30/03/2026
မန္တလေးငလျင် (၁) နှစ်ပြည့် အမှတ်တရ အလှူတော်နှင့် မေတ္တာမျှဝေခြင်း 🕊✨
၂၈.၃.၂၀၂၆ စနေနေ့မှာတော့ 𝐂𝐓𝐂_𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 နဲ့ 𝐑𝐀𝐂-𝐂𝐓𝐔 𝐌𝐃𝐘 တို့ ပူးပေါင်းပြီး မန္တလေးမြို့မှာရှိတဲ့ 𝐑𝐨𝐭𝐚𝐫𝐲 နဲ့ 𝐑𝐨𝐭𝐚𝐫𝐚𝐜𝐭 𝐂𝐥𝐮𝐛 တွေ စုပေါင်းကျင်းပတဲ့ အလှူတော်အခမ်းအနားမှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဒီနေ့ဟာ မန္တလေးငလျင်ဒဏ်ကြောင့် မိဘနှစ်ပါး (သို့မဟုတ်) တစ်ပါး ဆုံးရှုံးခဲ့ရတဲ့ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐇𝐮𝐚𝐲𝐮 ကျောင်းက ကလေးငယ် (၅၀) ဦးအတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။
𝐂𝐓𝐂 မိသားစုဝင်တွေအနေနဲ့ ကလေးငယ်တွေအတွက် 𝐕𝐢𝐭𝐨 ပဲနို့ နဲ့ ဒင်္ဂါးမုန့်တိုက်မှ ရွှေကြည်ပေါင်မုန့် လေးတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့သလို၊ 𝐑𝐀𝐂-𝐂𝐓𝐔 𝐌𝐃𝐘 အနေနဲ့လည်း စုပေါင်းအလှူထဲမှာ အလှူငွေ (၅၀,၀၀၀) ကျပ် ထည့်ဝင်ကုသိုလ်ယူခဲ့ကြပါတယ်။ 🍞🥛
အလှူပွဲလေးမှာ ကလေးငယ်တွေကို နေ့လည်စာကျွေးမွေးတာ၊ အမှတ်တရလက်ဆောင်တွေ ပေးအပ်တာတွေအပြင် အထူးခြားဆုံးကတော့ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ပြုလုပ်ခဲ့တာပါပဲ။ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသူတွေအတွက် ရည်စူးပြီး အားလုံးက စုပေါင်းဆုတောင်းပေးခဲ့ကြတာဟာ တကယ့်ကို ရင်ထဲနွေးထွေးရတဲ့ မြင်ကွင်းလေးပါ။ 🤝❤️
ဒီနေ့မှာ 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐂𝐚𝐦𝐩𝐮𝐬 က ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်ထမ်းတွေဟာ မနက်ပိုင်းကစလို့ နေ့လည်ပိုင်းအထိ အခမ်းအနားမှာ တက်တက်ကြွကြွနဲ့ လုပ်အားဒါန (𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫) ပြုလုပ်ခဲ့ကြပါတယ်။ ပညာရေးဆိုတာ စာသင်ခန်းထဲမှာတင် မဟုတ်ဘဲ အခုလို ပတ်ဝန်းကျင်အပေါ် စာနာထောက်ထားပြီး ပြန်လည်မျှဝေတတ်တဲ့ စိတ်ဓာတ် (𝐒𝐨𝐜𝐢𝐚𝐥 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲) ရှိဖို့ကလည်း အရေးကြီးတယ်လို့ ယုံကြည်ပါတယ်။
ဒီနေ့ရခဲ့တဲ့ ကုသိုလ်အစုစုကိုလည်း မိတ်ဆွေများအားလုံး ထပ်တူရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 😊🙏
#𝐂𝐓𝐂𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 #𝐂𝐡𝐚𝐫𝐢𝐭𝐲𝐄𝐯𝐞𝐧𝐭 #𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲𝐒𝐞𝐫𝐯𝐢𝐜𝐞 #𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲𝐄𝐚𝐫𝐭𝐡𝐪𝐮𝐚𝐤𝐞𝐀𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲 #𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐖𝐢𝐭𝐡𝐇𝐞𝐚𝐫𝐭