ဗိသုကာကျောင်းသားများအသင်းဖြစ်မြောက်ရေးကော်မတီ

  • Home
  • Myanmar
  • Mandalay
  • ဗိသုကာကျောင်းသားများအသင်းဖြစ်မြောက်ရေးကော်မတီ

ဗိသုကာကျောင်းသားများအသင်းဖြစ်မြောက်ရေးကော်မတီ Aim to create The Association of Architecture Students-MTU

ဗိသုကာ ကျောင်းသားများသာမက ဗိသုကာကို စိတ်ဝင်တစားလေ့လာနေသူများပါ ဝင်ရောက်လျှောက်ထားနိုင်ပါတယ်
13/01/2022

ဗိသုကာ ကျောင်းသားများသာမက ဗိသုကာကို စိတ်ဝင်တစားလေ့လာနေသူများပါ ဝင်ရောက်လျှောက်ထားနိုင်ပါတယ်

“ဗိသုကာ မှ ကုစားခြင်းသို့”
ʜᴇᴀʟɪɴɢ ᴛʜʀᴏᴜɢʜ ᴀʀᴄʜɪᴛᴇᴄᴛᴜʀᴇ ᴡᴏʀᴋꜱʜᴏᴘ

ဗိသုကာပညာရပ်ရဲ့ အတိမ်အနက်ဟာ အိမ်တစ်လုံး၊ အဆောက်အဦးတစ်ခု၊ နေရာအခင်းအကျင်းတစ်နေရာကို ဖန်တီးပုံဖော်ရတာထက် များစွာပိုပါတယ်။ လူနှင့်ပတ်၀န်းကျင် သဟဇာတဖြစ်အောင် အချိန်ယန္တရား ၊ကာလ ၊ဒေသ အပြင် လူသားတို့​၏ အပြုအမူ နေထိုင်မှုပုံစံတို့ကို အခြေတည်ပြီး သိပ္ပံနှင့် နည်းပညာတို့ကို ပေါင်းစပ်ဖန်တီးရတဲ့ သိမ်မွေ့နက်နဲတဲ့ပညာရပ်ပါ။ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်တဲ့ ပညာရပ်တစ်ခုဖြစ်လို့ ဒီနေ့ခေတ်မှာ ဗိသုကာပညာရပ်ကို စိတ်၀င်စားမှု မြင့်တက်လာကြပါတယ်။ ဗိသုကာနယ်ပယ် ကျယ်ပြန့်လာတာနဲ့အမျှ စဥ်ဆက်မပြတ်ပေါ်ပေါက်လာတဲ့ သုတေသနတွေနဲ့အတူ “ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ ကျွန်တော်တို့ နေထိုင်ရာ အဆောက်အဦး၊ ပတ်ဝန်းကျင်နဲ့ မြို့တွေအပေါ်မှာ မှီတည်နေတယ်” ဆိုတဲ့အခြေခံသဘောတရားကို ဗိသုကာဒီဇိုင်းတွေမှာ ပိုမိုထည့်သွင်း ဖန်တီးလာပါပြီ။

ယခု Workshop ဟာ “ဗိသုကာမှကုစားခြင်းသို့ _ Healing Through Architecture” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီး လူတို့ရဲ့ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူပြု နိုင်တဲ့ နည်လမ်းများကို ဗိသုကာပညာဖြင့် ရှာဖွေဖော်ထုတ်ရန်ဖြစ်ပါတယ်။ ဒါ့အပြင် ကုစားခြင်းဆိုင်ရာ ဗိသုကာ (Healing Architecture) ဆိုတာကို လက်ရှိနိုင်ငံတကာနဲ့ ပြည်တွင်းမှ အတွေ့အကြုံရှိ လူငယ်ဗိသုကာများနဲ့အတူတကွ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို နားလည်ပြီး အရေးပေးစဉ်စားတဲ့ရှုထောင့် (Trauma-informed Perspective) ကနေတဆင့် ချဉ်းကပ်၍ ဆွေးနွေးလေ့လာ ဒီဇိုင်းပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ဒီပရိုဂရမ်ဟာ အတန်းသားများ​၏ ပင်ကိုယ်အရည်အချင်းများနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို‌ ‌ပေါ်လွင်လာစေဖို့ အထူးရည်ရွယ်ရေးဆွဲထားခြင်းဖြစ်လို့ Workshop တွင် ပါဝင်သူများရဲ့ စိတ်ဝင်စားမှုအလိုက် ဒီဇိုင်းများ ကို လွတ်လွတ်လပ်လပ် ဖန်တီးရမှာ ဖြစ်ပါတယ်။ စိတ်ခံစားမှုဆိုင်ရာ ကုသခြင်းဇာတ်ကြောင်း (Emotional Healing Narrative) များနဲ့ ဆက်စပ်ပြီးတော့ သင်တန်းသားများ ကိုယ်တိုင် ဖန်တီးထားတဲ့ လက်ရာများကို ဖော်ထုတ်ပြသနိုင်မယ့် အခွင့်အရေးလည်း အစီအစဉ်တစ်လျှောက်တွင် ပါဝင်မှာဖြစ်ပါတယ်။

၄ ပတ်တာ ကြာမြင့်မယ့် Healing Through Architecture Workshop တွင် ကုစားခြင်းဆိုင်ရာ ဗိသုကာအကြောင်း သင်တန်းပို့ချချက်များအပြင်၊ US, UK, EU, Japan, Thailand, Myanmar တို့မှ အတွေ့အကြုံရှိ Young Architect, Researcher နှင့် Educator များမှ ဦးဆောင်ဆွေးနွေးပေးမယ့် အဖွဲ့လိုက် လက်တွေ့လုပ်ဆောင်ခြင်း အစီအစဉ်များလည်း ပါဝင်မှာဖြစ်ပါတယ်။ အတန်းသားတွေရဲ့ Design Skills တိုးတက်မှု ၊ Lectures၊ Desk Crits နှင့် Studio Review များတိုးတက်လာဖို့ Instructors များမှ ကူညီပေးသွားမှာလည်း ဖြစ်ပါတယ်။

ဒီပရိုဂရမ်ကို မြန်မာဘာသာဖြင့် အဓိကပြုလုပ်သွားမှာ ဖြစ်သော်လည်း၊ အချို့သော သင်ခန်းစာများ နဲ့ Reading Materials များကို‌ အင်္ဂလိပ်ဘာသာဖြင့် မျှဝေသွားမှာဖြစ်ပါတယ်။

✅ဘယ်သူတွေ Workshop မှာ တက်ရောက်သင်ယူနိုင်မလဲ။

မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ရှိနေတဲ့ ဗိသုကာကျောင်းသားများ၊ Interior Designer များ နှင့် ဗိသုကာပညာရပ်အား စိတ်ပါ၀င်စားသူ မည်သူမဆို Workshop တက်ရောက်ဖို့ လျှောက်ထားနိုင်ပါတယ်။ အထူးသဖြင့် လက်ရှိ ဗိသုကာကျောင်းသားများ လျှောက်ထားဖို့ တိုက်တွန်း လိုပါတယ်။
◾️ Instructors များမှ တစ်ဦးချင်းစီ ထိထိရောက် ဆွေးနွေးပေးနိုင်ရန် လူဦးရေအကန့်အသတ်ရှိလို့ လျှောက်ထားလာသူများရဲ့ ပညာရပ်အပေါ် နားလည်သဘောပေါက်မှု၊ စိတ်အားထက်သန်မှုနှင့် အချိန်ပေးတက်ရောက်နိုင်မှုအပေါ်မှာ စီစစ်လက်ခံသွားမှာပါ။

✅စာရင်းသွင်းခ ပေးဖို့လိုလား။

ဗိသုကာပညာရပ်ကို စိတ်ဝင်စားသူတိုင်း အခက်အခဲမရှိ လေ့လာနိုင်ရန် ပါဝင်သင်ကြားမည့်သူများနှင့် Instructors များမှ စာရင်းသွင်းခ အခမဲ့ ဖြင့် ပြုလုပ်‌ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။

✅ပညာအရည်အချင်းနှင့် သင်တန်းတက်ရန် သတ်မှတ်ချက်ရှိလား။

ဗိသုကာကျောင်းသားများနှင့် Workshop တက်ရောက်လိုသူတိုင်း ဗိသုကာ ၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်မှုနှင့် ပညာရပ်အပေါ် စိတ်၀င်စားမှု အမှန်တကယ်ရှိဖို့သာ လိုအပ်ပါတယ်။ Workshop အား တက်ရောက်ရန် လျှောက်ထားရာမှာ မိမိ ဖန်တီးရေးဆွဲဖူးသော လက်ရာတစ်ခုခုကို ဖော်ပြနိုင်တဲ့ Work Sample ကို Registration Form နှင့်အတူ တင်ပြရန် မဖြစ်မနေလိုအပ်ပြီး၊ မိမိ၏ ဗိသုကာပညာရပ်အပေါ် နားလည်မှု၊ စိတ်အားထက်သန်မှုတို့နှင့် သက်ဆိုင်သော မေးခွန်းအနည်းငယ်ကိုလည်း ဖြေဆိုရန် လိုအပ်မှာ ဖြစ်ပါတယ်။
◾️ အသေးစိတ်ကို လျှောက်လွှာမှာ ဝင်ရောက်ကြည့်ရှုပေးပါ။

✅Workshop ကာလဘယ်လောက်ကြာမှာလဲ။

၂၀၂၂ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် Workshop စတင်မည်ဖြစ်ပြီး၊ စုစုပေါင်း ၄ ပတ်ကြာမြင့်ပါမယ်။ အွန်လိုင်းမှ အပတ်စဉ် ပုံမှန် သင်ခန်းစာပို့ချမယ့် ၄ ရက်သာမက၊ ကျန်ကြားရက်များတွင်လည်း လိုအပ်သလို မိမိတို့ရဲ့ Instructor များနဲ့အတူ သက်ဆိုင်ရာအဖွဲ့အလိုက် ဆွေးနွေးမှုများလည်း ရှိနိုင်ပါတယ်။ အစီအစဉ်ပြီးသည့်နောက်တွင် သင်တန်းသားများ‌ လေ့ကျင့်ဖန်တီးထားသော ဒီဇိုင်းများအား Final Presentation ပြုလုပ်ပြီးနောက်၊ အများပြည်သူ လေ့လာနိုင်ဖို့ Online Exhibition ကိုလည်း ပြုလုပ်ပေးသွားဖို့ရှိပါတယ်။
◾️ အသေးစိတ်အား program schedule တွင်လေ့လာပါ။

📅 ⏰ 💻
Workshop တက်ရောက်ရန်နေရာ - Zoom Video Conferencing
အပတ်စဉ်သင်ခန်းစာပို့ချမည့်ရက် - ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၂၂၊ ၂၉ ဖေဖော်ဝါရီလ ၅၊ ၁၂ (စနေနေ့)
အပတ်စဉ်သင်ခန်းစာပို့ချမည့်အချိန် - မြန်မာစံတော်ချိန် ည ၇-၉ နာရီ
အွန်လိုင်းပြပွဲရက် - ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၉-၂၁

◾️ မှတ်ချက် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် နိုင်ငံတကာမှ သင်တန်းပို့ချမည့်သူများ၏ အခြေအနေပေါ်မူတည်၍ သင်တန်းအချိန်ဇယား အပြောင်းအလဲရှိလာလျှင် ကြိုတင်အကြောင်းကြားပေးသွားပါမယ်။

✍️ Workshop မှာ ပါ၀င်ဖို့ ဘယ်လိုလျှောက်ထား စာရင်းပေးသွင်းရမလဲ။
Healing Through Architecture Workshop လျှောက်လွှာအား အောက်ပါ Link မှ တဆင့် ဖြည့်စွက်ပြီး ၂၀၂၂ ဇန်နဝါရီလ ( ၁၈ ) ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ သင်တန်းတက်ရောက်ခွင့်ရရှိသူများကို ဇန်နဝါရီလ ၂၁ ရက်နေ့ မတိုင်ခင် Email မှတဆင့် ပြန်လည် အကြောင်းကြားပေးသွားပါမယ်။

( Registration Form Link :
https://ee.kobotoolbox.org/single/LnUxgbq9 )

📫 Workshop နှင့်ပတ်သက်၍ အင်တာနက်၊ မိုဘိုင်းဒေတာ၊ ဆော့ဝဲလ် စသည့် အခက်အခဲတစ်စုံတစ်ရာနှင့် အခြားဆက်သွယ်မေးမြန်းလိုသည်များရှိပါက VSoA page messenger (သို့) [email protected] သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ᴇᴠᴏʟᴠᴇ ʏᴏᴜʀ ᴀʀᴄʜɪᴛᴇᴄᴛᴜʀᴇ ꜱᴋɪʟʟꜱ ᴡɪᴛʜ ᴠꜱᴏᴀ

အမည်ပျက်စာရင်းသွင်းကြောင်းကြေညာခြင်း    ကြေညာချက်အမှတ်(၂/၂၀၂၁) ဗိသုကာကျောင်းသား ကျောင်းသူများအား အသိပေးကြေညာခြင်း ဖတ်ရှု...
15/10/2021

အမည်ပျက်စာရင်းသွင်းကြောင်းကြေညာခြင်း






ကြေညာချက်အမှတ်(၂/၂၀၂၁) ဗိသုကာကျောင်းသား ကျောင်းသူများအား အသိပေးကြေညာခြင်း ဖတ်ရှုရန်...
https://www.facebook.com/101406901469636/posts/307784760831848/

ရာထူးမှထုတ်ပယ်ခံရသည်အထိ ခိုင်မာသောရပ်တည်ချက်ဖြင့် မတရားမှုကို ကြံ့ကြံ့ခံရင်ဆိုင်လျက်ရှိသော  ဆရာဆရာမတို့အတွက် မိမိတို့ ဗိ...
27/05/2021

ရာထူးမှထုတ်ပယ်ခံရသည်အထိ ခိုင်မာသောရပ်တည်ချက်ဖြင့် မတရားမှုကို ကြံ့ကြံ့ခံရင်ဆိုင်လျက်ရှိသော ဆရာဆရာမတို့အတွက် မိမိတို့ ဗိသုကာ ကျောင်းသားကျောင်းသူများမှ အစဉ်လေးစားဂုဏ်ယူလျက် ဝမ်းမြောက်စွာဖြင့် တင်ပြလိုက်ရပါသည်......

ဆရာဆရာမတို့
လုံခြုံဘေးကင်းပါစေ။





မူရင်း link; https://www.facebook.com/1849830125313835/posts/2547044828925691/?d=n

https://www.facebook.com/1849830125313835/posts/2547046742258833/?d=n

23/05/2021




"MTU နောက်ဆုံးနှစ်ဗိသုကာကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ချက်"                  အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ခု...
28/04/2021

"MTU နောက်ဆုံးနှစ်ဗိသုကာကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ချက်"

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ခုနှစ် မေလ(၅)ရက်နေ့တွင် တက္ကသိုလ်၊ဒီဂရီ‌
ကောလိပ်များ၏ နောက်ဆုံးနှစ်သင်တန်းများကို
ဖွင့်လှစ်ရန် ကြိုးစားနေကြောင်းကြားသိရသည်။
သို့ဖြစ်ပါ၍ မန္တလေးနည်းပညာတက္ကသိုလ် ဗိသုကာဌာန ဘွဲ့ကြိုနောက်ဆုံးနှစ်‌ ကျောင်းသား၊ကျောင်းသူများ အားလုံးမှ အောက်ဖော်ပြပါ သဘောထား ကြေညာချက်အား ဒုတိယအကြိမ် ထပ်မံထုတ်ပြန်လိုက်ပါသည်။





"MTU စတုတ္ထနှစ်ဗိသုကာကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ချက်"
05/02/2021

"MTU စတုတ္ထနှစ်ဗိသုကာကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ချက်"






"MTU ပဉ္စမနှစ်ဗိသုကာကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ချက်"
05/02/2021

"MTU ပဉ္စမနှစ်ဗိသုကာကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ချက်"






"MTU ဒုတိယနှစ်ဗိသုကာကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ချက်"
05/02/2021

"MTU ဒုတိယနှစ်ဗိသုကာကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ချက်"






"MTU ပထမနှစ်ဗိသုကာကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ချက်"
05/02/2021

"MTU ပထမနှစ်ဗိသုကာကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ချက်"






"MTU နောက်ဆုံးနှစ် ဗိသုကာ ကျောင်းသား/သူများ​၏ သဘောထား "ကျွန်တော် ကျွန်မတို့သည် အာဏာသိမ်းစစ်အစိုးရလက်အောက်တွင် ပညာလုံးဝဆက...
05/02/2021

"MTU နောက်ဆုံးနှစ် ဗိသုကာ ကျောင်းသား/သူများ​၏ သဘောထား "

ကျွန်တော် ကျွန်မတို့သည် အာဏာသိမ်းစစ်အစိုးရလက်အောက်တွင် ပညာလုံးဝဆက်လက်သင်မည်မဟုတ်✊✊



"MTU တတိယနှစ်ဗိသုကာကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ချက်"
05/02/2021

"MTU တတိယနှစ်ဗိသုကာကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ချက်"






Address

Mandalay

Website

Alerts

Be the first to know and let us send you an email when ဗိသုကာကျောင်းသားများအသင်းဖြစ်မြောက်ရေးကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share