Old Bagan

Old Bagan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Old Bagan, C, 21 . Zaycho, Mandalay.

1980 ဝန်းကျင် မှ ရိုက်ကူးခဲ့သည်။The negative film is ready with a color scan .photo by Ba Thein((Shwe Kyay)📸 Hasselblad ...
02/10/2025

1980 ဝန်းကျင် မှ ရိုက်ကူးခဲ့သည်။
The negative film is ready with a color scan .
photo by Ba Thein((Shwe Kyay)
📸 Hasselblad 500C

တောင်တော် ပုပ္ပါး။(၁၉၈၀) ဝန်းကျင်။
02/10/2025

တောင်တော် ပုပ္ပါး။
(၁၉၈၀) ဝန်းကျင်။

ပုဂံခေတ် မြမ္မာမှုပိသုကာမှာ မုခ်ဆောင်ပါတယ်၊​ မုခ်ထွက်ပါတယ်။ ဒါပေမယ့် မုခ်ပေါက်ကို အုတ်အပြည့်စီပြီးပိတ်ထားတယ်ဆိုရင် မုခ်ယ...
23/01/2025

ပုဂံခေတ် မြမ္မာမှုပိသုကာမှာ မုခ်ဆောင်ပါတယ်၊​ မုခ်ထွက်ပါတယ်။ ဒါပေမယ့် မုခ်ပေါက်ကို အုတ်အပြည့်စီပြီးပိတ်ထားတယ်ဆိုရင် မုခ်ယောင်လို့ခေါ်ပါသတဲ့။​

ဒါဆို မုခ်ဆောင်ဘေးနှစ်ဘက်မှာ အတွင်းလှေကားထည့်ထားပြီး လှေကားအတိုင်းတက်သွားတဲ့ခါ အပေါ်မရောက်ဖဲ ပတ်လမ်းကိုအပေါ်စီးကနေမြင်နေရတဲ့ အမိုးခုံနေရာကိုသာ ရောက်သွားတယ်။​

ဆက်သွားစရာလမ်း မရှိတော့ဘူးဆိုရင်တော့ အဲ့လိုလှေကားကို အယောင်ပြလှေကား သို့မဟုတ် လှေကားယောင်လို့ခေါ်ရမယ်ထင်ပါတယ်။​

ပုဂံခေတ်ဆောက်လုပ်ရေးလုပ်ငန်းမှာ အခက်ဆုံးနေရာဟာ ပေါင်းကူး အမိုးခုံးဖြစ်ပါတယ်။​

အများအားဖြင့်ပေါင်းကူးကြတာက မုခ်ဆောင်၊ အတွင်းပတ်လမ်း၊ အာရုံခံဆောင်နှင့် ကန္ဓာကုဋီတိုက်နေရာတွေဖြစ်ပါတယ်။​

လေဘက်ဆိုင် စုထိုးအမိုးခုံ၊ နှစ်ဘက်ဆိုင် တစ်ဘက်ခံ အမိုးခုံး၊ နှစ်ဘက်အလယ်ဆိုင်စုထိုး အမိုးခုံး၊​ တစ်မတ်မှီ(၁/၄)ခုံး စသဖြင့် အမျိုးမျိုးရှိတယ်။

အမိုးခုံးအားလုံးက အုတ်စီး-အုတ်နင်း အလုပ် အကိုင် ကောင်းကြတယ်။​ အယူအဆလွဲ အမှားများတဲ့ အမိုးခုံးစနစ်နေရာက အာရုံခံဆောင်နေရာဖြစ်ပြီး အားနည်းချက်က ငလျင်ဒါဏ်မခံနိုင်တာဖြစ်ပါတယ်။​

အကယ်၍ အာရုံခံဆောင်ဟာ အရွယ်စားကြီးမယ်ဆိုရင် နှစ်ဘက်ဆိုင်-တစ်ဘက်ခံ အမိုးခုံးမဟုတ်ဖဲ နှစ်ဘက်အလယ်ဆိုင်အမိုးခုံးလုပ်မိခဲ့ရင် ငလျင်ဒါဏ်မခံနိုင်ဘဲ ပြိုကျမှုများတာ တွေ့ရတယ်။​ အဲ့ဒါ နောက်မှ အသေချာရှင်းပြမယ်။​

အခုလောလောဆယ် မှတ်လို့ရတာက အမိုးခုံးတွေထဲမှာ အတွင်းလှေကားအမိုးခုံးတည် ဆောက်ရတာအခက်ဆုံးနေရာဖြစ်ပါတယ်။​

ဘာကြောင့်ခက်တယ်ပြောရလဲဆိုတော့ အမိုးခုံးနေရာရော ခြေနင်းနေရာပါ အနိမ့် အမြင့် မတူညီတဲ့ အတွက်ဖြစ်ပါတယ်။​ ​ မုခ်ဆောင်နှင့် ပတ်လမ်းအမိုးခုံးတွေလိုမဟုတ်။ ပုံမှာကြည့်။​

အတွင်းလှေကားစီတဲ့အခါ နောက်မှစီသလား အရင်စီသလား၊ တပြိုင်နက်တည်းမှာစီသလားဆိုတာ သေချာပြောဖို့မလွယ်သေးပါ။ ​

ဒီလောက်ပြောရင် ရေးပြရင် အတွင်းလှေကားကားတည်ဆောက်ရမလွယ်ဘူးဆိုတာကို နည်းနည်းလောက်ဖြစ်ဖြစ် သဘောပေါက်မယ် ထင်ပါတယ်။​

ဓမ္မရံကြီးဘုရား တောင်၊​ အနောက်နှင့် မြောက်ဘက် တွေမှာပါတဲ့ လှေကားတွေအားလုံးဟာ အယောင်ပြလှေကားတွေသာဖြစ်ပါတယ်။​ ဘုရားပေါ် မရောက်ပါ။​

ဘာကြောင့် မပေါ်မရောက်သလဲ၊​ဘာကြောင့် အယောင်ပြတွေထည့်ရသလဲ မေးလာရင်လည်း ဖြေဖို့မခက်ပါ။​ မတက်စေချင်လို့ ၊ မရောက်စေချင်လို့ ပါဘဲ။​

ဘာကြောင့် အပေါ်မရောက်စေချင်တာလဲလို့ ဆက် မေးဖို့ လိုမယ်။​ ဖြေဖို့ မလွယ်။​

ဖြစ်နိုင်တဲ့ အကြောင်းရာတွေအများကြီးရှိနိုင်တယ်။​ ဖြစ်နိုင်ချေအရှိဆုံးကတော့ အပေါ်တက်လို့ရတဲ့ အခွင့်လမ်းကို ထိမ်းချုပ်ထားချင်လို့ဖြစ်ပါတယ်။​ access control measure လို့ခေါ်တယ်။​

ဓမ္မရံကြီးအကြောင်းမသိတဲ့လူက အပေါ်တက်ဖို့ မလွယ်။ ဘုရားပေါ်တက်ချင်ရင် ဒီတစ်ပေါက်ဖဲရှိမယ်။ ဒီကဘဲ တက်။ တက်လာမယ့်လူကိုလည်း ဒီတစ်ပေါက်တည်းကဘဲ စောင့်ဖမ်းမယ်ဆိုတာမျိုးလည်း ဖြစ်နိုင်တယ်။

ဒါဆို ဘုရားပေါ်မှာ ဘာတွေများ ရှိလို့လည်း မေးစရာဖြစ်တယ်။ အဲ့ဒါနောက်မှ ဆက်ရေးမယ်။

#ဓမ္မရံကြီး
#ပုဂံ
#ကန္နားပြင်

Address

C, 21 . Zaycho
Mandalay

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959974109009

Website

Alerts

Be the first to know and let us send you an email when Old Bagan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share