05/03/2021
#နည်းပညာဆိုင်ရာကွန်ပျူတာနည်းပညာတက္ကသိုလ်များ #သက်မွေးပညာကျောင်းများ #ဦးစီးဌာနများရှိ #ဆရာဆရာမများဝန်ထမ်းများအသိပေးခြင်း
နည်းပညာဆိုင်ရာဆရာများအဖွဲ့ချုပ်-TTF သည်
နည်းပညာဆိုင်ရာ ကွန်ပျူတာ နည်းပညာ တက္ကသိုလ်များ သက်မွေးပညာကျောင်းများ ဦးစီးဌာနများရှိ ဆရာ ဆရာမများ ဝန်းထမ်းများ၏အကျိုးကိုရှေ့ရှုကာ နိုင်ငံ့အနာဂတ်အတွက် ရှေ့တန်းမှ မားမားရပ်တည်နေသော မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ဆောင်ရွက်လျှက်ရှိပါသည်။
နိုင်ငံ့အရေးဆောင်ရွက်ကြရာတွင် မိမိတို့၏ ဆရာ ဆရာမများ ဝန်ထမ်းများအား နည်းပညာဆိုင်ရာဆရာများအဖွဒ့ချုပ်-TTF၏ ဆောင်ရွက်ချက်များကို ယုံကြည်မှုပျက်ပြားစေရန် စိတ်ယိမ်းယိုင်မှုများဖြစ်ပေါ်စေရန် အကြမ်းဖက်သူပုန်အုပ်စုများဖက်မှ သူပုန်အားပေး ပုဂ္ဂိုလ်များသည် အမျိုးမျိုးသော မဟုတ်မမှန်သတင်းဖြန့်ခြင်းများ ပြုလုပ်နေသည်ကို မျက်မြင်တွေ့ရှိရပါသည်။
ကျွန်ုပ်တို့ နည်းပညာဆိုင်ရာဆရာများအဖွဲ့ချုပ်-TTFသည် အကြမ်းဖက်သူပုန်များ၏ မည်ကဲ့သို့ မဟုတ်မမှန်လုပ်ကြံ မိုးလုံးပြည့်မုသာဝါဒများဖြန့်သည်ဖြစ်စေ ကျွန်ုပ်တို့ နည်းပညာဆိုင်ရာဆရာများအဖွဲ့ချုပ်-TTFသည် နိုင်ငံ့အနာဂတ်တိုးတင်ရေးအတွက် ချမှတ်ထားသည့် ဦးတည်ချက်လမ်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။
ကျွန်ုပ်တို့ နည်းပညာဆိုင်ရာဆရာများအဖွဲ့ချုပ်-TTFသည် ဆရာ ဆရာမများ ဝန်ထမ်းများထံသို့ သတင်းအချက်အလက် လျှင်မြန်စွာစီးဆင်းစေရန်အလို့ငှာ Email, Phone Numbers, Social Media page စသည်တို့ကိုလည်း အများသူငှာ သိရှိနိုင်နိုင်ရန် ဖော်ပြထားပါသည်။
နည်းပညာဆိုင်ရာဆရာများအဖွဲ့ချုပ်-TTF သည် မိမိတို့အဖွဲ့အစည်းဆိုင်ရာ အချက်အလက်များကိုလည်း လုံခြုံမှုရှိစေရန် တိုးတက်လာသောနည်းပညာများကျင့်သုံးကာ ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။
ယခု ကောက်နေသော CDM ဝန်ထမ်းများစာရင်းကိုလည်း အကြမ်းဖက်သူပုန်အုပ်စုမှ ထင်ယောင်ထင်မှားဖြစ်စေရန် အမျိုးမျိုးသော လုပ်ကြံမှုများဖြင့် တိုက်ခိုက်နေခြင်းများအပေါ် နည်းပညာဆိုင်ရာဆရာများအဖွဲ့ချုပ်-TTF အနေဖြင့် တုံ့ပြန်ပြောဆိုရန်အကြောင်းမရှိပေ။
နည်းပညာဆိုင်ရာ ကွန်ပျူတာ နည်းပညာ တက္ကသိုလ်များ သက်မွေးပညာကျောင်းများ ဦးစီးဌာနများမှ ဆရာ ဆရာမများ ဝန်ထမ်းများ၏ အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားရှိသွားမည်ဖြစ်ပြီး သက်ဆိုင်ရာသို့ အချက်အလက်များပေးပို့ရာတွင်လည်း သေချာစွာ အတည်ပြုချက်များ ရယူပြီးမှသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အကြမ်းဖက်သူပုန်အုပ်စုအလိုမရှိ
အကြမ်းဖက်သူပုန်အုပ်စုကျဆုံးစေ
နိုင်ငံ့အနာဂတ်တိုးတက်ဖို့CDMဆောင်ရွက်စို့
အရေးတော်ပုံအောင်ရမည်။