Magway University Student Union-MGUSU

Magway University Student Union-MGUSU ဤ page သည် မကွေးတက္ကသိုလ် ကျောင်သားသမဂ?

“စစ်အာဏာရှင်စနစ်ကြောင့် ကျဆုံးခဲ့ရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် ကျဆုံးခြင်းအတွက်...
22/07/2025

“စစ်အာဏာရှင်စနစ်ကြောင့် ကျဆုံးခဲ့ရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ”
ရက်စွဲ ။ ။ ဇူလိုင်လ (၂၂) ရက်၊ ၂၀၂၅ ခုနှစ်
၁။ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် “မဝတ်ရည်အောင်”သည် စစ်အာဏာရှင် စနစ်နှင့် အကြမ်းဖက်စစ်အုပ်စုကို ကိုယ်ကျိုးမငဲ့ဘဲ တွန်းလှန်ရင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံရကာ စစ်ကြောရေးငရဲခန်းတွင် လူသားမဆန်စွာ ညှင်းပမ်း နှိပ်စက်ခံရပြီး ထိုညှင်းပန်းနှိပ်ဆက်ခြင်းကြောင့် ရရှိခဲ့သော ဒါဏ်ရာများနှင့် ကျန်းမာရေးထိခိုက်မှုများကို အကျဉ်းထောင်အတွင်း လုံလောက်သော ဆေးဝါးကုသမှုမရရှိခြင်း၊ ရောဂါပြင်းထန်လာချိန်တွင်လည်း ပြင်ပ ဆေးရုံသို့ပို့ဆောင်၍ ပြည့်စုံသော ဆေးကုသမှု မပေးခြင်းတို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်အတွင်း ကျဆုံးကြောင်း သိရှိရသည့်အတွက် မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ မှ အထူးဝမ်းနည်းကြေကွဲရပါကြောင်း အလေးအနက်ထား ထုတ်ပြန်ကြေညာအပ်ပါသည်။
၂။ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ဂုဏ်ရောင်ပြောင်မြောက်စွာ ကျဆုံးသွားခဲ့ရသည့် “မဝတ်ရည်အောင်” နှင့်အတူ တော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်စနစ်ဆိုးကို ကျရာအခန်းကဏ္ဍကနေပြီး တွန်းလှန်းကြရင်း နည်းမျိုးစုံဖြင့် ကျဆုံးခဲ့ရသော ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူအားလုံး၏ ပေးဆပ်မှုအလုံးစုံကို မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ မှ အလေးနီပြုပါသည်။
၃။ ထို့အတူ လက်ရှိအချိန်အထိ စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသော နိုင်ငံရေး အကျဉ်းသားအားလုံး၏ အကျဉ်းထောင်အတွင်း ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးနှင့် ဆေးဝါးကုသခွင့် အခြေအနေများမှာ အစိုးရိမ်ရဆုံးအခြေအနေတွင် ရောက်ရှိနေပါသည်။ ဆေးဝါးကုသမှု လုံလောက်စွာ မရရှိခြင်းနှင့် စစ်ကောင်စီ၏ နိုင်ငံရေးအကျဉ်းသားများအပေါ် အငြိုးထား အကြမ်းဖက်နှိပ်စက် ဖိနှိပ်မှုများကြောင့် အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ သေဆုံးမှုတိုးမြင့်လာသည်ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်း များအပါအဝင် အဖွဲ့အစည်းပေါင်းစုံမှ စစ်ကောင်စီကို ဘက်ပေါင်းစုံကနေ ဖိအားပေးရန် တိုက်တွန်း နှိုးဆော်အပ် ပါသည်။
၄။ “မဝတ်ရည်အောင်”အပါအဝင် စစ်ကောင်စီလက်အောက် စစ်ကြောရေးငရဲခန်းများနှင့် အကျဉ်းထောင်များ အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရပြီး စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုဒါဏ်များကြောင့် နိုင်ငံရေးအကျဉ်းသား

များ ကျဆုံးသွားခဲ့ရခြင်းအတွက် အဓိက လက်သည်တရားခံမှာ စစ်အာဏာရှင်စနစ်၊ စစ်ကောင်စီနှင့် စစ်အာဏာ ရှင် လက်အောက်ရှိ ဖမ်းဆီးညှင်းပမ်းနှိပ်စက်မှုတွင် အဓိကပါဝင်ကြသော ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အကျဉ်းဦးစီးဌာနအားလုံးတွင်တာဝန်ရှိပါသည်။
၅။ ထို့ကြောင့် သမဂ္ဂကျောင်းသားများနှင့် ပြည်သူလူထုတစ်ရပ်လုံးအပေါ် လူမဆန်စွာ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခံနေရသည့် စစ်ကောင်စီ၏ ကျူးလွန်မှုများအတွက် တရားမျှတမှုအမြန်ဆုံးရရှိစေရန်နှင့် မတရား ဖမ်းဆီးခံထားရသူအားလုံး အမြန်ဆုံးလွတ်မြောက်စေရေးအတွက် စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တရားဟူသည့် စစ်သုံးစစ်နှင့် စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ဖြတ်တိုက်ထုတ်ရန် မိမိတို့နိုင်ရာ ကဏ္ဍက နေပြီး တတ်အားသမျှအစွမ်းကုန် ကြိုးစား တော်လှန်ကြရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

“တော်လှန်ရေးသစ္စာဖြင့်……..”

အလုပ်အမှုဆောင်အဖွဲ့
မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ - မကတကသ
#မဝတ်ရည်အောင်

#မကတကသ

“ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး” ကမ်ပိန်းရည်မှန်းချက် - အမေရိကန်ဒေါ်လာ (၄) သိန်းကမ်ပိန်းကာလ - ၂၀၂...
15/07/2025

“ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး” ကမ်ပိန်း
ရည်မှန်းချက် - အမေရိကန်ဒေါ်လာ (၄) သိန်း
ကမ်ပိန်းကာလ - ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၅) မှ ဩဂုတ်လ (၃၁) အထိ
စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများကို အကြမ်းဖက်စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခြင်းများ၊ ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ဆရာများ၊ ကျောင်းသားများ၊ ကလေးသူငယ်များ သေဆုံးထိခိုက်ခဲ့ရပါသည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ်များ ကာကွယ်ရေးအစီအမံများရှိသည့်ကျောင်းများတွင် ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့် ရရှိနိုင်စေရန်အတွက် “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး” ကမ်ပိန်းတွင် ပါဝင်လှုဒါန်းကူညီပံ့ပိုးပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
ဆက်သွယ်လှုဒါန်းနိုင်မည့်နေရာများကို ဆက်လက်ကြေညာပေးသွားပါမည်။

"Safe Schools, Safe Education" Campaign
Target: USD 400,000
Campaign Duration: July 15 – August 31, 2025
Across Myanmar, schools—which should never be military targets—have been brutally attacked by the military junta through targeted airstrikes and armed assaults. As a result, many teachers, students, and children have been injured, displaced, or killed.
This campaign calls for support to ensure that children in Myanmar can continue their education in safe learning environments equipped with protection measures.
We invite you to join and support the “Safe Schools, Safe Education” campaign to help protect the right to education for every child in conflict-affected areas.
Donations and contact information will be announced soon.








မကွေးဒေသပညာရေးညီလာခံတက်ရောက်သည့် ကိုယ်စားလှယ်တစ်ဦး ခြိမ်းခြောက်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ နောက်ဆက်တွဲ ထုတ်ပြန်ချက် (၁၄-၇-...
14/07/2025

မကွေးဒေသပညာရေးညီလာခံတက်ရောက်သည့် ကိုယ်စားလှယ်တစ်ဦး ခြိမ်းခြောက်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ နောက်ဆက်တွဲ ထုတ်ပြန်ချက် (၁၄-၇-၂၀၂၅)

07/07/2025

❝ဆဲဗင်း ဂျူလိုင် သွေးကြွေးဆပ်၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်❞

(၆၃)ခုနှစ် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် (ရုပ်/သံ)

၁၉၆၂ ခုနှစ်မှာ တိုင်းပြည်ရဲ့အာဏာကို မတရားအာဏာသိမ်းယူခဲ့တဲ့ ဗိုလ်နေဝင်း စစ်အစိုးရကို ကျောင်းသားတွေက အပြင်းအထန် ဆန့်ကျင်ခဲ့ကြတယ်။ ဒါကို ဗိုလ်နေဝင်း စစ်အစိုးအရက တင်းကြပ်တဲ့ ကျောင်းဆောင်စည်းကမ်းအသစ်တွေ ထုတ်ပြန်လိုက်တဲ့အခါ ကျောင်းသားသမဂ္ဂတွေဦးဆောင်တဲ့ ကျောင်းသားထုကြီးက ဆန့်ကျင်ဆန္ဒပြပါတော့တယ်။

အဲ့ဒီအခါ ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်တပ်က ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား ရာကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်ပြီး သမဂ္ဂအဆောက်အဦကိုလည်း ဗုံးခွဲဖျက်ဆီးလိုက်ပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ဖြိုခွင်းတတ်တဲ့ စစ်အုပ်စုရဲ့ သမိုင်းကြောင်းက ဒီကနေ့မှာ အစပျိုးခဲ့တယ်လို့ ဆိုရပါမယ်။

ဗိုလ်နေဝင်းကစလို့ စစ်အာဏာရှင်အဆက်ဆက်က ဘယ်လိုပဲ ဖိနှိပ်ဖိနှိပ် ကျောင်းသားထုကတော့ ၆၃ နှစ်အကြာ ဖက်ဆစ်စစ်တပ်ရဲ့ တကျော့ပြန်အာဏာသိမ်းတဲ့ကာလအထိလည်း ဆန့်ကျင်တော်လှန်နေဆဲပါပဲ။ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား ဆိုတဲ့ စစ်သုံးစစ်ကို တောင်ပေါ်မြေပြန့် လူမျိုးပေါင်းစုံမကျန် ရဟန်းရှင်လူကျောင်းသားပြည်သူလူထု စုပေါင်းပြီး အမြစ်ဖြတ်သုတ်သင်ကာမှ ဒီစစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းမှာ ဖြစ်တယ်။ တိုင်းပြည် နဲ့ပြည်သူလူထုတရပ်လုံးကြုံတွေ့နေရတဲ့ အထွေထွေအကြပ်အတည်းကြီးကိုလည်း ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

မိမိရဲ့ အခြေခံ လူမှုလွတ်လပ်ခွင့်၊ ရပိုင်ခွင့်နဲ့ ကျောင်းသားထုအခွင့်အရေးတွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်ကြဖို့ စစ်အာဏာရှင်စနစ်ကို ရရာနည်းလမ်းပေါင်းစုံနဲ့ တော်လှန်အံတုရင်း ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးမှာ ပါဝင်တိုက်ပွဲဝင်ကြဖို့ မိမိတို့ ကျောင်းသားအင်အားစုများက တိုက်တွန်းနှိုးဆော်အပ်ပါတယ် ခင်ဗျာ။

#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

ဇူလိုင်လ(၇)ရက်နေ့ဟာဆိုရင် 7 July လို့ခေါ်တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ သမဂ္ဂအဆောက်အဦးအတွင်း ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်အာဏာသိမ...
07/07/2025

ဇူလိုင်လ(၇)ရက်နေ့ဟာဆိုရင် 7 July လို့ခေါ်တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ သမဂ္ဂအဆောက်အဦးအတွင်း ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရေး ငြိမ်းချမ်းစွာဟောပြောနေတဲ့ တကသ၊ ရကသနဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေအပါအဝင် ကျောင်းသားတွေကိုရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ သမိုင်းဝင် နေ့တစ်နေ့ဟာ ၆၃ နှစ်ပြည့်ခဲ့ပြီလဲဖစ်ပါတယ်။ ကိုလိုနီခေတ် ပထမကျောင်းသားသပိတ်ကစလို့ ခေတ်အဆက်ဆက် အာဏာရှင်မှန်သမျှကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ကျောင်းသားထုလှုပ်ရှားမှုတွေထဲက 1962 ခုနှစ် July7ဟာလဲ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ မေ့ပျောက်ပစ်လို့မရတဲ့ နေ့တစ်နေ့လဲ​ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို အသက်သွေးနဲ့ ရင်းပြီး တော်လှန်ခဲ့ကြတဲ့ကျောင်းသားထုရဲ့ ရပ်တည်ချက်ဟာ ယနေ့ထိတိုင်ရှင်သန်နေဆဲဖြစ်ပါတယ်။ စစ်အုပ်စုရဲ့လုယူဖျက်ဆီးခံလိုက်ရတဲ့ မြန်မာ့ဒီမိုကရေစီ ကိုပြန်လည်ရရှိရေး ကျောင်းသားထုဟာ ယနေ့တိုင်ပါဝင်တော်လှန်နေဆဲဖြစ်သလို စစ်အုပ်စုရဲ့ ကျူးလွန်မှုမှန်သမျှ ပြစ်ဒဏ်ကင်းလွတ့ခွင့်ရရှိနေတဲ့ အလေ့အထကိုလည်း တော်လှန်ကြရမှာဖြစ်ပါတယ်။
နောက်ပြီး 7 Julyဟာ ကျောင်းသားထုနဲ့ စစ်အုပ်စုကြားက ပဋိပက္ခတိုက်ပွဲတစ်ခုမဟုတ်ဘဲ ပြည်သူလူထုတစ်ရပ်လုံးနဲ့ ပြည်သူ့အာဏာကိုအဓမ္မသိမ်းယူထားတဲ့ စစ်အာဏာရှင်ကြားက ရန်၊ ငါစည်းကို ပြတ်ပြတ်သားသားပိုင်းခြားပေးခဲ့တဲ့ တိုက်ပွဲတစ်ခုဖြစ်ပါတယ်။"ကျောင်းသားများရဲ့ လက်နက်ဟာကြွေးကြော်ခြင်း" ဆိုသလို ကျောင်းသားတွေဟာလက်နက်မဲ့တိုက်ပွဲဝင်ခဲ့ကြသော်လည်း စစ်အုပ်စုဟာအနာဂါတ် နိုင်ငံတော်ကိုဦးဆောင်ကြမဲ့ မျိုးဆက်သစ်ကျောင်းသားတွေကို လက်နက်အားကိုးနဲ့ ပစ်ခတ်သတ်ဖြတ် ခဲ့သလို နိုင်ငံရေးသိမ်လို့ သမုတ်ကြတဲ့ လွတ်လပ်​ရေးခေါင်းဆောင်ကြီးတွေကိုမွေးထုတ်ပေးခဲ့တဲ့ကျောင်းသားသမဂ္ဂရဲ့သမိုင်းဝင် သမဂ္ဂအဆောက်အဦးကြီးကိုလဲ ဒိုင်းနမိုက်နဲ့ဖောက်ခွဲဖျက်ဆီးခဲ့ကြပြီး ဒီမိုကရေစီအရေး ကျောင်းသားထုလှုပ်ရှားမှုတွေနဲ့ ကျောင်းသားသမဂ္ဂတွေကို ဦးချိုးဖို့အတွက် အနိုင်ကျင့်ဖိနှိပ်ခဲ့ကြတာဖြစ်ပါတယ်။ ယနေ့နွေဦးတော်လှန်ရေးမှာလည်းကျောင်းသားထုရဲ့စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေဆဲဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ(၂) ရက်နေ့စစ်အာဏာသိမ်းပြီး ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တွေရဲ့ တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းခံပြီး စစ်အုပ်စုရဲ့ ပညာရေးနယ်ပယ်အတွင်းဝင်ရောက်ချယ်လှယ်ခံခဲ့ရချိန်ကနေစပြီး မြန်မာ့ပညာရေးစနစ်ကို စစ်အာဏာရှင်တွေအလိုကျ ဖျက်ဆီးခံခဲ့ရတာဖြစ်လို့ စစ်ကျွန်ပညာရေးစနစ်အမြစ်ဖြတ်ပြီး ဒီမိုကရေစီပညာရေးစနစ်ကို ဆက်လက်ဖော်ဆောင်ကြရမှာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် 7 July ရယ်လို့ ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းနောက်ခံမှာ ကျောင်းသားထုရဲ့ အသက်သွေးတွေနဲ့ စစ်အာဏာရှင်စနစ်ကိုတော်လှန်ခဲ့ကြတဲ့ 7 July စိတ်ဓာတ်ကိုကိုင်ဆွဲက ကျောင်းသား ပြည်သူတစ်ရပ်လုံးရဲ့ စုစည်းမှုအားနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ အာဏာရှင်စနစ်မှန်သမျှကို အ​​မြစ်ပြတ်တော်လှန်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ဖိုးချိုလေး
မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ
ကျောင်းသားသမဂ္ဂတပ်ပေါင်းစုမကွေး

မကွေးဒေသပညာရေးညီလာခံကျင်းပခြင်းအပေါ် စွပ်စွဲပြောကြားခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်မကွေးဒေသပညာရေးညီလာခံသည် (၂၁-၆-၂၀၂၅) ရ...
26/06/2025

မကွေးဒေသပညာရေးညီလာခံကျင်းပခြင်းအပေါ် စွပ်စွဲပြောကြားခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်

မကွေးဒေသပညာရေးညီလာခံသည် (၂၁-၆-၂၀၂၅) ရက်နေ့မှ (၂၄-၆-၂၀၂၅) ရက်နေ့ထိ (၄) ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ မကွေးဒေသပညာရေးညီလာခံသည် ဒေသအတွင်းရှိ ကြားကာလယာယီတက္ကသိုလ် ကောင်စီများ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ အရပ်ဖက်ပညာရေးအဖွဲ့များ၊ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများ၊ CDM/Volunteer ဆရာ၊ ဆရာမများစုပေါင်း၍ မကွေးဒေသ၏ ပညာရေးလုပ်ငန်းဖြစ်စဉ်များ တိုးတက်ကောင်းမွန် စေရေးကိုရည်သန်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။ မကွေးဒေသပညာရေးညီလာခံ မကျင်းပမီ ဒေသတွင်း မြို့နယ်ဘုတ်အဖွဲ့ပေါင်း (၂၀) ထံမှ ညီလာခံကျင်းပခြင်းအပေါ် ကန့်ကွက်ခံထားရသည်။

မကွေးဒေသပညာရေးညီလာခံကျင်းပနေစဉ် ညီလာခံနောက်ဆုံးရက်(၂၄-၆-၂၀၂၅)တွင် ညီလာခံ တက်ရောက်သူ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပညာရေးညီလာခံတက်ရောက်ခြင်းအပေါ် တားမြစ်ကန့်ကွက်ခံ ရသည့် အခြေအနေတစ်ခုပေါ်ပေါက်ခဲ့သည်။ ညီလာခံအစီအစဉ်အရ သဘာပတိများက ညီလာခံအတွင်း ဆွေးနွေးချက်များကို အနှစ်ချုပ်ခြင်းနှင့် အတည်ပြုချက်ဆောင်ရွက်နေသည့်အချိန်တွင် ဂန့်ဂေါမြို့နယ်မှ တက်ရောက်သူ ကိုယ်စားလှယ်အနေဖြင့် ယနေ့ညီလာခံတက်ရောက်နေစဉ် ကျေးရွာအုပ်ချုပ်ရေးရုံးထံ ခေါ်ယူခံရပြီး အုပ်ချုပ်ရေးမှူးက ယခုညီလာခံသည် စစ်ကောင်စီ၏ဒေါက်တိုင် အုပ်စုများက ကျင်းပဆောင်ရွက် ခြင်း ဖြစ်သည့်အတွက် မတက်ရောက်ရန် တားမြစ်ခံရကြောင်း သဘာပတိများနှင့် ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်တော်များရှေ့မှောက်တွင် ဖော်ထုတ်ပြောကြားခဲ့သည်။ ထိုပြောကြားချက်ကို သဘာပတိများက ပြန်လည်ဖြေရှင်းခဲ့ပြီး သဘာပတိတစ်ဦးဖြစ်သူ ဒေါက်တာလောကနတ်ကိုယ်တိုင် တက်ရောက်သူ ကိုယ်စားလှယ် ၏ လုံခြုံဘေးကင်းစေရန်အတွက် အများရှေ့မှောက်တွင် ဆက်သွယ်ဆောင်ရွက်ပေးခဲ့သည်။

မကွေးဒေသပညာရေးညီလာခံသည် ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများ၊ နွေဦးတော်လှန်ရေးအတွင်း ပေါက်ဖွားလာသော ယာယီတက္ကသိုလ်ကောင်စီများ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် CDM/Volunteer ဆရာ၊ ဆရာမများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ လွှတ်တော်အမတ်များ တက်ရောက်ပါဝင်၍ ကျင်းပနေခြင်း ဖြစ်သည်။ ညီလာခံနောက်ဆုံးရက်၌ပင် မကွေးတိုင်း၊ တောင်တွင်းသားဖြစ်သူ ဆေးတက္ကသိုလ် (၁) CDM ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးကိုယ်တိုင် တက်ရောက်၍ အလှည့်ကျသဘာပတိအနေဖြင့် အမှတ်တရစကား ပြောကြားခဲ့ သည်။

မကွေးဒေသပညာရေးညီလာခံကျင်းပရန် စီစဉ်ဆောင်ရွက်နေသည့်အချိန်တည်းက ပညာရေးဝန်ကြီးဌာန၊ ဖက်ဒရယ်ဒီမိုကရေစီပညာရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်၊ မကွေးဒေသအတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စသည်တို့နှင့် တွေ့ဆုံခဲ့ပြီး ပညာရေးညီလာခံကျင်းပရသည့် ရည်ရွယ်ချက်များ၊ ဆွေးနွေးချက်များအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။

ယခုကဲ့သို့ မကွေးဒေသပညာရေးညီလာခံသည် စစ်ကောင်စီ၏ဒေါက်တိုင် အုပ်စုများက ကျင်းပခြင်းဖြစ် သည်ဟု စွပ်စွဲချက်၊ ပြောကြားချက်သည် လက်မခံနိုင်ဖွယ်ရာဖြစ်သည်။ ပြည်သူလူထုအမြင်၌ ညီလာခံ၏ သဘာပတိများအပါအဝင် တက်ရောက်သူ ကိုယ်စားလှယ်များအပေါ် တော်လှန်ရေးဂုဏ်သိက္ခာညှိုးနွမ်းအောင် စွပ်စွဲပြောကြားချက်ပင်ဖြစ်သည်။ ထို့ကြောင့် အဆိုပါစွပ်စွဲပြောကြားချက်နှင့် ပတ်သက်သည့် သက်ဆိုင်သူများပေါ် ပေါက်လာစေရန် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နိုင်ရန် ဤကြေညာချက်အား ထုတ်ပြန်အပ်ပါသည်။

မကွေးဒေသပညာရေးညီလာခံ ဖြစ်မြောက်ရေးကော်မတီ
ပညာရေးကော်မတီ၊ ဗဟိုစည်းရုံးရေးကော်မတီ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

မကွေးဒေသပညာရေးညီလာခံတက်ရောက်သည့် ကိုယ်စားလှယ်တစ်ဦး ခြိမ်းခြောက်ခံရသည့်အပေါ် ကြေညာချက်  မကွေးဒေသပညာရေးညီလာခံသည် (၂၀၂၅) ခု...
24/06/2025

မကွေးဒေသပညာရေးညီလာခံတက်ရောက်သည့် ကိုယ်စားလှယ်တစ်ဦး ခြိမ်းခြောက်ခံရသည့်အပေါ် ကြေညာချက်
မကွေးဒေသပညာရေးညီလာခံသည် (၂၀၂၅) ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အတွင်း ကျင်းပပြုလုပ် ပြီးစီးခဲ့ပါသည်။ မိမိတို့ ကျောင်းသားသမဂ္ဂများတပ်ပေါင်းစု - မကွေးအနေဖြင့် မကွေးဒေသပညာရေး ညီလာခံ ဖြစ်မြောက်ရေးအတွက် စတင်သည့်အချိန်မှစ၍ ညီလာခံ အောင်မြင်စွာကျင်းပပြီးစီးသည့်အချိန်အထိ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ မကွေးဒေသပညာရေးညီလာခံသည် ဒေသအတွင်းရှိ ကြားကာလယာယီတက္ကသိုလ်ကောင်စီများ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ အရပ်ဖက်ပညာရေးအဖွဲ့များ၊ ကျောင်းသားသမဂ္ဂ၊ ဆရာမသမဂ္ဂများ၊ အခြေခံ၊ အဆင့်မြင့်၊ သက်မွေး၊ ဆရာအတတ်သင်စသော ပညာရေးကဏ္ဍအသီးသီးမှ CDM ဆရာ၊ ဆရာမများ၊ Volunteer ဆရာ၊ ဆရာမများ၊ ဒေသတွင်း တိုင်းရင်းသားလူမျိုးစုများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များစသော အလွှာအသီးသီးမှ ကိုယ်စားလှယ်များပါဝင်သော ပညာရေးညီလာခံဖြစ်သည်။ သဘာပတိများအနေဖြင့်လည်း အလုပ်သမားသမဂ္ဂ၊ CDM လှုပ်ရှားမှုတွင်ပါဝင်သော ပါမောက္ခချုပ်၊ ပါမောက္ခစသော နောက်ခံရှိသည့် ဆရာ၊ ဆရာမများမှ ပါဝင်လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။ မကွေးဒေသပညာရေးညီလာခံကျင်းပသော တတိယရက်၊ ညီလာခံနောက်ဆုံးရက်တွင် ညီလာခံ တက်ရောက်သော ကိုယ်စားလှယ်တော်အနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ ခြိမ်းခြောက်ဖိအားပေးမှုကို ခံခဲ့ရကြောင်း ကြားသိရသည်။ ဂန့်ဂေါမြို့နယ်၊ ရေရှင်ကျေးရွာအုပ်ချုပ်ရေးမှူးသည် ညီလာခံ တက်ရောက်သော ကိုယ်စားလှယ်တော်အား ကျေးရွာအုပ်ချုပ်ရေးရုံးထံခေါ်ယူ၍ ညီလာခံသည် စစ်ကောင်စီ၏ ဒေါက်တိုင် အဖွဲ့အစည်းများမှ ကျင်းပခြင်းဖြစ်ပြီး မတက်ရောက်ရန် ဖိအားပေးအကြပ်ကိုင်ခဲ့သည်။ ကိုယ်စားလှယ်တော် အနေဖြင့် တော်လှန်ရေးတွင်ပါဝင်သော အစုအဖွဲ့များ၊ CDM များပါဝင်၍ ကျင်းပသောညီလာခံဖြစ်ကြောင်း ရှင်းပြပြောဆိုသော်လည်း ညီလာခံတက်ရောက်သော ကိုယ်စားလှယ်ထံနောက်သို့ ကျေးရွာ ပကဖများ၏ နောက်ယောင်ခံလိုက်မှုများ ကြုံတွေ့ခဲ့ရသည်။ ယခုအပြုအမူများသည် ကိုယ်စားလှယ်၏ ရပိုင်ခွင့်အခွင့်အရေးများ ကို ချိုးဖောက်ကန့်သတ်ရာရောက်သည်။ ထို့အပြင် နောက်ယောင်ခံလိုက်ရသော ကိုယ်စားလှယ်၏ လုံခြုံရေးသည် စိုးရိမ်ဖွယ်ရာ အခြေအနေတွင်ရှိသည်။ ကိုယ်စားလှယ်၏ လုံခြုံရေးသည် ခြိမ်းခြောက်ခံရမှု၊ ဘေးအန္တရာယ် ထိခိုက်မှုများ ရှိပါက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အပါအဝင် မြို့နယ်အုပ်ချုပ်ရေး၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ထံတွင် တာဝန်အပြည့်ရှိကြောင်း သတိပေးလိုက်သည်။ မကွေးဒေသပညာရေးညီလာခံကျင်းပခြင်းအပေါ် ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အပါအဝင်၊ ထီးလင်း၊ ဆော၊ မြိုင်၊ ပေါက်၊ ပခုက္ကူ၊ ရေစကြို၊ ဆိပ်ဖြူစသော မြို့နယ်ဘုတ် (၂၀) မှ ကန့်ကွက်စာထုတ်ထားသည်။ သို့ရာတွင် အဆိုပါကန့်ကွက်စာသည် မြို့နယ်အတွင်းရှိ CDM, Volunteer ဆရာ၊ ဆရာမများ၏ သိရှိမှုမပါဝင်သည့် အပြင် အဆိုပါ ဆရာ၊ ဆရာမများ ညီလာခံတက်ရောက်နိုင်ရန်ကိုလည်း တားမြစ်ပိတ်ပင်ထားသည်။ ယခု ခြိမ်းခြောက်မှု ဖြစ်ပွားရာ ဂန့်ဂေါမြို့နယ်အတွင်း မြို့နယ်ပညာရေးဘုတ်တာဝန်ခံကိုယ်တိုင် ပညာရေးညီလာခံအား မတက်ရောက်ရန် ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။ ပညာရေးညီလာခံတက်ရောက်ခွင့်သည် မကွေးဒေသအတွင်းရှိ ပညာရေးအကျိုးသက်ဆိုင်သူများ၏ ရပိုင်ခွင့် အခွင့်အရေးဖြစ်ပြီး ထိုသို့ မတက်ရောက်ရန် တားမြစ်နေမှုသည် ဖက်ဒရယ်ဒီမိုကရေစီပညာရေး၏ စံနှုန်းများကို ချိုးဖောက်နေသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီတို့ အနေဖြင့် ယခုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရမည်ဖြစ်ပြီး ဖြစ်စဉ်အတွင်း ကျူးလွန်ခံရသူအပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုအပြည့်အဝပေးရန်နှင့် ဖြစ်စဉ်အတွင်း ပါဝင်ကျူးလွန်ခဲ့သူများအား ထိုက်သင့်သော အရေးယူဆောင်ရွက်မှုများဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်အပ်သည်။ သို့မဟုတ်ပါက ပညာရေးဆိုင်ရာ မူဝါဒ ချမှတ်မှု၊ စီမံခန့်ခွဲမှု အခန်းကဏ္ဍတို့တွင် တော်လှန်ရေးကာလတစ်လျှောက် ဆက်လက်မဆောင်ရွက်နေတော့ သင့်ကြောင်း သတိပေးအပ်ပါသည်။

List of 22 People Killed in the Ooe Htein Twin Village Bombing**It has now been confirmed that a total of *22 people*, i...
13/05/2025

List of 22 People Killed in the Ooe Htein Twin Village Bombing**

It has now been confirmed that a total of *22 people*, including *20 students* and *2 female teachers*, have died due to the bombing attack on Ooe Htein TwinVillage in Depayin Township. This is the latest verified list available at this time. As there are still students who are severely injured, the number of fatalities may increase.

More than *60 students* were injured, and all are currently receiving medical treatment.

Local civilians and resistance groups strongly believe that the school was intentionally targeted and directly bombed.

Below is the list of confirmed fatalities, obtained from a healthcare provider and rescue worker involved in the emergency response:

Ma That Hta Wai (Grade 11)
Maung Soe Moe Thun (Grade 3)
Maung Chan Myay Aung (Grade 4)
Ma Shun Lae Wai (Grade 2)
Ma Phyo Wai Phyo (Grade 3)
Ma Thun Set Phyu (Grade 2)
Ma Htet Yati Htun (Grade 4)
Maung Myat Noe Maung Maung (Grade 9)
Ma Mone Mie Mie Aung (Grade 4)
Ma Moe Hae Kyaw (Grade 4)
Ma Moe Moe Win (Grade 10)
Ma Hla Ohn Me (Grade 7)
Ma Moe Myint Han (Grade 7)
Ma Aye Nyein San (Grade 3)
Maung Zeya Phyo (Grade 5)
Ma Chelly Moe (Grade 2)
Maung Lwan Paing Htet (Grade 2)
Ma Myat Noe Oo (Grade 7)
Ma Nyein Shwe Yati Moe (Grade 2)
Ma Su Lat Naing (Grade 2)
Daw Pan Moe Moe Wai – Teacher
Daw Zin Mar Thu – Teacher

“သဘောထားထုတ်ပြန်ချက်”ရက်စွဲ။ ။ ၂၀၂၅ ခုနှစ် မေလ (၁၃) ရက်၂၀၂၅ ခုနှစ် မေလ (၁၂) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်တွင် အကြမ်းဖက်...
13/05/2025

“သဘောထားထုတ်ပြန်ချက်”
ရက်စွဲ။ ။ ၂၀၂၅ ခုနှစ် မေလ (၁၃) ရက်
၂၀၂၅ ခုနှစ် မေလ (၁၂) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီမှ အရပ်သားများတည်ရှိရာ စစ်ကိုင်းဒေသ၊ ဒီပဲယင်းမြို့နယ်၊ အိုထိန်းကျေးရွာရှိ လူထုအခြေပြု၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလပညာရေးဖော်ဆောင်နေသော စာသင်ကျောင်းကို လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဆရာ၊ဆရာမ (၂) ဦးအပါအဝင် ငြိမ်းချမ်း လွတ်လပ်စွာ ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၀) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ကျောင်းသား/သူ (၅၀) ဝန်းကျင်ရှိကြောင်း ကြားသိရသဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများနှင့်အတူ မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားခရစ်ယာန်လှုပ်ရှားမှုအဖွဲ့ - မကွေး (ကျောင်သားခရစ်ယာန် သမဂ္ဂ) မှ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
မိမိတို့ ကျောင်းသားအင်အားစုများအနေဖြင့် အကြမ်းဖက်စစ်တပ်၏လူမဆန်စွာ လေကြောင်းမှ တဆင့် စစ်ကိုင်းဒေသ ဒီပဲယင်းမြို့နယ် အိုထိန်းကျေးရွာရှိ အရပ်သားပစ်မှတ် စာသင်ကျောင်းအား ဗုံးကြဲတိုက်ခိုက်မှုအပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချသည်။ ထို့ကြောင့် ပညာသင်ကြားနေသော စာသင်ကျောင်းများကို လေကြောင်းတိုက်ခိုက်ခြင်းသည် နိုင်ငံတကာ၏ လွတ်လပ်စွာပညာသင်ကြားခွင့် နှင့် ကလေးသူငယ်အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေမှုဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ကျန်းမာရေးဌာနများ၊ စစ်ဘေးရှောင်စခန်းများ နှင့် အရပ်သားလူစုလူဝေးနေရာများအား လေကြောင်းမှတဆင့် မကြာခဏ တိုက်ခိုက်လျက်ရှိသည်။ ယခု အိုးထိန်းကျေးရွာ စာသင်ကြောင်းအပါအဝင် ဒေါဆီးအီး၊ လက်ယက်ကုန်း၊ ပဇီကြီး၊ အနန့်ပါနှင့် မုန့်လိုက်ခက် အပါအဝင် အရပ်သားပစ်မှတ်များ ကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်မှာ လူထုကို အကြောက်တရား ရိုက်သွင်းနေခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုသာမက မီးရှို့ဖျက်ဆီးမှုများ လူမဆန်စွာ သတ်ဖြတ်မှုများကို စစ်ကောင်စီက မကြာခဏကျူးလွန်နေသည်မှာ အကြမ်းဖက်လုပ်ရပ်များကို ယဉ်ပါးနေသော လူမိစ္တာ အသွင်ဖြစ်နေပြီဖြစ်သည်။ စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲရေးသည်လည်း နိုင်ငံတကာစာမျက်နှာတွင် စာအဖြစ်သာတည်ရှိပြီး လက်တွေ့ အကောင်အထည်ဖော်ကျင့်သုံးနေခြင်းမရှိကြောင်း မြင်တွေ့နေရပြီ ဖြစ်သည်။ ထိုကဲ့သို့ လုပ်ရပ်များအတွက် တရားမဝင်အာဏာသိမ်းစစ်တပ်မှ အပြည့်အဝတာဝန်ယူရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် အကြမ်းဖက် စစ်တပ်အား တွေ့ဆုံဆွေးနွေးခြင်းလမ်းစဉ်ဖော်ဆောင်ခြင်းထက် မကြာခဏဆိုသလို ရာဇဝတ်မှု ကျူးလွန်နေသော အကြမ်းဖက်စစ်တပ်ကိုသာ ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်ရန် မိမိတို့ ကျောင်းသားသမဂ္ဂများ အနေဖြင့် တိုက်တွန်းလိုက်ပါသည်။

“သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”

အလုပ်အမှုဆောင်အဖွဲ့
မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ

12/04/2025

" တမာမိုး သံချပ် ၂၀၂၅”

မြန်မာနိုင်ငံတဝှမ်းလုံးရှိ တက္ကသိုလ်(၁၂) ခုမှ သမဂ္ဂကျောင်းသား/ကျောင်းသူများ ပါဝင်ဖျော်ဖြေထားသော “အတာစိုးမယ့် တမာမိုးသံချပ်”

🌧️ “အတာမိုးနဲ့ တံလျှပ်လာသလို သံချပ်ကဗျာမို့ သံချပ်မကာဘူး”
________
တေးဂီတ၊ အသံဖမ်းနှင့် studio- String Café
ရိုက်ကူးရေး-ကိုဖိုးသင်္ကြန်၊ တယောကိုဖိုးစံ၊ ကိုအံ့ထူး၊ ကိုညီ။

“တမာမိုးသံချပ် ၂၀၂၅” ကို ဖြစ်မြောက်အောင် အဘက်ဘက်က ကူညီပေးကြတဲ့ ကိုအငယ်ဆုံးလေး၊ ဒေါက်တာဝေယံလင်း၊ ကိုအေးချမ်း၊ ကိုထန်ထန်၊ String Café နဲ့ အနယ်နယ်အရပ်ရပ်က တမာမိုးအဖွဲ့သားများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

#တမာမိုး #တမာမိုးသံချပ် #သံချပ်
#မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ

“သဘောထားထုတ်ပြန်ချက်”ရက်စွဲ။ ။ ၂၀၂၅ ခုနှစ် မတ်လ (၃၀) ရက်၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းထန်သော ငလျ...
30/03/2025

“သဘောထားထုတ်ပြန်ချက်”
ရက်စွဲ။ ။ ၂၀၂၅ ခုနှစ် မတ်လ (၃၀) ရက်
၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းထန်သော ငလျင်ဒဏ်ကြောင့် သဘာဝ ဘေးဒုက္ခကို ခံစားနေရသည့် မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများနှင့်အတူ မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားခရစ်ယာန်လှုပ်ရှားမှုအဖွဲ့ - မကွေး (ကျောင်သားခရစ်ယာန် သမဂ္ဂ) မှ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
မိမိတို့ ကျောင်းသားအင်အားစုများ အနေဖြင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသော မိဘ ပြည်သူများကို “ငါတို့မှာ ငါတို့ပဲ ရှိသည်” ဟူသောစိတ်ဖြင့် အချင်းချင်း ရိုင်းပင်းကူညီခြင်းဖြင့် ကယ်ဆယ်ရေးနှင့်ပြည်လည်ထူထောင်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ကူညီပေးကြပါရန် တိုက်တွန်းလိုက်ပါသည်။
ယနေ့ မြန်မာနိုင်ငံသည် စစ်ဘေး၊ ရောဂါဘေး၊ ရေးဘေး၊ ငလျင်ဘေး စသော သဘာဝဘေး အမျိုးမျိုးကို မကြာခဏခံနေရသည်ဖြစ်သည့်အတွက် လူထု၏ခံနိုင်ရည်အားမှာကျဆင်းလာ သော်လည်း မိမိတို့ရှိသမျှအင်အားဖြင့် ပြန်လည်ရုန်းထရန်လိုအပ်ကြောင်းအရေးကြီးသကဲ့သို့ ယခုလိုခံစားရမှုတိုင်းသည် စစ်ကောင်စီ၏ သဘာဝတရားကို ပျက်စီးစေကာ မိမိကိုယ်ကျိုးအတွက် ထုတ်ယူသုံးစွဲခဲ့မှုများကို မ‌မေ့မလျော့ဘဲ အဓိကတရားခံနှင့်ရန်သူမှာ စစ်ကောင်စီဖြစ်သည်ကို သတိမပျက်ဖို့အရေးကြီးပါသည်။
နိုင်ငံတကာအနေဖြင့်လည်း မိမိတို့အား လူသားချင်းစာနာကူညီမှုများပေးရာတွင် ဘေးဒုက္ခခံစား နေရသော ပြည်သူလုထုထံသို့လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီဆောင်ရွက် ပေးနေကြသော တော်လှန်ရေးအင်အားစုအသီးသီးနှင့်ချိတ်ဆက်ပြီး လည်းကောင်း ပူးပေါင်း ဆောင်ရွက်၍သာ ကူညီပေးစေလိုကြောင်းနှင့် ရာဇဝတ်တရားခံစစ်အစိုးရနှင့် မပူးပေါင်း မဆောင်ရွက်စေလိုကြောင်း အသိပေးလိုပါသည်။
“လူထုနှင့်အတူ ရုန်းထကြ”

We, the Magway University Student Union, along with the Myanmar Student Christian Movement - Magway Region, share in the sorrow and grief felt by the People of Myanmar, due to the severe earthquake across Myanmar on March 28, 2025. As a student union or student movement, we urge all to assist in relief and rehabilitation efforts for the citizens affected by the earthquake with a spirit of “we only have each other.” It is crucial that we support each other wholeheartedly during these difficult times. Today, Myanmar frequently faces various natural disasters, including war, disease, floods, and earthquakes. While the resilience of the people may be waning, it is vital that we rise again with all the strength we have. It is equally important to remember that each hardship we endure highlights the military junta as the primary culprit, whose selfish exploitation has led to the destruction of the natural order. We must never forget that the military junta is the real enemy. We also call upon the international community to provide humanitarian assistance directly to the affected people or through the revolutionary forces, and to avoid cooperating with or supporting the criminal military junta in any way.
"Rise up with the people!"

Working Committee Student Committee
Magway University Student Union - MGUSU

တုပ်ချက်ပြင်းမယ့် ရင်းနှီးမြှုပ်နှံမှု 🐝ဘုံအနာဂတ် အိမ်ပြန်ခရီးမှာ ဝက်ဝံဆိုးတွေကို တဟုန်ထိုး တုပ်အားပြင်းပြင်းနဲ့ တွန်းလှ...
14/11/2024

တုပ်ချက်ပြင်းမယ့် ရင်းနှီးမြှုပ်နှံမှု 🐝

ဘုံအနာဂတ် အိမ်ပြန်ခရီးမှာ ဝက်ဝံဆိုးတွေကို တဟုန်ထိုး တုပ်အားပြင်းပြင်းနဲ့ တွန်းလှန်ဖို့အတွက် ဘဏ္ဍာစုဆောင်း ရင်းနှီးမည့် ICO Round 2 မှာ နွေဦးပျားများကို ပါဝင်ပျံသန်းဖို့ ဖိတ်ခေါ်ချင်ပါတယ်။

$10 အနည်းဆုံး ရင်းနှီးပြီး နွေဦးဘဏ် ရှယ်ယာဝင်နိုင်ဖို့ SDB အကောင့်တခုရှိရန်သာ လိုအပ်ပါတယ်။

SDB အတွင်း ကြိုက်ရာငွေကြေး ၁၀ မျိုး ဖြင့် ဖြည့်ထားနိုင်ပြီး အပတ်စဉ် သတ်မှတ်ထားတဲ့ exchange rate တန်ဖိုး အတိုင်း Token များကို တိုက်ရိုက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

တုပ်ချက်အားပြင်းဖို့ ICO Round 2 ရင်းနှီးမြှုပ်နှံကြစို့။ 🤩

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

🧑‍🚀 SDB ရှယ်ယာရှင်များ စုဝေးရာ
https://t.me/SpringDevBankCommunity

Address

20° 8′ 10″ N, 94° 56′ 6″ E
Magway
04011

Website

Alerts

Be the first to know and let us send you an email when Magway University Student Union-MGUSU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Magway University Student Union-MGUSU:

Share