STI Myanmar College-Mandalay Campus

Call Directions Website Contact the university

STI Myanmar College-Mandalay Campus The leading private University providing globally recognised undergraduate and postgraduate programs

The leading private University providing globally recognised undergraduate and postgraduate programs in Business, Engineering, Health Science and Education

From Campus to Career: How to Be Business-Ready Before Graduation🎓 ဘွဲ့တစ်ခုတည်းနဲ့ မလုံလောက်တဲ့ခေတ်မှာ...Corporate လောက...
15/10/2026

From Campus to Career: How to Be Business-Ready Before Graduation

🎓 ဘွဲ့တစ်ခုတည်းနဲ့ မလုံလောက်တဲ့ခေတ်မှာ...Corporate လောကအတွက် သင်ရော Business-Ready ဖြစ်နေပြီလား? 💁‍♀

တကယ့် Corporate လောကမှာတော့ ထိထိရောက်ရောက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် စာသင်ခန်းထဲကအသိပညာတွေအပြင် လက်တွေ့ဘဝမှာပါ လိုအပ်နေတဲ့ Business Skills တွေ၊ မှန်ကန်တဲ့ Mindset တွေကို ဘွဲ့မရခင်ကတည်းက ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ အရေးကြီးပါတယ်ရှင်...

ဒီ Webinar လေးမှာတော့ ကျွန်မတို့ STI Myanmar College ရဲ့ ဂုဏ်ယူရတဲ့ Bachelor of Business Administration (Hong Kong Metropolitan University)
Alumni တစ်ဦးဖြစ်သလို နိုင်ငံတကာအဆင့်မီကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Unilever Myanmar Limited မှ Talent Acquisition & Engagement Lead အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Ma Hnin Htet Oo Wai ကိုယ်တိုင်တက်ရောက်ဆွေးနွေးပြီး မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

လုပ်ငန်းခွင်မဝင်ခင် ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ?ကုမ္ပဏီကြီးတွေရဲ့ HR တွေက ဘယ်လိုအရည်အချင်းမျိုးတွေနဲ့ အဓိကထားရွေးချယ်တတ်လဲ...ဆိုတဲ့ လက်တွေ့ကျတဲ့ အဖိုးတန်အတွေ့အကြုံတွေကိုပါ ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ရှင် 👏

ဒါကြောင့် မိမိရဲ့အနာဂတ် Career အတွက် ခိုင်မာတဲ့အုတ်မြစ်တစ်ခုကို ကြိုတင်တည်ဆောက်လိုတဲ့ STI College မှ ကျောင်းသား၊ကျောင်းသူများနဲ့ လူငယ်များအားလုံးကို မလွတ်တမ်း ပါဝင်တက်ရောက်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်ရှင်...။

🗣️ Speaker: Ma Hnin Htet Oo Wai
(STI Alumni | Talent Acquisition & Engagement Lead, Unilever Myanmar Limited)

📅 Date: 16.10.2026 (Friday)
⏰ Time: 1:00 PM – 2:00 PM
📍 Venue: Zoom Online

STI Myanmar Collegeရဲ့Mandalay Campusမှာတော့ ကျောင်းသား၊ကျောင်းသူလေးများ၏ AI တီထွင်ဖန်တီးမှု စွမ်းရည်များကို အကဲဖြတ်စစ်ဆ...
09/10/2026

STI Myanmar Collegeရဲ့Mandalay Campusမှာတော့ ကျောင်းသား၊ကျောင်းသူလေးများ၏ AI တီထွင်ဖန်တီးမှု စွမ်းရည်များကို အကဲဖြတ်စစ်ဆေးခဲ့တဲ့ Myanmar Youth AI Innovation Competition 2026 (Product Assessment by Judges Day 1) အမှတ်တရ မြင်ကွင်းများ 📸✨

​STI Myanmar College (Mandalay Campus) ရဲ့ “MYANMAR YOUTH AI INNOVATION COMPETITION 2026” Product Assessment by Judges Day 1) အစီအစဉ်ကတော့ အောင်မြင်စွာပြီးမြောက်သွားခဲ့ပြီဖြစ်ပါတယ်ရှင်...

​ဒီနေ့မှာတော့ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးတွေက သူတို့ရဲ့ ဖန်တီးပုံဖော်ထားတဲ့ AI Projects တွေကို Confidenceရှိရှိ အကောင်းဆုံး Presentation ပြုလုပ်ပြသခဲ့ကြပါတယ်ရှင်။

​အဖိုးတန်အကြံဉာဏ်ကောင်းများနှင့် စနစ်တကျ စိစစ်အကဲဖြတ်ပေးခဲ့ကြပါသော အကဲဖြတ်ဒိုင်လူကြီးမင်းများဖြစ်ကြတဲ့ Prof. Dr. Myo Nyunt, Dr. Ashari Abidin, U Aung Soe Moe နှင့် Dr. Aung Phone Zaw တို့ကိုလည်း STI Myanmar College (Mandalay Campus) မှ အထူးပင်ကျေးဇူးတင်ပါတယ်ရှင်။

​နည်းပညာလောကဆီသို့ ခြေလှမ်းသစ်တွေနဲ့ စတင်လှမ်းချီနေကြတဲ့ လူငယ်လေးတွေကို အားပေးဖို့အတွက် Myanmar Youth AI Innovation Competition 2026 (Day 1) ပြိုင်ပွဲမှ မြင်ကွင်းပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင့်။

ဆက်လက်ယှဉ်ပြိုင်ကြမယ့် အသင်းတွေကိုလည်း အတူတူဆက်လက် Cheer Up လုပ်ပေးကြပါဦးနော်! 🔥

​

07/10/2026

"Learning by Doing in Civil Engineering!" 🏗📐

အင်ဂျင်နီယာဆိုတာ စာတွေ့တင်မကဘဲ လက်တွေ့စမ်းသပ်မှုတွေနဲ့ ပေါင်းစပ်မှသာ တကယ့် အင်ဂျင်နီယာကောင်းတစ်ယောက် ဖြစ်လာမှာပါ။

STI Myanmar College (Mandalay Campus) မှ Civil ကျောင်းသား၊ ကျောင်းသူများ Beam Movement & Bending Moment သဘောတရားတွေကို စိတ်ဝင်တစား လက်တွေ့စမ်းသပ်နေကြတဲ့ Practical Lab အခိုက်အတန့် ဗီဒီယိုမှတ်တမ်းလေး ဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေရဲ့ တက်ကြွမှု၊ အဖွဲလိုက် ပူးပေါင်းဆောင်ရွက်မှုနဲ့ လက်တွေ့စမ်းသပ်မှု ပုံရိပ်တွေကို အတူတူ ကြည့်ရှုအားပေးလိုက်ကြပါဦးရှင်။ 🌟👇

“စာသင်ခန်းထက် ပိုကျယ်တဲ့ လောကကြီးဆီ... ယုံကြည်မှုတွေနဲ့ လက်တွဲခေါ်ယူပေးခဲ့သူများသို့”ကျောင်းသားဘဝရဲ့ မသေချာမှုတွေကြား စိ...
05/10/2026

“စာသင်ခန်းထက် ပိုကျယ်တဲ့ လောကကြီးဆီ... ယုံကြည်မှုတွေနဲ့ လက်တွဲခေါ်ယူပေးခဲ့သူများသို့”

ကျောင်းသားဘဝရဲ့ မသေချာမှုတွေကြား စိတ်ဓာတ်ကျ အားငယ်မိတဲ့ အခိုက်အတန့်တိုင်းမှာ ကျွန်တော်၊ကျွန်မတို့ကို အနားကနေ နွေးနွေးထွေးထွေး ဖေးမပြီး ရှေ့ဆက်လျှောက်ရဲတဲ့ သတ္တိတွေ ပေးခဲ့တာ ဆရာ၊ ဆရာမတို့ပါပဲ...💛

စာအုပ်ထဲက သင်ခန်းစာတွေတင်မကဘဲ ပြင်ပလောကမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မယ့် အတွေးအခေါ်တွေ၊ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်တွေကို စိတ်ရှည်လက်ရှည် ပျိုးထောင်ပေးခဲ့ကြပါတယ်။

ဒီနေ့လို ကမ္ဘာ့ဆရာများနေ့ မှာ ကျောင်းသား​၊ကျောင်းသူတိုင်းရဲ့ အိပ်မက်တွေ တောက်ပလာအောင် မေတ္တာအပြည့်နဲ့ ပုံဖော်ပေးနေကြတဲ့ STI Myanmar College ရဲ့ ချစ်ခင်လေးစားရပါသော ဆရာ၊ ဆရာမများအားလုံးကို နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ အထူးပင် ဂါရဝပြုအပ်ပါတယ်။

ဆရာ၊ ဆရာမတို့အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာပျော်ရွှင်ပြီး တပည့်တွေရဲ့ အောင်မြင်မှုခရီးတိုင်းမှာ အားအကိုးရဆုံး လမ်းပြကြယ်အဖြစ် ဆက်လက်တည်ရှိနေနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။

#ဆရာများနေ့ #ဂုဏ်ပြုပါသည်

🎓 University of Bedfordshire က UK Top 100 ထဲ ဝင်ရောက်လာပါပြီSTI Myanmar College ရဲ့ နှစ်ပေါင်းများစွာ လက်တွဲလာခဲ့တဲ့ Aca...
05/10/2026

🎓 University of Bedfordshire က UK Top 100 ထဲ ဝင်ရောက်လာပါပြီ

STI Myanmar College ရဲ့ နှစ်ပေါင်းများစွာ လက်တွဲလာခဲ့တဲ့ Academic Partner ဖြစ်တဲ့ University of Bedfordshire (UoB) ဟာ Guardian University Guide 2027 မှာ UK တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များအနက် အဆင့် ၉၀ နေရာကို ရရှိခဲ့ပါတယ်။ 🏆

ပြီးခဲ့တဲ့နှစ်ထက် အဆင့် ၁၅ ဆင့် မြင့်တက်လာခဲ့ပြီး ၂ နှစ်အတွင်းမှာ စုစုပေါင်း အဆင့် ၃၃ ဆင့်အထိ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
ပညာရေးတိုးတက်လွန်းတဲ့ အင်္ဂလန်နိုင်ငံ ထိပ်တန်းတက္ကသိုလ်တွေ ကြားမှာ အခုလို Top Ranking ဝင်နိုင်တာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။

ဒါ့အပြင် ဘာသာရပ်အလိုက်လည်း ထူးခြားတဲ့ ရလဒ်ကောင်းများ ရရှိထားပါတယ် 🔹 Accounting & Finance – UK အဆင့် 9
🔹 Mental Health Nursing – UK အဆင့် 13
🔹 Animation & Games Design – UK အဆင့် 14
🔹 Education – UK အဆင့် 15
🔹 Sports Science – UK အဆင့် 15
🔹 Criminology – UK အဆင့် 19
🔹 Social Work – UK အဆင့် 21

အထူးသဖြင့် Value Added Score မှာလည်း အဆင့် ၄၈ ဆင့် တိုးတက်ပြီး UK အဆင့် ၂၄ (Joint) အထိ ရောက်ရှိလာခဲ့ပါပြီ။

Value Added Score ဟာ ကျောင်းသားတွေက တက္ကသိုလ်တက်ရောက်နေစဉ်အတွင်း မိမိတို့ရဲ့ မူလအရည်အချင်းကနေ ဘယ်လောက်အထိ တိုးတက်လာနိုင်ခဲ့သလဲဆိုတာကို ထင်ဟပ်ပေးတဲ့ အညွှန်းကိန်းတစ်ခုဖြစ်တာကြောင့် ဒီရလဒ်ဟာ UoB ရဲ့ ကျောင်းသားဖွံ့ဖြိုးတိုးတက်ရေးအပေါ် အလေးထားမှုကိုလည်း ဖော်ပြပေးနေပါတယ်။

STI Myanmar College ဟာ
မြန်မာနိုင်ငံမှာ တစ်ခုတည်းသော University of Bedfordshire နဲ့ Academic Partnership ရယူထားတဲ့ အဖွဲ့အစည်းအဖြစ် UoB နဲ့ ၁၀ နှစ်ကျော် အတူတကွ လက်တွဲလာခဲ့ပါတယ်။

နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့တဲ့ ဒီ Partnership ကနေတစ်ဆင့် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတကာအဆင့်မီ UK Degree ပညာရေးအခွင့်အလမ်းများ နဲ့ Career-focused Learning Experience တွေကို မြန်မာနိုင်ငံမှာပဲ ရရှိနိုင်အောင် ဆက်လက်ဖန်တီးပေးနေပါတယ်။ 🌏🎓

UoB ရဲ့ UK Top 100 သို့ တက်လှမ်းလာမှုဟာ STI အတွက်လည်း ဂုဏ်ယူစရာ မှတ်တိုင်တစ်ခုဖြစ်ပြီး၊ ၁၀ နှစ်ကျော် တည်ဆောက်လာခဲ့တဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။

အောင်မြင်မှုတွေကို အတူမျှဝေပြီး၊ မြန်မာကျောင်းသားတွေအတွက် နိုင်ငံတကာပညာရေးအခွင့်အလမ်းတွေကို အတူတကွ ဆက်လက်ဖန်တီးသွားမယ်။

Beyond the Degree: Shaping Your Path to Professional Success 🚀ဘွဲ့ ရပြီးတာနဲ့ လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ လုံလောက်ပြီလ...
30/09/2026

Beyond the Degree: Shaping Your Path to Professional Success 🚀

ဘွဲ့ ရပြီးတာနဲ့ လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ လုံလောက်ပြီလား? 🎓

တကယ့် လက်တွေ့ Corporate လုပ်ငန်းခွင် မှာ ထိထိရောက်ရောက် ခြေလှမ်းနိုင်ဖို့ ဘာတွေ ပြင်ဆင်ထားသင့်လဲ? 💡

ဒီမေးခွန်းတွေ အတွက် အဖိုးတန် အတွေ့အကြုံနဲ့ လမ်းညွှန်ချက်တွေကို 𝐒𝐓𝐈 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ BA (Hons) Business Administration, University of Bedfordshire (UK) ဘွဲ့ရ Alumni တယောက် ဖြစ်ပြီး အခု လက်ရှိမှာလည်း KBZ LIFE Insurance ရဲ့ Senior Relationship Manager တာ၀န်ထမ်းဆောင်နေတဲ့ Ko Ye Swamm Yee မှ Online Webinar အနေနဲ့ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ဘွဲ့ရခါစ လူငယ်များနှင့် STI မှ ကျောင်းသား ကျောင်းသူများ အနေနဲ့ လုပ်ငန်းခွင် အတွေ့အကြုံ နဲ့ ပတ်သက်ပြီး ဗဟုသုတများ အသိပညာများ ရရှိမယ့် အခွင့်အရေး တခု ဖြစ်တာမို့ Webinar လေးမှာ ပါ၀င်ဖို့ ဖိတ်ခေါ် လိုက်ပါတယ်ရှင်။

🎙Speaker: Ko Ye Swamm Yee

BA (Hons) Business Administration, University of Bedfordshire (UK)

Senior Relationship Manager, KBZLIFE Insurance Co., Ltd

📅 Date: 1.10.2026 (Thursday)

⏰ Time: 10:00 AM – 11:00 AM

📍 Platform: Zoom Online

Zoom ID – 983 307 7182
Password - STIMU

29/09/2026

⚽🏃‍♂️ စာသင်ချိန်ပြီးရင် ဘောလုံးကွင်းမှာ တွေ့မယ်နော်

ဘောလုံးကစားရင်း ကိုယ်ခံအားတိုးတက်စေဖို့၊ Teamwork နဲ့ Leadership Skills တွေကို မြှင့်တင်ဖို့ STI Football Club ရဲ့ Training Session မှာ ကျောင်းသားတွေ အတူတကွ ကြိုးစားလေ့ကျင့်နေကြပါပြီ။ 💙

ပျော်ပျော်ပါးပါးနဲ့ ဘောလုံးကန်နေကြတာလို့ ထင်ရပေမယ့် တကယ်တော့ ပြိုင်ပွဲအတွက် အသည်းအသန် Training ဆင်းနေကြတာပါနော်။

တစ်ယောက်နဲ့တစ်ယောက် အားပေးရင်း၊ ခြေစွမ်းတွေ အပြိုင်ပြရင်းနဲ့ STI Football Club က ကျောင်းသားတို့ရဲ့ Training Session လေးကတော့ အားရစရာပါပဲ။ 💪⚽

ကဲ... ဒီတစ်ခေါက် ပြိုင်ပွဲမှာ STI အသင်းသားတွေ ဘယ်လောက်တောင် ခြေစွမ်းပြနိုင်မလဲဆိုတာ အားပေးဖို့ အသင့်ပြင်ထားကြနော်။ 👀

Send a message to learn more

28/09/2026

💻 US Industry မှာ နှစ် ၂၀ကြာ လုပ်ငန်းအတွေ့အကြုံ ရှိတဲ့ ဆရာမနဲ့ အတူ Databricks Lab Training တစ်နေ့တာ

US Industry မှာ နှစ် ၂၀ကြာ လုပ်ငန်းအတွေ့အကြုံ ရှိပြီး လက်ရှိ Data Engineering Manager အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Tr. Khin Thandar က STI Mandalay Campus မှာ Databricks Lab Trainingကို လာရောက်မျှဝေပေးခဲ့ပါတယ်ရှင်။ 👩‍💻

ဒီ Training မှာ US Industry ထဲက Data Engineering လုပ်ငန်းခွင်အတွေ့အကြုံတွေ၊ Databricks ရဲ့ အခန်းကဏ္ဍနဲ့ လက်တွေ့အသုံးချနိုင်မယ့် နည်းလမ်းတွေ ကိုလည်း လေ့လာခွင့်ရရှိခဲ့ပါတယ်။

🔹 US Industry ထဲမှာ Data Engineering ကို ဘယ်လိုလုပ်ကိုင်နေကြသလဲ၊ လုပ်ငန်းခွင်အတွေ့အကြုံတွေနဲ့ Databricks ရဲ့ အခန်းကဏ္ဍ ဘယ်လိုဖြစ်နေလဲနဲ့

🔹 Databricks ကို လက်တွေ့အသုံးချတဲ့ Practical Demo တွေကို လေ့လာခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ မေးခွန်းတွေကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ 💡

အခုလို နိုင်ငံတကာလုပ်ငန်းခွင်အတွေ့အကြုံရှိသူတွေရဲ့ အတွေ့အကြုံတွေကို တိုက်ရိုက်လေ့လာခွင့်ရရှိခြင်းက
ကျောင်းသားတွေအတွက် Industry Knowledge ကို လက်တွေ့အသုံးချနိုင်တဲ့ Skill တွေအဖြစ် ပြောင်းလဲနိုင်ဖို့ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ပညာတွေပါပဲ

STI ကျောင်းသား၊ ကျောင်းသူတွေကို လာရောက်မျှဝေ ပေးခဲ့တဲ့ Tr. Khin Thandar ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်

အလုပ်ထဲမှာ အတွေ့အကြုံတွေ ရလာပေမဲ့ ရာထူး သို့မဟုတ် လစာ တိုးတက်မှုနှုန်း ခဏတန့်နေသလို ခံစားနေရပါသလား?သင့်ရဲ့ Career ထဲမှာ ...
27/09/2026

အလုပ်ထဲမှာ အတွေ့အကြုံတွေ ရလာပေမဲ့ ရာထူး သို့မဟုတ် လစာ တိုးတက်မှုနှုန်း ခဏတန့်နေသလို ခံစားနေရပါသလား?

သင့်ရဲ့ Career ထဲမှာ ဒီ မေးခွန်း (၃) ခုထဲက တစ်ခုခုကို စတင် မေးမိနေပြီဆိုရင်… MBA တက်ဖို့ အချိန်တန်ပါပြီ။ 💡

1️⃣Strategic Decision မချနိုင်ဘဲ Task-level မှာပဲ ပိတ်မိနေခြင်း:
အလုပ်တစ်ခုကို ပြီးအောင် လုပ်နိုင်ပေမဲ့ Business ထဲက Big Picture ကို မမြင်ရသေးဘူးလို့ ခံစားရတဲ့အခါ။

2️⃣Executive Network အသစ်တွေ လိုအပ်လာခြင်း:
"Education should give students access." စာသင်ခန်းထဲမှာ မတူညီတဲ့ Industry က Business Leaders, Managers တွေနဲ့ ဆုံတွေ့ပြီး Network ကျယ်ပြန့်ချင်တဲ့အခါ။

3️⃣Leadership Skill ကို လက်တွေ့ အသုံးပြုချင်ခြင်း:
"I can participate, not only observe." စာအုပ်ထဲက သီအိုရီတင် မဟုတ်ဘဲ Real-world Case Studies တွေကို ကိုယ်တိုင် ဖြေရှင်းပြီး ခေါင်းဆောင်မှု စွမ်းရည်ကို မြှင့်တင်ချင်တဲ့အခါ။

ဘာကြောင့် STI ကို ရွေးချယ်သင့်တာလဲ?
𝐒𝐓𝐈 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ MBA Program ဟာ အလုပ်မပျက်ဘဲ တက်ရောက်နိုင်ပြီး Active Participation နဲ့ Industry Connection များကို တိုက်ရိုက် ရရှိစေမယ့် အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။

UK Standard Curriculum: ကမ္ဘာ့အဆင့်မီ စီးပွားရေး အသိပညာများကို မြန်မာနိုင်ငံမှာတင် သင်ယူခွင့်ရရှိနိုင်မှာ ဖြစ်ပြီး
ကမ္ဘာ့ထိပ်တန်း အဆင့် Queen's Award ရရှိထားသော အင်္ဂလန် နိုင်ငံရှိ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐁𝐞𝐝𝐟𝐨𝐫𝐝𝐬𝐡𝐢𝐫𝐞 မှ တိုက်ရိုက် ပေးအပ် ချီးမြင့်သော မဟာဘွဲ့ ဖြစ် ခြင်း။

Flexible Learning Environment: Working Professionals တွေရဲ့ အချိန်ဇယားနဲ့ အကိုက်ညီဆုံး ဖြစ်အောင် စီစဉ်ထားရှိခြင်း။

Endless Network & Opportunities: STI Alumni များနှင့် Industry Leaders များ၏ အသိုက်အဝန်းထဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်ခြင်း။

အခြား MBA သင်တန်း တွေမှာ မရှိတဲ့ စီးပွား ရေး လုပ်ငန်းကြီး တစ်ခုကို လက်တွေ့အကောင် အထည် ဖော်ရ တဲ့ simulation နည်းဖြင့် သင် ကြား ခြင်း။

အစရှိတဲ့ အချက်တွေနဲ့ ပြည့်စုံနေတဲ့ MBA (General) Program ကို တစ်လခြင်း အရစ်ကျ ပေးသွင်းနိုင်မည့် အစီအစဉ်ဖြင့် STI မှာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ☺️

ဒါကြောင့် သင့်ရဲ့ Career ကို Next Level သို့ အမြန်ဆုံး တက်လှမ်းဖို့ MBA လမ်းကြောင်းကို အခုပဲ စတင်လိုက်ပါ။ 🎯

📌Admission အတွက် အသေးစိတ်သိရှိလိုပါက ...
m.me/1277616938953992
ကနေ တိုက်ရိုက် ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင်။🙏

Civil Engineer ကျောင်းသားများ ရဲ့ Site Visit အတွေ့အကြုံများ ... 👷‍♂️👷‍♀️✨STI Myanmar College ရှိ ရန်ကုန် နှင့် မန္တလေးကျ...
25/09/2026

Civil Engineer ကျောင်းသားများ ရဲ့ Site Visit အတွေ့အကြုံများ ... 👷‍♂️👷‍♀️✨

STI Myanmar College ရှိ ရန်ကုန် နှင့် မန္တလေးကျောင်းမှ Engineering ကျောင်းသား ကျောင်းသူများကို စာတွေ့အပြင် လက်တွေ့ လုပ်ငန်းခွင် အကြောင်း လေ့လာနိုင်ရန် အတွက်
နာနတ်တောလမ်းရှိ Ayeyar Apex Construction, The Treasure Project သို့ လေ့လာခရီး ထွက်ခဲ့ကြပါတယ်။ 🏗️

ဒီလေ့လာရေးခရီးစဉ်မှာ -

Ayeyar Apex Construction ရှိ Project Director, Project Engineer နှင့် Safety Engineer များမှ Shear wall, Tower A, B မှာဆောင်ရွက်နေတဲ့ concrete slab work အပိုင်းတွေ ကို သေချာ ရှင်းပြပြီး ကျောင်းသား ကျောင်းသူများမှ အနီးကပ် လေ့လာခွင့် ရခဲ့ကြပါတယ်။ အခုလို လေ့လာခွင့် ရတဲ့ အတွက် Ayeyar Apex Construction နဲ့ တာ၀န်ရှိသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

ဒါ့အပြင် Sayar U Myo Min Hlaing (HOD, Department of Civil Engineering, Faculty of Engineering and Technology) မှလည်း ကျောင်းသားများ သိချင်တာ တွေကို စိတ်ရှည်လက်ရှည် လက်တွေ့ပြသပြီး ရှင်းပြပေးခဲ့ကြတာကြောင့် အရမ်းကို ဗဟုသုတ ရစရာ ကောင်းတဲ့ Site Visit လေး ဖြစ်ခဲ့ပါတယ်ရှင်။ 💡👏

Address

No. 3-F, Block No (Ma-23), Between 65 × 66 St , Yadanarpon Street & Moe Thauk Pan Street, Chan Mya Tharzi Township, Mandalay. Contact No. 09-783800062, �09-783800063, �09
Mandalay

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959783800062

Alerts

Be the first to know and let us send you an email when STI Myanmar College-Mandalay Campus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to STI Myanmar College-Mandalay Campus:

Shortcuts

Share