27/07/2025
ငါတို့ခေတ်ကဆို ဆရာမက ဂျယ်လီပေတံဆိုတာ
ငါတို့ကိုတီးဖို့ကိုသပ်သပ်ဝယ်ထားရတာ
color စုံလေးကြိုက်ရာရွေးပဲ။
အနီ အစိမ်း စတော်ဘယ်ရီ
ခရေဇီကာလာလေးပါ ပါသေးတယ်
လက်လက်လက်လက်အမှုန်လေးတွေနဲ့ 😂😂
ကြိမ်လုံးဆိုတာ Export Quality မရှိလို့
ရှိရင်ဆရာမက ဝယ်ပြီးတီးဦးမှာ။
ငါတို့ကလဲသောက်ပိုးကျိုးသလားမေးဦး
ဟီးဟီးဟီးဟီးနဲ့ 😂😂
ပြီးတော့ ငါတို့တစ်ဖွဲ့လုံး style pant ဝတ်ရင်
ကိတ်ပြီးကောက်နေတဲ့လျှို့ဝှက်ချက်
အဲ့ဒါဆရာမကျေးဇူး 🙄🙄
စာမေးပွဲတစ်ဘာသာကျ ထိုင်ထငါးရာ
ငါဆိုလေးဘာသာလောက်ကျတယ်😂😂
ဒါလဲအမှတ်မရှိဘူး ဟီးဟီးဟီးဟီးပဲ
ကျောင်းကအိမ်ပြန် လက်ပိုက်ပြန်ပဲ
အဲ့တာကျောင်းရဲ့ Signature ပဲ
လက်မပိုက်ဘဲပြန်တာသိကြည့်လိုက်
ကို့ဘဝကိုယ်တွေးထား 🥲🥲
အရိုက်ခံရလို့အိမ်ကသိတယ်နော်
မိဘတွေကထပ်ရိုက်တယ် ဒါလဲအမှတ်ရှိလားမေး
ဟဲဟဲဟဲဟဲနဲ့ 😂😂
ကျောင်းလိုက်လာတာ အမေကထပ်မှာတယ်
ဆရာမရိုက်သာရိုက်အားမနာနဲ့နော်တဲ့ 🥲🥲
ရပ်ကွက်ထဲသူခိုးမိလို့ စခန်းအပ်တာထက်
အကြောင်းဆိုးတယ် 😂😂
စာသင်ရင်းသန်းရင် ထိုင်ထပဲ
ကွန်ပါဗူးပျံတွေ ဘောဖျက်ပျံတွေဆိုတာ
ဝဲနေတာ ကျောင်းသားတွေကလဲ
သိုင်းပညာရှင်တွေချည်းပဲ
ရှေ့ကကောင်ရှောင်ရင် နောက်ကကောင်ကပါ
သိုင်းတတ်ရတယ် 😎😎
သိုင်းမတတ်တဲ့ကောင်ထိပဲ
လိုအပ်ရင်ဆရာမက ကိုင်ပါပေါက်တယ်
ဂျူဒိုလား ကရာတေးလား ခါးပတ်နက်ဆိုပဲ
သေချာတော့မသိဘူး 🥲🥲
နေမကောင်ဘူးအကြောင်းပြ ကြက်သွန်နီ
ဂျိုင်းကြားညှပ်ရုံမကလို့ ဖင်ထဲအလုံး
လိုက်ထည့်ထားလဲ ဆရာမက အိမ်ထိလာခေါ်တယ်
အလိမ်ပေါ်လို့ကတော့သေဖို့ပြင်ပဲ 🥲🥲
ရေကြီးလို့ကျောင်းပိတ်တာတွေ မီးပျက်လို့တွေဘာတွေမရှိဘူး ရေကြီးရင်လှေစီးလာ မီးပျက်ရင်
ဝင်းဝင်း ဖယောင်းတိုင်ရှိတယ်
ဆရာမနေမကောင်းလို့ပိတ်တယ်ဆိုတာလဲမရှိဘူး
ပုလင်းချိတ်ပြီးသင်တယ် 🙄🙄
စနေတွေ တနင်္ဂနွေတွေနားမလည်ဘူး
လာထား စာကျက် ဘေးမှာငုတ်တုတ်ကြီး
ထိုင်စောင့်နေတာ 🙄🙄
ပိုက်ဆံမရှိဘူးလားရတယ် လာခဲ့
ဘာမှမသိတဲ့ လဒူလား ရတယ်လာခဲ့
ဖြူဖြူမဲမဲ နူနူဝဲဝဲအကုန်တူတူသင်တယ်
သောက်ချိုးမပြေရင်အကုန်တီးတယ်
ဘယ်ကောင့်မှအထာမထားဘူး 😂😂
အတီးခံရလို့လဲ ဘယ်ကောင်မှအာမချောင်ရဲဘူး
ပြောမရရင်ဆရာမကတီးတယ် ဆရာမမောရင်
ဆရာမအမေ အကြီးကဝင်တီးတယ် အဲ့တာကို
အိမ်ကသိရင် အိမ်ကပါတီးတယ် 🥲🥲
အလှူကအိုးစည်တွေလိုပဲ အသေတီးခံရတာ
ဒါလဲငါတို့အကုန် ဟီးဟီးဟားဟားပဲ 😂😂
ပြန်တွေးကြည့်ရင်ပျော်ဖို့လဲကောင်းတယ်
ငါတို့လို့သောက်ချိုးကလဲ အဲ့လိုတီးတာတောင်
သိပ်ပြေကြတာမဟုတ်ဘူး
ခုခေတ်လိုဖူးဖူးမှုတ်ခံရလို့ကတော့
ငါတို့ပလပ်စတစ်ကောက်နေရမှာ 😂😂
အိမ်နဲ့အပြင်မှာသာနေချင်သလိုနေ
ဆိူးချင်သလိုဆိုး ဒီအသက်ရွယ်ထိ
ဆရာမရှေ့ရောက်ရင် သောက်နေတဲ့ဆေးလိပ်
မမြင်အောင်လွှင့်ပစ်ရတဲ့ထိ အရှိန်ဝါတွေရှိတုန်း
ဆရာမရှေ့လက်ပိုက်ကြရတုန်း ❤️
တိုက်ဆိုင်လို့သတိတရရေးလိုက်ပါတယ်
ဆရာမ
Khaing Hnin
Credit