City College - Myanmar

City College - Myanmar အင်္ဂလန်နိုင်ငံ၏ထင်ရှား​​သော NCC Education ?

"ယနေ့ကျရောက်သော မြန်မာနှစ်သစ်ကူးနေ့မှစ၍ မိမိနှင့်တကွ ခုနစ်ရက်သားသမီးအပေါင်း ဘေးဥပဒ်အန္တရာယ်များ ကင်းဝေးကြပါစေ။ လုပ်ကိုင်...
17/04/2026

"ယနေ့ကျရောက်သော မြန်မာနှစ်သစ်ကူးနေ့မှစ၍ မိမိနှင့်တကွ ခုနစ်ရက်သားသမီးအပေါင်း ဘေးဥပဒ်အန္တရာယ်များ
ကင်းဝေးကြပါစေ။

လုပ်ကိုင်ဆောင်ရွက်သမျှ
စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး၊ ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးသကဲ့သို့ စီးပွားလာဘ်လာဘများ
ဒီရေအလား တိုးပွားကာ
မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့သော
ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။"

နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အင်အားသစ်များဖြင့် ကောင်းကျိုးလိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။"

City College - Myanmar
City College Yangon
City College Mandalay

မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန် အချိန်အခါသမယတွင်  မြန်မာပြည်သူ/သားအပေါင်း အေးချမ်းသာယာရှိကြပါစေကြောင်း City College - M...
14/04/2026

မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန် အချိန်အခါသမယတွင် မြန်မာပြည်သူ/သားအပေါင်း အေးချမ်းသာယာရှိကြပါစေကြောင်း City College - Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 😍

17/10/2025

(၁၂) တန်း၊ IGCSE စာမေးပွဲအောင်စာရင်းထွက်တဲ့နေ့မှာ ပျော်ရသလောက် နောက်နေ့တွေမှာတော့ မိဘနဲ့ ကျောင်းသားတွေ မပျော်နိုင်ဘူးဗျ။ မိဘက ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ် ပို့ရရင် ဘယ်လောက်ကုန်မလဲ? ပြည်တွင်းမှာဆို ဘယ်တက္ကသိုလ်တွေက ကောင်းမလဲ? ကိုယ့်အနေ အထား နဲ့ဘာလုပ်ရမလဲ၊ ကိုယ်တိုင်လည်း ဘယ်နိုင်ငံ ဘယ်တက္ကသိုလ်မှ သွားတက်ဖူးတာမရှိတော့ ဘာမှ သေချာမသိ၊ ဟိုဟာကောင်းနိုး၊ ဒီဟာကောင်းနိုး စမ်းတဝါးနဲ့ ဦးနှောက် စားကြရတယ် မဟုတ်လားဗျာ။

ကျောင်းသားတွေကတော့ စိတ်ကူးအိပ်မက်တွေနဲ့ ကြိုးစားလာလိုက်တာ အောင်စာရင်းထွက်လို့ လိုချင်တဲ့ရလဒ်ရပြီဆိုမှ ဘာဆက်လုပ်ရမှန်းမသိတဲ့သူကလည်း အများသားဗျ😩။ တချို့ကတော့ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်အစီစဉ်ရှိကြသလို၊လိုအပ်ချက် ပြည့်မီအောင် လေ့လာရှာဖွေကြိုးပမ်း ကြတာလည်းရှိပါတယ်။ ဒါပေမဲ့ ဦးရေအရ အလွန်နည်းတယ်။

တက္ကသိုလ်တက်ဖို့က ဝါသနာနဲ့တင် ပြီးမသွားဘူး။ ကျောင်းဆင်းလာရင် အလုပ် အကိုင် ရှာဖွေဖို့ (အိမ်ရဲ့ စီးပွါးအခြေအနေပေါ်မူတည်ပြီး) ဘယ် လောက် လွယ်ကူသလဲ? လစာသင့်တင့်တဲ့ အလုပ်ရနိုင်သလားဆိုတာ တွေပါ ထည့်တွက်ကြရတယ် မဟုတ်လား။ အချိန်ကုန်၊ ငွေကုန်မခံနိုင် ဘူး၊ အမှန်တကယ်လည်း ဝါသနာ မပါဘူးဆိုရင် ဆရာဝန် ပညာရပ် မလိုက်စားနဲ့ပေါ့ခင်ဗျာ။

ဒီနေ့ခေတ် အလုပ်ပေါတာက Computer Science (software development, ဆိုင်ဘာလုံခြုံရေး-cybersecurity, data analysis နဲ့ ITက စျေးကွက် လိုအပ် ချက်ကြီးတယ်)၊Nursing (ဥပမာ- ဂျပန်လိုနေရာ သက်ကြီးဂေဟာတွေမှာ စိတ်ရှိလို့ မရွံတတ်ရင် လစာကောင်းသဗျ😜)၊ Engineering (နယ်ပယ် အလွန် များ), Accounting (သူနဲ့လွတ်ကင်းတဲ့ ဌာနမရှိ)၊မန်နေဂျာ roles မှာဆိုရင် business Administration, Finance, Healthcare Administration တွေရှိတယ်။ ဥရောပ၊ ကနေဒါ၊ အမေရိက၊ ဩစတေးလျလိုနေရာမှာဆိုရင် Psychology (စျေးကွက်သုတေသန၊ counseling စတဲ့ အလုပ်တွေရှိတယ်) လည်း အလုပ်ဖြစ်တာပါပဲ။

ဆရာကောင်း၊ ပတ်ဝန်းကျင်ကောင်း လိုအပ်သလို၊ ဘတ်ဂျက်ကောင်း 😇လည်းရှိဖို့လိုတာဖြစ်လို့ ဝါသနာ၊ ငွေကြေး မိသားစု တိုင်ပင်ဆွေနွေးပြီး မိမိအနေအထားနဲ့ အကောင်းဆုံးရွေးချယ်နိုင်ကြပါစေလို့သာ...

ဆြာကြီးဦးကျော်ဆန်း

🐲🧧𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢!🧧🐲🪭𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐞 𝐓𝐡𝐞 𝐘𝐞𝐚𝐫 𝐎𝐟 𝐓𝐡𝐞 𝐒𝐧𝐚𝐤𝐞🐍这蛇年,祝大家身体健康,生意兴隆。蛇年快乐,蛇年大吉。🐍မြွေနှစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်...
28/01/2025

🐲🧧𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢!🧧🐲

🪭𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐞 𝐓𝐡𝐞 𝐘𝐞𝐚𝐫 𝐎𝐟 𝐓𝐡𝐞 𝐒𝐧𝐚𝐤𝐞🐍

这蛇年,祝大家身体健康,生意兴隆。蛇年快乐,蛇年大吉。

🐍မြွေနှစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ စီးပွားလာဘ်လာဘများ တိုးပွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်... 🐍

City College - Myanmar

17/10/2024

ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယမှာ
မြန်မာနိုင်ငံသားအားလုံး စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံကုံလုံပြီး
ဥစ္စာစီးပွား ဒီရေအလား တိုးပွားကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်

City College - Myanmar

𝙀𝙞𝙙 𝙈𝙪𝙗𝙖𝙧𝙖𝙠 ယနေ့ကျရောက်သော အီးဒ်နေ့ အခါသမယမှ သည် မြန်မာပြည်သူ/သားအပေါင်း ဘေးဘယာများကင်းဝေးပြီး   စိတ်ချမ်းသာ ကိုယ်ကျန်းမ...
18/06/2024

𝙀𝙞𝙙 𝙈𝙪𝙗𝙖𝙧𝙖𝙠
ယနေ့ကျရောက်သော အီးဒ်နေ့ အခါသမယမှ သည် မြန်မာပြည်သူ/သားအပေါင်း ဘေးဘယာများကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၊ သောကဟူသမျှ ကင်းဝေးကြပါစေ... ငြိမ်းချမ်းသာယာမှု အပေါင်း ခညောင်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

City College - Myanmar

🙏ကဆုန်လပြည့် အခါသမယမှာ တိုင်းသူပြည်သားအပေါင်း ကိုယ်၊စိတ် နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်...
22/05/2024

🙏ကဆုန်လပြည့် အခါသမယမှာ တိုင်းသူပြည်သားအပေါင်း ကိုယ်၊စိတ် နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်🙏

City College - Myanmar

"မလေးရှားမှာ International School ထားမယ်ဆို..."🇲🇾🧑‍🏫🏫မလေးရှားမှာ Int. School ဈေးကွက် တွင်ကျယ်ပါတယ်။ဈေးနဲ့ သင်ကြားရေးဆိုင...
19/02/2024

"မလေးရှားမှာ International School ထားမယ်ဆို..."🇲🇾🧑‍🏫🏫

မလေးရှားမှာ Int. School ဈေးကွက် တွင်ကျယ်ပါတယ်။

ဈေးနဲ့ သင်ကြားရေးဆိုင်ရာ ချဉ်းကပ်မှုပုံစံ အမျိုးမျိုးနဲ့ အစားစားရှိပါတယ်။

မိဘနဲ့ ကျောင်းသား တစ်ဦးချင်းစီရဲ့ လိုလားချက်နဲ့ budget တွေ ကွဲကြတာမို့ သေချာစုံစမ်း ရွေးအပ်ကြပါ။🔖

ဒါလေးတွေကိုလည်း သတိပြုစေလိုပါတယ်၊ အထူးသဖြင့်တော့ budget limit ရှိတဲ့ middle income family တွေအတွက်ပါ။

Hidden cost တွေ (extra curriculum events & activities, ကျောင်းလခထဲ ထည့်မတွက်ထားတဲ့ အခြား feesတွေ စသည်)
ကလေးတွေကြား ရုပ်ပိုင်းဆိုင်ရာ ပြိုင်ဆိုင်မှုတွေနဲ့
အတန်းကြီးလာတဲ့အခါ ရုတ်တရက် ဈေးအများကြီးခုန်သွားတာမျိုးတွေပါ။

🪪Visa
ကျောင်းသားကတော့ Student Visa ပါ။

အုပ်ထိန်းသူ တစ်ဦး အထူးသဖြင့် အမေကို ပေးပါတယ်၊ Guardian Visa ပေးပါတယ်။ ကလေး အသက် ၂၁နှစ်အထိ ရပါမယ်။

အမေမယူဘဲ အဖေက အုပ်ထိန်းသူ ဗီဇာလိုချင်ရင်တော့ မလေးရှားမှာ အလုပ် သို့မဟုတ် စီးပွားရေး လုပ်မနေကြောင်း ထောက်ထားပြရပါမယ်။

အုပ်ထိန်းသူ ဗီဇာက RM ထောင်ဂဏန်းပေးရပါတယ်။

ကျောင်းသားရော အုပ်ထိန်းသူပါ နှစ်စဉ် သက်တမ်းတိုး ပုံစံပါ။

မိခင်ရော ဖခင်ပါ နှစ်ဦးစလုံး ဗီဇာလိုချင်ရင်တော့ ဒါက သမရိုးကျ ပုံစံမဟုတ်တဲ့ အပေါ် သက်ဆိုင်ရာ ကျောင်းနဲ့ ဆွေး‌နွေးတိုင်ပင်ကြည့်နိုင်ပါတယ်။

ကျောင်းသားမှာ ၆နှစ်အောက် အငယ်ရှိရင် မိခင် အုပ်ထိန်းသူ ဗီဇာရပြီးနောက် မောင်နှမအငယ်ဗီဇာ လျှောက်ထားနိုင်တာမျိုး ရှိပါတယ်။

အုပ်ထိန်းသူဗီဇာ အမျိုးအစားဟာ မလေးနိုင်ငံအတွင်း အလုပ် သို့မဟုတ် စီးပွားရေး လုပ်ခွင့် မရှိပါ။

🏫ကျောင်း သီးသန့် စရိတ်
( upper middle/ middle class family တွေ နိုင်နိုင်နင်းနင်း ရှိပြီး academic focus သွားတဲ့ ကျောင်းအချို့ရဲ့ မူလတန်းကျောင်းသားတစ်ဦး ခန့်မှန်း ပျမ်းမျှ လစဉ် ကျောင်း ကုန်ကျစရိတ်က +/- RM 2 500 မြန်မာငွေ လက်ရှိပေါက်ဈေး +/-သိန်း ၂၀ ကျပ်ဝန်းကျင်ပါ။)

ကျောင်းလခ
ကျောင်းလခထဲ မပါတဲ့ other fees
Extra curriculum activities
Transportation
ကျောင်းက breakfast & lunch meal (ယူခဲ့ရင်)
ပုံမှန် တန်းချိန် အပြီး ညနေ ၆နာရီ အထိ after-school program (ယူခဲ့ရင်) (ပုံမှန်တန်းက နေ့လည် ၂-၃ဆို ကျောင်းလွှတ်)
Uniform
Textbook & stationary

🏢ခန့်မှန်းပျမ်းမျှ နေထိုင်စရိတ်
အိမ်အမျိုးအစား၊ ရပ်ကွက်တည်နေရာ၊ မိမိတို့ နေထိုင်သည့် ပုံစံ‌ပေါ်မူတည်ပြီး ကွာဟသွားတာမျိုး ရှိနိုင်ပါတယ်။

အခုက Klang Valley မှာ ကွန်ဒို သို့မဟုတ် landed terrace house မြေစိုက် နံရံတွဲပုံစံမျိုးနဲ့ မှန်းပြထားတာပါ။

House rental + utilities က +/- RM 2 000

စားစရိတ်က ကိုယ်တိုင် ချက်စားရင် သက်သာပါတယ်၊ မြန်မာပြည်မှာ ကုန်သလောက်ပါပဲ။

ဝယ်စားရင်တော့ ပုံမှန်ဆိုင် ပျမ်းမျှ တစ်ဦး တစ်နပ် +/-RM10 (ထမင်း၊ အသားဟင်း၊ သီးရွက်)

မလေးရှားဟာ private transport ကို အသားပေးတဲ့ နိုင်ငံမို့ ကိုယ်တိုင် ဆိုင်ကယ် သို့မဟုတ် ကားမောင်းတတ်တာ အကောင်းဆုံးပါပဲ။

လက်ရှိ 95ဈေး 1L RM 2.05

နို့မို့ဆိုကြာလာရင် Grab ဖိုး ရထားဖိုး တော်တော် ထောင်းပါလိမ့်မယ်။ ဟိုနားဒီနားသွား +/-RM10 ကနေ RM60-70 ထိ ရှိပါတယ်။

ကားပိုင်ဆိုင်ခွင့် လိုင်စင်တွေကတော့ ဒီမှာ မပြောလိုတော့ပါ စာလေးသွားမှာစိုးလို့ပါ။

🏥ကျန်းမာရေး စရိတ်
ကျောင်းသားနဲ့ အုပ်ထိန်းသူ ဗီဇာ အမျိုးအစားမှာ ဗီဇာလျှောက်ကတည်းက ကျန်းမာရေး အာမခံ Health Insurance ဝယ်ရပါတယ်။ တစ်ဦးကို +/- RM2 000 ရှိပါမယ်။ Visa တိုးတိုင်း နှစ်စဉ် ဝယ်ရပါမယ်။

ပုံမှန်အားဖြင့် အဲ့အာမခံက ဆေးရုံတက် in-patient ကုသရတဲ့ ဖြစ်စဉ်အများစုကို cover ဖြစ်ပါတယ်။

နိုင်ငံခြားသားတွေအတွက် အထူးသဖြင့် in-patient ကုသမှု စရိတ် အရမ်းကြီးပါတယ်။ (အစိုးရရော private ပါ အတူတူပါပဲ)

ထစ်ကနဲဆိုတာနဲ့ RM သောင်းချီကုန်ပါတယ်။

အကယ်၍ out-patient နဲ့ အခြားဖြစ်စဉ်တွေကိုပါ ပါစေချင်ရင်တော့ သက်ဆိုင်ရာ ကျောင်းနဲ့ ဆွေး‌‌‌‌နွေး top-up လုပ်လို့ ရနိုင်ပါတယ်။

🧑‍🏫ကျောင်းအချို့ရဲ့ web လိပ်စာ ပေးထားပါတယ်။ နမူနာ သက်သက်ပါ။

ဈေးကြီးပြီး နာမည်လည်းကြီးတဲ့ ကျောင်းအချို့
www.gardenschool.edu.my
www.alice-smith.edu.my
www.iskl.edu.my

စျေးလည်းရှိ နာမည်လည်း ရှိတဲ့ ကျောင်းအချို့
www.aism.edu.my
www.sunwayschools.edu.my

upper-middle/ middle class မိတ်ဆွေ family တွေ မေးတဲ့အခါ ညွှန်းပေးဖြစ်တဲ့ ကျောင်းအချို့ပါ။
https://sriemas.edu.my/
https://oxburgh.edu.my/
https://stars.edu.my/

အချို့မိတ်ဆွေတွေ ကလေးတွေကို ထားတဲ့ ‌ကျောင်းအချို့
https://kinghenryviii.edu.my/
https://www.campusrangers.edu.my/
https://iium-schools.edu.my
https://beaconhouse.edu.my/

ပို့ပြည့်စုံတဲ့ ကျောင်းပေါင်းစုံ အချက်အလက် လိုချင်ရင်တော့...
https://www.international-schools-database.com/country/malaysia

🇲🇾မလေးရှားရဲ့ ပထဝီဝင် အကျဉ်းနဲ့ အားသားချက် အားနည်းချက်
မလေးရှားမှာ တိုးတက် စည်ကားဆုံး နေရာတွေကတော့...
Klang Valley လို့ ခေါ်တဲ့ (KL, Putrajaya အုပ်ချုပ်ရေးမြို့နဲ့ Selangor ပြည်နယ်ရဲ့ မြို့ပြစိတ်ပိုင်းတွေကို ပေါင်းစည်းထားတဲ့ နေရာ)
Johor Baru (Johor ပြည်နယ်ရဲ့ မြို့တော်နဲ့ Sg နဲ့ ဆက်နေတဲ့ မြို့)
Penang (Penang ပြည်နယ်ရဲ့ မြို့ပါ)
အပေါ်က ရေးသားမှုက Klang Valley ကိုပဲ အခြေခံပါတယ်။

✅အားသားချက်အနေနဲ့ကတော့
အရှေ့တောင်အာရှရဲ့ ရှားပါး ဒီမို နိုင်ငံနဲ့ ဝန်းကျင်ဖြစ်။

မြို့ပြကြီးတွေမှာ diversity ကို အားပေးတယ်။ မလေးလူမျိုး၊ မလေးတရုတ်နဲ့ မလေးအိန္ဒိယန်းတွေ အစုံရှိတာမို့ လူမျိုးစုံ ဘာသာစုံအတွက် တော်တော်ကို friendly ဖြစ်ပါတယ်။

မြန်မာနဲ့ နီးတယ်၊ လေယာဉ်နဲ့ ၂နာရီကျော်ပဲ၊ မြန်မာ သိန်းချီရှိတယ် (ပညာသည်နဲ့ စီးပွားရေးသမားက လူနည်းစု၊ အများစုက ရွှေ့ပြောင်းလုပ်သားနဲ့ ဒုက္ခသည်ခံယူထားသူတွေ)၊ မြန်မာ အစားအစာ ကုန်ပစ္စည်း အကုန်အလွယ်တကူရ၊ ရှေ့တောင်အာရှချင်းတူလို့ မြန်မာနဲ့ ယဉ်ကျေးမှုနီးစပ်။

၁၀၀% မဟုတ်ပေမယ့် ယေဘူယျ ဘေးကင်းလုံခြုံမှု ရှိတယ်။

ကလေးတွေ တက္ကသိုလ်တက်ချင်တဲ့ အခါ အရှေ့တောင် အာရှမှ အကောင်းဆုံး private uni တွေ (e.g; Sunway Uni, Taylor’s Uni) နဲ့ ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေရဲ့ တိုက်ရိုက် campusတွေ (e.g; Monash Uni, Nottingham Uni, Newcastle Uni, Heriot-Watt)နဲ့ မလေးရှားရဲ့ နာမည်ကျော် semi-private uni တွေရှိ။ အများစုက ကမ္ဘာ့ ပညာရေး တက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်ထားပြီး ပညာရေး ပေါင်းကူး အစီအစဉ်တွေ ရှိမယ်။

ကလေးတွေ foundation year/ GCE A/ Year 11 တို့မှာ တော်ရင် တော်သလို Tuition Fees Wavierတွေ ရနိုင်တယ်။

🛑အားနည်းချက်က ယေဘူယျပြောရရင် မိဘတွေအတွက်ရော၊ သားသမီးတွေ ကျောင်းပြီးတဲ့ အခါပါ job opportunity very limited ဖြစ်တယ်။ တက္ကသိုလ်တက်ကတည်းက အလုပ်ရနိုင်ချေရှိတဲ့ နယ်ပယ် (အခုဆိုရင်တော့ IT programmingနဲ့ engineering) လိုမျိုး ရွေးတက်ပြီး ကိုယ်ကလည်း အဲ့ပညာရပ်မှာ ထူးချွန်မယ်ဆိုရင်တော့ other scenario ပါ။

မိဘတွေအတွက်ဆိုရင်လည်း အရှည်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်ရင် လုပ် ၊ ပညာသည်ဆိုရင် လက်ရှိ academicians, IT နဲ့ မြန်မာကိုမှ ရွေးခန့်တဲ့ analyst အလုပ်တွေပဲ ရှိမယ်။

အဓိက အချက်ကတော့ ရေရှည်နေထိုင်ခွင့် PR လိုမျိုး အခွင့်အရေး ရဖို့ ရာခိုင်နှုန်း မရှိသလောက်ကို နည်းပါတယ်။ လက်ရှိမူအရ နိုင်ငံသားနဲ့ အိမ်ထောင်ကျရင်တောင် spouse visa ပါပဲ။

မလေး နိုင်ငံရေး အင်အားစုတွေနဲ့ နိုင်ငံရေး အာဂျင်ဒါမှာ နိုင်ငံခြားသားအရေးက အမြဲတမ်းပါတာမို့ နိုင်ငံခြားသား အပေါ်လွှာစလို့ အောက်ခြေ ရွှေ့ပြောင်းတွေအထိ မူဝါဒတွေဟာ dynamic ဖြစ်ပါတယ်။

Personal အမြင်အရ ပြောရရင်...ရေရှည် အခြေချ နေထိုင်ဖို့ ဆိုရင်တော့ အားမပေးပါ၊ မိဘတွေအနေနဲ့ ကလေးတွေရဲ့ ငယ်ရွယ်တွေ့ကြုံနုနယ်မှု မိမိတို့ရဲ့ အခွင့်အလမ်းကစလို့ ဘတ်ဂျက်ကန့်သတ်မှုတွေကအစ ထည့်တွက်စဉ်းစားပြီး လမ်းခုလတ်အနေနဲ့ stepping stone တစ်ခုအနေနဲ့ဆိုရင်တော့ အားပေးပါတယ်။

ပညာရေးပွဲစား မဟုတ်ပါ၊ စာဖတ်သူတွေနဲ့ မိတ်ဆွေတွေအတွက် အထောက်အကူဖြစ်စေဖို့ မအားတဲ့ ကိုယ်ပိုင်အချိန်ထဲကနေထုတ်ပြီး ယေဘူယျ ချက်လက် မျှဝေရုံသက်သက်ပါ။ အချိန်ရရင်တော့ နောက်ပိုင်း တက္ကသိုလ်ကျောင်းသားတွေအတွက်နဲ့ ရွှေ့ပြောင်းအခြေချလိုသူတွေအတွက် ရေးသားမျှဝေပေးပါမယ်။ လောဆယ် သတိပေးလိုတာကတော့...မိဘတွေအနေနဲ့ ပွဲလန့် ဖျာခင်း ဂျင်းကြီးတွေ သတိပြု ရှောင်ကြပါ။

ပို့စ်ကို ‌ဆက်လက်မျှဝေ shareလို့ရပါတယ်၊ ကျေးဇူးပါ။

ဒေါက်တာမင်းသူ (မလေးရှား)

ပုံ Internet Search

နိုင်ငံတကာကျောင်းသားများအတွက် ထိုင်းပညာသင်ဆု (၂၀၂၄ ခုနှစ်) ထိုင်းနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်း...
13/02/2024

နိုင်ငံတကာကျောင်းသားများအတွက် ထိုင်းပညာသင်ဆု (၂၀၂၄ ခုနှစ်)

ထိုင်းနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာနသည် နိုင်ငံတကာကျောင်းသားများအတွက် ထိုင်းအဆင့်မြင့်ပညာရေးအဖွဲ့‌တက္ကသိုလ်များတွင် ရိုးရိုးဘွဲ့၊ မဟာဘွဲ့ (သို့) ပါရဂူဘွဲ့များ နှင့် ပညာသင်လဲလှယ်ရေးအစီအစဉ်များသို့ တက်ရောက်နိုင်ရန် ထိုင်းပညာသင်ဆု (၂၀၂၄ ခုနှစ်)ကို ကမ်းလှမ်းထားသည်။

ပညာသင်ဆုအစီအစဉ်အသေးစိတ်ကို https://mhesi.e-office.cloud/d/ffeb26cc တွင် ကြည့်ရှုနိုင်ပါသည်။

*************

Thailand Scholarships (Year 2024) for international students

Ministry of Higher Education, Science, Research and Innovation of Thailand has offered Thailand Scholarship (Year 2024) for international students to pursue Bacherlor, Master or Doctoral degrees and exchange programs at the Thai higher education institutions.

Details of the scholarship programmes can be found at https://mhesi.e-office.cloud/d/ffeb26cc

📣 မြန်မာနိုင်ငံ 🇲🇲 မှ ကျောင်းသားများအတွက် မဟီဒေါတက္ကသိုလ်က အပြည့်အဝ အထူးပေးအပ်လျက်ရှိသော ပညာသင်ဆုများကို လျှောက်ထားနိုင်...
13/02/2024

📣 မြန်မာနိုင်ငံ 🇲🇲 မှ ကျောင်းသားများအတွက် မဟီဒေါတက္ကသိုလ်က အပြည့်အဝ အထူးပေးအပ်လျက်ရှိသော ပညာသင်ဆုများကို လျှောက်ထားနိုင်ပါပြီ။ 📣 နော်ဝေ 🇳🇴 နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှုဖြင့် မဟီဒေါတက္ကသိုလ်သည် သိပ္ပံနှင့်နည်းပညာ၊ အင်ဂျင်နီယာပညာရပ်နှင့် ပြည်သူ့ကျန်းမာရေးနယ်ပယ်များရှိ ဘာသာရပ်မျိုးစုံအတွက် ဘွဲ့လွန်မဟာဘွဲ့ ဘာသာရပ် (၇) ခုနှင့် ဘွဲ့ကြိုဘာသာရပ် (၈) ခုတို့အတွက် ဘွဲ့သင်တန်းများကို စီစဉ်ဖွင့်လှစ်ထားပါသည်။ လျှောက်ထားရန် စိတ်ဝင်စားသူများအနေဖြင့် မဟီဒေါတက္ကသိုလ်၏ ဘွဲ့သင်တန်းရေးရာအရာရှိများထံသို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

▶️၂၀၁၃ ခုနှစ်မှအစပြုပြီး နော်ဝေနိုင်ငံ 🇳🇴 သံရုံးသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းရည်မြှင့်တင်တည်ဆောက်ခြင်းအားဖြင့် ရည်ရွယ်ဖော်ဆောင်ရန် မဟီဒေါတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဤအစပြုကြိုးပမ်းအားထုတ်မှုကြောင့် ယနေ့အချိန်အထိ ဘွဲ့ရ 🇲🇲ကျောင်းသား (၁၈၀) ကျော်အား မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။

Applications for full scholarships exclusively for Myanmar 🇲🇲 students at Mahidol University are now open! With the support of the Norwegian 🇳🇴 Ministry of Foreign Affairs, Mahidol University is offering 7 Master's degree programs and 8 Bachelor's degree programs in Science, Engineering and Public Health.

Since 2013, the Norwegian Embassy 🇳🇴 has been collaborating with Mahidol University, targeting sustainable development through capacity building. The initiative has already produced over 180 🇲🇲 graduates to date. For further information, please contact Mahidol University International Relations Division via e-mail 📧 at [email protected] for the application process.

ထိုင်းပညာသင်ဆု (၂၀၂၄ ခုနှစ်)ထိုင်းနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာနသည် ထိုင်းအဆင့်...
11/02/2024

ထိုင်းပညာသင်ဆု (၂၀၂၄ ခုနှစ်)

ထိုင်းနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာနသည် ထိုင်းအဆင့်မြင့်ပညာရေးအဖွဲ့အစည်းများတွင် မဟာဘွဲ့ (သို့) ပါရဂူဘွဲ့များ သင်ယူရန် မြန်မာနိုင်ငံသားများအတွက် ထိုင်းပညာသင်ဆု (၂၀၂၄ ခုနှစ်) ကို ကမ်းလှမ်းထားသည်။ လျှောက်လွှာများကို ၁၅ ရက် မတ်လ ၂၀၂၄ ခုနှစ်အထိနောက်ဆုံးထားပေးပို့နိုင်ပါသည် ။

ပညာသင်ဆုအစီအစဉ်အသေးစိတ်ကို https://mhesi.e-office.cloud/d/a79ca346 တွင် ကြည့်ရှုနိုင်ပါသည်။

*************************

Thailand Scholarship (Year 2024)

Ministry of Higher Education, Science, Research and Innovation of Thailand has offered Thailand Scholarship (Year 2024) for Myanmar nationals to pursue master’s or doctoral degrees at the Thai higher education institutions. The application deadline is 15 March 2024.

Details of the scholarship programmes can be found at https://mhesi.e-office.cloud/d/a79ca346

Address

Mandalay
11052

Alerts

Be the first to know and let us send you an email when City College - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to City College - Myanmar:

Share