MAHAR

MAHAR အမှတ်တရဆိုတာ ဘယ်တော့မှ မေ့ပျောက်မသွားတဲ့ အရာပါ
MAHAR မှ ဘဝရဲ့ အမှတ်တရတွေအတွက် တာဝန်ယူပေးပါရစေ

30/04/2026
30/04/2026

လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံရခြင်း သို့မဟုတ် အလွန်အကျွံ အချိန်နောက်ကျခြင်းများအတွက် ဘတ် ၄,၅၀၀ အထိ နစ်နာကြေး ရပိုင်ခွင့်ရှိကြောင်း CAAT ထုတ်ပြန် ✨⚖️🛡️

​ထိုင်းနိုင်ငံအတွင်းနဲ့ နိုင်ငံတကာ ခရီးစဉ်တွေ ပျံသန်းတဲ့အခါ လေယာဉ်ခရီးစဉ် ရုတ်တရက် ဖျက်သိမ်းခံရတာ (သို့မဟုတ်) အချိန်ကြာမြင့်စွာ နောက်ကျတာမျိုးတွေအတွက် ခရီးသည်တွေမှာ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေကို CAAT က အခုလို အသေးစိတ် ထုတ်ပြန်ထားပါတယ်ရှင်။ ✨🔍

​⚠️ လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံရပါက ဘာတွေရနိုင်သလဲ?

​၁။ ထိုင်းပြည်တွင်းခရီးစဉ်များအတွက်

▪️​အစားအသောက်နှင့် အချိုရည်များ။
▪️​ဆက်သွယ်ရေး အထောက်အကူပြုပစ္စည်းများ။
▪️​ညအိပ်နားနားရန် လိုအပ်ပါက ဟိုတယ်နှင့် အကြိုအပို့ ဝန်ဆောင်မှု။

▪️​ငွေအပြည့်အဝ ပြန်အမ်းရယူခြင်း (သို့မဟုတ်) ခရီးစဉ်/ယာဉ် ပြောင်းလဲစီးနင်းခြင်း။

​နစ်နာကြေး ဘတ် ၁,၅၀၀ (အကယ်၍ လေကြောင်းလိုင်းမှ အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ဖျက်သိမ်းလျှင်)။

ခြွင်းချက် : ၃ ရက်ကြိုတင် အကြောင်းကြားထားလျှင်သော်လည်းကောင်း၊ ရာသီဥတုနှင့် နိုင်ငံရေးအခြေအနေကြောင့်သော်လည်းကောင်း လျော်ကြေးရမည်မဟုတ်ပါ။

​၂။ နိုင်ငံတကာခရီးစဉ်များအတွက်
(ခရီးကွာဝေးအလိုက် နစ်နာကြေး)

▪️​ကီလိုမီတာ ၁,၅၀၀ အထိ - ဘတ် ၂,၀၀၀
▪️​ကီလိုမီတာ ၁,၅၀၀ မှ ၃,၅၀၀ အထိ - ဘတ် ၃,၅၀၀
▪️​ကီလိုမီတာ ၃,၅၀၀ အထက် - ဘတ် ၄,၅၀၀

​⏳ လေယာဉ်နောက်ကျခြင်း (Delayed Flights) အတွက် အခွင့်အရေးများ။

▪️​နိုင်ငံတကာခရီးစဉ် ၂ နာရီမှ ၄ နာရီအတွင်း နောက်ကျလျှင် ​အစားအသောက်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ရရှိရပါမည်။

▪️​၅ နာရီနှင့်အထက် နောက်ကျလျှင် ​အစားအသောက်၊ ဟိုတယ်တည်းခိုခွင့်နှင့် နစ်နာကြေး ဘတ် ၁,၅၀၀ ရရှိနိုင်သည့်အပြင် ငွေပြန်အမ်းရယူပိုင်ခွင့် ရှိသည်။

▪️​၁၀ နာရီနှင့်အထက် နောက်ကျလျှင် ​အစားအသောက်၊ ဟိုတယ်၊ ခရီးစဉ်ပြောင်းလဲပေးခြင်းနှင့်အတူ ခရီးအကွာအဝေးအလိုက် ဘတ် ၂,၀၀၀ မှ ၄,၅၀၀ အထိ နစ်နာကြေး ရပိုင်ခွင့်ရှိပါသည်။

​​ခြွင်းချက် : ရာသီဥတုဆိုးရွားခြင်း၊ နိုင်ငံရေးမတည်ငြိမ်ခြင်း (သို့မဟုတ်) လေကြောင်းလိုင်းမှ ၃ ရက်မှ ၇ ရက်အလို ကြိုတင်အကြောင်းကြားထားခြင်းမျိုးတွင် နစ်နာကြေး ရရှိမည်မဟုတ်ပါ။

ခရီးစဉ်အခြေအနေကို SAWASDEE by AOT App တွင် အချိန်နှင့်တပြေးညီ စစ်ဆေးနိုင်သလို၊ အခက်အခဲရှိပါက လေကြောင်းလိုင်း Counter သို့ ချက်ချင်း ဆက်သွယ်မေးမြန်းပါရှင်။

လေယာဉ်ခရီးစဉ်တွေ မကြာခဏ အပြောင်းအလဲဖြစ်နေတဲ့ ဒီကာလမှာ မိတ်ဆွေတို့ရဲ့ အခွင့်အရေးကို သိရှိထားခြင်းက ဆုံးရှုံးမှုတွေမရှိအောင် ကာကွယ်ရာရောက်ပါတယ်ရှင်။

​"ခရီးစဉ်တိုင်းမှာ အဆင်ပြေချောမွေ့ပြီး ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေ ရရှိဖို့ Ananta Treasures Myanmar (ATM) က အမြဲစောင့်ကြည့် ကူညီပေးနေမှာပါရှင်။" ❤️🤝

​Where Every Journey Begins! ✨

​Reference: The Nation Thailand / CAAT ✨📰

​ #လေယာဉ်ခရီးစဉ် #ခရီးသွားအခွင့်အရေး #ထိုင်းနိုင်ငံသတင်း ်ဆောင်မှု

22/10/2025
26/09/2025

မြန်မာ ပါ့စပို့ ရှိရုံနဲ့ ယခုဆိုရင် အာဆီယံ ၉ နိုင်ငံကို ဝင်လို့ရပါပြီ။

Visa မလိုပဲ ဝင်လို့ရသော နိုင်ငံတွေဆိုပေမဲ့ ပေးဝင်တဲ့ ရက် အကန့်အသတ်တော့ မတူညီကြပါဘူး။

Visa free ပေးသည့်အတွက် ၆ လ အထက် သက်တမ်း ကျန်ရှိ passport သာ ရှိရုံနဲ့ ဝင်လို့ရတာပါ။ (PJ/PV ဆိုတဲ့ အရာများကို ထိုနိုင်ငံများက ထည့်မတွက်ပါ။ စာအုပ်နီနေရင်ရပါပြီ)

Visa free ပေးထားသော်လည်း ပေးဝင်သည်မဝင်သည်ကတော့ ထိုနိုင်ငံများရဲ့ လဝက ဝန်ထမ်းတွေရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။

တကယ့် ခရီးသွားတယောက် တခြားနိုင်ငံကိုလည်တဲ့အခါ အခြေခံ ပါကိုပါရမယ့် အသွားအပြန် လေယာဉ်ဘိုကင်၊ဟော်တယ်ရက်အပြည့် ၊ခရီးအသုံးစရိတ်နဲ့ ခရီးသွား အစီအစဉ်ကတော့ ဘယ်နိုင်ငံသွားသွား ဆောင်သွားတာက မမှားပါဘူး။

Visa free ဆိုတာဟာ နိုင်ငံတနိုင်ငံကိုလည်ဖို့ ခဏတာ ပေးဝင်တာဖြစ်ပြီး တခြားသော အလုပ်/ကျောင်းနှင့် ကိုယ်ပိုင်စီးပွါးရေး ဘာဆိုဘာမှ လုပ်ခွင့်မရှိပါဘူး။

26/09/2025

Address

Kuthodaw Pagoda
Mandalay

Telephone

+959793990001

Website

Alerts

Be the first to know and let us send you an email when MAHAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share