University of Medicine Mandalay Students' Union

University of Medicine Mandalay Students' Union Official page of University of Medicine Mandalay Students' Union

သူတို့တွေမှာလည်း ချစ်ရတဲ့ မိသားစုတွေ ရှိခဲ့ကြပါတယ်။သူတို့တွေမှာလည်း အနာဂတ် ရည်မှန်းချက်တွေ၊ အိပ်မက်တွေ ရှိခဲ့ကြပါတယ်။သူတ...
16/07/2026

သူတို့တွေမှာလည်း ချစ်ရတဲ့ မိသားစုတွေ ရှိခဲ့ကြပါတယ်။
သူတို့တွေမှာလည်း အနာဂတ် ရည်မှန်းချက်တွေ၊ အိပ်မက်တွေ ရှိခဲ့ကြပါတယ်။
သူတို့တွေမှာလည်း တစ်ခါပဲရတဲ့ ဒီဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တဲ့ စိတ်တွေ ရှိခဲ့ကြပါတယ်။

ဒါပေမဲ့... ကျွန်တော်တို့အားလုံးရဲ့ အနာဂတ် ပိုမိုလှပဖို့အတွက် သူတို့ရဲ့ "ဒီနေ့" တွေကို စွန့်လွှတ်ပြီး ကျွန်တော်တို့ရဲ့ "မနက်ဖြန်" တွေအတွက် အသက်ကို ပေးဆပ်သွားခဲ့ကြပါတယ်။

တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးကိုးဦး ရဲ့ သွေးမြေကျခဲ့တဲ့ ဇူလိုင်လ (၁၉) ရက်နေ့ဟာ ပြန်လည်နီးကပ်လို့ လာနေပါပြီ။

ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ အာဇာနည်ဆိုတာ သမိုင်းစာအုပ်ထဲမှာတင် မကတော့ပါဘူး။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် လမ်းမပေါ်မှာ၊ တောတောင်တွေထဲမှာနဲ့ စစ်မြေပြင်တွေထဲမှာ မိမိတို့ရဲ့ လူငယ်ဘဝတွေကို စတေးပြီး သက်စွန့်ဆံဖျား တိုက်ပွဲဝင်ရင်း ကြွေလွင့်သွားခဲ့ရတဲ့ နွေဦးတော်လှန်ရေးရဲ့ ရဲဘော်ရဲဘက်တွေအားလုံးဟာ ကျွန်တော်တို့ရင်ထဲက ထာဝရ "အာဇာနည်တွေ" ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် ဇူလိုင် (၁၉) ရက်နေ့မှာ -
(၁၉) ရက်၊ မနက် (၁၀) နာရီ (၃၇) မိနစ်မှာ ရောက်ရာနေရာမှ ငြိမ်သက်ခြင်း၊ ဥဩဆွဲခြင်း၊ ဟွန်းတီးခြင်းတို့ဖြင့် အလေးပြုပေးကြပါ။
အနက်ရောင် အဝတ်အစား၊ ဖဲကြိုး သို့မဟုတ် ဦးထုတ်များ ဝတ်ဆင်၍ ကျွန်ုပ်တို့ရဲ့ ဝမ်းနည်းခြင်းနဲ့ မမှိန်မသုန် ဆက်လက် တော်လှန်လိုသော စိတ်ဓာတ်ကို "အနက်ရောင်လှုပ်ရှားမှု (Black Movement)" ဖြင့် ဖော်ပြပေးကြပါ။
ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်၊ ကျဆုံးအာဇာနည်များရဲ့ ဂူဗိမာန်များဆီသို့ စုဝေးချီတက်ခြင်းဖြင့် အာဇာနည်တို့ရဲ့ သမိုင်းကို ကျွန်ုပ်တို့က အစဉ်အမှတ်ရနေကြောင်း သက်သေပြကြပါ။

“မမေ့ခြင်းက သမိုင်းကို အသက်ဝင်စေတယ်။
အောက်မေ့ခြင်းက အနစ်နာခံမှုတွေကို အဓိပ္ပာယ်ရှိစေပါတယ်။”

#အာဇာနည်နေ့ #အာဇာနည်တိုင်းသမိုင်းမသေ #ဇူလိုင်၁၉

15/07/2026

“ တော်လှန်သော စိတ်ဓာတ်
တန်ပြန်သော စိတ်ဓာတ်
ဘယ်ကျည်ဆန် ဘယ်သေနတ်နဲ့ သတ်မှာလဲ

စစ်အုပ်စု အနေနဲ့ ရုပ်တုတွေကိုသာ ဖြိုဖျက်နိုင်ပေမယ့်၊ အာဇာနည်တို့ရဲ့ လက်ဆင့်ကမ်းလာခဲ့တဲ့ သမိုင်းဝိဥာဥ်နဲ့ လွတ်လပ်လိုစိတ်တွေကိုတော့ ဘယ်အမိန့်အာဏာနဲ့မှ ဖျက်ဆီး ဖျောက်ဖျက်နိုင်မှာ မဟုတ်ပါ။

အာဇာနည်စိတ်ဓာတ်ဆိုတာက လွတ်လပ်ရေးနဲ့ တရားမျှတမှုကို တောင့်တတဲ့ လူထုရဲ့ အသက်ရှူသံတွေနဲ့ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။
လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျွန်ုပ်တို့ ပြည်သူတစ်ရပ်လုံးအနေနဲ့ -

• (၁၉) ရက်၊ မနက် (၁၀) နာရီ (၃၇) မိနစ်မှာ ရောက်ရာနေရာမှ ငြိမ်သက်ခြင်း၊ ဥဩဆွဲခြင်း၊ ဟွန်းတီးခြင်းတို့ဖြင့် အလေးပြုပေးကြပါ။

• အနက်ရောင် အဝတ်အစား၊ ဖဲကြိုး သို့မဟုတ် ဦးထုတ်များ ဝတ်ဆင်၍ ကျွန်ုပ်တို့ရဲ့ ဝမ်းနည်းခြင်းနဲ့ မမှိန်မသုန် ဆက်လက် တော်လှန်လိုသော စိတ်ဓာတ်ကို "အနက်ရောင်လှုပ်ရှားမှု (Black Movement)" ဖြင့် ဖော်ပြပေးကြပါ။

• ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်၊ ကျဆုံးအာဇာနည်များရဲ့ ဂူဗိမာန်များဆီသို့ စုဝေးချီတက်ခြင်းဖြင့် အာဇာနည်တို့ရဲ့ သမိုင်းကို ကျွန်ုပ်တို့က အစဉ်အမှတ်ရနေကြောင်း သက်သေပြကြပါ။

Song: မေးမယ်
Artist: ငဲငယ်လေး
Disclaimer: We do not own the audio rights for this video. All credits and rights belong to their original rightful owners. This content is created for public awareness purposes only and not for commercial gain.

#အာဇာနည်နေ့ #အာဇာနည်တိုင်းသမိုင်းမသေ #ဇူလိုင်၁၉

14/07/2026

❝ အာဇာနည်တိုင်း သမိုင်းမသေ ❞

ဇူလိုင်လ (၁၉) ရက်နေ့နေ့တွင် အာဇာနည်နေ့ လူထုလှုပ်ရှားမှုကြီး ပြုလုပ်မည်

လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျွန်ုပ်တို့ ပြည်သူတစ်ရပ်လုံးအနေနဲ့ -

• (၁၉) ရက်၊ မနက် (၁၀) နာရီ (၃၇) မိနစ်မှာ ရောက်ရာနေရာမှ ငြိမ်သက်ခြင်း၊ ဥဩဆွဲခြင်း၊ ဟွန်းတီးခြင်းတို့ဖြင့် အလေးပြုပေးကြပါ။

• အနက်ရောင် အဝတ်အစား၊ ဖဲကြိုး သို့မဟုတ် ဦးထုတ်များ ဝတ်ဆင်၍ ကျွန်ုပ်တို့ရဲ့ ဝမ်းနည်းခြင်းနဲ့ မမှိန်မသုန် ဆက်လက် တော်လှန်လိုသော စိတ်ဓာတ်ကို "အနက်ရောင်လှုပ်ရှားမှု (Black Movement)" ဖြင့် ဖော်ပြပေးကြပါ။

• ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်၊ ကျဆုံးအာဇာနည်များရဲ့ ဂူဗိမာန်များဆီသို့ စုဝေးချီတက်ခြင်းဖြင့် အာဇာနည်တို့ရဲ့ သမိုင်းကို ကျွန်ုပ်တို့က အစဉ်အမှတ်ရနေကြောင်း သက်သေပြကြပါ။

ဒီလူထုလှုပ်ရှားမှုရဲ့ တောင်းဆိုချက်များ အနေနဲ့ကတော့ -
• လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုသည်။

• အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းရန် တောင်းဆိုသည်။

• နိုင်ငံတော် သမ္မတသည် ဦးဝင်းမြင့်သာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြသည်။

အာဇာနည်နေ့ရဲ့ လက်ဆင့်ကမ်းတော်လှန်လိုစိတ်ကို လူထုအင်အားနဲ့ သက်သေပြကြပါစို့

#အာဇာနည်နေ့ #အာဇာနည်တိုင်းသမိုင်းမသေ #ဇူလိုင်၁၉

7 July အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြောင်း ထုတ်ပြန်ချက်  မြန်မာပြည်မြောက်ပိုင်း ရောက် သမဂ္ဂညီနောင်များ စုပေါ...
07/07/2026

7 July အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြောင်း ထုတ်ပြန်ချက်

မြန်မာပြည်မြောက်ပိုင်း ရောက် သမဂ္ဂညီနောင်များ စုပေါင်း၍ ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားကို
စစ်ကိုင်းတိုင်း မြေပြင်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ဆေးတက္ကသိုလ်-မန္တလေးကျောင်းသားများသမဂ္ဂမှ ရဲဘော်များ၊ ရတနာပုံဆိုက်ဘာစီးတီး တက္ကသိုလ် ကျေိာင်းသားများ၊ မန္တလေးကွန်ပျူတာတက္ကသိုလ်က ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို အောက်ပါ အစီအစဉ်များဖြင့်ပြုလုပ်ခဲ့ကြရာ -

အစီအစဉ် (၁) အရ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သမဂ္ဂရဲဘော်ဟောင်းတစ်ဦးက အမှတ်တရစကားပြောကြားခြင်းဖြင့် အခမ်းအနားစတင်ခြင်း။

အစီအစဉ် (၂) အရ SURC မှ ၇ ဇူလိုင် အောက်မေ့ဖွယ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း။

အစီအစဉ် (၃) အရ တက်ရောက်လာသော ကျောင်းသားသမဂ္ဂ ရဲဘော်များ နှင့် ကျောင်းသားများက အမှတ်တရကဗျာများ ရွတ်ဆိုခြင်း။

(က) သွေးထွက်လွန်သွားတဲ့ကဗျာ
(ခ) ကျောင်းသား အတ္ထုပတ္ထိ
(ဂ) သမိုင်းထဲက သတင်းစကား
(ဃ) မျှော်
(င) ငါ့ဘေးနားကရဲဘော်
(စ) ကျောင်းဖွင့်ချိန်

အစီအစဉ် (၄) အရ အခမ်းအနားအစီအစဉ်ကို ပြီးဆုံးကြောင်း ကြေညာခြင်း တို့ဖြစ်ကြသည်။

" ၇.၇.၆၂ မမေ့ကြနဲ့"
" အရေးတော်ပုံအောင်ရမည်"

မြန်မာပြည် မြောက်ပိုင်းရောက်
တက္ကသိုလ်ကျောင်းသားသမဂ္ဂများ

“ဇူလိုင်လ ၇ရက် အရေးတော်ပုံကြီး”
07/07/2026

“ဇူလိုင်လ ၇ရက် အရေးတော်ပုံကြီး”

❝ အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ ❞══════════════ #၁၉ဇွန်_နှင်းဆီလှုပ်ရှားမှု ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသား၊ မ...
15/06/2026

❝ အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ ❞

══════════════

#၁၉ဇွန်_နှင်းဆီလှုပ်ရှားမှု


ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသား၊ မြန်မာစစ်အာဏာရှင်အဆက်ဆက် အကြောက်ဆုံးလူသား၊ အဖိနှိပ်ခံ ပြည်သူတရပ်လုံး လေးစားယုံကြည်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့ မကြာခင် ရောက်ပါတော့မယ်။

အမေစုအပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း (၂၂၀၀၀) ကျော်ကို အဓမ္မ ချုပ်နှောင်ထားတဲ့ စစ်အုပ်စု၊ ပြည်သူလူထုကို နေ့စဉ်နဲ့အမျှ နည်းလမ်းမျိုးစုံသုံးပြီး အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်အုပ်စု၊ ပြည်သူလူထုကို အဓမ္မ ပေါ်တာဆွဲဥပဒေနဲ့ ဒုက္ခမျိုးစုံ ပေးနေတဲ့ စစ်အုပ်စု။ ဒီစစ်အုပ်စုကပဲ ရွေးကောက်ပွဲအတု လုပ်၊ လွှတ်တော်အတု ခေါ်၊ အရပ်သားအတု အစိုးရအတု ဖွဲ့ပြီး ပြည်တွင်းပြည်ပမှာ လူရာဝင်ချင်သေးသတဲ့။ လုံးလုံး အရှက်မဲ့တဲ့ ဖက်ဆစ်တွေပဲ။

လူထုခေါင်းဆောင် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများစွာရဲ့ ဝိသေသ လက္ခဏာက စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုန့်ပြန်” ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီလူ့ဘောင် တည်ဆောက်ရေး ယုံကြည်ချက်အပေါ်မှာ မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သလို ပန်းနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက “သံမဏိ နှင်းဆီ” လို့ ဂုဏ်ပြုညွှန်းဆိုလေ့ရှိပါတယ်။

ဒါ့ကြောင့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး၊ တော်လှန်တိုက်ပွဲဝင် လူထုတရပ်လုံးကို ဂုဏ်ပြုညွှန်းဆိုသောအားဖြင့် လာမယ့် ဇွန်လ (၁၉) ရက်နေ့မှာ “နှင်းဆီလှုပ်ရှားမှုကြီး” ကို ပြည်လုံးကျွတ် ဝေဝေဆာဆာ ဖော်ဆောင် ဆင်နွှဲလိုက်ကြရအောင်ဗျာ။

နှင်းဆီလှုပ်ရှားမှု၊ ပန်းသပိတ်။ ဒီလူထုတိုက်ပွဲလှုပ်ရှားမှုနည်းနာကို အထူးတလည် ရှင်းပြနေစရာမလိုဘဲ ပြည်သူလူထုက နားလည်သဘောပေါက်ကြပြီးလည်း ဖြစ်ပါတယ်။ အဲ့ဒီကာလမှာ နှင်းဆီပန်းများအပါအဝင် အဆင်သင့်ရာ ပန်းများကို ပြည်သူလူထုက ဘုရားပန်းတင်မယ်။ ပန်ဆင်ကြမယ်။ အလှပန်းအိုး ထိုးမယ်။ အပြန်အလှန် ပန်းလက်ဆောင် ပေးကြမယ်။ အွန်လိုင်းပေါ် ဓာတ်ပုံတင်ကြမယ်။ မြေပြင်လူထုလှုပ်ရှားမှုတွေကိုလည်း နှင်းဆီပန်းတွေ ကိုင်ဆောင်ကာ (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်ကြဖို့ပါ။

အတိုချုပ်ပြောရရင်တော့ လာမယ့် ဇွန် ၁၉ အမေစုမွေးနေ့မှာ ကျနော်တို့ ပြည်တွင်းပြည်ပ ပြည်သူလူထုတရပ်လုံးအနေနဲ့ “နှင်းဆီလှုပ်ရှားမှုကြီး” မိမိတို့ အဆင်ပြေသလို ဉာဏ်ကွန့်မြူးကာ အွန်လိုင်းကော မြေပြင်မှာပါ ဉာဏ်နဲ့ယှဉ်ပြီး နည်းနာပုံစံမျိုးစုံနဲ့ ဖော်ဆောင် ဆင်နွှဲကြပါမယ်ခင်ဗျာ။

ပြည်သူလူထုရဲ့ ဒီ“နှင်းဆီလှုပ်ရှားမှုကြီး” ကနေ စစ်အုပ်စုနဲ့တကွ တကမ္ဘာလုံးကို အသိပေးလိုက်တဲ့ တောင်းဆိုဖော်ပြချက်ကြီး (၃) ချက် ရှိပါတယ်။ ဒီသုံးချက်ကတော့-

(၁) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ရန် တောင်းဆိုသည်။

(၂) အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းရန် တောင်းဆိုသည်။

(၃) မြန်မာပြည်၏ သမ္မတသည် ဦးဝင်းမြင့်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ထပ်လောင်း ဖော်ပြသည်။

လက်ရှိ ကျနော်တို့ ဖော်ဆောင်နေဆဲဖြစ်တဲ့ Proof of Life လှုပ်ရှားမှုကိုလည်း ဒီနှင်းဆီလှုပ်ရှားမှုကြီးနဲ့အတူ ဆက်လက် ဖော်ဆောင်သွားကြမှာဖြစ်ပါတယ်။ Proof of Life လှုပ်ရှားမှုကတော့ အချိန်ကာလ သတ်မှတ်ချက်မရှိဘဲ လှုပ်ရှားမှုရဲ့ တောင်းဆိုချက် မရမချင်း ဆက်လက်ဆင်နွှဲသွားကြဖို့လည်း ဖြစ်ပါတယ်။ အလားတူပဲ (၈၁) နှစ်ပြည့်မွေးနေ့ဖြစ်တာနဲ့အညီ ကိန်းဂဏန်း (၈၁) ကို အစွဲပြု ဖော်ဆောင်တဲ့ လှုပ်ရှားမှုများလည်း ဉာဏ်ရှိသလို ကွန့်မြူးဖော်ဆောင်သွားကြမှာလည်း ဖြစ်ပါတယ်။

စစ်အုပ်စုအဆက်ဆက်ဟာ အာဏာသာ ရူးပြီး တိုင်းပြည်အုပ်ချုပ် အစိုးရလုပ်တဲ့ အတတ်ပညာ၊ ဉာဏ်ပညာနဲ့ စိတ်စေတနာ လုံးလုံး မရှိပါဘူး။ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ယနေ့ မြန်မာပြည် လူမှုစီးပွါး အခြေအနေအရပ်ရပ်ဟာ အဝီစိကို ဇောက်ထိုးဆင်းနေပါပြီ။ ကုန်ဈေးနှုန်းတွေ မိုးပျံအောင် တက်နေတာက အစ၊ လူငယ်ထုကို သေလမ်းပို့တဲ့ အဓမ္မ ပေါ်တာဆွဲနေတာ အလယ်၊ အပေါဆုံးက မူးယစ်ဆေး ဖြစ်လာတာအဆုံး၊ တိုင်းပြည်မှာ အကောင်းဆိုလို့ ဘာမှမရှိတော့ပါဘူး။

ဒါတွေအားလုံးရဲ့ ပင်မလက်သည် တရားခံသည် စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ပါပဲ။ ဒီအာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ဒီတိုင်းပြည် အနာဂတ် ဘာတခုမှ ကောင်းလာစရာ မရှိဘူးဆိုတာကလည်း အင်မတန် ထင်ရှားပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ဟာ မြန်မာပြည်ရဲ့ အညွှန့်ထွက်စ၊ အရှိန်ရစ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုလေးကို သင်းသပ်ချလိုက်တာပဲ။

အာဏာရှင်စနစ်ဟာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ နိုင်ငံဝန်ထမ်းများနဲ့တကွ အစစ်အမှန် ပြည်ခိုင်ဖြိုးပါတီဝင်ထုအပါအဝင် တိုင်းသူပြည်သားအားလုံးအတွက် ရေတိုကော ရေရှည်မှာပါ ဘာကောင်းကျိုးမှ မပြုပါဘူး။ ဒီအာဏာရှင်စနစ်လက်အောက်မှာ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစု၊ ဒင်းတို့မိသားစု ဆွေမျိုးတစု၊ နီးစပ်ရာလူတစုပဲ ပိုပိုပြီး ကျိကျိတက် ချမ်းသာလာနေတာကို တွေ့ရမှာဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ ဒင်းတို့ ဖက်ဆစ်မိစ္ဆာတွေကို “ငုံ့ခံ” ရင်းနဲ့ ရေနွေးအိုးထဲက ဖားတွေလို့ အသေမခံနိုင်ဘူး၊ အစွမ်းကုန် စုစည်းညီညွတ်ပြီး “တုန့်ပြန်” ကြမယ်ဆိုတဲ့ ဇွဲနဘဲခတ်ပြီး တော်လှန်ခရီးကြမ်းကို ဒီအထိ လျှောက်လှမ်းခဲ့ကြပါပြီ။ အခုချိန်ကတော့ ဒီသံမဏိစိတ်ဓာတ်၊ ဘာမထီစိတ်ဓာတ်ကို အမြင့်မားဆုံး လွှင့်ထူပြီး တော်လှန်တိုက်ပွဲကို အရှိန်တိုးမြှင့်ကြဖို့ လိုပြီဆိုတာကိုလည်း မီးမောင်းထိုးပြလိုပါတယ်။ ယခု ဇွန် (၁၉) နှင်းဆီလှုပ်ရှားမှုမှသည် ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူထုအနေနဲ့ တော်လှန်တိုက်ပွဲ လူထုလှုပ်ရှားမှုတွေမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ဖော်ဆောင်ကြမယ်ဗျာ။

ဟေ့ . . . စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဆိုတာကို ဒီပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြပါစို့။

#ကြောက်ခေတ်ကို_မှောက်ပစ်






အရေးတော်ပုံ အောင်ရမည်။

14/06/2026

နှင်းဆီလှုပ်ရှားမှု

လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြမှာ ဖြစ်ပါတယ် ။

ပြည်တွင်း၊ ပြည်ပ၊ မြို့ပြ ၊ ကျေးလက်မရွေး ပြည်သူများ အားလုံး ပါဝင်လှုပ်ရှား ကြမှာဖြစ်ပြီး စတင်ပြင်ဆင် နှိုးဆော်မှုများလည်း စတင်နေပြီ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြပါစို့။


နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ၂၀၂၆ ခုနှစ်၏ ပထမဆုံးသော တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီး စတ...
13/06/2026

နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)
၂၀၂၆ ခုနှစ်၏ ပထမဆုံးသော တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီး စတင်မည်

လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြမှာ ဖြစ်ပါတယ် ။
စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြပါစို့။

လူထုရဲ့ ပြတ်သားတဲ့ သတင်းစကား (၃) ရပ်
(၁) အမေစုနှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်!
(၂) အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်!
(၃) ဦးဝင်းမြင့်သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်!

အတူတကွ ဘယ်လို လှုပ်ရှားကြမလဲ?
ဇွန်လ (၁၉) ရက်နေ့မှာ အောက်ပါ မိမိ ဒေသနဲ့ လုံခြုံရေးအခြေအနေများအလိုက် အောက်ပါ နည်းလမ်းတစ်ခုခုနဲ့ လှုပ်ရှားကြပါမယ်။
• 🙏 ဘုရားတင်/ပန်ဆင်ပါ - နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်းများ ပြုလုပ်ပါ။
• 📸 Online ကမ်ပိန်း - မိမိတို့ ပန်ဆင်/ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံများကို Social Media ပေါ်တွင် တင်ပြီး အွန်လိုင်းမှ ပါဝင်ပါ။
• 🚶‍♂️ မြေပြင်လှုပ်ရှားမှု - မြေပြင်သပိတ်လှုပ်ရှားမှုများတွင် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ပါဝင်ပါ။

လူထု ကြွေးကြော်သံ -
“အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ”

ဟေ့ . . . စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “
ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဆိုတာကို ဒီပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြပါစို့။

ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း (၁၁) နှစ်ပြည့်(၁၁) နှစ်တာ ခရီးမှ ပိုမိုကောင်းမွန်သော အနာဂ...
01/06/2026

ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း (၁၁) နှစ်ပြည့်

(၁၁) နှစ်တာ ခရီးမှ ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့
ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂသည် ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ကျောင်းသားထု၏ ထောက်ခံအားပေးမှုဖြင့် အသက်ဝင် ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယနေ့ ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် (၁၁) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
(၁၁) နှစ်တာ ခရီးလမ်းတစ်လျှောက်တွင် မိမိတို့သမဂ္ဂသည် ကျောင်းသားထု၏ အသံကို ကိုယ်စားပြုရင်း ကျောင်းသားအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ ဆေးတက္ကသိုလ်-မန္တလေး ကျောင်းတော်ကြီး၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းမြှင့်တင်နိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
မတရားစစ်အာဏာသိမ်းမှုနောက်ပိုင်း တော်လှန်ရေးကာလအတွင်းတွင်လည်း အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျောင်းသားထု၊ ပြည်သူလူထုနှင့်အတူ ရပ်တည်လျက် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ မြေပြင်သပိတ်လှုပ်ရှားမှုများမှအစပြု၍ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကဏ္ဍများအပါအဝင် တော်လှန်ရေးအကျိုးပြု လုပ်ငန်းများအား အစွမ်းကုန် ကြိုးပမ်းထမ်းဆောင်ခဲ့ပါသည်။ အရေးပါသော မှတ်တိုင်တစ်ခုအဖြစ် ကျောင်းသားထု၏ အခွင့်အရေး၊ ပြည်သူလူထု၏ အကျိုးစီးပွားနှင့် တော်လှန်ရေး အကျိုးပြုလုပ်ငန်းစဉ်များကို ပိုမိုဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂ တော်လှန်ရေးတပ်ဦးအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
(၁၁) နှစ်တာကာလအတွင်း သမဂ္ဂကို ဦးဆောင်ခဲ့ကြသည့် အလုပ်အမှုဆောင်အဖွဲ့များ၊ ပါဝင်လှုပ်ရှားခဲ့ကြသည့် ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားဟောင်းများ၏ ကြိုးပမ်းအားထုတ်မှုများ၊ ကျောင်းသားထု၏ ယုံကြည်မှု၊ ပြည်သူလူထု၏ အားပေးထောက်ခံမှုများကြောင့် ယနေ့အချိန်အထိ ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုခရီးလမ်းတွင် ပေးဆပ်ခဲ့ကြသည့် မျိုးဆက်အဆက်ဆက် သမဂ္ဂအဖွဲ့ဝင် ရဲဘော်ရဲဘက်များ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
ယနေ့ကျရောက်သည့် ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း (၁၁) နှစ်ပြည့်နေ့မှစ၍ မိမိတို့ သမဂ္ဂအနေဖြင့် ကျောင်းသားထု၏ အခွင့်အရေး၊ ပြည်သူလူထု၏ အကျိုးစီးပွားနှင့် အမှန်တရားအတွက် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အောင်မြင်စွာ ပေါ်ထွန်းလာသည်အထိ တော်လှန်ရေးအကျိုးပြု လုပ်ငန်းများအား မမှိတ်မသုန် ဆက်လက်ဆောင်ရွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တော်လှန်သစ္စာပြုအပ်ပါသည်။

Address

University Of Medicine
Mandalay

Telephone

+66984918188

Website

Alerts

Be the first to know and let us send you an email when University of Medicine Mandalay Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to University of Medicine Mandalay Students' Union:

Shortcuts

Share