25/02/2026
စာလုံးတစ်လုံးတည်းနဲ့ အဓိပ္ပာယ်များစွာ ဖော်ပြနိုင်တဲ့ စကားလုံးတွေ အများကြီးရှိနေတာကို သိထားရဲ့လား ✨🤯
အင်္ဂလိပ်စာဟာ ထူးခြားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာစကားတစ်ခုပါ။ အထူးသဖြင့် စာလုံးပေါင်းက တစ်မျိုးတည်း ဖြစ်ပေမယ့် သူ့ရဲ့ အသုံးပြုပုံပေါ်မူတည်ပြီး အဓိပ္ပာယ်တွေ အများကြီး ကွဲပြားသွားတဲ့ စကားလုံးတွေ ရှိပါတယ်။
ဒီလိုစကားလုံးတွေက ဝေါဟာရကြွယ်ဝမှုကို တိုးတက်စေရုံသာမက အင်္ဂလိပ်စာကို ပိုပြီး နက်နက်နဲနဲ နားလည်စေဖို့ပါ အကူအညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့တော့ 𝐀𝐄𝐋𝐂 နဲ့အတူ ဒီလို စိတ်ဝင်စားစရာ စကားလုံးအချို့တွေကို လေ့လာကြည့်လိုက်ရအောင်။👇
✅𝐒𝐞𝐭 ⚙️
"𝐒𝐞𝐭" ဟာ အင်္ဂလိပ်စာမှာ အဓိပ္ပာယ်အမျိုးမျိုးနဲ့ အများဆုံး အသုံးပြုတဲ့ စကားလုံးတစ်ခုပါ။
📍ကြိယာ (𝐕𝐞𝐫𝐛) အနေနဲ့ဆိုရင်တော့ "ထားသည်"၊ "စီစဉ်သည်"
ဥပမာ - 𝐈 𝐬𝐞𝐭 𝐭𝐡𝐞 𝐛𝐨𝐨𝐤 𝐨𝐧 𝐭𝐡𝐞 𝐭𝐚𝐛𝐥𝐞. (ကျွန်တော် စာအုပ်ကို စားပွဲပေါ်မှာ ထားလိုက်တယ်။)
📍နာမ် (𝐍𝐨𝐮𝐧) အနေနဲ့ကတော့ "အစုအဝေး"၊ "အုပ်စု"
ဥပမာ: 𝐀 𝐬𝐞𝐭 𝐨𝐟 𝐫𝐮𝐥𝐞𝐬 (စည်းကမ်းချက်များ)
📍နာမဝိသေသန (𝐀𝐝𝐣𝐞𝐜𝐭𝐢𝐯𝐞) အနေနဲ့ စဥ်းစားမယ်ဆိုရင်တော့ "သတ်မှတ်ပြီးသား" လို့ အဓိပ္ပါယ် ရပါတယ်။
ဥပမာ - 𝐓𝐡𝐢𝐬 𝐢𝐬 𝐚 𝐬𝐞𝐭 𝐩𝐫𝐢𝐜𝐞. (ဒါက သတ်မှတ်ပြီးသား ဈေးနှုန်းပါ။)
✅𝐑𝐮𝐧 🏃♀️
"𝐑𝐮𝐧" ဆိုတာ "ပြေးသည်" လို့ပဲ အများစုသိကြပေမယ့် အဓိပ္ပာယ်များစွာရှိပါတယ်။
📍ကြိယာ (𝐕𝐞𝐫𝐛) အနေနဲ့မှာ "ပြေးသည်"၊ "လုပ်ငန်းတစ်ခုကို လုပ်ဆောင်သည်"
ဥပမာ - 𝐇𝐞 𝐜𝐚𝐧 𝐫𝐮𝐧 𝐟𝐚𝐬𝐭. (သူ မြန်မြန်ပြေးနိုင်တယ်။)
𝐌𝐲 𝐟𝐚𝐦𝐢𝐥𝐲 𝐫𝐮𝐧𝐬 𝐚 𝐬𝐦𝐚𝐥𝐥 𝐛𝐮𝐬𝐢𝐧𝐞𝐬𝐬. (ကျွန်တော့်မိသားစုက စီးပွားရေးလုပ်ငန်းငယ်လေးတစ်ခု လုပ်ဆောင်နေပါတယ်။)
📍နာမ် (𝐍𝐨𝐮𝐧) အနေနဲ့မှာတော့ "ပြေးလွှားခြင်း"
ဥပမာ ကတော့ 𝐖𝐞 𝐰𝐞𝐧𝐭 𝐟𝐨𝐫 𝐚 𝐦𝐨𝐫𝐧𝐢𝐧𝐠 𝐫𝐮𝐧. (ကျွန်တော်တို့ မနက်ခင်းပြေးဖို့ သွားခဲ့တယ်။)
✅𝐏𝐫𝐞𝐬𝐞𝐧𝐭 🎁
"𝐏𝐫𝐞𝐬𝐞𝐧𝐭" ဟာလည်း တစ်လုံးတည်းနဲ့ပဲ အဓိပ္ပါယ် နှစ်ခု အသုံးပြုနိုင်တဲ့ စကားလုံးတစ်လုံးပဲ ဖြစ်ပါတယ်။
📍နာမ်/နာမဝိသေသန အနေနဲ့ကတော့ "လက်ဆောင်"၊ "လက်ရှိ" လို့ အသုံးပြုလေ့ရှိပါတယ်။
ဥပမာ - 𝐈 𝐛𝐨𝐮𝐠𝐡𝐭 𝐲𝐨𝐮 𝐚 𝐩𝐫𝐞𝐬𝐞𝐧𝐭. (မင်းအတွက် လက်ဆောင်တစ်ခု ဝယ်ခဲ့တယ်။)
𝐇𝐞 𝐢𝐬 𝐩𝐫𝐞𝐬𝐞𝐧𝐭 𝐢𝐧 𝐭𝐡𝐞 𝐫𝐨𝐨𝐦. (သူ အခန်းထဲမှာ ရှိနေတယ်။)
📍ကြိယာ အနေနဲ့ဆိုရင်လည်း အားလုံးသိတဲ့ 𝐏𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 နဲ့ ဆက်စပ်လျက် "တင်ပြသည်" ဆိုပြီး အသုံးပြုလေ့ရှိပါတယ်။
ဥပမာ - 𝐇𝐞 𝐰𝐢𝐥𝐥 𝐩𝐫𝐞𝐬𝐞𝐧𝐭 𝐡𝐢𝐬 𝐢𝐝𝐞𝐚𝐬 𝐚𝐭 𝐭𝐡𝐞 𝐦𝐞𝐞𝐭𝐢𝐧𝐠. (သူ အစည်းအဝေးမှာ သူ့ရဲ့ အကြံဉာဏ်တွေကို တင်ပြပါလိမ့်မယ်။)
✅𝐖𝐚𝐭𝐜𝐡 ⌚
"𝐖𝐚𝐭𝐜𝐡" ကို "စောင့်ကြည့်သည်" အပြင် တခြားအဓိပ္ပာယ်တွေနဲ့လည်း သုံးပါတယ်။
📍ကြိယာ (𝐕𝐞𝐫𝐛) မှာတော့ အားလုံးသိကြတဲ့အတိုင်း "ကြည့်သည်"၊ "စောင့်ကြည့်သည်" အနေနဲ့ အသုံးပြုပါတယ်။
ဥပမာ - 𝐖𝐞 𝐰𝐚𝐭𝐜𝐡𝐞𝐝 𝐭𝐡𝐞 𝐦𝐨𝐯𝐢𝐞. (ကျွန်တော်တို့ ရုပ်ရှင်ကြည့်ခဲ့တယ်။)
𝐏𝐥𝐞𝐚𝐬𝐞 𝐰𝐚𝐭𝐜𝐡 𝐦𝐲 𝐛𝐚𝐠. (ကျွန်တော့်အိတ်ကို စောင့်ကြည့်ပေးပါဦး။)
📍နာမ် (𝐍𝐨𝐮𝐧) အနေနဲ့ကတော့ "နာရီ" ဆိုပြီး အသုံးပြုကြပါတယ်။
ဥပမာ - 𝐌𝐲 𝐰𝐚𝐭𝐜𝐡 𝐢𝐬 𝐛𝐫𝐨𝐤𝐞𝐧. (ကျွန်တော့်နာရီ ပျက်နေတယ်။)
ကဲ ဒီလောက်ဆိုရင်တော့ စကားလုံးတစ်လုံးတည်းကနေ အဓိပ္ပါယ် နှစ်ခုနဲ့ အထက် ကွဲပြားနေတဲ့ ပုံစံကို နားလည်သွားမှာပဲ ဖြစ်ပါတယ်။
ဒီလို စကားလုံးတွေကို လေ့လာထားခြင်းက အင်္ဂလိပ်စာကို ပိုမိုပြည့်စုံစွာ နားလည်စေပြီး စကားပြောတဲ့အခါ၊ စာရေးတဲ့အခါမှာလည်း ပိုမိုကျွမ်းကျင်လာမှာ အသေအချာပါပဲ!🎓📚✨
#အင်္ဂလိပ်စာ