Aung Nimate Buddha Dhamma Centre

Aung Nimate Buddha Dhamma Centre Buddha Dhamma Centre

အောင်နိမိတ်ဗုဒ္ဓဓမ္မစင်တာ သို့ သင်တန်းသားစာရင်းသွင်းထားသော ဓမ္မမိတ်ဆွေများကို တစ်ရက်လျှင် နှစ်ဦး တွေ့ဆုံမေးမြန်းမှုများန...
10/04/2023

အောင်နိမိတ်ဗုဒ္ဓဓမ္မစင်တာ သို့ သင်တန်းသားစာရင်းသွင်းထားသော ဓမ္မမိတ်ဆွေများကို တစ်ရက်လျှင် နှစ်ဦး တွေ့ဆုံမေးမြန်းမှုများနှင့်သိလိုသည်များကိုဖြေကြားမှုကို ပုံမှန်အတိုင်းပြုလုပ်လျက်ရှိနေပါသည်။ သင်တန်းသားဓမ္မမိတ်ဆွေများကို တစ်ရက်ကြိုတင်အသိပေးကာzoom meeting ဖြင့်တွေ့ဆုံပါသည်။ ဘာသာရေးသင်တန်းများကို ယခုမှစ၍ လေ့လာလိုသူများအတွက်အထူးသင့်လျော်သော သင်တန်းသားများဖြစ်သောကြောင့် တက်ရောက်ကြဖို့လည်းဖိတ်ခေါ်ပါသည်။

ဓမ္မမိတ်ဆွေများ အားလုံးပဲမင်္ဂလာပါမိမိအိမ်မှာနေရင်း နေ့တစ်နေ့၏ နောက်ဆုံးညနေခင်းအချိန်များကို ကုသိုလ်အလုပ်တို့ဖြင့် ကုန်ဆ...
20/03/2023

ဓမ္မမိတ်ဆွေများ အားလုံးပဲမင်္ဂလာပါ
မိမိအိမ်မှာနေရင်း နေ့တစ်နေ့၏ နောက်ဆုံးညနေခင်းအချိန်များကို ကုသိုလ်အလုပ်တို့ဖြင့် ကုန်ဆုံးနိုင်ဖို့ ရည်ရွယ်နေကြသူများ၊ တစ်ရက်ကို ကုသိုလ်အလုပ်တစ်ခုခုကို လုပ်နိုင်ရမယ်လို့ စိတ်အားထက်သန်ကြသူများ၊ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ ဆိုပြီးတော့ ကိုယ့်ကိုယ်ကို သံသယဝင်မိနေကြသူများ၊ အဘိဓမ္မာ သဘောကို အခြေခံမှစ၍လေ့လာလိုကြသူများ၊ ပြည်တွင်းပြည်ပ ဗုဒ္ဓတက္ကသိုလ်များသို့ တက်ရောက်သင်ကြားလိုကြသော သံဃာတော်အရှင်သူမြတ်များနှင့် လူပုဂ္ဂိုလ်များအားလုံးအတွက် Hong Kong , U.S.A , India, Myanmar မှ သာသနဓဇဓမ္မာစရိယ၊ မဟာဓမ္မာစရိယ၊ B.A, M.A ရရှိတော်မူထားသော ဆရာတော်အရှင်သူမြတ်များနှင့် ဆရာကြီး ဆရာမကြီးများ ကိုယ်တိုင် သင်ကြားပို့ချပေးမည့် Aung Nimate Buddha Dhamma Centre ကို စတင်ဖွင့်လှစ်လိုက်ပြီပဲ ဖြစ်ပါတယ်။ သင်တန်းအစီအစဉ်များကို အောက်မှာ တစ်ခုချင်းပြဆိုထားပါတယ်။
သင်တန်းသား လက်ခံမည့်ရက်မှာ
၂၃-၃-၂၀၂၃ မှ ၂၀-၄-၂၀၂၃ထိ ဖြစ်ပါတယ်။ စတင်ဖွင့်လှစ်မည့်နှစ်ဖြစ်သောကြောင့် သင်တန်းသားဦးရေ ကန့်သတ်ထားရခြင်းကိုလည်း နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အခြေခံဗုဒ္ဓဘာသာလေ့လာရေးသင်တန်းကိလေသာအပူခပ်သိမ်း ငြိမ်းတော်မူသော မြတ်ဗုဒ္ဓသည် မိမိရရှိတော်မူထားသော ငြိမ်းအေးခြင်း ငြိမ်းခ...
14/03/2023

အခြေခံဗုဒ္ဓဘာသာလေ့လာရေးသင်တန်း
ကိလေသာအပူခပ်သိမ်း ငြိမ်းတော်မူသော မြတ်ဗုဒ္ဓသည် မိမိရရှိတော်မူထားသော ငြိမ်းအေးခြင်း ငြိမ်းချမ်းခြင်းဓမ္မများကို ဝေနေယျသတ္တဝါတို့ အကျိုးများစေရန်အတွက် ၄၅-ဝါ ကာလကြာရှည်စွာ သာသနာပြု တော်မူခဲ့ပါသည်။ ထိုသို့သာသနာပြုရာတွင် တရားသူတို့က လာရောက်နာယူကြသလို အကျိုးတရားရရှိ မည့် ပုဂ္ဂိုလ်တို့အထံသို့လည်း မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကြွရောက်ပြီး သာသနာပြုတော်မူပါသည်။လွယ်ကူစွာသာသနာပြုရသည်ကားမဟုတ်။ အတ္တကြီးသူ, ရာထူးကိုမှီကာ မာနကြီးသူ, အာဏာမက်မောသူ, အယူဝါဒအားကြီးသူ, အစရှိသဖြင့် ရှေးပါရမီများရှိပါသော်လည်း ယခုဘဝတွင် နှလုံးသွင်းမကောင်းမှုကြောင့် ဘဝအမှောင်ဖုံးနေသူများကို ပင်ပန်းကြီးစွာ လမ်းပြတော်မူခဲ့ပါသည်။ မြတ်ဗုဒ္ဓ၏ အဓိက ရည် ရွယ်ချက်ကား လောဘ ဒေါသ မောဟကြောင့် ဖြစ်ပေါ်နေသော ပူလောင်မှုများကင်းကာ ငြိမ်းချမ်းစေလို ရင်းပင်ဖြစ်သည်။ ကံကောင်းထောက်မသဖြင့် လူ့ဘဝကိုရသည်၏။ ထို့နောက် သာသနာနှင့်ကြုံဆုံရ သည်။ သာသနာကိုကြည်ညိုခွင့် အဆုံးအမကို လိုက်နာကျင့်သုံးခွင့်လည်းရသည်။ တစ်ဘဝစာသာမက တစ်သံသရာလုံးအတွက် ကောင်းကျိုးအနန္တ ပေးနိုင်သော သာသနာတွင်းကာလတွင် တစ်ဘဝစာလေးမျှကိုပင် ငြိမ်းချမ်းအောင် မနေနိုင် မလုပ်နိုင် လျှင် အရှုံးကြီးရှုံးနေမည်မှာ မလွဲပေ။ ပြဿနာတစ်ခုဖြစ်ပြီဆို လျှင် ပထမဦးစွာ မိမိကိုယ်တိုင် ပူလောင်ရ ၏။ ထို့နောက် အပူစကားများဖြင့် ပြောဆိုဆွေးနွေးသောကြောင့် ငြိမ်းချမ်းရေးကို မရောက်နိုင်ဖြစ်ရသည်။ ပို၍ဆိုးသည်ကား ပြဿနာဖြစ်သူ တစ်ဦးတစ်ယောက်သည် နောက်ပါလူပုဂ္ဂိုလ်များ အဖွဲ့အစည်းများကို ထိုပြဿနာအတွင်းသို့ ဆွဲခေါ်တတ်သောကြောင့် ငြိမ်းချမ်းမှုနှင့်ပို၍ အလှမ်းကွာသွားရသည်။ ကောသဗ္ဗီ ပြည် ရဟန်းနှစ်ပါး၏ အချင်းချင်း နှုတ်မစောင့်စည်းခြင်း မာနထောင်လွှားခြင်းများကြောင့် သူတို့၏ နောက်ပါတပည့်များ စတုပစ္စယဒါယကာများ အဆင်မပြေ နှုတ်လှံထိုးကြရင်း မေတ္တာတရား ဆိတ်သုဉ်း ခဲ့ဖူးသည်။ အစိန္တေယျ မြတ်ဗုဒ္ဓကိုလည်း မိမိတို့ အယူဝါဒ အချင်းများမှုကို ကြောင့်ကြစိုက်တော်မမူရန် ခွန်းတုံ့လှန်သောကြောင့် မေတ္တာရှင် မြတ်ဗုဒ္ဓသည် ထိုဒေသတွင် နေတော်မမူပဲ ဆိတ်ငြိမ်ရာသို့ ကြွသွား တော်မူသည်။ တစ်ခဏတာ သက်တမ်းအတွင်း၌ သံသရာမှပါလာသော ကံတို့ကြောင့် တိုတိုရှည်ရှည် အတူတကွပေါင်းဆုံရာတွင် ‘လောကတ္ထစရိယ’ ဟုခေါ်သော အများအတွက်တွေးပေးကာ ပြုလုပ်ဆောင် ရွက်ခြင်း အပြုသဘောဆောင်သော အကောင်းမြင်ဝါဒများသည်သာ ဒေါသမပါ စိတ်ဓာတ်မကျဘဲလျက် နူးညံ့သိမ်မွေ့စွာ စိတ်ရှည်လက်ရှည် စကားပြောနိုင်စေရန် အထောက်အကူပြုပါသည်။ ငြိမ်းချမ်းရေး ဆွေး နွေးပွဲအတွက် လိုအပ်သော အတွေးအခေါ်နှင့် စိတ်နေစိတ်ထားများလည်းဖြစ်သည်။ ငြိမ်းချမ်းရေးကို တည်ဆောက်လိုသော ပုဂ္ဂိုလ်သည် သူတစ်ပါးအပေါ်တွင် အလေးထားခြင်း မိမိကိုယ်တိုင်ရိုးသားဖြောင့် မတ်ခြင်းတို့နှင့်ပြည့်စုံရန်လိုအပ်သည်။ ထိုကဲ့သောကောင်းမြတ်သော ဓမ္မတရားများကို သိရှိနားလည်ပြီး ငြိမ်းချမ်းသာယာသော လူမှုပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ်လျက် ဤအခြေခံဗုဒ္ဓဘာသာ လေ့လာရေး သင်တန်းကို ဖွင့်လှစ်လိုက်ရပါသည်။

ဆက်သွယ်ရန်။ ။ အောင်နိမိတ်ဗုဒ္ဓဓမ္မစင်တာ, ရပ်ကွက်(၁)၊ နယ်မြေ(၁)၊ ပါရမီလမ်း၊အောင်နိမိတ်ကျောင်းတိုက်၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်း။
ဖုန်း-09.256316265/09795774120/09776105985

ဗုဒ္ဓဘာသာအကြောင်းကို ဘာကြောင့်သိသင့်တာလဲ?🙏🙏🙏🙏🙏🙏🙏🙏 #️⃣ #️⃣ #️⃣ #️⃣တစ်ခါတစ်လေမှာ ကိုယ့်ဘက်ကကြည့်ရင်မှန်တယ်ထင်ပြီး လုပ်လိုက...
13/03/2023

ဗုဒ္ဓဘာသာအကြောင်းကို ဘာကြောင့်သိသင့်တာလဲ?
🙏🙏🙏🙏🙏🙏🙏🙏 #️⃣ #️⃣ #️⃣ #️⃣
တစ်ခါတစ်လေမှာ ကိုယ့်ဘက်ကကြည့်ရင်မှန်တယ်ထင်ပြီး လုပ်လိုက်တဲ့အရာတွေက သာဝဇ္ဇ ဒုက္ခလို့ ခေါ်တဲ့ အပြစ်နှင့်တကွ မကောင်းတဲ့အကျိုးကိုပေးစေတတ်သော အကုသိုလ်ဖြစ်နေတတ်ပါတယ်။
ဒါကိုပဲ အမြဲတစေလုပ်နေရင်းက တဖြည်းဖြည်းနဲ့ သုခလို့မြင်လာတဲ့ မိစ္ဆာဝါဒဖက်ကို ဦးတည်သွားတတ်ကြတယ်။
ဒါကြောင့်မြတ်ဗုဒ္ဓသည် လောကအကြောင်းကို ဓမ္မသဘောနှင့်ယှဉ်ပြီးများစွာသော သုတ္တန်ဒေသနာတို့ဖြင့် အတိအလင်း မိန့်တော်မူခဲ့ပါတယ်။
ဆိုတော့ မြတ်ဗုဒ္ဓမိန့်ခဲ့တာတွေ အကုန်လုံးက ငါတို့နဲ့သက်ဆိုင်သလား၊ ဒါမှမဟုတ် မသက်ဆိုင်ဘူးလားဆိုတော့ သိသင့်သောအရာကိုသိပြီး ကျင့်သင့်သောအရာကို ကျင့်နိုင်မယ်ဆိုရင် ဘဝများစွာ သံသရာမှာ မျက်နှာငယ်စရာ မလိုတော့ပါဘူး။
ကိုယ့်ရဲ့ အားသာရာ အချက်ကိုသိရှိပြီးတော့ ကျင့်ဖို့ဝော့ာလိုတာပေါ့။ ကိုယ်ကဘာတွေအားသာပြီး ဘာတွေ ကျင့်ရမလဲ ဆောင်ရမလဲ ရှောင်ရမလဲ ဆိုတဲ့အချက်ဟာ ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်တဲ့ အရေးပါသော အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝအတွက် သိသင့်တာတွေသိပြီး ကျင့်သင့်တာတွေကျင့်နိုင်အောင် ဆောင်သင့် ရှောင်သင့်တာတွေကို လက်တွေ့အသုံးချနိုင်အောင်
Aung Nimate Buddha Dhamma Centre မှ
အခြေခံ ဗုဒ္ဓဘာသာလေ့လာရေး သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။
၁။ မူလမဟာဗုဒ္ဓဝင်
၂။ ပရိတ်တရားတော်နှင့်ဆိုင်သော အချက်အလက်များ
၃။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ရဲ့နေ့စဉ်ဘဝ
၄။ ရတနာသုံးပါး၏ဂုဏ်တော်များကို သိရှိနိုင်ပြီး
ပြင်ပလက်တွေ့ဘဝမှာ ငြိမ်းချမ်းသော အနေထားတစ်ခုကို တည်ဆောက်နိုင်ဖို့ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်။
ထို့ကြောင့် လေ့လာနိုင်ဖို့ ကောင်းမွန်သောစိတ်ထားဖြင့် သတင်းကောင်းပေးရပါသည်။
အားလုံးအဆင်ပြေ အေးချမ်းကြပါစေ။

အားလုံးပဲမင်္ဂလာပါ 🙏🙏🙏ပူလောင်နေသော ကမ္ဘာကြီးနဲ့အတူ သောကများစွာတို့ဖြင့် ဖြတ်သန်းနေရသော လူ့သက်တမ်းတစ်ခုအတွင်းမှာ ကောင်းမြ...
12/03/2023

အားလုံးပဲမင်္ဂလာပါ 🙏🙏🙏
ပူလောင်နေသော ကမ္ဘာကြီးနဲ့အတူ သောကများစွာတို့ဖြင့် ဖြတ်သန်းနေရသော လူ့သက်တမ်းတစ်ခုအတွင်းမှာ ကောင်းမြတ်‌ငြိမ်းအေးသော အချိန်တစ်ခုကို ရရှိပိုင်ဆိုင်‌လိုသော ဓမ္မမိတ်ဆွေများအတွက် ရည်ရွယ်ပြီး လားရှိုးမြို့ မှာ မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ်မှစတင်၍ ဓမ္မစင်တာတစ်ခုကို ဖွင့်လှစ်ပြီး ဓမ္မစာပေများကို စတင်သင်ကြားပို့ချတော့မှာဖြစ်ပါတယ်။
သင်ကြားခြင်းဆိုသည်ထက် ပိုလွန်သော ဆွေးနွေးမှု သုတေသနလေ့လာမှုများကိုလည်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သိထိုက်သော အခြေခံသဘောတရားများ၊ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော အဘိဓမ္မာသဘောတရားများနှင့် အတူ နိုင်ငံတကာတက္ကသိုလ်များသို့ တက်ရောက်ပညာသင်ကြားလိုကြသော ပုဂ္ဂိုလ်များအတွက် အဆင်ပြေစွာ တက်ရောက်နိုင်မည့် သင်ကြားရေးနည်းစနစ်များကို လေ့လာနိုင်မည့်အခွင့်အ‌ရေးများရရှိပါတော့မည်။
ထို့ပြင် အချိန်မပေးနိုင်သောသူအများအတွက် ရည်ရွယ်ကာ online စနစ်ဖြင့် သင်ကြားပို့ချပေးပြီး မရှင်းလင်းသော အချက်အလက်များကို လာရောက်မေးမြန်းနိုင်ရန်အတွက် 23-3-2023မှ စတင်၍ စင်တာရုံးခန်းသို့ လာရောက်မေးမြန်းနိုင်ပါသည်။
သင်တန်းများအားလုံးကို ပညာဒါန အစီအစဉ်ဖြင့် (အခမဲ့) သင်ကြားပေးပါမည်။
[ ] သိလိုသည်များကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

11/03/2023

အားလုံးပဲမင်္ဂလာပါ 🙏🙏🙏

Address

Lashio

Telephone

+959447300255

Website

Alerts

Be the first to know and let us send you an email when Aung Nimate Buddha Dhamma Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Aung Nimate Buddha Dhamma Centre:

Share