Nursing University Students Union - Mandalay

Nursing University Students Union - Mandalay သူနာပြုတက္ကသိုလ် ကျောင်းသားများသမဂ

16/12/2024
" ဆေးနှင့်ဆေးနှီးနွယ်ကျောင်းသားသမဂ္ဂများအဖွဲ့မှ သြဂုတ်လအတွက် အလှူငွေကောက်ခံခြင်း "မိမိတို့ ဆေးနှင့်ဆေးနှီးနွယ်ကျောင်းမျာ...
14/08/2022

" ဆေးနှင့်ဆေးနှီးနွယ်ကျောင်းသားသမဂ္ဂများအဖွဲ့မှ သြဂုတ်လအတွက် အလှူငွေကောက်ခံခြင်း "

မိမိတို့ ဆေးနှင့်ဆေးနှီးနွယ်ကျောင်းများသည် ယနေ့အချိန်အထိ ကိုယ်စီနိုင်ရာတာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်စစ်တပ်၏ စစ်အာဏာရှင်စနစ်ကို စိတ်ဓာတ်ပြင်းပြစွာ ဆန့်ကျင်တော်လှန်နေကြဆဲဖြစ်ပါသည်။

မိမိတို့အနေဖြင့် ဤနွေဦးတော်လှန်ရေးတိုက်ပွဲတွင် တော်လှန်ရေးကဏ္ဍအသီးသီးမှ ပါဝင်လျက်ရှိရာ တော်လှန်ရေးရဲဘော်များအတွက်ကျန်းမာရေးစောင့်ရှောက်မှု‌ပေးနိုင်ရန်၊ စစ်ဘေးရှောင်ပြည်သူများအတွက်ဆေးဝါးထောက်ပံ့မှုပေးနိုင်ရန်နှင့် အခြားသောတော်လှန်ရေးကဏ္ဍများတွင် အသုံးပြုနိုင်ရန် အလှူငွေများ လိုအပ်နေပါသည်။

ထို့​ကြောင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားပြီး ပြည်သူတစ်ရပ်လုံးအလိုရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်ရန်အတွက် ကျောင်းသားပြည်သူများအနေဖြင့်လည်း မိမိတို့ တတ်အားသမျှ အလှူငွေနည်းများမဆို ပါဝင်ကူညီပံ့ပိုးပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အလှူငွေများကို သြဂုတ်လ 14 ရက်နေ့မှ 20 ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပြီး kpay, wave, paypal စသည့်နည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်။

အလှူငွေလှူဒါန်းလိုပါက page chatbox တွင် လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရရှိလာသောအလှူငွေများအား တော်လှန်ရေးအတွက်အထောက်အကူဖြစ်စေရန်သာ အသုံးပြု‌သွားမည်ဖြစ်ပါကြောင်း ကတိပြုအပ်ပါသည်။

ဇူလိုင်လအတွက် အလှူငွေကောက်ခံခြင်းအကြမ်းဖက်စစ်အာဏာရှင်တို့၏ အဓမ္မအာဏာသိမ်းခဲ့သည်မှာ တစ်နှစ်ခွဲပင် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်...
14/07/2022

ဇူလိုင်လအတွက် အလှူငွေကောက်ခံခြင်း

အကြမ်းဖက်စစ်အာဏာရှင်တို့၏ အဓမ္မအာဏာသိမ်းခဲ့သည်မှာ တစ်နှစ်ခွဲပင် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ထိုတစ်နှစ်ခွဲကြာကာလအတွင်း စစ်အာဏာရှင်တို့အား မယိမ်းမယိုင်ဘဲ ပြည်သူ့ဘက်မှ ရုန်းကန်လှုပ်ရှား တော်လှန်ခဲ့ကြရာတွင် မိမိတို့ ဆေးနှင့်ဆေးနှီးနွယ်ကျောင်းများသည်လည်း တက်ကြွစွာ ‌ပါဝင်ခဲ့ကြသည်ဖြစ်ပါသည်။ဆက်လက်၍လည်း ပါဝင်လှုပ်ရှားနေကြဆဲဖြစ်ပါသည်။

သို့ရာတွင် မိမိတို့ဆေးနှင့်ဆေးနှီးနွယ်ကျောင်းသားများသမဂ္ဂအနေဖြင့် ကျန်းမာရေး CDM ဝန်ထမ်းများအား ထောက်ပံ့ရန်၊ တော်လှန်ရေးရဲဘော်များအတွက်ကျန်းမာရေးစောင့်ရှောက်မှု‌ပေးနိုင်ရန်၊ စစ်ဘေးရှောင်ပြည်သူများအတွက်ဆေးဝါးထောက်ပံ့မှုများနှင့် အခြားသောတော်လှန်ရေးကဏ္ဍများအတွက်
တစိုက်မတ်မတ် ပါဝင်ကူညီထောက်ပံ့ပေးနိုင်ပါရန် အလှူငွေများလိုအပ်လျက်ရှိပါသည်။

ထို့​ကြောင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ်သို့ အမှန်တကယ်‌ရောက်နိုင်ရန်၊ စစ်အာဏာရှင်တို့ အပြီးတိုင် ချုပ်ငြိမ်းသွားစေရန်အတွက် ကျောင်းသားပြည်သူများအနေဖြင့် မိမိတို့ တတ်နိုင်သရွေ့ အလှူငွေနည်းများမဆို ပါဝင်ကူညီပံ့ပိုးပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အလှူငွေများကို July -14 ရက်နေ့မှ July -20 ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပါသည်။

အလှူရှင်များအနေဖြင့် kpay, wave, paypal စသည့်နည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်။

အလှူငွေလှူဒါန်းလိုပါက page chatbox တွင် လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရရှိလာသောအလှူငွေများအား အမှန်တကယ်လိုအပ်နေသောနေရာများတွင်သာ အဖိတ်အစင်မရှိစေကဘဲထိထိရောက်ရောက်အသုံးပြု‌ပေးသွားမည်ဖြစ်ပါသည်။

အမည်ပျက်စာရင်း ကြေညာခြင်း(နောက်ဆက်တွဲ)
19/06/2022

အမည်ပျက်စာရင်း ကြေညာခြင်း
(နောက်ဆက်တွဲ)

15/06/2022
ဇွန်လအတွက် အလှူငွေကောက်ခံခြင်းအကြမ်းဖက်စစ်ကောင်စီကို စတင်‌တော်လှန်ခဲ့ကြသည့် အချိန်မှစ၍ မိမိတို့ ဆေးနှင့်ဆေးနှီးနွယ်ကျောင...
15/06/2022

ဇွန်လအတွက် အလှူငွေကောက်ခံခြင်း

အကြမ်းဖက်စစ်ကောင်စီကို စတင်‌တော်လှန်ခဲ့ကြသည့် အချိန်မှစ၍ မိမိတို့ ဆေးနှင့်ဆေးနှီးနွယ်ကျောင်းများသည် ပြည်သူ့ဘက်မှ ရဲရဲဝံ့ဝံ့ရပ်တည်ကာ CDM လှုပ်ရှားမှုတွင် သာမက တခြားသော နွေဦးတော်လှန်ရေးအတွက် လိုအပ်သော ကဏ္ဍအသီးသီးတွင်လည်း တက်ကြွစွာ ‌ပါဝင်လှုပ်ရှားနေကြဆဲဖြစ်ပါသည်။

ထို့အပြင် မိမိတို့ဆေးနှင့်ဆေးနှီးနွယ်ကျောင်းသားများသမဂ္ဂအနေဖြင့် ကျန်းမာရေး CDM ဝန်ထမ်းများအား ထောက်ပံ့ရန်၊ တော်လှန်ရေးရဲဘော်များအတွက်ကျန်းမာရေးစောင့်ရှောက်မှု‌ပေးနိုင်ရန်၊ စစ်ဘေးရှောင်ပြည်သူများအတွက်ဆေးဝါးထောက်ပံ့မှုများနှင့် အခြားသောတော်လှန်ရေးကဏ္ဍများအတွက်
တစိုက်မတ်မတ် ပါဝင်ကူညီထောက်ပံ့ပေးနိုင်ပါရန် အလှူငွေများလိုအပ်လျက်ရှိပါသည်။

ထို့​ကြောင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်ချင်သော၊ ဖယ်ဒရယ်ဒီမိုကရေစီကို အမှန်တကယ်လိုလားကြသော ကျောင်းသားပြည်သူများအနေဖြင့် တော်လှန်ရေးအတွက် မိမိတို့ တတ်စွမ်းသမျှ အလှူငွေနည်းများမဆို ပါဝင်ကူညီထောက်ပံ့ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အလှူငွေများကို June -15 ရက်နေ့မှ June -21 ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပါသည်။

အလှူရှင်များအနေဖြင့် kpay, wave, paypal စသည့်နည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်။

အလှူငွေလှူဒါန်းလိုပါက page chatbox တွင် လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရရှိလာသောအလှူငွေများအား တစ်ပြားတစ်ချပ်မကျန်အောင် အမှန်တကယ်လိုအပ်နေသောနေရာများတွင်သာ ထိထိရောက်ရောက်အသုံးပြု‌ပေးသွားမည်ဖြစ်ပါသည်။

28/05/2022

သူနာပြုတက္ကသိုလ် မန္တလေး ဒုတိယနှစ်သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)အတန်းမှ အမည်ပျက်စာရင်းဝင်များ

အပိုင်း(၂)

မြတ်ဟေဇော်
သွယ်သွယ်ဇင်
စိုးစန္ဒာထွန်း
ချစ်စုနှင်း
ဟေမာဖြိုး
ရတနာရွှေအိမ်စည်
ဆည်းဆာမျိုး
ဝေဇင်ငြိမ်း
သဲစုစုအောင်
ဖြိုးဖြိုးဇော်
အိအိမျိုး
မိုးပွင့်ဖြူ
ချမ်းမြေ့ငြိမ်း
လှယမင်းအောင်

သူနာပြုတက္ကသိုလ်-မန္တလေး ဒုတိယနှစ်သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်)တန်းမှ အမည်ပျက်စာရင်း၀င်ကြေညာခြင်း-------------------------...
26/05/2022

သူနာပြုတက္ကသိုလ်-မန္တလေး ဒုတိယနှစ်သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်)တန်းမှ အမည်ပျက်စာရင်း၀င်ကြေညာခြင်း
--------------------------------
အပိုင်း(၁)

စစ်ကောင်စီမှဖွင့်လှစ်သောကျောင်းတက်ရောက်သည့်ဒုတိယနှစ်ကျောင်းသား၊ ကျောင်းသူများ ၃၀ကျော်ထက်များသည်ဟုသိရပါသည်။

နောက်ထပ်ကျောင်းလာအပ်သော ‌ဘောမများလည်း ရှိသည်ဟုသိရပါသည်။

နောက်ထပ်ဘောမများကိုလည်း ဆက်လက်တင်ပြပေးသွားပါဦးမယ်။

ထုတ်ပြန်ချက်။​ကြေညာချက်အမှတ် ၊    ၊ ဆကသ ၀၂/၂၂ရက်စွဲ ၊     ၊ ၂၄/၀၅/၂၂
24/05/2022

ထုတ်ပြန်ချက်။

​ကြေညာချက်အမှတ် ၊ ၊ ဆကသ ၀၂/၂၂
ရက်စွဲ ၊ ၊ ၂၄/၀၅/၂၂

မေလအတွက် အလှူငွေကောက်ခံခြင်းအကြမ်းဖက်စစ်ကောင်စီမှ မတရားစစ်အာဏာသိမ်းခဲ့သည်မှာ ၁နှစ်ပင်ကျော်ခဲ့ပြီ ဖြစ်ပါသည်။ ထို၁နှစ်ကျော...
15/05/2022

မေလအတွက် အလှူငွေကောက်ခံခြင်း

အကြမ်းဖက်စစ်ကောင်စီမှ မတရားစစ်အာဏာသိမ်းခဲ့သည်မှာ ၁နှစ်ပင်ကျော်ခဲ့ပြီ ဖြစ်ပါသည်။ ထို၁နှစ်ကျော် ကာလအတွင်း စစ်အာဏာရှင်တို့၏ လူမဆန်စွာ သော ယုတ်မာရက်စက်မှုများကို ပြည်သူများသည် ကြံ့ကြံ့ခံတွန်းလှန်တော်လှန်၍ ဖယ်ဒရယ်ဒီမိုကရေစီပန်းတိုင်ဆီသို့ ရှေ့ဆက်လှမ်းနေကြဆဲ ဖြစ်ပါသည်။

ထိုသို့ မိမိတို့၏ဦးတည်ရာ ရည်မှန်းချက်သို့ ရောက်ရန်မှာ တော်လှန်ရေး၏ အဓိကထောက်တိုင်များ
(အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု၊ လက်နက်ကိုင်တော်လှန်ရေး၊ Digital Strike များ,...) ကို ဆက်လက်၍ ပံ့ပိုးကူညီဖို့ လိုအပ်ပါသည်။

သို့ဖြစ်ပါ၍ မိမိတို့ဆေးနှင့်ဆေးနှီးနွယ်ကျောင်းသားများသမဂ္ဂအနေဖြင့်လည်း ကျန်းမာရေး CDM ဝန်ထမ်းများအား ထောက်ပံ့မှု၊ တော်လှန်ရေးရဲဘော်များအတွက်ကျန်းမာရေးစောင့်ရှောက်မှုများ၊ စစ်ဘေးရှောင်ပြည်သူများအတွက်ဆေးဝါးထောက်ပံ့မှုများနှင့် အခြားသောတော်လှန်ရေးကဏ္ဍများအတွက်
အစဥ်တစိုက် ပါဝင်ကူညီထောက်ပံ့ပေးနိုင်ပါရန် အလှူငွေများလိုအပ်လျက်ရှိပါသည်။

ထို့​ကြောင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်ချင်သော၊ ဖယ်ဒရယ်ဒီမိုကရေစီကို အမှန်တကယ်လိုလားကြသော ကျောင်းသားပြည်သူများအနေဖြင့် တော်လှန်ရေးအတွက် မိမိတို့ တတ်စွမ်းသမျှ အလှူငွေနည်းများမဆို ပါဝင်ကူညီထောက်ပံ့ပေးကြပါရန် တိုက်တွန်းနှိးဆော်အပ်ပါသည်။

အလှူငွေများကို May -15 ရက်နေ့မှ May -21 ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပါသည်။

အလှူရှင်များအနေဖြင့် kpay, wave, paypal စသည့်နည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်။

အလှူငွေလှူဒါန်းလိုပါက page chatbox တွင် လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရရှိလာသောအလှူငွေများအား အမှန်တကယ်လိုအပ်နေသောနေရာများတွင်သာ ထိထိရောက်ရောက်အသုံးပြုသွားမည်ဖြစ်ပါသည်။

နိုင်ငံတကာ သူနာပြုနေ့ (International Nurses Day)(မေလ ၁၂ရက်)အမှန်တရားအတွက်ရပ်တည်နေကြသော သူနာပြုများအတွက် International Nu...
12/05/2022

နိုင်ငံတကာ သူနာပြုနေ့ (International Nurses Day)
(မေလ ၁၂ရက်)

အမှန်တရားအတွက်ရပ်တည်နေကြသော သူနာပြုများအတွက် International Nurses Dayဖြစ်ပါတယ်။

သူနာပြုများရဲ့မိခင် Florence Nightingale ၏သား၊သမီးများပီပီ လူ့အသက်ပေါင်းများစွာကို အခက်အခဲများကြားမှ ကယ်တင်နိုင်ပါစေ။

"နိုင်ငံတကာသူနာပြုနေ့ (International Nurses Day)"
( မေလ ၁၂ ရက် ) .................................................
မေလ ၁၂ ရက်နေ့ကို နိုင်ငံတကာ သူနာပြုနေ့ အဖြစ်သတ်မှတ်ထားပါတယ်။ နိုင်ငံတကာသူနာပြုနေ့ကို လူတန်းစားမရွှေး မကျန်းမာတဲ့ လူနာများကို စေ
သနာ၊ ဂရုနာတို့ဖြင့် ကုသစောင့်ရှောက်ပေးပြီး၊ ဘ၀ရဲ့အချိန်တွေကို လူသားတို့၏ ကျန်းမာရေးအတွက် နှစ်မြှပ်ထားရတဲ့ စေသနာကြီးမားတဲ့ သူနာပြုတွေကို ဂုဏ်ပြုရန်အတွက် ရည်ရွယ်ချက်ဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

ကရုဏာရှင်များဖြစ်ကြသော သူနာပြုများဟာ ကူးစက်ပျံ့ပွားရောဂါဖြစ်သော Covid-19 ကာလတွင်လည်းအစွမ်းကုန်ကြိုးစား၍တိုက်ပွဲ၀င်ခဲ့ကြသည်။

ထို့အတူ ယခုနွေဦးတော်လှန်ရေးကာလတွင်လည်း သူနာပြုဆရာ၊ဆရာမအများစုဟာ အမှန်တရားဘက်မှရပ်တည်ကြပြီး နိုင်ငံတော်အတွက်တိုက်ပွဲ၀င်နေကြပြန်ပါသည်။

အမှန်တရားဘက်မှရပ်တည်ကြသော သူနာပြုဆရာ၊ဆရာမများအား ကျွန်တော်တို့ကျောင်းသားထုမှအထူးပင်၀မ်းသာဂုဏ်ယူမိပါသည်။

Florence Nightingale၏သား၊သမီးများပီသစွာရဲရင့်ကြသော သူနာပြုများဖြစ်ကြပါသည်။

Nurses Day 12

သူနာပြုတက္ကသိုလ်(မန္တလေး)၊ ပထမနှစ် ဘွဲ့ကြိုသင်တန်းမှ အမည်ပျက်စာရင်း၀င် ကျောင်းသား၊ကျောင်းသူများ ကြေညာခြင်း--------------...
07/05/2022

သူနာပြုတက္ကသိုလ်(မန္တလေး)၊ ပထမနှစ် ဘွဲ့ကြိုသင်တန်းမှ အမည်ပျက်စာရင်း၀င် ကျောင်းသား၊ကျောင်းသူများ ကြေညာခြင်း
----------------------

မှတ်ချက်။ စုစုပေါင်း(၆၀)လောက်ရှိသည်ဟု
သိရပေမယ့်(၃၈)ယောက်သာ နာမည်စာရင်းသိရပါသေးသည်။‌ေနာက်ထပ်ထပ်တိုးများကိုလည်း သတင်းရရှိသည်နှင့်တပြိုင်နက်‌ေကြညာ‌ေပးသွားပါမည်။
ကျောင်းသူ၊ကျောင်းသားများအနေဖြင့် အမည်ပျက်ကျောင်းသားများအားအတိအကျသိရှိပါက page chat boxသို့ဆက်သွယ်သတင်းပေးနိုင်ပါသည်။

Address

Bt 62×63, Bt Sabei Street ×Tharaphi St
Mandalay

Telephone

+959976095084

Website

Alerts

Be the first to know and let us send you an email when Nursing University Students Union - Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share