25/08/2023
📢ကြားဖြတ်ကြော်ညာလေး ဝင်ပါရစေ။
စစ်ရှောင်စခန်းမှာ ထမင်းတစ်နပ်အလှူရှင်ဆိုတာမျိုးက နေ့စဉ်မရှိပါဘူး။ အလှူရှင်မရှိတဲ့ ရက်တွေမှာတော့ ကြုံရာထမင်း၊ ကြုံရာဟင်းနဲ့ အဆင်ပြေအောင် စီစဉ်ကြရပါတယ်။ အဓိက လိုအပ်ချက်ကတော့ "ဆန်"ပါပဲ။
🍚 အခြားကမ်ပိန်းလေးတွေကြောင့် တစ်ရွာတစ်ကျီအစီအစဉ်ရဲ့ "ဆန်"အလှူခံကို နည်းနည်းလေး နောက်ဖယ်ထားသလို ဖြစ်နေပေမယ့် နေ့ရက်တိုင်း ထမင်းစားရဖို့ "ဆန်"ရှိမှ ဖြစ်မှာပါ။
🍚 ဒါကြောင့် နေ့ရက်တိုင်းမှာလည်း "ဆန်"အလှူရှင်တွေကို မျှော်နေပါတယ်ဗျ။
အလှူရှင်များအားလုံး ပူပင်သောကတွေ ပြေပျောက်ပြီး နှလုံးစိတ်ဝမ်းအေးချမ်းနိုင်ကြပါစေဗျာ။
#တစ်ရွာတစ်ကျီ
#မနတကသ
#ကင်မွန်းခြုံ