English Family _ Kyaukse University

English Family _ Kyaukse University It's for all students! If u have something to share or ask about some info, u can tell us on this ch

“သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့”သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်ထူးခြားသော နေ့ရက်ပင်ဖြစ်ပါသည်။ ...
20/10/2021

“သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့”

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်ထူးခြားသော နေ့ရက်ပင်ဖြစ်ပါသည်။ ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင် လူ့ပြည်သို့ ဆင်းသက်ကြွမြန်းလာသည်ကို ရည်ရွယ်ပြီး ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် ဆီမီးများထွန်းကာ မြင့်မိုရ်ပွဲဟုခေါ်သည့် မီးထွန်းပွဲများ ဆင်ယင်ကျင်းပခဲ့ကြပါသည်။
မြတ်စွာဘုရားရှင်သည် လူ့ဘဝကမယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿီတနတ်သားကို အကြောင်းပြုပြီး တာဝတိံသာနတ်ပြည်တွင် အဘိဓမ္မာတရားတော်ကို ဟောတော်မူခဲ့ပါသည်။ ထိုသို့ဟောကြားပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူပြည်သို့ ပြန်လည်ဆင်းသက်လာခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာနေ့ ဟုလည်း ခေါ်ဆိုကြပါသည်။
ထို့ပြင်သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟုလည်း ခေါ်ဆိုကြပါသည်။ မြတ်စွာဘုရားသည် တာဝတိံသာမှ မဆင်းသက်မီ ရေမီးအစုံ တန်ခိုးပြဋိဟာတို့ကို ပြတော်မူပြီးမှ ရွှေစောင်းတန်းတွင် နတ်များ၊ ငွေစောင်းတန်းတွင် ဗြဟ္မာများ ခြံရံပြီး ပတ္တမြားစောင်းတန်းမှ မြတ်စွာဘုရားကိုယ်တော်တိုင် တင့်တယ်စွာဆင်းသက်လာခဲ့ပါသည်။ ထိုသို့ဆင်းသက်လာသော မြတ်စွာဘုရား၏ ကျက်သရေတော်ကို ဖူးမြော်ရသော ပရိသတ်အားလုံးတွင် ဘုရားဆုကို မပန်ဆင်မိသူဟူ၍ မရှိခဲ့ပါ။ ထိုကြောင့် ထိုနေ့အား ဘုရားဆုပန်နေ့ဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည်။
သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ဖြစ်သဖြင့် ဝါဆိုတော်မူကြသော သံဃာတော်များ လွတ်လပ်စွာ သွားလာသီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထို့အပြင် အလွန်မြတ်သော ကထိန်အလှူကိုလည်း ခံယူနိုင်ကြမည်ဖြစ်ပါသည်။ လောကီလူတို့သည်လည်း သီတင်းကျွတ်ပြီးနောက် အိမ်ယာထူထောင်ခြင်းများ ပြုနိုင်ကြမည်ဖြစ်သဖြင့် အချုပ်အချယ်တို့မှကျွတ်စေတဲ့နေ့ဟုလည်း ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့သည် လူ၊ နတ်၊ ဗြဟ္မာ အားလုံး အတူတကွ မြတ်စွာဘုရားအား ကြည်ဖြူ ကော်ရော် ပူဇော်ကြပြီး ကျွတ်တမ်းဝင်သည့်နေ့၊ တရားဆီမီး အလင်းရောင်ဖြင့် မကောင်းမူအကုသိုလ် အဝိဇ္ဇာအမှောင်တောမှ လွတ်ကင်းကြသည့်နေ့ပင်ဖြစ်ပါတော့သည်။
🙏🙏🙏🙏🙏


၂၀၀၈ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့အညီ CRPH က ဖျက်သိမ်းလိုက်ပြီး ဖြစ်ပေမဲ့ စစ်အုပ်စုကတော့ ၂၀၀၈ ခြေဥကို တဖွဖွနှုတ်က မချတမ်း...
12/10/2021

၂၀၀၈ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့အညီ CRPH က ဖျက်သိမ်းလိုက်ပြီး ဖြစ်ပေမဲ့ စစ်အုပ်စုကတော့ ၂၀၀၈ ခြေဥကို တဖွဖွနှုတ်က မချတမ်းပြောဆိုပြီး ဆွဲကိုင်အားပြုထားဆဲပါပဲ။

ဒီနေရာမှာ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ အားပြုနေတဲ့ ၂၀၀၈ ခြေဥကိုတောင် လိုက်နာမှု မရှိဘဲ ဘယ်လောက်အထိ ချိုးဖောက်ကျူးလွန်ပြီး ထင်ရာစိုင်းနေသလဲဆိုတာကို တပ်ထေက်ခံသူများ၊ စစ်တပ်အတွင်းက လှည့်ဖျားခံထားရတဲ့ တပ်မတော်သားမိသားစုများပါ သိရှိနိုင်အောင် သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။

ပထမအချက်အနေနဲ့ ၂၀၀၈ ခြေဥအရ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စစ်အုပ်စုက တရားစွဲလို့ ရ၊ မရ ကို အရင်ဆုံး လေ့လာကြည့်စေချင်ပါတယ်။

၂၀၀၈ ခြေဥပါ ပုဒ်မ ၂၁၇ အရ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ ရာထူးကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့တယ်။

ပုဒ်မ ၂၁၇ အရ ပြဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် သမ္မတ၌ တည်ရှိသည်ဆိုတဲ့ စကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင် အဖွဲ့အစည်းတရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင် ပုဂ္ဂိုလ်တဦးဦးအားလည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်နိုင်သည် စသည့် စကားရပ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ယင်းပုဒ်မအရ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အပ်နှင်းခံခဲ့ရခြင်း ဖြစ်ပါတယ်။

အဲဒီတော့ . . . တရားဥပဒေအရအတွင်းကဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ ရာထူးကို ရုတ်သိမ်းဖို့ရာ သမ္မတတွင်တောင်မှ အာဏာမရှိပါဘူး။

ပြီးတော့ အတိုင်ပင်ခံကို ပြစ်တင်ရှုတ်ချမည်ဆိုရင်တောင်မှ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းပြီး ဆန္ဒမဲ ခံယူကာ ကိုယ်စားလှယ်များရဲ့ အနည်းဆုံး သုံးပုံ နှစ်ပုံ ထောက်ခံမှသာလျှင် အဲဒီအဆိုကို လက်ခံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်နေရာဟာ နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ရာထူးဖြစ်တဲ့အတွက် လုပ်မှားကိုင်မှားဖြစ်ခဲ့ရင်တောင်မှ ပြစ်မှုကြောင်းအရ အရေးယူခွင့်မရှိပါဘူး။

ခြေဥပုဒ်မ ၂၁၈ (က)အရ ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်အားလုံးကို နိုင်ငံတော်သမ္မတ အမည်ဖြင့်သာ အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပုဒ်မ ၄၄၅ အရ ပြည်ထောင်စုသမ္မတနိုင်ငံတော်သည် န၀တ အဖွဲ့မှ လွှဲအပ်သော တာဝန်နှင့် ရပိုင်ခွင့်များကို ၂၀၀၈ အရ တက်လာသည့်အစိုးရအဖွဲ့က ဆက်လက်ဆက်ခံသည်။

ဆက်ခံသည့်အရပ်သားအစိုးရအဖွဲ့၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုပြီး ၎င်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်း မရှိစေရဟု အတိအလင်း ပြဌာန်းထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ န၀တ အဖွဲ့က တဆင့် တက်လာတဲ့ ဦးသိန်းစိန်အစိုးရကို ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့ဆန္ဒမဲတွေနဲ့ အနိုင်ရရှိပြီး ဆက်ခံတဲ့ အစိုးရပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပုဒ်မ ၄၄၅ အရလည်း ဒီချုပ်အစိုးရအဖွဲ့ကို တရားစွဲပြီး အရေးယူခြင်းဟာ ဘယ်လိုနည်းနဲ့မှ တရားဥပဒေနဲ့မညီပါဘူး။

ပုဒ်မ ၄၄၆ အရလည်း တည်ဆဲဥပဒေများသည် ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း ပြင်ဆင်ခြင်း မပြုသေးသ၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည် ဖြစ်သည်လို့ ဆိုပါတယ်။

ဒါကြောင့် မဲမသမာမှုဆိုလျှင် အရေးယူရမည်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပဲ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့ထိပ်တန်းခေါင်းဆောင်များကို တရားစွဲလို့ မရပါဘူး။

ဒါဖြင့် နိုင်ငံတော်သမ္မတ ကိုရော တရားစွဲတာဟာ ဥပဒေနဲ့ညီပါသလား ဆက်ပြီး ဆွေးနွေးလိုပါတယ်။

ပုဒ်မ ၇၁(ခ)အရ သမ္မတ (သို့) ဒုသမ္မတကို စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်မှ တရပ်ရပ်၏ ကိုယ်စားလှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံ(၁)ပုံ လက်မှတ်ရေးထိုးပြီး မိမိတို့ရဲ့ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌထံ တင်ပြရမည်။

(ဂ) ယင်းစွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်၏ ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံ(၂)ပုံက ထောက်ခံမဲပေးမှသာ ဆက်လက်အရေးယူဆောင်ရွက်၍ ရမည်။

(ဃ) လွှတ်တော်တရပ်ရပ်မှ စွပ်စွဲချက်ကို အရေးယူဆောင်ရွက်ဖို့ထောက်ခံလျှင် အခြားလွှတ်တော်တရပ်က ယင်းစွပ်စွဲချက်ကို အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးရမည်။

(င) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုသမ္မတများသည် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း စေလွှတ်၍ ချေပခွင့်ပေးရမည်။

(စ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးပြီးစီးသည့်အခါ စွပ်စွဲချက်ကို စစ်ဆေးသော သို့မဟုတ် စုံစမ်းစစ်ဆေးသောလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ အနည်းဆုံး (၃)ပုံ (၂)ပုံက ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး စွပ်စွဲခံရသော ပြစ်မှုသည် နိုင်ငံတော်သမ္မတ သိုံ့မဟုတ် ဒုသမ္မတအား ရာထူးမှ ရပ်စဲရန် ယင်းလွှတ်တော်က ပြည်ထောင်စုလွှတ်တော်ဥက္ကဌထံ တင်ပြရမည်။

(ဆ) ပြည်ထောင်စုလွှတ်တော်ဥက္ကဌသည် တင်ပြချက်ကို ရရှိလျှင် ရရှိခြင်း စွပ်စွဲခံရသော နိုင်ငံတော်သမ္မတ သိုံမဟုတ် ဒုသမ္မတအား ရာထူးမှ ရပ်စဲကြောင်း ကြေညာရမည်။

ဒါတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်း ပြဌာန်းထားတဲ့ ဥပဒေများပဲ ဖြစ်ပါတယ်။

တရားဥပဒေအရ လွှတ်တော်အပါအဝင် အဆင့်ဆင့်ဆောင်ရွက်ရမှာ ဖြစ်ပြီး တရားရင်ဆိုင်ခဲ့ရလျှင်တောင်မှ နိုင်ငံတော်သမ္မတက ကိုယ်စားလှယ်စေလွှတ်ပြီးတော့ ရင်ဆိုင်ခွင့် ရှိပါတယ်။

ပြီးတော့ နိုင်ငံတော်သမ္မတကို စွပ်စွဲပြစ်တင်ဖို့က ထင်ရာမြင်ရာ ပုဒ်မတွေနဲ့ တရားစွဲလို့လည်း မရပါဘူး။

နိုင်ငံတော်သမ္မတကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၇၁ (က)အရ အောက်ပါအကြောင်းတရပ်ရပ်ဖြင့်သာ စွပ်စွဲပြစ်တင်ဖို့ ပြဌာန်းထားပါတယ်။

(၁)နိုင်ငံတော်၏ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း
(၂)ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း
(၃)အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄)ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရည်အချင်းပျက်ယွင်းခြင်း
(၅) ဥပဒေအရ ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်း

စသဖြင့် အတိအကျ ပါရှိပါတယ်။

ယနေ့ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ရဲ့ ထွက်ဆိုချက်အရ မနက်(၅)နာရီမှာ သမ္မတ အခန်းထိလာပြီး ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်ဖို့ စစ်တပ်အရာရှိကြီး နှစ်ဦးက အသက်အန္တာရယ်အထိ ခြိမ်းခြောက်ပြီး ဖိအားပေးခဲ့တာကို သမ္မတကြီးက ငြင်းဆိုခဲ့ရကြောင်း သိရပါတယ်။

ဒါကိုကြည့်ခြင်းဖြင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို ဖောက်ဖျက်ပြီး နိုင်ငံတော်ကို ပုန်ကန်တာဟာ စစ်တပ်ပဲ ဆိုတာ လယ်ပြင်ဆင်သွားသလို ထင်ရှားလှပါတယ်။

ပြီးတော့ အရေးပေါ်အခြေအနေကြေညာပြီး ကာလုံဖွဲ့စည်းခဲ့ပါက ကာချုပ်ရဲ့အဆင့်ဟာ ၂၀၀၈ ခြေဥအရ ဘယ်ရာထူးနေရာမှာပဲ ရှိရမယ်ဆိုတာလည်း ဖော်ထုတ်ဆွေးနွေးလိုပါတယ်။

ပုဒ်မ ၃၄၂ အရ နိုင်ငံတော်သမ္မတသည် ကာလုံ၏ အဆိုပြု ထောက်ခံချက်ဖြင့် ကာချုပ်ကို ခန့်အပ်တာဝန်ပေးရမည်လို့ အတိအကျ ပြဌာန်းထားပါတယ်။

ဒါကြောင့် စကစ လို့ခေါ်ခေါ် ကာလုံ လို့ပဲဆိုဆို ဖွဲ့စည်းခဲ့ပါကလည်း ၂၀၀၈ ခြေဥပေးထားချက်အရ ကာချုပ်က သမ္မတအောက်တွင်သာရှိရပါမယ်။

ကာချုပ်မင်းအောင်လှိုင်ဟာ ဝန်ကြီးချုပ်လည်း လုပ်ခွင့်မရှိ သလို ဥက္ကဌတာဝန်လည်း ယူခွင့်မရှိပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပေးထားချက်အရ တရားစီရင်ရေးကိစ္စအပါအဝင် အုပ်ချုပ်ရေးကိစ္စများမှာ ကာချုပ်အနေနဲ့ ဝင်ရောက်စွက်ဖက်ခွင့် လုံးဝ မရှိပါဘူး။

ပုဒ်မ ၅၇ အရ နိုင်ငံတော်သမ္မတ နှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။

ပုဒ်မ ၅၈ အရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတနိုင်ငံတော်တဝှမ်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွဋ်အထိပ်နေရာရရှိသည်။

နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတကသာလျှင် ပုဒ်မ ၄၁၀၊ ၄၁၁ အရ နိုင်ငံတော်အာဏာအား လိုအပ်သလို စီမံခန့်ခွဲနိုင်သည်။

ပုဒ်မ ၄၃၁ အရ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကို ကျင့်သုံးရာတွင် နိုင်ငံတော်သမ္မတ အမည်ဖြင့်သာ ဖော်ပြဆောင်ရွက်ရမည်။

လက်ရှိ သမ္မတ ငုတ်တုတ်ကြီး ရှိနေပါလျက် ဒုသမ္မတမြင့်ဆွေအပါအဝင် မင်းအောင်လှိုင်နဲ့ စစ်တပ်က ပြည်သူက ရွေးချယ်တင်မြှောက်ခန့်အပ်ထားတဲ့ နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ခြိမ်းခြောက်ဖိအားပေး၊ ဖမ်းဆီးပြီး ထင်ရာလုပ်နေသမျှဟာ သူတို့ကိုင်ဆွဲထားတဲ့ ၂၀၀၈ ခြေဥအရကို တရားဥပဒေနဲ့ လုံး၀ မညီသလို နိုင်ငံတော်ကို သစ္စာဖောက် ပုန်ကန်မှုကို ပြောင်ပြောင်တင်းတင်း လက်နက်အားကိုးနဲ့ ကျူးလွန်နေကြခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကို အကြပ်ကိုင် ခြိမ်းခြောက်ပြီး ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးခြင်းဟာ ရာဇသတ်ကြီး ဥပဒေပါ ပုဒ်မ ၁၂၁ အရ နိုင်ငံတော်ပုန်ကန်မှုမြောက်ပါတယ်။

၎င်းတို့ကို ထောက်ခံနေတဲ့ တပ်မတော်သားများ၊ Non CDM များ၊ စကစကို တနည်းနည်းဖြင့် ထောက်ပံ့နေသော ပုဂ္ဂိုလ်များဟာလည်း နိုင်ငံတော်ရဲ့ ကျေးဇူးနဲ့သစ္စာကို စောင့်သိကာကွယ်စောင့်ရှောက်တာမဟုတ်ဘဲ ကိုယ်ကျိုးအတွက် နိုင်ငံတော်ကို ဖျက်ဆီးနေတဲ့ အာဏာရှင်လူတစုရဲ့ အပေါင်းပါတွေအဖြစ် တရားဥပဒေရဲ့ စီရင်ခြင်းကို ခံကြရမှာ သေချာလှပါတယ်။

ဒါကြောင့် ၂၀၀၈ ခြေဥအရလည်း ဘယ်လိုမှ တရားဝင်မှု မရှိ၊ ဥပဒေနဲ့ မညီညွတ်ဘဲ၊ ပြည်သူများစွာရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ အနာဂတ်တွေကို ကြိတ်မျိုဖျက်ဆီးနေတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံး စွန့်ခွာပြီး တရားဥပဒေရဲ့အရိပ်အောက်၊ ပြည်သူတွေရဲ့ ရင်ခွင်ရှေ့မှောက်ကို အမြန်ဆုံး ခိုလှုံကြဖို့ ထပ်လောင်းတိုက်တွန်းလိုက်ရပါတယ်။

Source: သိန်းဇော်ဇော်

၂၅.၈.၂၀၂၁ မှာပြုလုပ်မယ့် "We apologize" Campaign"စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ ကမ္ဘာသိ ဒုစရိုက်...
23/08/2021

၂၅.၈.၂၀၂၁ မှာပြုလုပ်မယ့်
"We apologize" Campaign"

စစ်ကောင်စီအနေနဲ့
ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့
ကမ္ဘာသိ ဒုစရိုက်မှုကြီးကို ကျူးလွန်ခဲ့တာဟာ
လာမယ့် သြဂုတ်လ(၂၅)ရက်နေ့မှာကျရောက်မှာဖြစ်တဲ့
''Rohingya Memorial Day''မှာဆိုရင်တော့ ၄နှစ်ပြည့်ပြီဖြစ်ပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ နှစ်ပေါင်း(၇၀)ကျော်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကာလတွေမှာလည်း ကျွန်တော်တို့ရဲ့ သွေးချင်း တိုင်းရင်းသားများအပေါ်မှာ လူမဆန်တဲ့ ပြစ်မှုများ၊ မုဒိမ်းမှုများကို မရေတွက်နိုင်အောင် ကျူးလွန်ခဲ့ပါတယ်။

အဆိုပါ မုဒိမ်းတပ်ဟာ ပြစ်မှုများစွာ ကျုးလွန်ခဲ့ရုံမျှမက သမိုင်းပုံဖျက်ပြီး တိုင်းရင်းသားများနဲ့ ရိုဟင်ဂျာတို့ အပေါ်မှာ အထင်လွဲစေခဲ့တဲ့ သွေးထိုးအမုန်းစကားတွေကိုလည်း ဖြန့်ဝေခဲ့ပါသေးတယ်။

တိုင်းရင်းသားများနဲ့ ရိုဟင်ဂျာတို့ အပေါ်မှာ ဖက်ဆစ်တပ်ဟာ ရက်စက်စွာ ယုတ်မာခဲ့စဉ်က လျစ်လျူရှုနေခဲ့မိတဲ့အတွက်လည်း ကျွန်ုပ်တို့ ပြည်သူများအနေနဲ့ ဒီနေရာမှ ညှိုးငယ်စွာ တောင်းပန်အပ်ပါတယ်။

တောင်းပန်ခြင်းဖြင့် ပြဿနာအလုံးစုံကို ခြုံငုံ ဖြေရှင်းနိုင်ခြင်း မရှိပါ။ သည်အတွက်ကြောင့် တောင်းပန်ခြင်းနဲ့အတူ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်မှာ ဒုတိယ ရိုဟင်ဂျာများ၊ ဒုတိယ အဖိနှိပ်ခံများ ထပ်မံ မပေါ်ပေါက်လာစေရေးအတွက် ကျွန်တော်တို့ ကြိုးစားသွားပါ့မယ်လို့ တော်လှန်ရေးသစ္စာနဲ့အတူ ကတိကဝတ်ပြုအပ်ပါတယ်။

စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။ ✊️
အရေးတော်ပုံကြီး မလွဲမသွေ အောင်မြင်ရမည်။ ✊️
တရားမျှတ၍ လူသားဆန်မှုပြည့်ဝသော ပြည်ထောင်စုကြီးတစ်ရပ်ကို ဖော်ဆောင်ကြမည်။ ✊️

ဒီ campaign လေးမှာ ပါဝင်ကြမယ့် ပြည်သူတွေဟာ ညာဘက်လက်မှာ လက် ၃ ချောင်းထောင်ပြီး၊ ဘယ်ဘက်လက်မှာ Sorry လို့ ရေးထားတဲ့ စာရွက်လေးကိုင်ကြရမှာဖြစ်ပါတယ်။


#အဖိနှိပ်ခံရိုအမျိုးသမီးအရေး_ငါတို့အားလုံးအရေး
#အဖိနှိပ်ခံများ_ထပ်မရှိစေရ

ကျောက်ဆည်တက္ကသိုလ် CDM Supporting Group မှ ငွေစာရင်း ထုတ်ပြန်ကြေညာခြင်း...10.8.2021
10/08/2021

ကျောက်ဆည်တက္ကသိုလ်

CDM Supporting Group မှ

ငွေစာရင်း ထုတ်ပြန်ကြေညာခြင်း...

10.8.2021

(၈)ရက်နေ့၊(၈)နာရီ၊(၈)မိနစ်၊(၈)စက္ကန့်တွင် ပြုလုပ်မည့် ၃၃နှစ်ပြည့် (၈၈၈၈) လူထုအရေးတော်ပုံကြီး နှစ်ပတ်လည်အခမ်းအနား________...
07/08/2021

(၈)ရက်နေ့၊(၈)နာရီ၊(၈)မိနစ်၊(၈)စက္ကန့်တွင် ပြုလုပ်မည့် ၃၃နှစ်ပြည့် (၈၈၈၈) လူထုအရေးတော်ပုံကြီး နှစ်ပတ်လည်အခမ်းအနား
___________________________________

ယခုကျရောက်မယ့် ၈.၈.၂၀၂၁ ရက်နေ့တွင် ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ကျောက်ဆည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ Zoom Video Webinar အသုံးပြုကာ အခမ်းအနားအစီအစဉ် (8)ရပ်ဖြင့် ၃၃နှစ်ပြည့်အခမ်းအနားကို
အကျဉ်းချုပ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နှစ်ပတ်လည် အခမ်းအနားသို့ တတ်ရောက်မည့်
ကျောက်ဆည်တက္ကသိုလ်မှ
ဆရာ/ဆရာမများ၊၀န်ထမ်းများ၊ ကျောင်းသားကျောင်းသူများအနေဖြင့် ရှစ်လေးလုံးစိတ်ဓာတ်ဖြစ်သော ရဲဝံ့ခိုင်မာခြင်းကိုကိုယ်စားပြုသည့် အနီရောင်အင်္ကျီ အဝတ်အစားဝတ်ဆင်ခြင်းဖြင့် တတ်ရောက်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

အခမ်းအနားအစီအစဉ်

နေ့ရက် - ၈.၈.၂၀၂၁
အချိန် - (၈)နာရီ၊(၈)မိနစ်၊(၈စက္ကန့်)
နေရာ - Zoom Video Webinar

Zoom Linkအား ၈ရက်နေ့ မနက် (၇)နာရီတွင် KUSU -
Page linkတွင် တင်ပေးထားမည်ဖြစ်ပါသည်။

-----
၈၈ က သွေးကြွေးဟောင်းကို၂၁ မှာ အပြီးတောင်းကြပါစို့




#၈၈ကသွေးကြွေးဟောင်း_၂၁မှာအပြီးတောင်း
#အရေးတော်ပုံ_အောင်ရမည်

- KUSU

English Familyမှ ညီအစ်ကို/ မောင်နှမများအနေဖြင့်"တစ်လ 1000 ငွေလွှဲလှူကြမယ်" Campaignတွင် ပါဝင်ကူညီ လှူဒါန်းကြဖို့မေတ္တာရှ...
05/07/2021

English Familyမှ ညီအစ်ကို/ မောင်နှမများအနေဖြင့်
"တစ်လ 1000 ငွေလွှဲလှူကြမယ်" Campaignတွင်
ပါဝင်ကူညီ လှူဒါန်းကြဖို့
မေတ္တာရှေ့ထား တိုက်တွန်းလိုက်ပါသည် ခင်ဗျား 🙏🙏🙏

Kpay- 09 441760164
Wave pay- 09953351130



🛑ကျောက်ဆည်တက္ကသိုလ်ကျောင်းသူကျောင်းသားများ သိရှိစေရန်ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူ...
01/07/2021

🛑ကျောက်ဆည်တက္ကသိုလ်ကျောင်းသူကျောင်းသားများ သိရှိစေရန်

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး( Short Course) အစီအစဉ်
ကိုဗစ်ကူးဆက်မှုနှင့် အကြမ်းဖက်မှုတိုကြောင့် ရပ်ဆိုင်းနှောင့်နေးခဲ့ရသော ကျောင်းသူ ကျောင်းသားများကို ပညာဆက်လက်သင်ယူခွင့်ရရန် သက်ဆိုင်ရာပြည်တွင်း ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်လျှက်ရှိသည်။

ယခုအခါ လူအခွင့်အရေး (Short Course on Human Rights) သင်တန်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြား ပိုချသွားမည်ဖြစ်ပါသည်။

ကျောင်းသူကျောင်းသားဦးရေ (၃၀၀) ဦးကို လက်ခံသင်ကြားသွားမည်ဖြစ်သည်။

ဥပဒေပညာဘာသာရပ်၊ နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ်၊ နိုင်ငံရေးသိပ္ပံပညာဘာသာရပ်၊ သမိုင်းပညာဘာသာရပ်နှင့် မနုဿဗေသပညာဘာသာရပ်များမှ နောက်ဆုံးနှစ် ကျောင်းသူ ကျောင်းသားများဦးစားပေးလျောက်ထားနိုင်ပါသည်။ ကျန်စိတ်ပါဝင်စားသူကျောင်းသူကျောင်းသားများလည်း လျှောက်ထားနိုင်ပြီး လျှောက်ထားသည့် သင်တန်းသားဦးရေအရ လက်ခံသင်ကြားသွားမည်ဖြစ်ပါသည်။

သင်တန်းပိုချမည့်သူများ
သင်တန်းကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်းက သင်တန်းအဖွင့် သင်ခန်းစာကို စတင်ပို ချမည်သွားဖြစ်ပြီး၊ ကျန်သင်ခန်းစာများကို နိုင်ငံတကာမှ ပါမောက္ခဆရာဆရာမများ၊ ပညာရှင်များမှ သင်ကြားပိုချသွားမည်ဖြစ်သည်။

တက်ရောက်မည့်သူများစာရင်းပေးသွင်းရန် Link
https://forms.gle/9AKhQU6LugDAcVtRA

သင်တန်းတက်ရောက်ရမည့်သူများ email သို ဇူလိုင်လ (၄) ရက်နေ့ နံနက်ပိုင်းတွင် zoom webinar log in link ပေးပိုသွားမည်ဖြစ်၍ သင်တန်းမတက်မီအချိန်တွင် zoom webinar log in link တွင် သတင်းအချက်အလက်ဖြည့်တွင်းထားရမည်ဖြစ်ပြီး Zoom မှ သင်တန်းတက်ရောက်ရန် link ကို email ပြန်ပိုပေးမည် ဖြစ်ပါသည်။

Source_crd 💪❤


မဟာ၀ိဇ္ဇာဘွဲ့သင်တန်း ✨❤✨(မဟာပထမနှစ်အင်္ဂလိပ်စာကျောင်းသား/သူများဖြည့်စွက်ရန်)✍️✍️✍️မိမိမေဂျာ/အတန်းနှင့်ဆိုင်သော Link များ...
26/06/2021

မဟာ၀ိဇ္ဇာဘွဲ့သင်တန်း ✨❤✨
(မဟာပထမနှစ်အင်္ဂလိပ်စာကျောင်းသား/သူများဖြည့်စွက်ရန်)
✍️✍️✍️မိမိမေဂျာ/အတန်းနှင့်ဆိုင်သော Link များအားဂရုတစိုက်ဝင်ဖြည့်ပေးပါရန်✍️✍️✍️

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ သင်ကြားရေးလုပ်ငန်းများအတွက်အဆင်ပြေစေရန်နှင့် ကျောက်ဆည်တက္ကသိုလ်ရှိ CDM မဟာပထမနှစ်(သိပ္ပံ/ဝိဇ္ဇာ)ကျောင်းသား/သူများစာရင်းကိုသိရှိနိုင်စေရန်အတွက် မေဂျာ၊အတန်းများအလိုက် Google Form များဖြင့်ယနေ့မှ စတင်၍ စာရင်းကောက်ခံသွားမည်ဖြစ်သည်။Form များကိုဖြည့်စွက်ပေးရန်မေတ္တာရပ်ခံအပ်ပါသည်။

https://forms.gle/c7b2tTdoqdKaamec6

✍️✍️✍️မိမိမေဂျာ/အတန်းနှင့်ဆိုင်သော Link များအားဂရုတစိုက်ဝင်ဖြည့်ပေးပါရန်✍️✍️✍️

(မှတ်ချက်။ Form များဖြည့်စွက်ထားသော ကျောင်းသား/သူများကိုသာလျှင် Kse Uni ၏ CDM ကျောင်းသား/သူများအဖြစ်သတ်မှတ်သွားမည်ဖြစ်ပြီး Internet အခက်အခဲရှိသောသူများကိုယ်စား Internet ရရှိသူများမှဖြည့်စွက်ပေးနိုင်ပါသည်)




#ကျောက်ဆည်တက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီ
Photo crd - Black Stone Production

မဟာ၀ိဇ္ဇာဘွဲ့သင်တန်း ✨✨✨(မဟာဒုတိယနှစ်အင်္ဂလိပ်စာကျောင်းသား/သူများဖြည့်စွက်ရန်)✊အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာ...
24/06/2021

မဟာ၀ိဇ္ဇာဘွဲ့သင်တန်း ✨✨✨
(မဟာဒုတိယနှစ်အင်္ဂလိပ်စာကျောင်းသား/သူများဖြည့်စွက်ရန်)✊

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ သင်ကြားရေးလုပ်ငန်းများအတွက်အဆင်ပြေစေရန်နှင့် ကျောက်ဆည်တက္ကသိုလ်ရှိ CDM မဟာဒုတိယနှစ်(သိပ္ပံ/ဝိဇ္ဇာ)ကျောင်းသား/သူများစာရင်းကိုသိရှိနိုင်စေရန်အတွက် မေဂျာအလိုက် Google Form များဖြင့်ယနေ့မှ စတင်၍ စာရင်းကောက်ခံသွားမည်ဖြစ်သည်။Form များကိုဖြည့်စွက်ပေးရန်မေတ္တာရပ်ခံအပ်ပါသည်

https://forms.gle/n5qPgw45JJw7DJo98

✍️✍️✍️မိမိမေဂျာ/အတန်းနှင့်ဆိုင်သော Link များအားဂရုတစိုက်ဝင်ဖြည့်ပေးပါရန်✍️✍️✍️

(မှတ်ချက်။ Form များဖြည့်စွက်ထားသော ကျောင်းသား/သူများကိုသာလျှင် Kse Uni ၏ CDM ကျောင်းသား/သူများအဖြစ်သတ်မှတ်သွားမည်ဖြစ်ပြီး Internet အခက်အခဲရှိသောသူများကိုယ်စား Internet ရရှိသူများမှဖြည့်စွက်ပေးနိုင်ပါသည်)




#ကျောက်ဆည်တက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီ

Photo crd - Black Stone Production
Post Crd_ Kyaukse University Interim Administrative Council

အကြမ်းဖက်စစ်ကောင်စီ မှလက်ရှိဖွင့်လှစ်နေသော သင်တန်းများတွင် တတ်ရောက်နေသောကျောင်းသူ/သားများကို ဤတက္ကသိုလ်မှကျင်းပသော စာမေး...
02/06/2021

အကြမ်းဖက်စစ်ကောင်စီ မှလက်ရှိဖွင့်လှစ်နေသော သင်တန်းများတွင် တတ်ရောက်နေသော
ကျောင်းသူ/သားများကို ဤတက္ကသိုလ်မှကျင်းပသော စာမေးပွဲများ ၀င်ရောက်ဖြေဆိုခွင့်အား
အကြောင်းပြချက်မရှိ စာသင်နှစ် ၃နှစ်အထိ
ရပ်ဆိုင်းခံရမည်

ရက်စွဲ။ ။၂၀၂၁ခုနှစ်၊ ဇွန်လ (၂)ရက်

ကျောက်ဆည်တက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီ

Source..

https://m.facebook.com/story.php?story_fbid=123354839901443&id=108741281362799

ကျောက်ဆည်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနဒုတိယနှစ် ဂုဏ်ထူးတန်းနှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများ၏ သဘောထား ထုတ်ပြန်ချက် ...
19/05/2021

ကျောက်ဆည်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာန
ဒုတိယနှစ် ဂုဏ်ထူးတန်းနှင့် စတုတ္ထနှစ်
ကျောင်းသား၊ ကျောင်းသူများ၏ သဘောထား ထုတ်ပြန်ချက် 💪❤
ရက်စွဲ။ ။၁၉.၅.၂၀၂၁

Non_CDMတွင်ပါဝင်သော စုံစမ်းနေဆဲ ကျောင်းသူတစ်ဦးမှာ (၄အ-၁၃၁ ) မဖြူဖွေးသန့်ဖြစ်ပြီး
ကျောင်းဆောင်တွင်နေထိုင်လျက်ရှိကာ အကြီးစားလောက်ကောင်အဖြစ် ပျော်မွေ့နေသူဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။ ။


ကျောက်ဆည်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနEnglish Family_Kyaukse University ပြင်းထန်စွာ ရှုံ့ချကြောင်း ကြေညာချက် ‼စာအမှတ်- ၃/၂၀၂...
19/05/2021

ကျောက်ဆည်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာန
English Family_Kyaukse University
ပြင်းထန်စွာ ရှုံ့ချကြောင်း ကြေညာချက် ‼
စာအမှတ်- ၃/၂၀၂၁
ရက်စွဲ။ ။ ၁၉.၅.၂၀၂၁

Address

English_Kyaukse University
Kyaukse

Website

Alerts

Be the first to know and let us send you an email when English Family _ Kyaukse University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to English Family _ Kyaukse University:

Share