်ပညာရှင် 根本(ねもと)さん ရဲ့著書ကို အခြေခံပြီး ဒီစိတ်ဒဏ်ရာ (呪い) ကနေ ရုန်းထွက်မယ့် နည်းလမ်းတွေကို Sharing ပေးချင်ပါတယ်။



ငါ့မှာ 無価値感(むかちかん) အားကြီးနေပြီလား?

​ အမြဲတမ်း သူများနဲ့ နှိုင်းယှဉ်တယ်💮
ကိုယ့်ထက် သာသူကိုတွေ့ရင် အားကျရုံမကဘဲ "ငါက ညံ့လိုက်တာ" ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။

​ ရှုံးနိမ့်မှာ ကြောက်လို့ ရှောင်ထွက်တယ် 💮
(回避行動 - かいひこうどう)
အရှက်ရမှာ ကြောက်လို့ ပြိုင်ဆိုင်မှုတွေ၊ ပွဲလမ်းတွေကို ရှောင်ပြေးတယ်။

​ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ရယ်စရာလုပ်တယ်💮
"ငါကတော့ ရုပ်ဆိုးလို့ပါ"၊ "ငါကတော့ ညံ့လို့ပါ" ဆိုပြီး ကိုယ့်ဒဏ်ရာကို အရင်ဦးအောင် မကောင်းပြောပြီး ဟာသလုပ်တတ်တယ်။

​ သူများ ချီးမွမ်းရင် မယူရဲဘူး👐
"မဆိုးပါဘူး" လို့ အချီးမွမ်းခံရရင်တောင် အားနာလို့ လျှောက်ပြောနေတာပါဆိုပြီး အတွေးလွန်တတ်တယ်။

​ ဒီစိတ်ဒဏ်ရာကနေ ဘယ်လိုရုန်းထွက်မလဲ?🙋‍♀️
​🤍 1. 外面価値(がいめんかち) ထက် 内面価値(ないめんかち) ကို အလေးပေးပါ
​ဘွဲ့လက်မှတ်၊ ဝင်ငွေ၊ ရုပ်ရည် စတဲ့ 外面価値(がいめんかち - အပြင်ပန်းတန်ဖိုး) တွေနဲ့ ကိုယ့်ကိုယ်ကို တိုင်းတာနေသမျှ ကိုယ့်ယုံကြည်မှုက ခိုင်မာမှာ မဟုတ်ပါဘူး။ ကိုယ် ဘယ်လောက် ဝင်ငွေရရ ကိုယ့်ထက် သာတဲ့သူ ပေါ်လာတာနဲ့ ကိုယ့်ယုံကြည်မှု ပြိုလဲသွားမှာမို့ပါ။
ဒါကြောင့် ရလဒ်ထက် နေ့စဉ် အားထုတ်နေတဲ့ ကိုယ့်ရဲ့ 努力(どりょく - ကြိုးစားမှု)၊ 優しさ(やさしさ - ကြင်နာမှု) စတဲ့ 内面価値(ないめんかち - အတွင်းစိတ်တန်ဖိုး) ကိုပဲ အဓိကထား ဂုဏ်ယူပါ။

​🤍 2. မရှောင်ပြေးဘဲ ရင်ဆိုင်ပြီး ကိုယ့်ကိုယ်ကို ချီးမွမ်းပါ
​ရှောင်ပြေးလေလေ (回避行動) ကိုယ့်ကိုယ်ကို "ဒီနေ့လည်း ထွက်ပြေးခဲ့ပြန်ပြီ" ဆိုပြီး ပိုအသုံးမကျဘူးလို့ ခံစားရလေပါပဲ။
ကြောက်ရွံ့နေပေမဲ့ စိန်ခေါ်မှုကို ရင်ဆိုင်လိုက်ပါ။ ရလဒ်ထက် "မရှောင်ပြေးဘဲ ရင်ဆိုင်ခဲ့တဲ့ ကိုယ့်သတ္တိ" ကို "できるやん、私/俺 (ငါ လုပ်နိုင်တာပဲ)" ဆိုပြီး သေးငယ်တဲ့ အောင်မြင်မှုအဖြစ် ချီးမွမ်းပေးပါ
(自己強化 - じこきょうか - ကိုယ့်ကိုယ်ကို အသိအမှတ်ပြုခြင်း)

​🤍 3. 人生設計(じんせいせっけい) တည်ဆောက်ပါ
(ဘဝအစီအစဉ် သတ်မှတ်ပြီး ရည်မှန်းချက်ဆီ လျှောက်လှမ်းပါ)

​ဦးတည်ချက်မရှိတဲ့ ဘဝဟာ လေတိုက်ရာလွင့်တဲ့ ပူပေါင်းလို အလွယ်လမ်းကို လိုက်မိပြီး သိမ်ငယ်စိတ် ဝင်လာစေပါတယ်။
ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကြီးတစ်ခု ပျက်စီးသွားရင်တောင် စိတ်ဓာတ်ကျမနေဘဲ လက်တွေ့ကျကျ ပုံစံပြောင်းပြီး တခြားပန်းတိုင်တစ်ခုဆီ လှုပ်ရှားပါ။ ကိုယ့်ရဲ့ ပန်းတိုင်ဆီ ဦးတည်လှုပ်ရှားနေတဲ့အချိန်မှာ "ငါဟာ တန်ဖိုးမရှိဘူး" ဆိုတဲ့ အတွေးတွေ ဝင်လာဖို့ အချိန်မရှိတော့ပါဘူး။

​🤍 自分(じぶん)ကို ပြန်လည်ရှာဖွေမယ့် Action Plan💮

​ "私は(わたしは)" ဆိုပြီး ကိုယ့်ခံစားချက်ကို သဲသဲကွဲကွဲ ထုတ်ပြောပါ: "ဒါလေးလည်း မဆိုးပါဘူး" လို့ မပြောဘဲ "ငါ ဒီအရာကို သဘောကျတယ် / ငါ မကြိုက်ဘူး" ဆိုပြီး ကိုယ့်အကြိုက်ကို ရှေ့တန်းတင်ပါ။

စိတ်ဓာတ်ဆိုတာကြွက်သားပါ။❤️
လေ့ကျင့်ခန်း မလုပ်ဘဲ သန်မာမလာနိုင်သလို၊ မိမိကိုယ်ကို ယုံကြည်မှုဆိုတာလည်း နေ့စဉ် သေးငယ်တဲ့ သတ္တိလေးတွေ စုဆောင်းရာကနေ တည်ဆောက်ရတာပါ။

​မိနစံတို့ရေ...
တကယ်လို့ စိန်ခေါ်မှုကို ရင်ဆိုင်လို့ မအောင်မြင်ခဲ့ရင်တောင်မှ "တုန်လှုပ်ခြောက်ခြားစွာနဲ့ ရင်ဆိုင်ခဲ့တဲ့ ကိုယ့်ရဲ့ သတ္တိ" ကိုပဲ ဂုဏ်ယူလိုက်ပါနော် 🤍


#自分には価値がないの心理学


#ဂျပန်စာလေ့လာရန်

24/08/2026

"စက္ကန့်ပိုင်းအတွင်း ဘဝနဲ့ တိုးတက်မှုကို ပြောင်းလဲပေးမယ့် ၅ စက္ကန့် စည်းမျဉ်း"
​💮 5秒ルール (5-Second Rule)💮


皆さん、こんにちは 🙋‍♀️💮
ဘဝမှာ လမ်းပျောက်နေသလို ခံစားဖူးလားး
လမ်းပျောက်နေတဲ့သူတွေအတွက်ကို လက်တွေ့လုပ်ဆောင်လာအောင် လမ်းပြပေးတဲ့ မျက်လှည့်ဆန်တဲ့ နည်းလမ်းတစ်ခုအကြောင်း Sharing ပေးချင်ပါတယ်။
အမေရိကမှာ တီဗီအစီအစဉ် တင်ဆက်သူနဲ့ သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ Mel Robbins ရေးသားထားတဲ့ "၅ စက္ကန့် စည်းမျဉ်း" ဆိုတဲ့ စာအုပ်အကြောင်းအရာလေးနဲ့ပတ်သက်ပြီးSharingလုပ်သွားချင်ပါတယ်။
ကျောင်းသားတွေအနေနဲ့ဆိုရင်လုပ်စရာဆိုလို့စာကျက်ရတယ်လေ "စာကျက်ရမှာလည်း သိတယ်... စာမေးပွဲတိုင်းကို
အောင်ချင်တာလည်း အမှန်ပဲ... ဒါပေမဲ့ စာအုပ်ကြည့်လိုက်တာနဲ့ 'ခဏနေမှ ကျက်တော့မယ်'၊ 'မနက်ဖြန်မှ စမယ်' ဆိုပြီး ဖုန်းကြည့်ရင်းဂိမ်းကစားရင်း အချိန်ကုန်သွားဖူးတယ်မလား.."
​အဓိက ပြဿနာကဘာလဲဆိုတော့
"စဉ်းစားချိန် ပေးလိုက်မိတာ" ကြောင့်ပါ။
​လူ့ဦးနှောက်ရဲ့ အကျင့်က အသစ်တစ်ခုခုကို စတင်တော့မယ် (သို့) ပင်ပန်းမယ့်အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် "နားလိုက်ပါဦး၊ နောက်မှလုပ်ပါ" ဆိုပြီး အကြောင်းပြချက်ပေါင်း ထောင်ဂဏန်းနဲ့ ရပ်တန့်အောင် တားဆီးတတ်ပါတယ်။ဒီလို ဦးနှောက်ရဲ့ တားဆီးမှုကို ကျော်လွှားပြီး ချက်ချင်း လက်တွေ့ လှုပ်ရှားလာစေဖို့ Mel Robbins ရဲ့ "5-Second Rule" (၅ စက္ကန့် စည်းမျဉ်း) ကိုသုံးပြီး ကိုယ်ဝါသနာပါရာတွေလေ့လာမှုအပိုင်းတွေ ရယ်
ဘဝရည်မှန်းချက်တွေအပေါ် အမြင်တွေအများကြီးပြောင်းလဲသွားနိုင်မှာပါ။

​ 🤍5秒数えた後に直行動する🤍
(၅ စက္ကန့် ရေတွက်ပြီးတာနဲ့ ချက်ချင်း လှုပ်ရှားပါ)

​ "ဒီနေ့ Kanji လေ့ကျင့်ရင် ကောင်းမလား... မနက်ဖြန်မှ
စရင် ကောင်းမလား..." ဆိုပြီး စဉ်းစားနေတာနဲ့တင် အချိန် ၃၀ မိနစ်လောက် ကုန်သွားပြီး နောက်ဆုံး မကျက်ဖြစ်တော့တာမျိုးတွေခဏခဏရှိကြမှာပါ အဲ့လိုအခါမျိူးမှာ
​စာကျက်ချင်စိတ် ဖြစ်လာတာနဲ့ စိတ်ထဲမှာ "၅... ၄... ၃... ၂... ၁" လို့ ဒုံးပျံလွှတ်သလို Countdown ရေတွက်လိုက်ပါ။ ၀ ရောက်တာနဲ့ ဘာမှ ဆက်မစဉ်းစားဘဲ စာအုပ်ကို ချက်ချင်း လှန်လိုက်ပါ။
​ဒီနေရာမှာတခုပြောချင်တာက
"၁၊ ၂၊ ၃၊ ၄၊ ၅" လို့ မရေပါနဲ့။ ၆၊ ၇၊ ၈ ဆိုပြီး ဆက်ရေမိသွားတတ်လို့ပါ။ "၅ မှ ၁" ကို ရေတွက်ခြင်းက ဦးနှောက်ကို အချက်ပေးလိုက်တာဖြစ်ပြီး တုံ့ဆိုင်းနေမှုကို ရပ်တန့်စေပါတယ်။

​🤍 心のブレーキがかかる前に動く🤍
(စိတ်ရဲ့ ဘရိတ်မအုပ်ခင်(စိတ်ကတားဆီးမှုမလုပ်ခင်) ခန္ဓာကိုယ်ကို လှုပ်ရှားပါ)
​ စာကျက်ဖို့ စဉ်းစားလိုက်တာနဲ့ ဦးနှောက်က "စာမေးပွဲက ခက်ဦးမှာ၊ မနက်ဖြန်မှ စာကျက်ပါ အခု ဂိမ်းခဏ ကစားလိုက်ပါဦး" ဆိုပြီးတစ်ခုခုကို လက်တွေ့လုပ်ဖို့ ကြိုးစားတဲ့အခါ ဦးနှောက်က နည်းမျိုးစုံနဲ့ အဲ့ဒါကို တားဆီးဖို့ ကြိုးစားတတ်ပါတယ်။
​ဦးနှောက်က ကိုယ့်ကို အကြောင်းပြချက်ပေးပြီး တားဆီးချိန် (၅ စက္ကန့်) မရခင်မှာတင် စာအုပ်ဆီ ခြေလှမ်းလှမ်းလိုက်ပါ။
ဦးနှောက်ရဲ့ အတားအဆီးကို အနိုင်ယူဖို့ အကောင်းဆုံး နည်းလမ်းကတော့ "စဉ်းစားမနေဘဲ ကိုယ်ခန္ဓာကို အရင် လှုပ်ရှားလိုက်တာ" ပါပဲ။

​🤍ウェイクアップチャレンジ🤍
(မနက်ခင်း နိုးထခြင်း စိန်ခေါ်မှု)

​ မနက် အစောထမယ်လို့Alarmပေးထားရင်
Alarm မြည်တာနဲ့ Alarm ကို ပိတ်၊ ၅ မိနစ်စီ (Snooze) လုပ်ပြီး အိပ်ရာထဲမှာ ဖုန်းနှိပ်ရင်း ၁ နာရီမက အချိန်ဖြုန်းမိသွားတတ်တယ်။
စောစောထပြီး စာကျက်ချင်ရင် Alarm မြည်တာနဲ့ "၅... ၄... ၃... ၂... ၁" ဟု ရေတွက်ပြီးစောင်ကို မ
ကန်ထုတ်ပြီး ချက်ချင်း ထထိုင်လိုက်ပါ။
​မနက်ခင်း အိပ်ရာထရတာကို အနိုင်ယူနိုင်ရင် တစ်နေ့တာ စာကျက်ချိန်ကိုပါ အနိုင်ယူပြီးသား ဖြစ်သွားပါလိမ့်မယ်။ မနက်စောစော စာကျက်ခြင်းက ဦးနှောက်အကြည်လင်ဆုံး အချိန်မို့ မှတ်ဉာဏ်ကို အတိုးစေဆုံးပါ။

​🤍 5秒ルールで生産性を向上させる 🤍
(စွမ်းဆောင်ရည်ကို မြှင့်တင်ပါ)

​စာကျက်နေရင်း Facebook ကြည့်လိုက်၊ TikTok ကြည့်လိုက်နဲ့ ၃ နာရီ ထိုင်ပေမဲ့ ၁ နာရီစာမျှ အဖတ်မတင်လိုက်မိတာတွေခဏခဏကြုံမိမှာပါ။
​ ဖုန်းသုံးချင်စိတ် ပေါ်လာတာနဲ့ "၅... ၄... ၃... ၂... ၁" ဆိုပြီး ဖုန်းကို မှောက်ထားလိုက်ပါ။ စာကျက်ရတာ ပျင်းလာရင်လည်း "၅ စက္ကန့်" ရေတွက်ပြီး File အသစ် (သို့) Kanji စာအုပ်ကို ချက်ချင်း ဖွင့်လိုက်ပါ။ဒါမှမဟုတ်ကိုယ်နှစ်သက်ရာ ဂျပန်သီချင်း တစ်ပုဒ်ဖွင့်နားထောင်လိုက်တာမျိုး
​အလုပ်တစ်ခုကို စတင်လိုက်တာနဲ့ ဦးနှောက်က အရှိန်ရသွားပြီး ဆက်လုပ်ချင်စိတ် (Motivation) က အလိုလို ထွက်ပေါ်လာတာမျိုးဖြစ်ပါတယ်။

​🤍 5秒ルールで心配事を減らす 🤍
(သောကများနှင့် စိုးရိမ်စိတ်များကို လျှော့ချပါ)
​ "ငါ့သူငယ်ချင်းက N2 ရသွားပြီ... ငါက N3 တောင်
မအောင်သေးဘူး... ငါ ဂျပန်စာ လုံးဝ မတော်ပါဘူး" ဆိုပြီး အားငယ်စိုးရိမ်စိတ်တွေနဲ့ အချိန်ကုန်နေတတ်ပါတယ်။
​ (Negative) အတွေးဝင်လာတာနဲ့ "၅... ၄... ၃... ၂... ၁" ရေတွက်ပြီး အတွေးကို ချက်ချင်း ဖြတ်လိုက်ပါ။ (Positive) အတွေးဆီ ပြောင်းလိုက်ပါ။
​"သူများတွေထက် ငါ့ရဲ့ ဒီနေ့ တိုးတက်မှုကပဲ အဓိကပါလို့မှတ်ပါ။ ဒီနေ့ Kanji ၅ လုံး ရသွားရင်ကိုပဲ ငါ ရှေ့ရောက်သွားပြီ" ဆိုပြီး ချက်ချင်း အတွေးပြောင်းလိုက်ပါ။

​ 🤍豊かな人間関係と自信を身につける 🤍
(ပေါင်းသင်းဆက်ဆံရေးနှင့် ယုံကြည်မှု တည်ဆောက်ပါ)
​ဂျပန်လူမျိုးနဲ့ စကားပြောခွင့်ရရင် သို့မဟုတ် အတန်းထဲမှာ ဆရာက မေးခွန်းမေးရင် ရှက်လို့/မှားမှာ ကြောက်လို့ ပါးစပ်ပိတ်နေမိတတ်တယ်။အဲလိုအခါမျိုးမှာ
​ စကားပြောချင်စိတ် ဖြစ်လာတာနဲ့ "၅... ၄... ၃... ၂... ၁" ရေတွက်ပြီး "မင်္ဂလာပါ" (こんにちは) လို့ ချက်ချင်း နှုတ်ဆက်လိုက်ပါ။
​ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ "အောင်မြင်မှုတွေ အများကြီးရမှ" ရတာ မဟုတ်ပါဘူး။ ဒီလို ၅ စက္ကန့်အတွင်း သတ္တိမွေးပြီး သေးငယ်တဲ့ စိန်ခေါ်မှုလေးတွေကို ကျော်ဖြတ်ရာကနေ စိတ်ဓာတ်ခွန်အားနဲ့ အလိုလို ယုံကြည်မှု ရလာတာဖြစ်ပါတယ်။
​ဒါကြောင့်မို့ မိနစံတို့
​ဂျပန်စာ လေ့လာရတာ မအောင်မြင်တာဟာ ဉာဏ်မကောင်းလို့ မဟုတ်ဘဲ၊ စတင်ဖို့ အချိန်ဆွဲနေလို့ ဖြစ်ပါတယ်။
​အခုပဲ စာအုပ်ကို မလှန်ခင်၊ စာမကျက်ခင် ခေါင်းထဲမှာ ရေတွက်လိုက်ပါ...
​"5... 4... 3... 2... 1... 行動 (GO)!"ဆိုပြီး
​ဒီနေ့ကစပြီး ၅ စက္ကန့် စည်းမျဉ်းကို အသုံးပြုပြီး
ဂျပန်စာ လေ့လာမှုရောဘဝအတွက်လုပ်စရာတွေအများကြီးကိုအချိန်ဆွဲမနေဘဲချက်ချင်းလုပ်ဆောင်နိုင်ပါစေနော်
🤍




#5秒ルール #ဂျပန်စာလေ့လာရန်

21/08/2026

もうすぐ💮🙋‍♀️

Mirai Jctc
MIRAI Engineering Group
MIRAI Japanese & Career Training Center

20/08/2026

ငယ်ငယ်တုန်းကလို
BABရှိနေလို့အားလုံးအဆင်ပြေသွားပြီမဟုတ်တော့ဘူးး🥳

ခုလို အဘက်ဘက်ကပြီးပြည့်စုံနေတဲ့ BaLa ကျောင်းရှိနေလို့
အားလုံးအဆင်ပြေသွားးပြီ 🤍🥳

15/08/2026

ただ 知識မဖြစ်စေနဲ့ 🌻

知識+実行 =知恵 🫶💮

ဗဟုသုတတစ်ခုရလာပြီဆို လက်တွေ့အကောင်အထည်ဖော်ကြည့်ပြီးကာမှ ပညာဆိုတာ ရလာမှာ 🤍

Mirai Jctc
MIRAI Engineering Group
MIRAI Japanese & Career Training Center
Khun Thuya

14/08/2026

Bala日本語学校で、自然を かんじながら勉強してみませんか? ✨

​Bala ဂျပန်စာသင်တန်းကျောင်းရဲ့ ခြံဝင်းလေးထဲမှာ လန်းဆန်းတဲ့ သစ်ပင်၊ ပန်းမန်လေးတွေနဲ့အတူ စိတ်အေးချမ်းစွာ ဂျပန်စာ လေ့လာနိုင်ပါပြီ။ စာမကျက်ချင်စရာ မရှိအောင်ကို သဘာဝအလှတွေနဲ့ ပြည့်နှက်နေတဲ့ ဆရာကြီး Khun Thuya ရဲ့ စေတနာခြံလေးပါနော် 🤍

🌿📖✨

Mirai Jctc
MIRAI Engineering Group
MIRAI Japanese & Career Training Center

"အပင်ပန်းခံ စာကျက်နေပေမဲ့ ဘာလို့ Level​တွေကမတက်လာတာလဲ" မနက်ဆို စာအုပ်ကိုင်လိုက်  ညနက်တဲ့အထိ မျက်ကွင်းညိုအောင် စာထိုင်ကျက...
11/08/2026

"အပင်ပန်းခံ စာကျက်နေပေမဲ့ ဘာလို့ Level​တွေကမတက်လာတာလဲ"

မနက်ဆို စာအုပ်ကိုင်လိုက် ညနက်တဲ့အထိ မျက်ကွင်းညိုအောင် စာထိုင်ကျက်လိုက်နဲ့... ဒါပေမဲ့ စာမေးပွဲနီးလာရင် ဘာမှ မမှတ်မိတော့ဘူး။ စကားပြောရင်လည်း ပါးစပ်က ထွက်မလာဘူး။ အဲဒီအခါ
'ငါ့ ကြိုးစားမှု မလုံလောက်သေးလို့ပါပဲ' ဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်မိတယ်..."ဒါ ဂျပန်စာ လေ့လာနေတဲ့ ကျောင်းသား/သူ တော်တော်များများ ကြုံတွေ့နေရတဲ့"ကြိုးစားမှု ငရဲ"
努力地獄(どりょくじごく)ပါပဲ။
​ပြဿနာက ကြိုးစားမှု မလုံလောက်လို့ မဟုတ်ပါဘူး။
"ကြိုးစားနည်း မှားနေတာ" ဖြစ်ပါတယ်။

皆さん、こんにちは🙋‍♀️💮

ဒီတစ်ခေါက်မှာတော့ Adobe နဲ့ Google တို့ရဲ့ အကြံပေး
Greg McKeown ရေးသားထားတဲ့ エフォートレス思考
(မပင်ပန်းဘဲ ထိရောက်တဲ့ အကြံပြုချက်) ဆိုတဲ့စာအုပ်အကြောင်းအရာလေးနဲ့ပတ်သက်ပြီးSharingလုပ်သွားချင်ပါတယ်။

Step 1 🤍
エフォートレスな精神
(စိတ်အေးချမ်းစွာ စာကျက်နည်း)

🤍 意識的に休憩を取る (အသိစိတ်ရှိရှိ နားချိန်ယူပါ)
ဒီနေ့ Kotobaအခန်း (၁) ကနေ (၅) အထိ ပြီးအောင် မနားတမ်း ကျက်မယ်" ဆိုပြီး ၃-၄ နာရီ ဆက်တိုက် ထိုင်ကျက်တယ်။ ၁ နာရီကျော်သွားတာနဲ့ ဦးနှောက်က မမှတ်တော့ဘဲ စာကြောင်းတွေကို ငေးကြည့်နေရုံပဲ ရှိတော့တယ်။Los Angeles Angels ရဲ့ နည်းပြကြီး Joe Maddon ဟာ ကစားသမားတွေ Performance မကျသွားအောင် ဩဂုတ်လ ပူပြင်းတဲ့အချိန်မှာ ၁ ပတ် အနားပေးခဲ့ဖူးပါတယ်။စာကျက်တာလည်း တူတူပါပဲ။ မိနစ် ၉၀ စာကျက်ရင် ၁၀ မိနစ် ~ ၁၅ မိနစ် မဖြစ်မနေ နားပေးပါ။
ခဏနားတာဟာ အချိန်ဖြုန်းတာ မဟုတ်ဘဲ ဦးနှောက်ထဲက အမှိုက်တွေကို ရှင်းထုတ်ပြီး မှတ်ဉာဏ်အသစ်အတွက် စွမ်းအင်ပြန်ဖြည့်လိုက်တာ ဖြစ်ပါတယ်။

🤍楽しくやれる方法はないか考える (ပျော်စရာဖြစ်အောင် ဖန်တီးပါ)
ဂျပန်စာ ကျက်တာဟာ ပင်ပန်းပြီး သည်းခံရမယ့်အလုပ်" လို့ စိတ်ထဲ စွဲနေတာကြောင့် စာအုပ်ကိုင်လိုက်တာနဲ့ စိတ်လေးသွားပြီးကိုယ့်ရှေ့မှာရှိတဲ့စာအုပ်ကိုပဲ ငေးကြည့်နေမိတယ်။စာအုပ်ထဲက စာတွေကိုပဲ ကြည့်မနေဘဲ ကိုယ်ကြိုက်တဲ့ Anime/Drama ကြည့်ရင်း စကားပြောလိုက်ပြောကြည့်တာ၊ အကြိုက်ဆုံး J-Pop သီချင်းစာသားတွေကို ဘာသာပြန်ကြည့်တာမျိုး ပြုလုပ်ပါ။စာရေးသူ Greg ဟာ ဖုန်းအများကြီး ပြန်ဆက်ရမှာကို ပျင်းလို့ "ရေချိုးကန်ထဲ စိမ်ရင်း ဖုန်းပြောတာ" နဲ့ ပေါင်းစပ်လိုက်သလိုပါပဲ။ "အရေးကြီးတဲ့ စာကျက်ခြင်း" နဲ့ "ကိုယ်ပျော်တဲ့အရာ" ကို ပေါင်းစပ်လိုက်ပါ။

Step 2 🤍
エフォートレスな行動 (ရိုးရှင်းသော အပြုအမူများ)

🤍明確なゴールをイメージする 🤍
(ပန်းတိုင်ကို တိတိကျကျ သတ်မှတ်ပါ)

ဒီနေ့ Grammer တွေ လေ့ကျင့်မယ်" သို့မဟုတ် "Kanji တွေ ကျက်မယ်" ဆိုတဲ့ မရေမရာ ပန်းတိုင်ကြောင့် ခေါင်းထဲမှာ ဘာမှ မစတင်နိုင်ဘဲ အချိန်ကုန်သွားတယ်။၁၂ မျက်နှာပါ စာရွက်စာတမ်းကို အသေးစိတ်ပြီးအောင် လုပ်မယ်" လို့ သတ်မှတ်သလိုမျိုး ဂျပန်စာမှာလည်း တိကျရပါမယ်။ဒီနေ့ မနက် ၉ နာရီမှာ Grammar အခန်း (၃) က 24ခုသင်ရတဲ့Grammarနဲ့ ဥပမာ စာကြောင်း 20 ကြောင်း ရေးပြီးအောင် လုပ်မယ်" ဆိုတဲ့ တိကျတဲ့ ပန်းတိုင်မျိုး သတ်မှတ်ပါ။ ပန်းတိုင် မတိကျရင် စာကျက်လို့ ပြီးသွားတယ်ဆိုတာ မရှိတော့ပါဘူး။

🤍最初の一歩を小さくする🤍
(ပထမဆုံး ခြေလှမ်းကို အသေးဆုံးအထိ လျှော့ပါ)

"ဒီနေ့ စာလုံး ၁ သောင်းပါတဲ့ Essay ကို ရေးမယ်" လို့ တွေးလိုက်တာနဲ့တင် ပင်ပန်းလွန်းလို့ အိပ်ရာထဲက မထချင်တော့ဘူး။
စာအုပ်ထဲက ဥပမာအတိုင်းပဲ "၁ ပိုဒ်မြောက်ကို ရေးတာ" က ပထမခြေလှမ်း မဟုတ်ပါဘူး။ "Word File ကို ဖွင့်လိုက်တာ" သို့မဟုတ် "စာအုပ်ကို လှန်လိုက်တာ" ကမှ အသေးဆုံး ပထမခြေလှမ်း ဖြစ်ပါတယ်။"ဒီနေ့ N2 စာမေးပွဲအတွက် စာကျက်မယ်" မတွေးပါနဲ့။ N-2Tangoစာအုပ် ကို ဖွင့်လိုက်မယ်" ဆိုတဲ့ အသေးငယ်ဆုံး ခြေလှမ်းကနေ စလိုက်ပါ။ စတင်လိုက်တာနဲ့ ရှေ့ဆက်ဖို့ အရမ်းလွယ်ကူသွားပါလိမ့်မယ်။

🤍最小限必要なステップを見極める🤍
(မလိုတာတွေကို ဖယ်ထုတ်ပါ)

​ ဘောပင် အရောင် ၅ မျိုးနဲ့ စာအုပ်လှအောင် ရေးနေတာ၊ Noteစာအုပ်ကို အလှဆင်နေတာ၊ အသံထွက် animation တွေ လိုက်ရှာနေတာနဲ့တင် ၁ နာရီ ကုန်သွားတယ်။ စာက ခေါင်းထဲ တစ်လုံးမှ မဝင်လိုက်ဘူး။
​PowerPoint Presentation လုပ်ရင် အလှဆင်တာထက် "လိုအပ်တဲ့ အချက်အလက် ပါဖို့က အဓိက" ဖြစ်သလိုပါပဲ။ စာအုပ် လှနေဖို့ မလိုပါဘူး။ "ဒီ သဒ္ဒါရဲ့ သဘောတရားကို နားလည်သွားဖို့" ပဲ လိုတာပါ။ ကိုယ့်အလုပ်ကို ကိုယ်တိုင် ပြန်မရှုပ်ထွေးပါစေနဲ့။ မလိုအပ်တဲ့ အလှဆင်တာတွေကို လျှော့ပါ။

Step 3 🤍

エフォートレスの仕組み化
(စနစ်တကျ အလိုအလျောက် ဖြစ်အောင်လုပ်ခြင်း)

🤍原理原則を学ぶ (အခြေခံ သဘောတရားကို လေ့လာပါ)🤍
​ "မနက်ဖြန် Test အတွက် ကိုပဲ ဇာတ်တိုက် အလွတ်ကျက်တယ်"။ စာမေးပွဲပြီးတာနဲ့ အကုန်မေ့သွားပြီး စကားပြောရင် သုံးလို့ မရတော့ဘူး။ပုစ္ဆာ တွက်နည်း ပုံသေနည်းကို ရထားရင် တူညီတဲ့ ပုစ္ဆာမှန်သမျှ တွက်လို့ရသလိုမျိုးပေါ့။ စာကြောင်းတစ်ကြောင်းချင်းစီကို
အလွတ်မကျက်ပါနဲ့။ Grammatical Structure (သဒ္ဒါ တည်ဆောက်ပုံ) ရဲ့ အခြေခံ သဘောတရား ကို နားလည်အောင် လုပ်ပါ။ သဘောတရား ရထားရင် စာကြောင်းပေါင်း ၁၀၀ မက ကိုယ်တိုင် ဖန်တီးပြောဆိုနိုင်လာပါလိမ့်မယ်။

🤍ミスをなくす仕組みを作る (အမှားနည်းစေမယ့် စနစ်လုပ်ပါ)🤍
​"ဟာ... ငါ မနေ့ကလည်း は နဲ့ が ကို မှားပြန်ပြီ၊ ငါ့ မှတ်ဉာဏ်က ညံ့လိုက်တာ" ဆိုပြီး စိတ်ဓာတ်ကျတယ်။ဘယ်လောက်ပဲ တော်တဲ့သူဖြစ်ပါစေ "ဉာဏ်ကိုပဲ မှီခိုပြီး ပြန်စဉ်းစားနေရရင်" အမှားပါသွားတာပါပဲ။ အမှားမပါချင်ရင် "ပြန်စဉ်းစားရတဲ့ အလုပ်ကို ဖယ်ရှားလိုက်ပါ"။
​ကိုယ် ခဏခဏ မှားတတ်တဲ့ အချက်တွေကို Check-list လုပ်ထားပါ။ စာကြောင်းရေးတိုင်း/စကားပြောတိုင်း အဲဒီ Check-list ကို ကြည့်ပြီး စစ်ဆေးတဲ့ အလေ့အကျင့် (System) တစ်ခု ဖန်တီးထားလိုက်ပါ။

"စာကျက်တာ မပြီးမြောက်တာဟာ ကြိုးစားမှု မလုံလောက်လို့ မဟုတ်ဘူး။ မလိုအပ်တဲ့ အသေးစိတ်တွေပေါ်မှာ အချိန်ကုန်လွန်းနေလို့ပဲ။"

​အချိန်အကြာကြီး ပင်ပန်းခံမှ စာတော်မယ်ဆိုတဲ့ အသိကို
ဖျောက်လိုက်ပါ။

​ဂျပန်စာ လေ့လာရာမှာ အရေးကြီးဆုံးက "စာကျက်ခြင်းကို ပြီးမြောက်အောင် လုပ်ဖို့" (勉強を完了させること) ဖြစ်ပါတယ်။

​ဒီနေ့ကစပြီး စာကျက်နည်းကို ရိုးရှင်းအောင် ပြောင်းလဲလိုက်ပါ။

Effortless Mindset နာရီပိုင်းအတွင်းမှာတင်
ဂျပန်စာ တိုးတက်မှုက သိသိသာသာ ပြောင်းလဲသွားပါလိမ့်မယ်! 🤍



#エフォートレス思考 #ဂျပန်စာလေ့လာရန်


Mirai Jctc
MIRAI Engineering Group
MIRAI Japanese & Career Training Center
Khun Thuya

Address

Bayint Naung Tower-2A (304)
Kamayut

Alerts

Be the first to know and let us send you an email when MIRAI Japanese & Career Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to MIRAI Japanese & Career Training Center:

Shortcuts

Share