  • Home
  • Myanmar
  • Magway
ကျန်းမာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ရည်ရွယ်ချက်များ၊သဘောထားများနှင့်လုပ်ဆောင်ချက်များကို ပွင့်လင်းမြင်သာစွာ ဖော်ပြပေးမည့် ပေ့ဖြစ်ပါသည်။ ပေ့ကို အခြေခံကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ၊အတွင်းရေးမှုးနှင့် ပြန်ကြားရေးနှင့်ဆက်သွယ်ရေးတာ၀န်ခံတို့မှာ တာ၀န်ယူပြီး သမဂ္ဂသဘောထားများကို ထုတ်ပြန်တင်ပြမည်ဖြစ်ပါသည်။
Monthly Healthcare Project (March) လေးက မကြာခင် ပြီးဆုံးတော့မှာဆိုတော့ မလှူလိုက်ရသေးတဲ့အလှူရှင်တွေ မြန်မြန်လေးလာရောက်လှူ...
06/04/2023
Monthly Healthcare Project (March) လေးက မကြာခင် ပြီးဆုံးတော့မှာဆိုတော့ မလှူလိုက်ရသေးတဲ့အလှူရှင်တွေ မြန်မြန်လေးလာရောက်လှူဒါန်းနိုင်အောင် ထပ်ပြီး remind လုပ်ပါရစေနော် 👀
March လအတွက် လက်ခံရရှိတဲ့ အလှူငွေတွေကို Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် အတွက် ဆေးဝါးပစ္စည်းတွေ ဝယ်ယူပံ့ပိုးရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ် 💁🏻‍♀️
၇.၄.၂၀၂၃ ည ၁၀ နာရီအချိန်အထိ အလှူငွေတွေကို လက်ခံပေးသွားမှာမို့ ကျွန်မတို့နဲ့အတူတူ ရဲဘော်တွေကို အားပေးကူညီကြရအောင်လားရှင်
ကျွန်မတို့ရဲ့ Monthly Health Care Project (March) အတွက် အလှူငွေတွေကို လာမယ့်သောကြာနေ့ (7.4.2023) ထိပဲ လက်ခံပေးသွားတော့မှ...
04/04/2023
ကျွန်မတို့ရဲ့ Monthly Health Care Project (March) အတွက် အလှူငွေတွေကို လာမယ့်သောကြာနေ့ (7.4.2023) ထိပဲ လက်ခံပေးသွားတော့မှာ ဖြစ်ပါတယ်ရှင့်။ အလှူငွေပမာဏ ၁၁ သိန်းအထိ မျှော်မှန်းထားခဲ့ပေမယ့် အခုအချိန်ထိတော့ အလှူငွေ ၃ သိန်းကျော်ကျော်လေးပဲ ရပါသေးတယ်ရှင့် 🥺
ဒါကြောင့် ရဲဘော်တွေကို ဆေးဝါးပစ္စည်းကူညီလှူဒါန်းပေးချင်တဲ့ အလှူရှင်ပြည်သူတွေအနေနဲ့ ၇ ရက်နေ့မတိုင်မီအထိ လာရောက်လှူဒါန်းပေးကြဖို့ တောင်းဆိုပါတယ်နော် 🙇‍♀️ အလှူငွေပမာဏကန့်သတ်ထားခြင်းမရှိတာကြောင့် မိမိတို့တတ်နိုင်သလောက် နည်းများမဆို ပါဝင်လှူဒါန်းပေးနိုင်ပါတယ်ရှင့် ❤️
ရဲဘော်တွေကို Health Care Support ပေးနိုင်ဖို့ စီစဥ်ထားတဲ့ Project လေးက အခုထိတော့ အလှူငွေ ၂၅၀,၀၀၀ ကျပ်ပဲ ရပါသေးတယ်ရှင့် 🥺...
10/03/2023
ရဲဘော်တွေကို Health Care Support ပေးနိုင်ဖို့ စီစဥ်ထားတဲ့ Project လေးက အခုထိတော့ အလှူငွေ ၂၅၀,၀၀၀ ကျပ်ပဲ ရပါသေးတယ်ရှင့် 🥺
ကျွန်မတို့ မျှော်မှန်းထားတဲ့ အလှူငွေပမာဏက ၁၁ သိန်းကျပ်ဆိုတော့ တော်တော်လေးလိုနေပါသေးတယ်။
တော်လှန်ရေးမြန်မြန်အောင်နိုင်ပြီး လိုချင်တဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း စိတ်အား၊ လူအား၊ ငွေအားနဲ့ တက်တက်ကြွကြွပူးပေါင်းပါဝင်ပေးဖို့ လိုပါတယ်နော်။ ဒါကြောင့် အခုလိုမျိုး ဆေးဝါးအကူအညီလိုအပ်နေတဲ့ ရဲဘော်တွေအတွက် အတတ်နိုင်ဆုံးဖြည့်ဆည်းကူညီပေးကြဖို့ တိုက်တွန်းပါရစေရှင် 🙇‍♀️
ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများပေးနိုင်ရန် CDM ကျန်းမာရေးပညာရှင်များအား ဖိတ်ခေါ်ခြင်း
07/03/2023
ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများပေးနိုင်ရန် CDM ကျန်းမာရေးပညာရှင်များအား ဖိတ်ခေါ်ခြင်း
ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများပေးနိုင်ရန် CDM ကျန်းမာရေးပညာရှင်များအား ဖိတ်ခေါ်ခြင်း
လျှောက်ထားလိုသူများအနေဖြင့် CDM ဖြစ်ကြောင်း အထောက်အထားနှင့်တကွ လာရောက်စုံစမ်းနိုင်ပါသည်။
ကူညီကြမည့် ကျန်းမာရေးပညာရှင်များအတွက်
(၁) နေထိုင်ရေးနှင့် စားသောက်ရေး
(၂) လုံခြုံရေး
(၃) လစဉ် ဂုဏ်ပြုချီးမြှင့်ငွေတို့ကို တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
မတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ နောက်ဆုံးထား၍ လာရောက်လျှောက်ထားကြဖို့ လေးစားစွာ တိုက်တွန်းလိုက်ပါသည်။
ကျွန်တော်တို့ရဲ့ လုံခြုံအေးချမ်းတဲ့အနာဂတ်အတွက် ရှေ့တန်းကနေ မားမားမတ်မတ် တိုက်ပွဲဝင်ပေးနေကြတဲ့ ရဲဘော်တွေကို ကျွန်တော်တို့...
06/03/2023
ကျွန်တော်တို့ရဲ့ လုံခြုံအေးချမ်းတဲ့အနာဂတ်အတွက် ရှေ့တန်းကနေ မားမားမတ်မတ် တိုက်ပွဲဝင်ပေးနေကြတဲ့ ရဲဘော်တွေကို ကျွန်တော်တို့ကလည်း အတတ်နိုင်ဆုံး အားပေးကူညီပေးကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ရဲဘော်တွေ တကယ်လိုအပ်နေတဲ့ ဆေးဝါးအကူအညီထောက်ပံ့ပေးနိုင်ဖို့ "Monthly Health Care Project" တစ်ခုကို ကျွန်တော်တို့ စီစဥ်ထားပါတယ်။
အခုလက်ရှိမှာတော့ အလှူငွေ ၁၅၀၀၀၀ နီးပါး ရရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် တပ်ဖွဲ့တစ်ခုလုံးစာအတွက် အမှန်တကယ်လိုအပ်နေတဲ့ ဆေးဖိုးက ၁၁ သိန်းခန့် ဖြစ်တာကြောင့် အလှူငွေတွေဆက်လက်လိုအပ်နေပါသေးတယ်။ မတ်လ ၁၅ ရက်နေ့အထိ အလှူငွေတွေကို လက်ခံသွားမှာဖြစ်တာကြောင့် အလှူရှင် ကျောင်းသားပြည်သူများအနေနဲ့ မိမိတို့တတ်စွမ်းသမျှ ပါဝင်လှူဒါန်းပေးကြဖို့ တိုက်တွန်းပါရစေခင်ဗျ။
အလှူငွေလှူဒါန်းနိုင်မယ့်နည်းလမ်းတွေကိုတော့ ယခု UCH Students' Union - အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ Page Chatbox
မှာပဲဖြစ်ဖြစ်၊ တို့ကျောင်း - Doh Kyaung ရဲ့ Page Chatbox မှာပဲဖြစ်ဖြစ် အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ။
အားလုံးပဲ မင်္ဂလာပါ 💁‍♀️တွဲလက်များရဲ့ ပွဲဦးထွက်အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးပါရစေ ✨တွဲလက်များအစီအစဉ်ရဲ့ ပထမခြေလှမ်းအဖြစ် ဆေးဝ...
03/03/2023
အားလုံးပဲ မင်္ဂလာပါ 💁‍♀️
တွဲလက်များရဲ့ ပွဲဦးထွက်အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးပါရစေ ✨
တွဲလက်များအစီအစဉ်ရဲ့ ပထမခြေလှမ်းအဖြစ် ဆေးဝါးအကူအညီပေးဖို့ Fundraising တခုနဲ့ပဲ စလိုက်ပါတယ်။
March လအတွက် Fundraising လုပ်လို့ရတဲ့ ငွေကိုတော့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) ၏ စစ်ရေးမူဝါဒအရ ဖွဲ့စည်းထားသော Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် အတွက် ဆေးဝါးအကူအညီများ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။
March လအတွက် ကူညီလိုသူများအနေနဲ့ Page messenger မှာ တိုက်ရိုက်စာပို့ပြီးသော်လည်းကောင်း၊ UCHSU ရဲ့ Volunteer များမှ တဆင့်သော်လည်းကောင်း ပါဝင်ကူညီလို့ရပါတယ်ရှင့်။
ကျောင်းသားလက်ရုံးတပ်တော်အတွက် မိမိတို့တတ်နိုင်သမျှ ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်။
တွဲလက်များအစီအစဉ် မိတ်ဆက်တွဲလက်များအစီအစဉ်ကို အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် ကံ့ကော်ရိပ် လူသားချင်းစ...
01/03/2023
တွဲလက်များအစီအစဉ် မိတ်ဆက်
တွဲလက်များအစီအစဉ်ကို အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် ကံ့ကော်ရိပ် လူသားချင်းစာနာထောက်ထားမှုကူညီရေး စီမံကိန်းတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။
တွဲလက်များအစီအစဉ်သည် COVID 19 မတိုင်မီက အခြေခံကျန်းမာရေးတက္ကသိုလ် အနုပညာကော်မတီ၏ ပြည်သူ့အကျိုးပြု ကဏ္ဍတရပ်ဖြစ်ပြီး ဆေးရုံတက်ရောက်နေသည့် ဆင်းရဲနွမ်းပါးသော လူနာများနှင့် ရေဘေးသင့် ပြည်သူများအတွက် ကူညီပံ့ပိုးကြရန် လူစည်ကားရာဈေးများတွင် အလှူခံခြင်းနှင့် တိုက်ရိုက်လှူတန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ယခုအခါတွင် တွဲလက်များအစီအစဉ်ကို တော်လှန်ရေးကာလ အထောက်အကူပြု အစီအစဉ်တခုအဖြစ် အခြေခံကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ကံ့ကော်ရိပ်စီမံကိန်းတို့ ပူးပေါင်း၍ ပြန်လည်အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။
တွဲလက်များအစီအစဉ်တွင်
(၁) ဆန်းသစ်သော အိုင်ဒီယာများဖြင့် ရန်ပုံငွေရှာဖွေမြှင့်တင်ခြင်း
(၂) တော်လှန်ရေးအတွက် လိုအပ်သောနေရာများသို့ အကူအညီပေးခြင်းနှင့်
(၃) တော်လှန်ရေးအင်အားစုများ၏ လိုအပ်ချက်များအတွက် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
တွဲလက်များအစီအစဉ်၏ အကောင်အထည်ဖော်မှုများကို ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Address
University Of Community Health
Magway
၀၄၀၁၁
Website
Alerts
Be the first to know and let us send you an email when UCH Students' Union - အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The University
Send a message to UCH Students' Union - အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ:
Share