New Next International College - School of ICT and CS

New Next International College - School of ICT and CS NCCဆိုတာ ITကိုစိတ်၀င်စားသော်လည်း ကျောင်းမပြီးသေးတဲ့လူငယ်တွေအတွက် UK အသိအမှတ်ပြု programတစ်ခုဖြစ်ပါတယ်

𝗠𝗲𝗲𝘁 𝗢𝘂𝗿 𝗡𝗖𝗖 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 𝗟𝗲𝗰𝘁𝘂𝗿𝗲𝗿𝘀AI ခေတ်မှာ ကိုယ့်ရဲ့ IT Career ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ဆိုရင်၊ လမ်းပြသင်ကြား...
26/03/2026

𝗠𝗲𝗲𝘁 𝗢𝘂𝗿 𝗡𝗖𝗖 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 𝗟𝗲𝗰𝘁𝘂𝗿𝗲𝗿𝘀

AI ခေတ်မှာ ကိုယ့်ရဲ့ IT Career ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ဆိုရင်၊ လမ်းပြသင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍက အရမ်းကို အရေးကြီးပါတယ်။

New Next International College မှာ ဖွင့်လှစ်ထားတဲ့ "NCC Computing” အတန်းတွေမှာဆိုရင် အင်္ဂလန်နိုင်ငံ ပညာရေးဆိုင်ရာ အကဲဖြတ်စစ်ဆေးမှုအဖွဲ့အစည်း Ofqual ကနေ အသိအမှတ်ပြုထားတဲ့ UK Curriculum ကို နယ်ပယ်အသီးသီးက အတွေ့အကြုံဝါရင့် ဆရာ၊ ဆရာမတွေကိုယ်တိုင်က စာတွေ့ရော၊ လက်တွေ့ပါ သေချာနားလည်သဘောပေါက်အောင် သင်ကြားပေးနေတာ ဖြစ်ပါတယ်။

Foundation ကနေစပြီး ဘာသာရပ်တစ်ခုချင်းစီကို ဖိဖိစီးစီးနဲ့ အကောင်းဆုံး လမ်းညွှန်သင်ပြပေးသွားမှာဖြစ်လို့ ယုံကြည်စိတ်ချစွာ တက်ရောက်နိုင်ပါတယ်။

NCC Computing တန်းခွဲသစ်တွေကို မတ်လ (၃၀) ရက်နေ့အထိ ကျောင်းအပ်လက်ခံမှာဖြစ်လို့ ပြည်တွင်းကနေပဲ နိုင်ငံတကာအဆင့်မီ UK နည်းပညာဘွဲ့ကို အကောင်းဆုံး ဆရာ၊ ဆရာမတွေဆီမှာ သင်ယူချင်တယ်ဆိုရင် New Next မှာ အခုပဲ လာရောက်စုံစမ်း အပ်နှံနိုင်ပါပြီ။

📲 အသေးစိတ်စုံစမ်းရန် 👉 m.me/newnextuniversity

New Next International College
Be Your New Next

𝗡𝗖𝗖 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 𝗣𝗮𝘁𝗵𝘄𝗮𝘆: 𝗙𝗶𝗻𝗮𝗹 𝗘𝘅𝗮𝗺! 🌟New Next International College မှ NCC (Computing Pathway) Level 3 နှင့် Level 4 ကျော...
10/03/2026

𝗡𝗖𝗖 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 𝗣𝗮𝘁𝗵𝘄𝗮𝘆: 𝗙𝗶𝗻𝗮𝗹 𝗘𝘅𝗮𝗺! 🌟

New Next International College မှ NCC (Computing Pathway) Level 3 နှင့် Level 4 ကျောင်းသား၊ ကျောင်းသူများ Final Exam ကို ကြိုးစားဖြေဆိုနေကြတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုချင်တယ်။ ဒါပေမယ့် ဘယ်ကနေစရမှန်းမသိဘူး။ဒါ IT လောကထဲ ဝင်ချင်တဲ့ လူငယ်အများစု ကြုံတွေ့နေရတ...
03/03/2026

နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုချင်တယ်။ ဒါပေမယ့် ဘယ်ကနေစရမှန်းမသိဘူး။

ဒါ IT လောကထဲ ဝင်ချင်တဲ့ လူငယ်အများစု ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုပါ။
Programming သင်တန်းတိုလေးတွေပဲ အရင်တက်ရမလား? Networking ကနေပဲ စရမလား?
ဒါမှမဟုတ် ကိုယ်တိုင်ပဲ Self-Study လုပ်ရမလားဆိုပြီး တွေဝေနေတတ်ကြပါတယ်။

တကယ်လို့ ကိုယ်က နည်းပညာကို အပေါ်ယံလောက် မဟုတ်ဘဲ၊ အခြေခံကနေစပြီး Professional အဆင့်ထိ စနစ်တကျ လေ့လာချင်တယ်။ ပြည်တွင်းတင်မကဘဲ ပြည်ပ Global Market မှာပါ ဝင်ဆံ့နိုင်တဲ့အထိ ရည်ရွယ်ထားတယ်ဆိုရင်တော့ ခိုင်မာတဲ့ လမ်းကြောင်းတစ်ခု လိုအပ်ပါတယ်။

ဒါကြောင့် UK နိုင်ငံရဲ့ ပညာရေးစံသတ်မှတ်ချက်တွေအတိုင်း လေ့လာနိုင်မယ့် လမ်းကြောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

───

🎓 NCC Computing Pathway ဆိုတာ ဘာလဲ?

NCC (National Computing Centre) ဆိုတာ ၁၉၆၆ ခုနှစ်ကတည်းက ဗြိတိသျှအစိုးရက စတင်တည်ထောင်ခဲ့တဲ့ UK အခြေစိုက် IT ပညာရေး လမ်းကြောင်းတစ်ခုပါ။ အင်္ဂလန်နိုင်ငံရဲ့ ပညာရေးဆိုင်ရာ အကဲဖြတ်စစ်ဆေးမှု အဖွဲ့အစည်း Ofqual က အသိအမှတ်ပြုထားတာမို့ သူ့ရဲ့လက်မှတ်တွေက ကမ္ဘာတစ်ဝှမ်းမှာ တရားဝင် အသုံးချလို့ရပါတယ်။

NCC Pathway မှာ နည်းပညာကို UK Curriculum အတိုင်း စနစ်တကျလေ့လာနိုင်ပြီး Level 3 ကနေ Level 4, Level 5 အထိ ကိုယ့်ရဲ့ ပညာအရည်အချင်းပေါ် မူတည်ပြီး အဆင့်ဆင့် တက်ရောက်နိုင်ပါတယ်။

🎓 ဒီ Pathway ရဲ့ အကြီးမားဆုံး အားသာချက်က ဘာလဲဆိုရင် —

Level 5 ပြီးဆုံးသွားတာနဲ့ UK နိုင်ငံ University of Central Lancashire (UCLan) ရဲ့ နောက်ဆုံးနှစ်ကို တိုက်ရိုက်ဝင်တက်ပြီး BSc (Hons) Business Computing and Information Systems ဘွဲ့ကို ရယူနိုင်တာပါပဲ။

ဒါက ရိုးရိုး ဒီပလိုမာတစ်ခု တက်လိုက်တာမျိုး မဟုတ်ပါဘူး — ပြည်တွင်းကနေပဲ အချိန်နဲ့ ငွေကြေး ကုန်ကျစရိတ် သက်သာစွာနဲ့ UK တက္ကသိုလ် နည်းပညာဘွဲ့ဆီ တိုက်ရိုက်ရောက်ရှိနိုင်မယ့် လမ်းကြောင်းပါ။

───

💻 ကျောင်းသားတွေအနေနဲ့ ဘယ်လိုအဆင့်တွေကနေ စတင်တက်ရောက်နိုင်မလဲ?

⬇️ NCC Level 3 Diploma in Computing
အထက်တန်း မပြီးဆုံးသေးတဲ့ ကျောင်းသား/သူများ — ဒီအဆင့်ကနေ အခြေခံအကျဆုံး စတင်တက်ရောက်နိုင်ပါတယ်။

လေ့လာရမည့် ဘာသာရပ် (၅) ခု —
• Study and Presentation Skills
• Digital World
• Mathematical Skills for Computing
• Introduction to Computer Science
• Introduction to Programming

📅 စတင်မည့်ရက် — မတ်လ ၉ ရက်၊ ၂၀၂၆
⏱ သင်တန်းကာလ — ၆ လ
📍 သင်ကြားမည့်ပုံစံ — Online / On Campus
💰 သင်တန်းကြေး — ၂,၅၀၀,၀၀၀ ကျပ်
📝 စာရင်းသွင်းကြေးနှင့် စာမေးပွဲကြေး — £300

───

⬇️ NCC Level 4 Diploma in Computing
Grade 12 (သို့) GED / IGCSE အောင်မြင်ပြီးသူများ — ဒီအဆင့်ကနေ စတင်တက်ရောက်နိုင်ပါတယ်။

လေ့လာရမည့် ဘာသာရပ် (၈) ခု —
• Algorithms and Mathematical Concepts for Computing
• Computer Networks
• Computer Systems
• Object-Oriented System Analysis and Design
• Software Engineering
• Designing & Developing Object-oriented Computer Programmes
• Databases
• Front-End Web Development

📅 စတင်မည့်ရက် — မတ်လ ၉ ရက်၊ ၂၀၂၆
⏱ သင်တန်းကာလ — ၁ နှစ်
📍 သင်ကြားမည့်ပုံစံ — Online / On Campus
💰 သင်တန်းကြေး — ၅,၅၀၀,၀၀၀ ကျပ်
📝 စာရင်းသွင်းကြေးနှင့် စာမေးပွဲကြေး — £400

───

⬇️ NCC Level 5 Diploma in Computing
NCC Level 4 အောင်မြင်ပြီးသူများ — ဒီအဆင့်ကို ဆက်လက်တက်ရောက်နိုင်ပါတယ်။

လေ့လာရမည့် ဘာသာရပ် (၆) ခု —
• Computing Project
• Network Security & Cryptography
• Artificial Intelligence
• Agile Development
• Back End Web Development
• Mobile App Development

📅 စတင်မည့်ရက် — မတ်လ ၉ ရက်၊ ၂၀၂၆
⏱ သင်တန်းကာလ — ၁ နှစ်
📍 သင်ကြားမည့်ပုံစံ — Online / On Campus
💰 သင်တန်းကြေး — ၆,၀၀၀,၀၀၀ ကျပ်
📝 စာရင်းသွင်းကြေးနှင့် စာမေးပွဲကြေး — £500

🎓 Level 5 ပြီးရင် — University of Central Lancashire, UK ရဲ့ BSc (Hons) ဘွဲ့ နောက်ဆုံးနှစ်ကို တိုက်ရိုက် ဝင်တက်နိုင်ပါပြီ။

───

🎓 UK ဘွဲ့ရတဲ့အထိ ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ?

📍 NCC Level 3 မှ UK BSc (Hons) ဘွဲ့ပြီးဆုံးသည်အထိ သင်တန်းကြေးနှင့် စာမေးပွဲကြေး အားလုံးအပါအဝင် (ခန့်မှန်းခြေ) -

• Level 3 - ၄၁ သိန်း ၅ သောင်း
• Level 4 - ၇၇ သိန်း
• Level 5 - ၈၇ သိန်း ၅ သောင်း
• UK BSc (Hons) - ၂၀၂ သိန်း ၅ သောင်း
စုစုပေါင်း - ၄၀၈ သိန်း ၅ သောင်း ခန့် ကုန်ကျမည်ဖြစ်ပါသည်။

(P.S - £ 1 = 5500 MMK ပေါ်အခြေခံပြီး တွက်ချက်ထားခြင်း ဖြစ်ပါသည်။)

───

🏢 New Next မှာ ဘယ်လိုပုံစံ တက်ရောက်ရမလဲ?

သင်တန်းသားတွေရဲ့ အဆင်ပြေမှုအတွက် Online ရော On Campus ပါ ရွေးချယ်နိုင်ပါတယ်။

✔️ Online — Zoom Platform ကနေ သင်ကြားပေးမှာ ဖြစ်ပြီး သင်ခန်းစာတိုင်းကို Recorded Video တွေနဲ့ အချိန်မရွေး ပြန်လည်လေ့လာနိုင်ပါတယ်။

✔️ On Campus — မိမိနဲ့ နီးစပ်ရာ Campus (၂) ခုကနေ ရွေးချယ်တက်ရောက်နိုင်ပါတယ်-

🏫 Mingalar Mandalay Campus — Unit 10, Block 5, Mingalar Mandalay, မန္တလေးမြို့။

🏫 Amarapura Campus — အမှတ် (၅၉၂)၊ တောင်သမန်အင်းနှင့် ရတနာပုံကျောင်းအနီး၊ ဦးပိန်တံတားအရှေ့ဘက်ထိပ်၊ Amarapura Icon Project၊ အမရပူရမြို့နယ်၊ မန္တလေးမြို့။

───

💡 အနှစ်ချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ —

IT ပိုင်းကို ဘယ်ကနေစရမှန်းမသိလို့ အချိန်ဆွဲနေမယ့်အစား၊ ခိုင်မာတဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ အချိန်နဲ့ ငွေကို ရင်းနှီးမြှုပ်နှံထားတာ အကောင်းဆုံးပါပဲ။ အထက်တန်းမပြီးသေးရင် Level 3 ကနေ စတက်ပါ၊ Grade 12 ပြီးထားရင် Level 4 ကနေ စတက်ပါ။ Level 5 အပြီးမှာ နိုင်ငံတကာ အသိအမှတ်ပြု UK နည်းပညာဘွဲ့ကို ရယူပြီး ပြည်တွင်း၊ ပြည်ပမှာ IT Professional တစ်ယောက်အဖြစ် လျှောက်လှမ်းနိုင်ပါပြီ။

သင်တန်းကြေးကို ခွဲသွင်းလို့ရအောင် Payment Plan များ စီစဉ်ပေးထားပါတယ်။ အသေးစိတ် သိရှိလိုပါက Messenger မှာ ဆက်သွယ်နိုင်ပါပြီ 👉 m.me/newnextuniversity

📞 09 788 889 170

New Next International College
Be Your New Next

"လစာမပေးရပဲ အလုပ်တွေ အကုန် လုပ်ပေးနိုင်တဲ့ Assistant တယောက်လိုချင်လား?"AI နည်းပညာတွေအကြောင်း ပြောတဲ့အခါ Chatbot နဲ့ AI A...
20/02/2026

"လစာမပေးရပဲ အလုပ်တွေ အကုန် လုပ်ပေးနိုင်တဲ့ Assistant တယောက်လိုချင်လား?"

AI နည်းပညာတွေအကြောင်း ပြောတဲ့အခါ
Chatbot နဲ့ AI Agent ဆိုတဲ့ စကားလုံးနှစ်ခုကို ရောထွေးတတ်ကြပါတယ်။

အပြင်ပန်းကြည့်ရင် ဆင်တူသလိုရှိပေမဲ့ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ရည်ရွယ်ချက်ကတော့
တော်တော်လေး ကွာခြားပါတယ်။

အလွယ်ဆုံး နားလည်အောင် ရှင်းပြရရင်တော့

🗨️ Chatbot က "စကားပြောဖော်" ဒါမှမဟုတ်
Customer Service bot တွေပါ။

သူတို့က မေးတဲ့ မေးခွန်းကို သူတို့ဆီမှာရှိတဲ့ Data တွေပေါ် မူတည်ပြီး အကောင်းဆုံး ပြန်ဖြေပေးပါလိမ့်မယ်။

ဒါပေမဲ့ Email ပို့ပေးတာမျိုးတော့
တိုက်ရိုက် မလုပ်ပေးနိုင်ပါဘူး။

👉ဥပမာ - အလုပ်အင်တာဗျူးမှာ ဘာတွေမေးတတ်သလဲလို့ မေးလို့ရပေမဲ့ သူက အချက်အလက်တွေပဲ စာစီပြီး ပြန်ဖြေပါလိမ့်မယ်။

ဒါပေမဲ့ အလုပ်လျှောက်ပေးဖို့ကျတော့ ကိုယ်တိုင်ပဲ Website တွေထဲဝင်ပြီး Form တွေ ဖြည့်ရပါမယ်။

🤖AI Agent ကတော့ "အလုပ်လုပ်ပေးမယ့် ဝန်ထမ်း "Chatbot ထက် တစ်ဆင့် ပိုမြင့်ပါတယ်။

"စကားပြောရုံ" တင်မဟုတ်ဘဲ "လုပ်ဆောင်ချက် (Action)" တွေ ပါဝင်လာပါတယ်။ သူ့ကို
🏳️Goal တစ်ခု ပေးလိုက်ရုံပါပဲ။

👉ဥပမာ - CV ကိုကြည့်ပြီး ကိုက်ညီမယ့် အလုပ်တွေကို LinkedIn နဲ့ အလုပ်အကိုင် Website တွေမှာ ရှာပေးပါ။

ပြီးရင် အဲဒီထဲကမှ လစာ အနည်းဆုံး ၈ သိန်းအထက်ရှိတဲ့ အလုပ်တွေကို ကိုယ်စား Form ဖြည့်ပြီး လျှောက်ထားပေးပါ" လို့ ခိုင်းလိုက်လို့ရတာမျိုးပါ။

AI Agent က Website တွေဆီ သွားမယ်၊ အချက်အလက်ဖတ်မယ်၊ Form တွေကို အလိုအလျောက် ဖြည့်ပြီး Submit လုပ်ပေးသွားမှာ
ဖြစ်ပါတယ်။

အရင် နာရီပေါင်းများစွာ အချိန်ပေးပြီး ရှာဖွေ၊ နှိုင်းယှဉ်၊ ဆုံးဖြတ်ခဲ့ရတဲ့ အလုပ်ရှာတာ၊ ဈေးဝယ်တာကအစ ရုံးလုပ်ငန်းကိစ္စတွေအဆုံး

အားလုံးကို AI က စဉ်းစားဆင်ခြင်ပြီး အမှားအယွင်းမရှိ ဆောင်ရွက်ပေးနိုင်တော့မဲ့ အချိန် မကြာခင် ရောက်လာတော့မှာပါ။

ဒီအတွက်ရော ကိုယ့်ဘက်ကနေ
ဘာတွေပြင်ဆင်ထားပြီးပြီလဲ

Be Your New Next.

📩New Next International College
🔗BSc(Hons) Business Computing and
Information Systems (NCC)


"Vibe Coding နဲ့ App တစ်ခုလုပ်နိုင်တာဟာLego ရုပ်ဆက်တာထက် မပိုဘူး"အခုခေတ်မှာ Cursor, Replit သို့မဟုတ် Bolt.new လို tool တ...
19/02/2026

"Vibe Coding နဲ့ App တစ်ခုလုပ်နိုင်တာဟာ
Lego ရုပ်ဆက်တာထက် မပိုဘူး"

အခုခေတ်မှာ Cursor, Replit သို့မဟုတ် Bolt.new လို tool တွေကို သုံးပြီး "ငါ့ကို Facebook လို App တစ်ခု ဆောက်ပေးစမ်း" လို့ ပြောလိုက်ရုံနဲ့

Code တွေ ထွက်လာတာကို Vibe Coding လို့
ခေါ်ကြပါတယ်။

Prompt လေးပေးလိုက်ရုံနဲ့ Application တစ်ခုထွက်လာတာ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။

ဒါပေမဲ့……

📝GitClear ရဲ့ Research တစ်ခုအရ AI-generated code တွေဟာ coding ခရီးလမ်းကို မြန်စေပေမဲ့ "Code Churn" (ရေးပြီးသားကို ပြန်ဖျက်၊ ပြန်ပြင်ရနှုန်း) ဟာ ၂၀၂၃ ကစပြီး သိသိသာသာ မြင့်တက်လာပါတယ်။

ဆိုလိုတာက AI ဟာ "အလုပ်လုပ်ရုံပဲ" ရေးပေးတာဖြစ်ပြီး ရေရှည်တည်တံ့ဖို့ (Maintainability)"အားနည်းပါတယ်။

❗AI က Code ရေးပေးနိုင်ရုံနဲ့ Developer တယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။

✅မှားနေရင် ပြင်နိုင်တဲ့ 'Logic' ရှိမှ Professional တယောက်ဖြစ်လာမှာပါ။

- AI က အိမ်တစ်လုံးဆောက်ဖို့ အုတ်ခဲစီပေးနိုင်ပေမဲ့၊ တိုက်ကြီးတစ်လုံးဖြစ်လာဖို့ ဘယ်လို အုတ်မြစ်ချရမလဲ (System Design) ဆိုတာကို Developer ကပဲ သိတာပါ။

- App တစ်ခု Error တက်လာတဲ့အခါ CS Fundamental နားလည်တဲ့ Developer ကသာ ဘယ်နေရာမှာ Logic မှားနေလဲဆိုတာကို ပြုပြင်နိုင်တာပါ။

- AI က ရှိပြီးသား Data ပေါ်မှာပဲ မူတည်ပါတယ်။ Developer တစ်ယောက်ကသာ "မရှိသေးတဲ့ solution" အသစ်ကို တီထွင်နိုင်တာပါ။

AI ကို ခိုင်းတတ်ရုံနဲ့ မလုံလောက်ပါဘူး။

AI ကို ဘယ်လို ထိန်းကျောင်းရမလဲဆိုတဲ့ Fundamental Logic နဲ့ Computer Science Concepts တွေကို
သိထားမှသာ

လူတိုင်း Vibe-Code နိုင်တဲ့ခေတ်မှာ Professional
တယောက်အဖြစ် ရပ်တည်နိုင်မယ်။

“Don't just be a user of technology,
be the architect of it”

📩 New Next International College
🔗 BSc (Hons) Business Computing and Information Systems (NCC Pathway)

"OpenClaw" ဆိုတာကတော့ AI လောကရဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ "Autonomous AI Agent" ခေတ်ကို စတင်လိုက်တဲ့ နည်းပညာတစ်ခုလို့ ပြောလို...
14/02/2026

"OpenClaw" ဆိုတာကတော့ AI လောကရဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ "Autonomous AI Agent" ခေတ်ကို စတင်လိုက်တဲ့ နည်းပညာတစ်ခုလို့ ပြောလို့ရပါတယ်။

🤖 OpenClaw ဆိုတာ ဘာလဲ?

OpenClaw ဆိုတာ ခိုင်းသမျှကို စာနဲ့ပဲ ပြန်ဖြေပေးတာမျိုးမဟုတ်ဘဲ ကိုယ်ရဲ့Computer ထဲမှာဖြစ်ဖြစ်၊ Cloud ပေါ်မှာဖြစ်ဖြစ် ကိုယ်တိုင် လက်တွေ့ အလုပ်လုပ်ပေးနိုင်တဲ့ Open-source AI Assistant တစ်ခုပါ။

ChatGPT လို Browser ထဲမှာပဲ ရှိနေတာမျိုး မဟုတ်ဘဲ WhatsApp, Telegram, Discord စတဲ့ Messaging Apps တွေကနေတစ်ဆင့် Computer ကို လှမ်းခိုင်းလို့ရတာပဲ ဖြစ်ပါတယ်။

🟩OpenClaw ကြောင့် ဘာတွေသက်သာသွားမလဲ

👉Action-Oriented (လက်တွေ့အလုပ်လုပ်ခြင်း)

"Email တွေကို Summary လုပ်ပေးပါ" လို့ ပြောရုံတင်မကဘဲ "အရေးကြီးတဲ့ Email တွေဆိုရင် Telegram ကနေ လှမ်းပြောခိုင်းပြီး ကျန်တာတွေကို Archive လုပ်ခိုင်းထားလို့ ရပါတယ်။

သူက Files တွေ ဖန်တီးတာ၊ Browser ကို ထိန်းချုပ်တာ၊ Code ရေးတာတွေကို ကိုယ်တိုင် လုပ်ဆောင်ပေးနိုင်ပါတယ်။

👉Persistent Memory (ရေရှည်မှတ်ဉာဏ်)

သူကကိုယ်ရဲ့အကြိုက်တွေ၊ အလုပ်လုပ်တဲ့ ပုံစံတွေကို မှတ်ထားပေးနိုင်ပါတယ်။

ဥပမာ- "မနက်ဖြန် Meeting ရှိတယ်" လို့ ပြောထားရင် သူက အရင်က Meeting Notes တွေကို ပြန်ရှာပြီး လိုအပ်တဲ့ Materials တွေကို ကြိုတင်ပြင်ဆင်ထားပေးတတ်ပါတယ်။

👉Proactive Heartbeat (ဦးဆောင်ပြီး လုပ်ကိုင်ခြင်း)

သူက မေးမှ ဖြေတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ Calendar ဒါမှမဟုတ် Inbox ကို စောင့်ကြည့်ပြီး "အခု လေယာဉ်လက်မှတ် Check-in လုပ်ဖို့ အချိန်ရောက်ပြီ၊ လုပ်ပေးရမလား?" ဆိုပြီး အရင် လှမ်းမေးတတ်တဲ့ "Proactive" assistant မျိုးပါ။

OpenClaw က ကိုယ်ံ Computer ရဲ့ Terminal နဲ့ Files တွေကို Access လုပ်နိုင်တဲ့အတွက် အင်မတန် စွမ်းဆောင်ရည် မြှင့်သလို သတိထားဖို့လည်း လိုပါတယ်။

နည်းပညာ အရွှေ့က နောက်က မလိုက်နိုင်ရင် အတော် ကြောက်ဖို့ကောင်းပါတယ်။

အရေးကြီးတာက အမှီလိုက်နိုင်ဖို့လည်း လိုသလို စိတ်တောင်မကူးမိခဲ့တဲ့ အရာတွေအတွက် ကြိုတင်ပြင်ဆင်ဖို့လိုပြီ။

10/02/2026

နိုင်ငံတကာအသိမှတ်ပြု UK ပညာရေးခရီးစဉ်ကို New Next မှာ စတင်လိုက်ပါ✨

UK ဘွဲ့တစ်ခု ရယူရင်း၊ လက်တွေ့နယ်ပယ်က အတွေ့အကြုံတွေနဲ့ ကျောင်းသားဘဝကို ဖြတ်သန်းချင်ပါသလား?

ဒါဆိုရင်တော့ New Next International College ကနေ ဖိတ်ခေါ်လိုက်ပါတယ်။

New Next မှာ ဘာတွေထူးခြားလဲ?

✅ စီးပွားရေးအတွက် University of Hertfordshire နဲ့ နည်းပညာအတွက် University of Central Lancashire တို့ရဲ့ ဘွဲ့တွေကို ပြည်တွင်းမှာပဲ ကုန်ကျစရိတ်သက်သာစွာ ရယူနိုင်ခြင်း။

✅ Mingalar Mandalay Campus မှာ တက်မလား၊ နယ်ဝေးကနေ အဆောင်နေမလား၊ Online ကပဲ တက်မလား အဆင်ပြေသလို ရွေးချယ်နိုင်ခြင်း။

✅ Venture Base, Startup Weekend, Hackathon ပြိုင်ပွဲတွေနဲ့ လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်စေခြင်း။

Grade 12 (သို့) GED/IGCSE အောင်မြင်ပြီးသူများ တိုက်ရိုက်တက်ရောက်နိုင်သလို၊ အထက်တန်းမပြီးသေးသူများလည်း Foundation (6) လတက်ရောက်ပြီး UK ဘွဲ့လမ်းကြောင်းကို စတင်နိုင်ပါပြီ။

ပြန်မရနိုင်တဲ့ ကျောင်းသားဘဝကို တန်ဖိုးအရှိဆုံး ဖြတ်သန်းဖို့ New Next မှာ အခုပဲ စုံစမ်းအပ်နှံနိုင်ပါပြီ။

📩 Page Messenger - m.me/NCCUKNewNext
📞Phone - 09788889170

Mingalar Mandalay Campus -
🏫Unit 10, Block 5, Mingalar Mandalay, မန္တလေးမြို့။

အမရပူရ Campus -
🏫အမှတ် (၅၉၂) ၊ တောင်သမန်အင်း နှင့် ရတနာပုံကျောင်းအနီး ၊ ဦးပိန်တံတားအရှေ့ဘက်ထိပ် ၊ Amarapura Icon Project ၊ အမရပူရမြို့နယ် ၊ မန္တလေးမြို့။

New Next International College
Be Your New Next


New Next International College မှာ UK Pathway Program တွေ တက်ရောက်ဖို့ စဉ်းစားနေတဲ့ လူငယ်တွေအတွက် Campus ၂ ခုကို ရွေးချယ...
09/02/2026

New Next International College မှာ UK Pathway Program တွေ တက်ရောက်ဖို့ စဉ်းစားနေတဲ့ လူငယ်တွေအတွက် Campus ၂ ခုကို ရွေးချယ်လို့ရပါတယ်။

၁။ "Mingalar Mandalay Campus"

မန္တလေးမြို့မှာ နေထိုင်ပြီး မြို့ပြရဲ့အငွေ့အသက်နဲ့ ကျောင်းတက်ချင်တဲ့ လူငယ်တွေအတွက်ဆိုရင် Mingalar Mandalay Campus ရှိပါတယ်။

✅ မန္တလေးမြို့ရဲ့ အချက်အချာကျတဲ့ Mingalar Mandalay ထဲမှာ ဖွင့်လှစ်ထားလို့ သွားရေးလာရေး လွယ်ကူစေပါတယ်။
✅ စာသင်ခန်း Facilities အပြည့်အစုံနဲ့ သင်ကြားပေးနေလို့ ခေတ်မီတဲ့ Learning Environment ကို ရရှိစေမှာပါ။
✅ မန္တလေးမြို့ခံ ကျောင်းသား/သူတွေအတွက် အိမ်ကနေ အသွားအပြန် ကျောင်းတက်ဖို့လည်း အဆင်ပြေပါတယ်။

📍 လိပ်စာ - Unit 10, Block 5, Mingalar Mandalay, မန္တလေးမြို့

၂။ "Amarapura Campus"

မြို့ပြရဲ့ ဆူညံသံတွေနဲ့ဝေးရာမှာ အေးအေးဆေးဆေး စာလုပ်ချင်သူတွေ၊ နယ်ဝေးကနေ လာတက်ချင်သူတွေအတွက်တော့ Amarapura Campus က အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ။

✅ Amarapura Icon Project ထဲမှာရှိပြီး၊ တောင်သမန်အင်းနဲ့ ဦးပိန်တံတားအနီးမှာ ရှိတဲ့အတွက် သဘာဝရှုခင်းတွေနဲ့ စိတ်ကြည်လင်လန်းဆန်းစေပါတယ်။
✅ မြို့ပြရဲ့ ရှုပ်ထွေးမှုတွေ မရှိဘဲ တိတ်ဆိတ်ငြိမ်သက်တဲ့အတွက် အာရုံစူးစိုက်ပြီး စာလုပ်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
✅ နယ်ဝေးက ကျောင်းသားတွေအတွက် ရေမီးအစုံနဲ့ လုံခြုံမှုရှိတဲ့ အဆောင်တွေကို New Next က စီစဉ်ပေးထားလို့ အဆောင်နေရင်း ကျောင်းတက်ဖို့ အဆင်ပြေဆုံးပါပဲ။

📍 လိပ်စာ - အမှတ် (၅၉၂) ၊ တောင်သမန်အင်း နှင့် ရတနာပုံကျောင်းအနီး ၊ ဦးပိန်တံတားအရှေ့ဘက်ထိပ် ၊ Amarapura Icon Project ၊ အမရပူရမြို့နယ် ၊ မန္တလေးမြို့

ဘယ် Campus ကိုပဲ ရွေးရွေး New Next ရဲ့ Quality ကောင်းမွန်တဲ့ UK Education နဲ့ သင်ကြားမှုပုံစံတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ Lifestyle နဲ့ အဆင်ပြေမယ့် Campus ကိုရွေးချယ်ပြီး New Next မှာ အကောင်းဆုံး ကျောင်းသားဘဝကို စတင်နိုင်ပါပြီ။

📞အသေးစိတ်စုံစမ်းရန် - 09788889170
💬 Page Messenger သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

New Next International College
Be Your New Next


02/02/2026

New Next မှာ အဆောင်နေရင်း ပညာသင်ယူနေတဲ့ ကျောင်းသူတစ်ဦးရဲ့ အတွေ့အကြုံ✨

နယ်ဝေးကနေ ပညာလာသင်မယ့် ကျောင်းသူ/သားတွေအတွက် မိဘတွေ အစိုးရိမ်ရဆုံးက နေထိုင်စားသောက်ရေးပါပဲ။

New Next ရဲ့ အမရပူရ Campus မှာတော့ အဲ့ဒီအပူတွေအားလုံးကို ဖြေရှင်းပေးထားပါတယ်။

✅ ရေမီးအပြည့်အစုံနဲ့ သပ်ရပ်သန့်ရှင်းတဲ့ Student Dorms များ
✅️ အားလပ်ချိန်မှာ အပန်းဖြေဖို့ အနီးအနားမှာ ရေကူးကန်များ
✅️ ကျောင်းသားတွေ အေးဆေးစာလုပ်ဖို့ Learning spaces များ
✅️ ဈေးသက်သာပြီး အချိန်မရွေး ဝယ်ယူစားသုံးနိုင်မယ့် Street Food ဆိုင်များ
✅️ စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့ သဘာဝရှုခင်းအလှများ

စသဖြင့် ပညာရှာရင်း၊ လူငယ်ကျောင်းသားဘဝကို လုံခြုံစွာ ဖြတ်သန်းနိုင်ဖို့ New Next က စီစဉ်ပေးထားပါတယ်။

တကယ်ပဲ အဆောင်နေရင်း ကျောင်းတက်ရတာ အဆင်ပြေရဲ့လား? ကျောင်းသူတစ်ယောက်ရဲ့ ရင်ဖွင့်စကားသံကို ဒီ Video လေးမှာ နားဆင်ကြည့်နိုင်ပါတယ်။

New Next International College
Be Your New Next

𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐂𝐚𝐦𝐩𝐮𝐬 𝐢𝐬 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥𝐥𝐲 𝐑𝐞𝐨𝐩𝐞𝐧𝐞𝐝‼️မန္တလေးက ကျောင်းသား၊ ကျောင်းသူတွေအားလုံး စောင့်မျှော်နေကြတဲ့ New Next I...
02/02/2026

𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐂𝐚𝐦𝐩𝐮𝐬 𝐢𝐬 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥𝐥𝐲 𝐑𝐞𝐨𝐩𝐞𝐧𝐞𝐝‼️

မန္တလေးက ကျောင်းသား၊ ကျောင်းသူတွေအားလုံး စောင့်မျှော်နေကြတဲ့ New Next International College ရဲ့ Mingalar Mandalay Campus ကို အကောင်းဆုံးပြင်ဆင်မှုတွေနဲ့အတူ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူစွာ အသိပေးလိုက်ရပါတယ်။

Facilities အပြည့်အစုံနဲ့ ပြင်ဆင်ထားတဲ့ စာသင်ခန်းတွေ၊ Learning Environment ကောင်းကောင်းမှာ ပညာသင်ကြားလိုသူများအနေနဲ့ အခုပဲလာရောက်လေ့လာဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။

အသေးစိတ်သိရှိလိုပါက Page Messenger (သို့မဟုတ်) ဖုန်းနံပါတ်မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

📍 Location: Unit 10, Block 5, Mingalar Mandalay, Mandalay
📞 Phone: 09788889170
💬 Page Messenger: m.me/newnextuniversity


UK နည်းပညာဘွဲ့ကို မန္တလေးမြို့မှာ အဆောင်နေရင်း ရယူနိုင်ပြီ။🎓"𝗕𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 𝗮𝗻𝗱 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺𝘀" (𝗡𝗖𝗖...
16/01/2026

UK နည်းပညာဘွဲ့ကို မန္တလေးမြို့မှာ အဆောင်နေရင်း ရယူနိုင်ပြီ။
🎓"𝗕𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 𝗮𝗻𝗱 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺𝘀" (𝗡𝗖𝗖 𝗣𝗮𝘁𝗵𝘄𝗮𝘆)

ကိုယ်က အခုလက်ရှိနယ်ဝေးတစ်နေရာမှာ ရောက်နေတယ်။ နည်းပညာကိုလည်း စိတ်ဝင်စားတယ်။

IT ပိုင်းကို လေ့လာရင်း တချိန်ပြည်ပထွက်ဖို့အတွက် UK ဘွဲ့တစ်ခုလည်း ရယူထားချင်တယ်။

ဒါကြောင့် မန္တလေးမြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ အဆောင်နေပြီး ကျောင်းတက်ရင်းနဲ့ UK နည်းပညာဘွဲ့ယူဖို့ ပြင်ဆင်ချင်တယ်ဆိုရင်၊

👉New Next ကနေ ဖွင့်လှစ်မယ့် "𝗕𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 𝗮𝗻𝗱 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺𝘀" (𝗡𝗖𝗖 𝗣𝗮𝘁𝗵𝘄𝗮𝘆) တန်းခွဲသစ်တွေက သင့်အတွက် ဖြစ်နိုင်ပါတယ်။

🎓NCC Pathway ဆိုတာ ဘာလဲ?

NCC ဆိုတာ British အစိုးရက ၁၉၆၆ မှာ စတင်တည်ထောင်ခဲ့တဲ့ UK အခြေစိုက် Awarding body တစ်ခုဖြစ်ပါတယ်။ National Computing Center (NCC) ဖြစ်ပြီး နိုင်ငံပေါင်း ၅၀ ကျော်၊ ကျောင်းပေါင်း ၂၀၀ ကျော်မှာ ပို့ချပေးလျက်ရှိပါတယ်။

NCC မှာဆိုရင် Foundation Level, First Year, Second Year, Final Year စသဖြင့် အဆင့်ဆင့် တက်ရောက်နိုင်ပါတယ်။ Final Year ပြီးရင်တော့ "𝗕𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 𝗮𝗻𝗱 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺𝘀" UK ဘွဲ့ကို ရရှိမှာပါ။

🎓NCC ကို ဘယ်နိုင်ငံတွေက လက်ခံသလဲ?

NCC Pathway ကို အင်္ဂလန်နိုင်ငံ ပညာရေးဆိုင်ရာ အကဲဖြတ်စစ်ဆေးမှုအဖွဲ့အစည်း Ofqual ကနေ အသိအမှတ်ပြုတဲ့အတွက် နိုင်ငံတကာမှာ အသုံးချနိုင်ပါတယ်။ နိုင်ငံပေါင်း ၂၀ ကျော်ရဲ့ ကျောင်းပေါင်း ၁၀၀ ကျော်ကနေ လက်ခံပါတယ်။

အဓိကအားဖြင့် အင်္ဂလန်၊ ဂျပန်၊ သြစတြေးလျ၊ မလေးရှား၊ စင်္ကာပူနဲ့ UK နိုင်ငံတွေကနေ NCC ဘွဲ့ကို အသိအမှတ်ပြုပါတယ်။

🎓NCC ကို ဘယ်မှာတက်လို့ရလဲ?

အခု NCC တန်းခွဲသစ်တွေကိုတော့ New Next International College ရဲ့ မန္တလေးမြို့ရှိ အမရပူရ Campus မှာ အဆောင်နေရင်း တက်ရောက်နိုင်မှာပါ။

အမရပူရ Campus မှာဆိုရင်

✅️ ရေမီးအစုံနဲ့ အဆောင်နေရင်း ကျောင်းတက်နိုင်ဖို့အတွက် Student Dorms တွေရှိမယ်။
✅️ အားလပ်ချိန်မှာ အပန်းဖြေဖို့ အနီးအနားမှာ ရေကူးကန်ရှိမယ်။
✅️ ကျောင်းသားတွေ အေးဆေးစာလုပ်ဖို့ Learning spaces တွေရှိမယ်။
✅ဈေးသက်သာပြီး အရသာရှိတဲ့ အစားအစာတွေ အချိန်မရွေး ဝယ်ယူစားသုံးနိုင်မယ့် Street Food ဆိုင်တွေရှိမယ်။
✅စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့ ပတ်ဝန်းကျင်က သဘာဝရှုခင်းအလှတွေကို ခံစားနိုင်မယ်။

အခုလို facilities အပြည့်စုံနဲ့ ပညာသင်ယူနိုင်မှာဖြစ်လို့၊ အိမ်နဲ့ဝေးနေရင်တောင် ကိုယ့်ရဲ့ ဒုတိယအိမ်တစ်ခုလို ခံစားရစေမယ့် နေရာတစ်ခုဖြစ်ပါတယ်။

🎓NCC မှာ ဘာတွေသင်ကြားရမှာလဲ? သင်တန်းကြေးနဲ့ သင်တန်းကာလ ဘယ်လောက်ရှိလဲ?

NCC Pathway ရဲ့ Level တစ်ခုစီအလိုက် သင်ကြားရမယ့် ဘာသာရပ်တွေနဲ့ သင်တန်းကြေး၊ သင်တန်းကာလ အသေးစိတ်ကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

🎓Foundation မှာ သင်ကြားရမည့် ဘာသာရပ်များ

1. Study and Presentation Skills
2. Digital World
3. Mathematical Skills for Computing
4. Introduction to Computer Science
5. Introduction to Programming

🎓“Foundation Level” တန်းခွဲသစ်များကို ဇန်နဝါရီလထဲတွင်စတင်မည်ဖြစ်သည်။

👉သင်တန်းကာလ - 6 လ

👉သင်တန်းကြေး

Tuition Fees - 2,500,000 MMK
Registration + Exam Fees - £300

================================

🎓”First Year” မှာ သင်ကြားရမည့် ဘာသာရပ်များ

1. Algorithms and Mathematical Concepts for Computing
2. Computer Networks
3. Computer Systems
4. Object-Oriented System Analysis and Design
5. Software Engineering
6. Designing & Developing Object-oriented Computer Programmes
7. Databases
8. Front-End Web Development

🎓“First Year” တန်းခွဲသစ်များကို ဇန်နဝါရီလထဲတွင်စတင်မည်ဖြစ်သည်။

👉သင်တန်းကာလ - 1 နှစ်

👉သင်တန်းကြေး

Tuition Fees - 5,500,000 MMK
Registration + Exam Fees - £400

================================

🎓“Second Year" မှာ သင်ကြားရမည့် ဘာသာရပ်များ

1. Computing Project
2. Network Security & Cryptography
3. Artificial Intelligence
4. Agile Development
5. Back End Web Development
6. Mobile App Development

🎓“Second Year” တန်းခွဲသစ်များကို ဇန်နဝါရီလထဲတွင်စတင်မည်ဖြစ်သည်။

👉သင်တန်းကာလ - 1 နှစ်

👉သင်တန်းကြေး

Tuition Fees - 6,000,000 MMK
Registration + Exam Fees - £500

================================

🏫 တက်ရောက်ရမည့်နေရာ - အမှတ် (၅၉၂) ၊ တောင်သမန်အင်း နှင့် ရတနာပုံကျောင်းအနီး ၊ ဦးပိန်တံတားအရှေ့ဘက်ထိပ် ၊ Amarapura Icon Project ၊ အမရပူရမြို့နယ် ၊ မန္တလေးမြို့

အနာဂတ်အတွက် UK ဘွဲ့တစ်ခုကို မန္တလေးမြို့မှာ အဆောင်နေရင်းရယူချင်တယ်ဆိုရင် New Next International College ရဲ့ NCC Pathway တန်းခွဲသစ်တွေကို

👉m.me/NCCUKNewNext

မှာ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပြီ ဖြစ်ပါတယ်။

(သင်တန်းကြေးကို ခွဲသွင်းလို့ရအောင် Payment Plan များ စီစဉ်ပေးထားသည့်အတွက် အသေးစိတ်ကို Page Messenger သို့ ဖုန်းခေါ်ဆိုမှုမှ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။)

New Next International College
Be Your New Next

Address

Block 5, Unit 10 Of Mingalar Mandalay
Mandalay

Alerts

Be the first to know and let us send you an email when New Next International College - School of ICT and CS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to New Next International College - School of ICT and CS:

Share