KTU Music Club

KTU Music Club music lover

10/04/2023

KTU Thingyan

24/06/2022

Raymond (26 November 1988 – 23 June 2021) 💐🪦

တနေ့ပြီးတနေ့ အလုပ်သွားလိုက် ပြန်လာလိုက် နဲ့ပဲ ကျွန်တော် အချိန်တွေကုန်ခဲ့တယ်...

မနက်ဆို အလုပ်နားကဆိုင်မှာ ကော်ဖီလေး ဝင်ဝယ်ရင်းနဲ့ပဲ အဲ့နားက ပန်းခြံလေးမှာ အမြဲ အလုပ်မဝင်ခင် ကော်ဖီလေးသောက်ပြီး မိနစ် ၃၀ လောက် အမြဲဝင်ထိုင်ရင်း သီချင်းတွေ နားထောင်နေခဲ့တယ်...

Spotify playlist မှာ အမြဲ shuffle လုပ်ထားပေမယ့် ကိုယ်နားထောင်နေမိတဲ့ သီချင်းအများစုက ကိုတွက်ရဲ့ သီချင်းတွေအများဆုံးဆိုတာကို သတိမထားမိဝူး...

နားထဲဝင်လာတဲ့ သူ့သီချင်းစာသားတွေရယ်
ပါးစပ်ထဲက ငြီးပြီး ဆိုမိနေတဲ့ ကိုတွက်ရဲ့ သီချင်းတွရယ်
ဘာလို့ အထပ်တလဲလဲ ဆိုငြီးနေမိလည်းဆိုပြီး ပြန်စဉ်းစားကြည့်တော့ ခင်ဗျား ကျုပ်တို့ကို ထားပြီးထွက်သွားတာတောင် ၁ နှစ်တောင်​ကျော် တော့မယ်ဆိုတဲ့ အတွေးတွေဝင်လာတဲ့ ခင်ဗျားကို သတိမရပဲ မနေနိုင်ဝူးဗျာ..😔

ခင်ဗျားလုပ်ခဲ့အနုပညာတွေ ခင်ဗျားဆိုခဲ့ သီချင်းတွေအတွက် အရာအားလုံးကို ဒီနေရာကပဲ ကျွန်တော်တို့ အားလုံးကျေးဇူးတင် ကြောင်း အခါခါပြောနေမိရင်း မျက်ရည်ကျမိတယ်ဗျာ.... 💔💔

Thank you ကိုတွတ်, Rest well Legend !! 🪦

Idiots ရေမွန် - သုံ့ပန်း



ရော့ခ်နဲ့အတူနေထိုင်သူ(သို့မဟုတ်)ဖော်ကာ(“ငါ့ကို မုန်းရင် မုန်းပါ ငါ့ဂီတကို မထိ ခိုက်နဲ့”ဆိုပြီး ပြင်းထန်တဲ့ဂီတစိတ်ဓာတ်တွေ...
22/06/2022

ရော့ခ်နဲ့အတူနေထိုင်သူ(သို့မဟုတ်)ဖော်ကာ

(“ငါ့ကို မုန်းရင် မုန်းပါ ငါ့ဂီတကို မထိ ခိုက်နဲ့”ဆိုပြီး ပြင်းထန်တဲ့ဂီတစိတ်ဓာတ်တွေနဲ့ ယုံ ကြည်ရာကိုဆုပ်ကိုင်ပြီး ဂီတလမ်းကြောင်းကို ဝင် ရောက်လာတဲ့ နယ်မြို့လေးတစ်မြို့က ထိန်မင်း ဇော် ဆိုတဲ့လူငယ်လေးတစ်ယောက်က အခုဆိုရင် ဂီတလောကမှာဖော်ကာဆိုတဲ့နာမည်နဲ့ Wanted Band ကို ဖွဲ့စည်းပြီး လူငယ် ပရိ သတ်ကြားမှာ သူ့ရဲ့ သီချင်းတွေနဲ့ ထိုးဖောက်နေရာယူခဲ့ပါတယ်။

သူက ၂ဝဝ၃ ခုနှစ်မှာ Wanted Band ကို ဖွဲ့ စည်းခဲ့ပြီး ၂ဝဝ၄ ခုနှစ်မှာတော့” ရောင်ခြည်”ဆိုတဲ့Solo Album ကိုလည်းထွက်ရှိခဲ့ပါတယ်။ Nirvana အဖွဲ့ရဲ့ ဟန်တွေလွှမ်းမိုးနေတဲ့ သူ့ရဲ့”ရောင်ခြည်”အခွေက ပရိသတ်ကြားမှာသိပ်ပြီးတော့မပျံ့နှံ့ခဲ့ပါဘူး။ ဒါပေမဲ့ ပွဲ တော် လိုက်ဖ်ရှိုးအခွေမှာ သူပါဝင်သီဆိုခဲ့တဲ့ “ငါ့ ဂီတငါ့ဗီဇ” သီချင်းနဲ့ ၂ဝဝ၇ မှာရော့ခ်အဖွဲ့တွေ စုပေါင်းပြီး ထွက်ရှိလာတဲ့ ဘာလာလာ အခွေထဲက “တို့ အတူ”သီချင်းတွေက ပရိသတ်ရင်ထဲကို ရောက် ရှိခဲ့ပါတယ်။ အဲဒီနောက် ၂ဝဝ၉ခုနှစ်မှာ သူ့ရဲ့ ဒုတိယSolo Album လို့ပြောရမယ့် “ငါ့ဂီတ ငါ့ဗီဇ”အခွေကတော့ လူငယ်ထုကြားမှာအရောင်း ရသွက်တဲ့သီချင်းစာရင်းမှာပါဝင်ခဲ့ ပါတယ်။ အဲဒီ နောက်မှာတော့ Wanted အဖွဲ့ ပါဝင်တဲ့ ရှိုးပွဲ တွေကလည်း လူစည်ခဲ့သလို “သမိုင်းသစ် (၁)’၊ ‘အးဆေးပဲ’ စတဲ့အတွဲအခွေတွေဟာလည်း လူငယ်ထုပါးစပ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။

လက်ရှိမှာ ပရိသတ်ရဲ့လက်ခံမှုကို ရရှိနေတဲ့ ဖော်ကာ လျှောက်လှမ်းခဲ့တဲ့ ဂီတလမ်းက ပန်းခင်း လမ်းတော့ မဟုတ်ခဲ့ပါဘူး။ သူကျင်လည်ခဲ့တုန်းက ပရိသတ် ၅ဝ လောက်သာရှိတဲ့ ရှိုးပွဲတွေမှာလည်း သူ့ရဲ့ ကြိုးစားမှု အားမလျှော့ဘဲနဲ့ သူယုံကြည်တဲ့ ဂီတကို ဗီဇစိတ်အမှန်နဲ့ ဖော် ထုတ်ပြသခဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်။ ဂီတ စိတ်ဓာတ်နဲ့ ဗီဇ တွေပြင်းထန်တဲ့ဖော်ကာကို PTL Stodio မှာ တွေ့ဆုံပြီး သူ့ ဂီတသူ့ဗီဇနဲ့ သူဖြတ်သန်းခဲ့တဲ့ ခရီး ရှည်အကြောင်း ကို ပြောဖြစ်ခဲ့တာကတော့…

”ကျွန်တော်တို့ ၂ဝဝ၃ နှစ်ဆန်းပိုင်းလောက် မှာ Wanted Bandကို စဖွဲ့ခဲ့တယ်။ ၂ဝဝ၄ လောက်မှာ ရောင် ခြည် ဆိုတဲ့အခွေ လုပ်ဖြစ် တယ်။ အဲဒီတစ်ခွေ လုံးက ကိုယ်ပိုင်သံစဉ် တွေပဲ။ ကိုယ်ပိုင် သံစဉ်ဆိုပေမယ့် လည်း အဲဒီတုန်း ကNirvana ဟန်တွေ တစ်ခွေလုံးပါတယ်။ တော်တော်ကြီးကိုဆင်နေတယ်။ အခက် အခဲတွေကတော့ အများကြီးပဲ။ O.D ဆိုလည်း Bass တီးရင်းနဲ့ကြားထဲမှာ စိတ်ဓာတ် ကျပြီး တောင်ကြီးပြန်သွားသေးတယ်။ ပြီးမှပြန်ဝင် လာတာ။ နယ်က တက်လာပြီးလုပ်ရတဲ့ အခက်အခဲတွေ၊ ပရိုဂျူဆာမရှိလို့ တိုင်ပတ်ခဲ့ တာတွေ အများကြီးပေါ့။ ဒါပေမဲ့ ကံကောင်း တယ်ပြောရ မယ်။ ၂ဝဝ၄ တုန်းက အခွေထွက် တုန်းကလည်း ပရိုဂျူဆာရသွားတယ်။

သီချင်း တွေကလည်း လက်ထဲမှာ ဗြောင်းဆန်နေတော့ သူငယ်ချင်းတစ်ယောက်ကထုတ်ပေးတာ။ ကျွန်တော်က ဂီတပဲ ဝါသနာပါတာဆိုတော့ ပညာရေးဆိုလည်း ခုထိပထမနှစ်ပဲရှိသေး တယ်။ စာမေးပွဲဖြေတဲ့ အချိန်ရီကောဒင်း ဝင် နေလို့မေ့သွားတာနဲ့ ဘာနဲ့ ပထမနှစ်ကကို မတက်သေးဘူး။ ဒီဂီတအလုပ်ကို လုပ်မယ် ဆိုပြီး ရန်ကုန်ကိုလာတော့လည်း အိမ်က မတားဘူး။ ဒါပေမဲ့ အိမ်ကို အခွေထုတ်ပေး ဖို့မပူဆာခဲ့ဘူး။ ကျွန်တော်ငတ်နေတဲ့အချိန်၊ လမ်းဘေးမှာ အိမ်မရှိ ယာမရှိသွားနေတဲ့ အချိန်တွေမှာတောင် အိမ်ကိုမပြောခဲ့ဘူး။ သတိရလို့လမ်းဘေးဖုန်းကနေပြီး ဖုန်းဆက်ရင် အမေ သားအဆင်ပြေတယ်။ ဘာမှမဖြစ်ဘူး ပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ကြုံတဲ့နေရာမှာ အိပ်နေတဲ့ဘဝ။ သူငယ်ချင်းအိမ်တွေတက် နေ၊ ပရိုဂျူဆာတွေရဲ့ အခန်းတွေမှာ လိုက်နေ အဲဒီလိုကလေတွေတော့ တော်တော်ရိုက်ဖူး တယ်။ ကျွန်တော် ၂ဝဝ၅ ခုနှစ်လောက်က စိတ်ဓာတ်အရမ်းကျသွားပြီး နယ်ပြန်သွား ပြီး ပဉ္ဇင်းဝတ်တယ်။ ဘုန်းကြီးလည်း ထွက်ရော မနေနိုင်ဘူး။ ရန်ကုန်ပြန်ရောက်လာတယ်။

ရောက်ပြီးတစ် ရက်နှစ် ရက်လောက်နေတော့ ရွှေတိဂုံဘုရားမှာ ဘုရားဖူးနေတုန်း ဖုန်းဝင် လာတယ်။ ကိုသားကြီး(ဒွေး)ဆီက သီချင်း လာအပ်တယ်။ အဲဒီမှာ ကျွန်တော်အရမ်းယုံ ကြည် သွားတယ်။ ကောင်းတာလုပ်ရင်ကောင်း တာဖြစ်မယ်ပေါ့။ အဲဒီမှာပြန်ပြီး စိတ်ပြန်တက် ကြွလာတယ်။ အစက ကိုသားကြီးက ကျွန် တော့်ကို အခွေထုတ်ပေးဖို့၊ သူ့ရုပ်ရှင်ကား တွေအတွက် သီချင်းရေးတဲ့လူတစ်ယောက် အဖြစ် ပြင်ဦးလွင်မှာ သူနဲ့အတူလိုက်နေသေး တယ်။ ပြန်လာရင် အခွေထုတ်မယ်ပေါ့။ ဒါ ပေမဲ့ပြန်လာတော့ ကိုသားကြီးဆုံးသွားတယ်။ နယ်ကိုပြန်သွားတယ်ဆိုတာက ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုနည်းသွားတာတို့ ဘာတို့ အဲဒီလိုမျိုးတွေနဲ့ စိတ်ဓာတ်တွေကျပြီး ပြန် သွားတာ။

ဒါပေမဲ့ မနေနိုင်ပါဘူး။ အဲဒါ ကြောင့်လည်း ဒီအခြေအနေထိလုပ်မြဲလုပ်နေ ဆဲပဲ။ မအောင်မြင်လည်း ဆက်လုပ်နေဦးမှာ ပဲ။ ရောင်ခြည်အခွေထွက်ပြီး စိတ်ဓာတ် ကျပြီး ပြန်သွားပြီးတော့ ဒီလောကထဲကို ပြန်ရောက် လာတာက ငါ့ဂီတငါ့ဗီဇဆိုတဲ့ သီချင်းနဲ့ ပြန် ရောက်လာတယ်။ အမှတ်တရပေါ့နော်။ အမှတ်တရပြောပြမယ်။ တကယ်က အဲဒီ အခွေထဲမှာ (ပွဲတော်အခွေ)ထဲမှာ ကျွန်တော့် ငါ့ဂီတငါ့ဗီဇသီချင်းမပါဘူး။ ကျွန်တော်ကို မခေါ်ဘူး။ ကျွန်တော်နဲ့ ဒရမ်မာနှစ်ယောက် သားဖက်ပြီး ငိုဖူးတယ်။ အဲဒီပန်းဖလက်ကိုတွေ့ လိုက်တော့ အဖွဲ့ ၅ဝ ကျော်လောက်ပါတယ်။ ကျွန်တော်တို့အဖွဲ့မပါဘူး။ ကျွန်တော့်တို့ကို မခေါ်ဘူး။ အဲဒီမှာIdiots ကရေမွန်က ပွဲ လုပ်တဲ့လူကိုပြောတယ်။Wanted လည်း ထည့်ရမယ် ဘာညာပေါ့။ အဲဒါနဲ့ ပရိုဂျူဆာ က ရှိုးမှာတော့ဆိုခွင့်ရမယ်။ အခွေထဲမှာတော့ မပါဘူးလို့ပြောတယ်။အဲဒါနဲ့ ကျွန် တော်ကလည်း ပိုက်ဆံမ ရရင်နေဆိုရရင် ပြီး တာပဲ ဆိုပြီးဆိုတယ်ပေါ့။ သွား ပြီး သီချင်းတိုက် တဲ့နေ့ ကျတော့မှ အဲဒါ လုပ်တဲ့ လသာက ကိုအံ့ကူနဲ့ ပရိုဂျူဆာက ကြည့်ပြီးတော့ ဒီအဖွဲ့မပါဘူးလား။ ဒီအဖွဲ့ ထည့်ရမယ်ဆိုပြီး နက်ဖြန်ရိုက်မယ်ဆို ဒီနေ့လို မျိုးမှာပါသွားတယ်။ ပြီးတော့ ကြော်ငြာက လည်း ကျွန်တော့်သီချင်း နဲ့ ဖြစ်သွားတယ်။ ကျွန်တော့်တို့ကိုလည်း အနုပညာကြေးပြန် ပေးတယ်။ အဲဒါလုံးဝအမှတ်တရဖြစ်တယ်။

အခွေထဲမှာထည့်မတွက်ထားတဲ့လူတစ်ယောက် အနေနဲ့ပြန်ပြီးတော့ အသုံးဝင်သွားတယ်ပေါ့။ အမှတ်တရဖြစ်တာပေါ့။ အဲဒါကြောင့် ကျွန် တော့်အခွေကို အဲဒီသီချင်းမပါဘဲနဲ့ ငါ့ဂီတ ငါ့ဗီဇဆိုပြီး ပြန်ပေးလိုက်တယ်။ ဒီလောကကို ပြန်ဝင်လာတဲ့အချိန်မှာဒီသီချင်းလေးက ကျွန် တော့်အတွက် အားတစ်ခုပဲ။ အမြဲတမ်းလည်း ဘဝမှာအမှတ်ရနေမယ့် သီချင်းလေးတစ်ပုဒ် ပါပဲ” ဆိုပြီး ပြောပြခဲ့ပါတယ်။

ရှိုးတွေနဲ့ပတ်သက်ပြီးတော့ ဖော်ကာနဲ့ ပြောဖြစ်တာက ”ကျွန်တော်ပထမဆုံးစပြီးရှိုး ဆိုတာက ၂ဝဝ၃ အောက်တိုဘာမှာ မြောက် ဥက္ကလာက ကရင်နှစ်သစ်ကူးပွဲဘောလုံးကွင်း ကြီးထဲမှာဆိုတာ။ အမှတ်တရပါပဲ။ ရယ် လည်းရယ်ရတယ်။ ကျွန်တော်ကကြောက်ပြီး ဒူးတွေတောင်တုန်နေတာ။ တစ်ခါမှလည်း ရှိုး မတက်ဖူးဘူး။ ကံဆိုးချင်တော့ အသစ်တွေက အကုန်ပြီးသွားပြီ။ ကျွန်တော်တို့ကို မေ့သွား တယ်။ ဦးဘိုဘိုဟန်ဆိုပြီးပြီ။ ပြီးတော့ အပိတ် က ထူးအယ်လင်းနဲ့ မီးမီးခဲ။ အဲဒီအချိန်မှာ သူတို့ကအောင်မြင်နေတဲ့လူတွေ ကျွန်တော် က အဲဒီကြားထဲရောက်နေတာ။ ညကြီးက လည်းညဥ့်နက်နေပြီ။ ရှေ့ကဆဲတဲ့လူတွေ လည်းဆဲ၊ အားပေးတဲ့လူလည်းပေးပေါ့။ အဲဒီ အချိန်မှာ ကျွန်တော်တို့အဖွဲ့က ညဝတ်စုံကြီး တွေနဲ့ စင်ပေါ်တက်လာတာ။ စင်ပေါ်ရောက် တော့ ဗြောင်းဆန်ပြီးတော့ မိုက်တွေပြုတ် ကျ ဝုန်းဒိုင်းနဲ့ ပျော်ဖို့လည်းကောင်းတယ်။ကြောက် လည်းကြောက်တယ်။ စဆိုတဲ့သီချင်းက ‘ရောင်ခြည်’အခွေမှာပါတဲ့ သားမိုက်ဆိုတဲ့ သီချင်း။ ကျွန်တော့်သူငယ်ချင်း တစ်ယောက် ဆက်ပေးလို့ဆိုဖြစ်တာ။ ပိုက်ဆံတော့မရဘူး ပေါ့”လို့ပြောပါတယ်။

သူဖြတ်သန်းခဲ့ဖူးတဲ့့Underground ဂီတလောကရဲ့ အကြောင်းကလည်း စိတ်ဝင် စားစရာပါ။ ”အခု့Underground ကတော့ ကြည့် တဲ့ပရိသတ်ပိုများလာတယ်။ ကျွန်တော်တို့ တုန်းက အောက်မှာ လူ ၅ဝ၊ ၁ဝဝ လောက်နဲ့ လည်း ဖျော်ဖြေဖူးတယ်။ Mainstream ပေါ် ကို ချက်ချင်းကြီးရောက်လာတဲ့ လူတွေလည်း ရှိသလို့Underground ကို ဖြတ်သန်းပြီးမှ ရောက်လာတဲ့လူတွေလည်းရှိတယ်။ တကယ် လုပ်ပြီးတော့ Mainstream ပေါ်ရောက် လာတဲ့ လူတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့့Underground ကိုလည်း ဖြတ်သန်း ဖူးတယ်။Mainstream မှာလည်း ခန့်ခန့် ကြီးနေနိုင်မယ် ဆို ရင် တော့ အတိုင်းထက် အလွန်ပေါ့။ ခေတ်က ပရိုဂျူ ဆာ ရှားပါးလာ တာလည်း ပါတယ်။ ဒါပေမဲ့ တကယ်စိတ် ရှိလက်ရှိ မလုပ်ဘဲနဲ့ နိုင်ငံခြား ပဲကျောင်းသွား တက်မယ်တို့၊ တခြားအလုပ်ပဲလုပ်တော့မယ် တို့ဆိုပြီး စိတ်လျှော့လိုက်ရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီဟာမှ ဒီဟာပဲဆိုပြီး ဇောက်ချ လုပ်မယ်ဆိုရင်တော့တစ်နေ့မဟုတ် တစ်နေ့ဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ ဒုက္ခ ခံနိုင်ရင်ပေါ့” လို့ပြောလာတဲ့ ဖော်ကာရဲ့ စကားအတိုင်းအခုဆိုရင်Wanted က Mainstream မှာအခိုင်အမာရပ်တည်နေနိုင် ပါပြီ။

”ဒီရော့ခ်ဂီတနဲ့ပတ်သက်ပြီးတော့ရော့ခ် ကိုလည်း ထင်ယောင်ထင်မှားဖြစ်အောင် ဘယ်တော့မှ မလုပ် ဘူး။ ရော့ခ် ဂီတကိုသိက္ခာ ကျအောင်လည်းမလုပ်ဘူး။ ပေါ်ပင်ကတော့ ခဏပါပဲ။ ကိုရွှေဂျော်ဂျော်က ကျွန်တော့်ကို ပြောဖူးသလိုပေါ့။ ရေထဲမှာ မျောလာတဲ့ အထဲမှာ အမှိုက်တွေ၊ ဒိုက်တွေရော၊ ကျွန်း သစ်တွေရောအကုန်ပါတယ်ပေါ့။ ဒါပေမဲ့ ကမ်းကိုရောက်တဲ့အချိန်မှာ အမှိုက်တွေက အရင်ရောက် တယ်။ ရေတိုက်စား ရင်တော့ အဲဒီ အမှိုက်တွေက ပြန်ပါသွားတယ်။ ကျွန်း သစ်တွေကတော့ကြာတယ်။ ဒါပေမဲ့ ရောက် လာရင် အဲဒီကျွန်းသစ်က အရမ်းကိုတန်ဖိုး ရှိမယ်ဆိုတာသိသာတယ်။ အဲဒီတော့ ကျွန် တော်တို့လည်း အဲဒီကျွန်းသစ်တုံးတွေလိုပဲ ဘယ်တော့မှ တန်ဖိုးမလျော့အောင်နေ တယ်။ နောက်ထပ်တခြားဂီတတွေပေါ်လာ ရင်လည်း ကျွန်တော်သွား တဲ့လမ်းကြောင်း အတိုင်း ရော့ခ်ခေါင်းစဉ်အောက်မှာပဲရှိနေမှာ ပါ။

အရမ်းကြီး အဲဒီလိုဖက်ရှင်ကျအောင် လုပ်တဲ့အထဲမှာ ကျွန်တော်တို့ Wanted မပါဘူး။ ကျွန်တော်တို့ ဝတ်တာစားတာနေတာ ထိုင်တာ သီချင်းနားထောင်ရင်သိပါတယ်။ အမှန်အတိုင်းပြောရင် ကျွန်တော်တို့က ဖက် ရှင်လည်းသိပ်ပြီးစိတ်မဝင်စားဘူး။ တောကျ တယ်ပဲခေါ်ရမှာပေါ့။ အခုဆိုရင် ကျွန်တော် တို့ Wanted အနေနဲ့ရော နောက်ပြီးS.I.R Group ကိုလည်း ပရိသတ်တွေလက်ခံအား ပေးကြတဲ့အတွက် အရမ်း ကိုကျေနပ်တယ်။ အရင်တုန်းက ရှိုးဆိုချင်လွန်းလို့ပါဆိုပြီး လမ်း ဘေးဖုန်းကနေဆက်ပြီးပြောခဲ့တဲ့အချိန်တုန်း ကတောင်မှ ဂရုမစိုက်ခဲ့တဲ့လူတွေလည်း အခု လာပြီးပွဲတွေဘာတွေချုပ်တဲ့အတွက် ကျေနပ် ပါတယ်။

ကျွန်တော့်ကိုစင်ပေါ်ကိုဆွဲတင်ပေး ခဲ့တဲ့လူတွေကတော့ အများကြီးပါ။ hiphop တွေနဲ့ တွဲဆိုရတဲ့ပွဲတွေ ဆိုရင်တော့ ကိုယ့်ရော့ခ် သီသန့်ပွဲနဲ့ဆိုရင် အိမ်ကွင်းအဝေးကွင်းတော့ ကွာတာပေါ့။ ဒါပေမဲ့ နိုင်အောင်တော့ ကန် ရမှာပဲ။ အရမ်းကြီးကြီးကျယ်ကျယ် ခံစားချက် ကြီးတော့မရှိပါဘူး။ ခုလက်ခံထားတဲ့ပွဲတွေ တော့ရှိတယ်။ အရောပွဲတွေပေါ့။ ဒါပေမဲ့ ကျွန်တော်တို့နောက်ပိုင်းတော့ သီးသန့်ပွဲတွေ လုပ်သွားဖို့ရှိပါတယ်။ တချို့ပွဲတွေဆို ပရိ သတ်တွေက လာပြောကြတာရှိတယ်။ အား ပေးရတာ အားမရဘူးတို့ဘာတို့ပေါ့။ နောက် ပိုင်းသီးသန့်ပွဲတွေလုပ်သွားဖို့ရှိပါတယ်။ ပြောရရင် တော့ ကျွန်တော်က ရော့ခ် စိတ် ဓာတ်ပြင်း ထန်တဲ့လူ လို့ ပြောလို့ ရ တယ်” လို့ ပြောပြ ခဲ့ ပါတယ်။)

Crd

19/05/2022

သဘာဝလို့ပြောခဲ့တယ်...

17/05/2022

ကြိုးကြာသံ//-ခင်မောင်တိုး

13/04/2022

မြန်မာနှစ်သစ် အခါသမယမှာ မြန်မာပြည်ကြီး အေးချမ်းပါစေကြောင်း ဆုမွန်ကောင်း KTU Music Club မင်မင်တို့မှ တောင်းအပ်ပါသည်။

ငါတိုင်ပတ်လို့နေပြီ
12/04/2022

ငါတိုင်ပတ်လို့နေပြီ

ပြန်မရနိုင်တဲ့ တစ်ချိန်က မြန်မာ့သင်္ကြန်ကျွန်တော်တို့တတွေ ငယ်စဉ်က သင်္ကြန်အချိန်အခါ နီစလာပြီးဆိုရင် သင်္ကြန်မရောက်ခင် (၁...
07/04/2022

ပြန်မရနိုင်တဲ့ တစ်ချိန်က မြန်မာ့သင်္ကြန်

ကျွန်တော်တို့တတွေ ငယ်စဉ်က သင်္ကြန်အချိန်အခါ နီစလာပြီးဆိုရင် သင်္ကြန်မရောက်ခင် (၁)လလောက်အလိုကတည်းက သင်္ကြန်ကားငှါးဖို့ ဘော်ဒါတွေ ပိုက်ဆံကြိုစုကြ ဒီလိုအချိန်မျိူးတွေဆို လက်ဖက်ရည်ဆိုင်တွေမှာ လူငယ်တွေ ရပ်ကွက်ထဲပျောက် အိမ်တွင်းအောင်းပြီး မုန့်ဖိုးလေးတွေစုကြပြီ။

ဂျစ်ကားလေးတွေ ငှါးပြီး ကားရှေ့စက်ပေါ်မှာ ထိုင်ရဖို့လူကြီးတွေနဲ့ အပြိုင်နေရာ လုတာလဲ အမော၊ရှေ့ခန်းမရလို့နောက်ခန်းဆိုရင်လဲ မဏ္ဍပ်ကြီးတွေရောက်ရင် မိန်းကလေးတွေကို အလယ်မှာထား မီးသတ်ပိုက်ကြီးတွေ ထိုးတာကို ကျောကော့ခံပြီး ကိုယ့်ကောင်မလေးများ ပါလာရင် သူရဲကောင်းကြီးလုပ်ရတာလဲအမောပေါ့ဗျာ။အရက်ဘီယာဆိုလဲ လက်တည့်စမ်းတဲ့အရွယ်ဆိုပေမဲ့ လွန်ကျူးတဲ့အထိ မဖြစ်ခဲ့ဘူး။ခုခေတ်လို့ ဆေးပြားတွေ ဘောလုံးတွေ မရှိ အရမ်းအေးချမ်းခဲ့ရတဲ့ အချိန်တွေပေါ့။

နေ့လည်ချိန် နားပြီးဆိုရင် ကန်တော်ကြီးပန်းခြံထဲတွေ ပြည်သူ့ရင်ပြင်ထဲတွေမှာ ကားလေးကိုသွားရပ် ခုခေတ်လို စျေးကြီးတဲ့ ဆိုင်တွေမရှိခင်က လမ်းဘေးစျေးဆိုင်လေးက အသုတ်တွေစားကြ၊ဆမူဆာတွေ၊ကော်ပြန့်ကျော်လေးတွေစား တစ်ရေးတစ်မောအိပ်သူကအိပ် ကိုယ်ကြိုက်တဲ့ ကောင်မလေးများပါရင် Gtalk အကောင့်နာမည်လေးတောင်းပေါ့(ခုခေတ်လို့ Facebook အကောင့်တွေမရှိခင်က Gtalk လေးနဲ့ပဲ ဆက်သွယ်ရတာပေါ့)

မဏ္ဍပ်ကြီးတွေမှာဆိုရင် အကျွေးအမွေးတွေနဲ့ မဏ္ဍပ်ကြီးတစ်ခုဝင်လိုက်ရင် ဗိုက်ဖောင်းအောင်စားလို့ရတဲ့အချိန်ပဲလေ၊မြန်မာ့ရိုးရာအကအလှလေးတွေကို ကြည့်ရင် ပျော်ရွှင်ရတဲ့အချိန်လေးတွေပေါ့။ခုခေတ်လို EDM တွေမရှိစဉ်ကလဲ ပျော်စရာ သိပ်ကောင်းခဲ့တာပေါ့။

ငှါးလာတဲ့ကားကြီးပျက်သွားလို့ အိမ်ပြန်နောက်ကျလဲ မိဘတွေက စိတ်မပူကြဘူး၊ဖုန်းတွေမရှိတဲ့အချိန်ဆိုပေမဲ့လဲ အချိန်တန်ရင် အိမ်ရောက်လာမှာပဲဆိုပြီး စိတ်မပူကျသေးတဲ့အချိန်ပေါ့။ငှါးလာတဲ့ကားကြီးပျက်ရင် ဝိုင်းတွန်းရင် စနောက်ကျပျော်ကြရတဲ့အချိန်လေးတွေကလဲ အမှတ်ရစရာတစ်ခုပဲလေ။

ငါတို့အတွက် သင်္ကြန်ဆိုတာ EDM ပွဲတခုထက်ပိုခဲ့တယ် , သင်္ကြန်ဆိုတာ အပျော်ကဲပြီး အပျက်ဖြစ်နေတဲ့ ပွဲတခုလဲ မဟုတ်ခဲ့ပြန်ဘူး , သင်္ကြန်ပြီးသွားရင်တောင် တထောင့်တညပုံပြင်လို ၆ လလောက်ထိ ပြောစရာမကုန်တဲ့ အမှတ်တရတွေနဲ့ ပျော်စရာတွေ ငါတို့နှလုံးသားထဲထိ စွဲကျန်ခဲ့တယ် ....

ဒီလို သင်္ကြန်တွေကို ငါတို့ ပြန်မရနိုင်တော့ပါဘူးလေ...

03/04/2022

ကိုခင်မောင်တိုး (၇၂) နှစ်ပြည့်
မွေးနေ့အမှတ်တရ
ကိုဖိုးဇော် တီးထားတာလဲလုံးဝရှယ်

ထူးအိမ်သင် သို့မဟုတ် ကွယ်လွန်ပြီးသောအိပ်မက်များby ထင်အောင်နိုင် - Jul 1, 2020ထူးအိမ်သင် သို့မဟုတ် ကွယ်လွန်ပြီးသောအိပ်မက်...
31/03/2022

ထူးအိမ်သင် သို့မဟုတ် ကွယ်လွန်ပြီးသောအိပ်မက်များ
by ထင်အောင်နိုင် - Jul 1, 2020
ထူးအိမ်သင် သို့မဟုတ် ကွယ်လွန်ပြီးသောအိပ်မက်များ
ထူးအိမ်သင်မွေးနေ့ အမှတ်တရဆောင်းပါး

၂၀၀၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်ည လွန်ခဲ့သော ၁၆ နှစ်က ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ ကျွန်တော် သင်တန်းတက်နေချိန် ညမှာ ဘီဘီစီ၊ ဗွီအိုအေတို့ကနေ ထူးအိမ်သင် ကွယ်လွန်သွားတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ ကျွန်တော်တို့ အဆောင်က သင်တန်းသားတွေ ကျွန်တော်ဖွင့်ထားတဲ့ ရေဒီယိုလေးနားကို ရောက်လာပြီး နှမြောလိုက်တာကွာ ဆိုတဲ့ အသံတွေနဲ့အတူ တအံ့တဩ နားထောင် နေကြရပါတယ်။

ကျွန်တော်တို့ ကလေးဘဝက အညာဒေသမှာ ဖွင့်လိုက်တဲ့ သီချင်းတွေကို နားထောင်လိုက်မယ်ဆိုရင် တွံတေးသိန်းတန်ရဲ့ သီချင်းများက အများစုဖြစ်တာကို အခု ၅၀ တန်းနဲ့ အထက်ရောက်နေတဲ့ အရွယ်တွေ သိကြပါလိမ့်မယ်။ တွံတေးသိန်းတန်ဟာ သူ့ခေတ်မှာတော့ တစ်ခေတ်မှာတစ်ယောက် ထွန်းတောက်ခဲ့တဲ မြန်မာကိုယ်ပိုင် သံစဉ် (ကာလပေါ်) အဆိုတော်ကြီးလည်း ဖြစ်ပါတယ်။ သူ့လိုပဲ သည်ဘက်ခေတ်မှာ ကိုယ်ပိုင်သံစဉ်များနဲ့ တစ်ခေတ်မှာတစ်ယောက် ထွန်းတောက်ခဲ့သူကတော့ ပေါ့(ပ်)ဂီတကို အသွင်တစ်မျိုးနဲ့ ယူဆောင် လာပေးတဲ့ အဆိုတော် ထူးအိမ်သင်ပဲ ဖြစ်တယ်ဆိုရင် မှားမယ် မဟုတ်ပါဘူး။ တွံတေးသိန်းတန်က တစ်ဖက်ကို သုံးမိနစ်စာ ဖွင့်လို့ရတဲ့ ဓာတ်ပြားခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ အဆိုတော်၊ ထူးအိမ်သင်က တစ်ဖက်ကို မိနစ် ၃၀ ၊ နှစ်ဖက်ကို မိနစ် ၆၀ ဖွင့်လို့ရတဲ့ (C-60) တိပ်ခွေနဲ့ စီဒီခေတ်မှာ ပေါ်ထွန်းလာတဲ့ အဆိုတော်၊ သူတို့နှစ်ဦးဟာ ဖြတ်သန်းခဲ့ကြတဲ့ခေတ် မတူပေမယ့် ကိုယ်ပိုင်သံစဉ်အသစ်ကို ကိုယ်ပိုင်ဟန်နဲ့ ထူထောင်ခဲ့ရာမှာတော့ တူညီသူတွေလည်း ဖြစ်ပါတယ်။

တကယ်တော့ ထူးအိမ်သင်ဆိုတဲ့ လူငယ်အဆိုတော်တစ်ဦး သူ့သီချင်းတွေက မြန်မာလူငယ်တွေကြားမှာ အားကောင်းမောင်းသန် စီးဆင်းနေဆဲမှာပဲ မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့ရရှာသူလည်း ဖြစ်ပါတယ်။ အဆိုတော် ထူးအိမ်သင် ကို ၁၉၆၃ ခုနှစ် ဇူလိုင် ၁ ရက်က ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ဦးထွန်းမြင့်နဲ့ဒေါ်မြရီတို့က မွေးဖွားခဲ့ပါတယ်။ ဖခင်က ဗမာ၊ မိခင်က မွန်တိုင်းရင်းသူပါ။ နာမည်က ကျော်မြင့်လွင် ဖြစ်ပေမယ့် သူ့ကို သျှပ်၊ ဘဲဥ၊ ငှက်ကြီး၊ ကိုငှက် စတဲ့ နာမည်များနဲ့လည်း ချစ်စနိုး ခေါ်ကြပါသေးတယ်။ ပုသိမ်မြို့က အမက(၂၀)မှာ မူလတန်းပညာ သင်ကြားခဲ့ပြီး ပုသိမ် အထက(၃)ကနေ ၁၉၇၉-၈၀ မှာ ၁၀ တန်းအောင်ပါတယ်။ ၁၉၈၁ မှာ မိသားစုနဲ့အတူ မော်လမြိုင်ကို ပြောင်းရွှေ့ခဲ့ပြီး ရုက္ခဗေဒအထူးပြုနဲ့ သိပ္ပံဘွဲ့ကို ရရှိခဲ့တာပါ။

အနုပညာနဲ့ ပတ်သက်လို့ မော်လမြိုင်မြို့မှာ ဂီတဆရာ ဦးအောင်စိုးထံက ဂီတသင်္ကေတနဲ့ ဂီတပညာကို သင်ယူခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ “နာရီပေါ်က မျက်ရည်စက်များ” တေးစီးရီးနဲ့ စတီရီယို ဂီတလောကကို ရောက်ရှိလာခဲ့သူပါ။ သူဟာ တေးဆိုသာမက တေးရေးဘက်မှာလည်း ပါရမီဓာတ်ခံအား ကောင်းကောင်းနဲ့ ထူးချွန်သူ တစ်ဦးဖြစ်ပြီး ကိုယ်ပိုင်သံစဉ် တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းစီးရီးတွေဖြစ်တဲ့ “နာရီပေါ်က မျက်ရည်စက်များ၊ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ကောင်းကင်၊ မြို့ပြလရောင်တမ်းချင်း၊ ဝင်ရိုးစွန်းမီး၊ အမေ(သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အမှတ်တရ ဒဏ်ရာသီချင်းများ၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့်” ဆိုတဲ့အခွေများ အားလုံးဟာ ထူးအိမ်သင် တစ်ခေတ်ကို ထုဆစ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာချိန်မှာတော့ ထူးအိမ်သင်ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှာ ပြန်ကြားရေးတာဝန်ခံအဖြစ် အဆိုတော် မွန်းအောင်နဲ့ အတူ ခေတ္တ တာဝန်ယူခဲ့ပြီး “အရေးကြီးပြီ” ဆိုတဲ့ တိုက်ပွဲဝင်သီချင်းကို ရေးစပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အနုပညာ လောကထဲကို ပြန်လာပြီး သီချင်းပေါင်း မြောက်မြားစွာကို ရေးစပ်သီကုံး သီဆိုခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ “ရာဇဝင်များရဲ့ သတို့သမီး” သီချင်းဟာ ထူးအိမ်သင်ပရိသတ်တွေအတွက်၊ မြန်မာပြည်သူတွေအတွက် အမှတ်ထင်ထင်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

ဒီသီချင်း ရေးခဲ့ပုံနဲ့ပတ်သက်ပြီး ထူးအိမ်သင်နဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းခဲ့တဲ့ တေးရေးဆရာ ညီညီသွင်က –
“ကျွန်တော်ရယ်၊ သူရယ်၊ ကလိုမှူးရယ် သုံးယောက် အိုအေစစ် စတူဒီယိုမှာ တစ်ယောက် တစ်နေရာစီ နေရာယူပြီး တစ်ညလုံး သီချင်းရေးကြတယ်။ မနက်မိုးလင်းရင် ကိုယ်ရေးတဲ့ သီချင်း ကိုယ်ဆိုပြကြေး ဆိုပြီးတော့ ကလိုမှူးက ညဝက်လောက်မှာပဲ သူရေးတဲ့ သီချင်းပြီးတော့လို့ ဆိုပြပြီး အိပ်သွားရော။ ကျွန်တော် တစ်ညလုံးရေးတာ မိုးစင်စင်လင်းတော့ သီချင်းတစ်ပုဒ် အချောပြီးသွားတယ်။ အဲဒီအချိန်မှာ ထူးအိမ်သင်က စာသား တစ်ကြောင်းတည်းပဲ ပြီးတယ်။ သံစဉ်ကတော့ အချော ပြီးသွားတယ်။ သံစဉ်က အရင်ကတည်းက တည်ထားပြီးသားကို အခုညမှ အချောရသွားတာလို့ ပြောတယ်၊ တစ်ကြောင်း တည်းပြီးတဲ့ သူ့စာကြောင်းကို ကျွန်တော် ဖတ်ကြည့်လိုက်တယ်။ “ကွယ်လွန်ပြီးသော အိပ်မက်များ” တဲ့။ “တစ်လလုံးလုံး အိုအေစစ် စတူဒီယိုမှာ အဲဒီသီချင်းရဲ့ စာသားကို တကုတ်ကုတ် ဆက်ရေးနေတော့တယ်။ တစ်နေ့ပြီး တစ်နေ့ ရေးလိုက် ပြင်လိုက်၊ ရေးလိုက် ပြင်လိုက်နဲ့ စိတ်ရှည်လက်ရှည် စူးစူးစိုက်စိုက်ပဲ။ အိုအေစစ် စတူဒီယို ကင်တင်းထဲက ခုံတန်း လေးပေါ်မှာ သီချင်းရေးတဲ့ စာအုပ်ကို ခေါင်းခုပြီး အိပ်မောကျနေတာ တွေ့ရတယ်။ သူ့စိတ်ထဲမှာ ဒီသီချင်းနဲ့ သူပဲ ရှိပုံရတယ်၊ ဒီသီချင်း မပြီးမချင်း မာန်မချတဲ့ သဘောပဲ။ သီချင်းပြီးသွားတဲ့နေ့မှာ အဲဒီသီချင်းကို သူဆိုပြတာ ကျွန်တော် နားထောင်ရတယ်။ ကြက်သီး တဖျန်းဖျန်း ထ,ရပါတယ်။ သီချင်းက ‘ရာဇဝင်များရဲ့ သတို့သမီး‘ ပေါ့” လို့ ပြောခဲ့တာကို Beauty မဂ္ဂဇင်းမှာ ဖတ်ခဲ့ရဖူးပါတယ်။

“ကွယ်လွန်ပြီးသော အိပ်မက်များ …. ထာဝစဉ် လဲလျောင်း အိပ်စက်ရာ ….. အိန္ဒြေကြီးမားလွန်းတဲ့ ဒီမြေမှာ ….. တို့ရဲ့သွေးတွေ ……ဖြတ်သန်းရင်းနဲ့ စီးဆင်း ….. သူဟာ ရာဇဝင်များရဲ့ လျှို့ဝှက်ချက်တို့ …..သိမ်းဆည်းထား…. ဧရာဝတီ။
ရွှေအတိပြီးသော မြို့ပြများ …… အစဉ်အလာ ကြီးမားခဲ့ကြရာ …. ရာဇဝင်ဟောင်းရဲ့ အမှတ်တရ ….. ဒီမြေဟာ တို့ရဲ့ အမိမြေ
……. ယဉ်ကျေးမှုရဲ့ နှလုံးသား ……….ရှင်သန်စေသူ တန်ခိုးရှင် ………. အခမ်းနားဆုံးသော သက်ရှိကဗျာ…. ဧရာဝတီ ….။
ဒီသီချင်းဟာ ထူးအိမ်သင်ကွယ်လွန်ခဲ့တာ ၁၆ နှစ်ကြာခဲ့ပြီဖြစ်တဲ့ အခုထိတိုင် တခမ်းတနားသီဆို ဂုဏ်ပြုနေကြရဆဲပါ။ အင်မတန် လေးနက်တဲ့ ခမ်းနားလွန်းတဲ့ ကဗျာတစ်ပုဒ်လည်း ဖြစ်ပါတယ်။

ထူးအိမ်သင်ဟာ ၂၀၀၄ ခုနှစ် ဩဂုတ် ၁၄ ရက်က အသက် ၄၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီး သူသာ ရှိနေသေးမယ်ဆိုရင် အသက် ၅၇ နှစ်အရွယ် အခုချိန်ထိ တေးချစ်သူပရိသတ်များရဲ့ရင်ကို ထိရှစေမယ့် သီချင်းတွေ ရေး၊ ဆိုနေဦးမှာ သေချာလှ ပါတယ်။ သူ့ရဲ့အနုပညာသက်တမ်း ၁၈ နှစ်အတွင်းမှာ တစ်ကိုယ်တော် တေးအယ်လ်ဘမ် ၁၄ ခုအထိ ထုတ်လုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ အနုပညာလောကထဲကို မှော်ဆရာတစ်ယောက်လို ဝင်ရောက်လာခဲ့ပြီး အိပ်မက်တစ်ခုလို ပျောက်ကွယ် သွားခဲ့ပေမယ့် မြန်မာ့ဂီတအနုပညာ လောကထဲမှာတော့ အခုချိန်ထိ ရှင်သန်နေဆဲ တန်ခိုးရှင် တစ်ယောက်ပါ လို့ပဲ ဆိုလိုက် ပါရစေ။

ထင်အောင်နိုင်

22/03/2022

**Memories of Thingyan**

အတာသင်္ကြန်ကိုလည်း လွမ်းပါတယ်
ရေတွေပက်ရတာကိုလည်း လွမ်းပါတယ်
သင်္ကြန်မိုးကိုလည်း လွမ်းပါတယ်
Festivalတွေကိုလည်း လွမ်းပါတယ်
သိပ်ချစ်ဖို့ကောင်းတဲ့ Raverတွေကိုလည်း လွမ်းပါတယ်
အလွမ်းဆုံးကတော့ ပျော်ရွှင်ခဲ့ရတဲ့နေ့တွေကိုပါပဲ...

သင်ရော သင်္ကြန်နဲ့ ပတ်သက်ရင် ဘယ်အရာကို အလွမ်းဆုံးလဲ???

all goes to Festivals, Moment & PEOPLE

20/03/2022

အရှုံးမပေးနဲ့ သူငယ်ချင်းရေ..မင်းအတွက် မနက်ဖြန်လေ..

Address

Kyaukse

Telephone

+959969826285

Website

Alerts

Be the first to know and let us send you an email when KTU Music Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share