20/08/2021
ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် အောက်ဆီဂျင်ထုတ် စက်ရုံတည်ဆောက်နိုင်ရန် အလှူငွေများ ပါဝင်ခြင်း
ဩဂုတ်လ (၂၀)ရက်၊ ၂၀၂၁ ခုနှစ်
===========။==========။==========
ရခိုင်ပြည်နယ် (၁၇) မြို့နယ်တွင် အောက်ဆီဂျင် ထုတ်စက်ရုံများကို မြို့နယ်အလိုက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်ကြရန် အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်ကို CUSR အနေဖြင့်တွေ့ ရှိပါသည်။
ရခိုင်ပြည်တွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသား/သူများအဖွဲ့ (CUSR) အနေဖြင့် ဗဟိုအလုပ်မှုဆောင်ကော်မတီနှင့် မြို့နယ်အလုပ်မှုဆောင်ကောင်မတီများ၏ သဘောတူညီချက်အရ မြို့နယ် (၁၇) ခုထဲမှ တစ်ချိူ့မြို့နယ်များတွင် ကျပ် တစ်သိန်း (၁၀၀၀၀၀/-) စီ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြသည်။
မြေပုံမြို့နယ်အတွက် လှူဒါန်းရာတွင် မြို့နယ်အလုပ်မှုဆောင်ကော်မတီများနှင့်၊ အဖွဲ့ဝင်များ (CUSR-Myebon) မှ အလှူငွေကျပ် တစ်သိန်းကို ထပ်ပေါင်းပါဝင်လှူဒါန်းခဲ့ပြီး စုစုပေါင်း အလှူငွေ နှစ်သိန်း (၂၀၀,၀၀၀/-) ကို "မြေပုံမြို့နယ် အောက်ဆီဂျင်စက် ဖြစ်မြှောက်ရေး ကော်မတီ” သို့လှူဒါန်းခဲ့ကြပါသည်။
ကျွန်ုပ်တို့ CUSR သည် အလှူရှင်များပါဝင်လှူဒါန်းထားသည့် အလှူငွေများကို စနစ်တကျ စီမံခန့်ခွဲပြီး အမှန်တကယ် လိုအပ်နေသောနေရာများနှင့် အခက်အခဲဖြစ်နေသူများအတွက် ဆက်လက်၍ ကူညီထောက်ပံ့ ပေးမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိစေရန် အလို့ငှာ သတင်းပုံမှန် ထုတ်ပြန်ပေးလျှက် ရှိပါသည်။
လက်ရှိနိုင်ငံရေးအကြပ်အတည်းနှင့် ကပ်ဘေးအကြပ်အတည်းအတွင်း အောက်ဆီဂျင်ရရှိရေးအတွက်သော်လည်း၊လူသားချင်းစာနာထောက်မူအကူအညီအတွက်သော်လည်းကောင်း CUSR မှတစ်ဆင့် လှူဒါန်းနိုင်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်
ကျောင်းသား/သူများ - CUSR