Yadanabon University Mandalay MM

Yadanabon University Mandalay MM This page is becoming Official Page of Yadanabon University.

ဤ Facebookစာမျက်နှာအား ယာယီတက္ကသိုလ်ကောင်စီ၏ ပြန်ကြားရေးစာမျက်နှာအဖြစ်လည်းကောင်း ရတနာပုံတက္ကသိုလ်၏ တရားဝင်စာမျက်နှာအဖြစ်လည်းကောင်း အသုံးပြုသွားမည်ဖြစ်ပါသည်။

ယာယီတက္ကသိုလ်ကောင်စီ
ရတနာပုံတက္ကသိုလ်

23/11/2025

ရတနာပုံတက္ကသိုလ်ယာယီတက္ကသိုလ်ကောင်စီတက္ကသိုလ် မြန်မာစာဌာန နောက်ဆုံးနှစ် CDMကျောင်းသူ မဇင်မေလှိုင် ကျဆုံးမှုနှင့် ပတ်သတ်၍...
07/05/2025

ရတနာပုံတက္ကသိုလ်
ယာယီတက္ကသိုလ်ကောင်စီ

တက္ကသိုလ် မြန်မာစာဌာန နောက်ဆုံးနှစ် CDMကျောင်းသူ မဇင်မေလှိုင် ကျဆုံးမှုနှင့် ပတ်သတ်၍ သဘောထားထုတ်ပြန်ချက်
၂၀၂၅ခုနှစ် မေလ(၇)ရက်


ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)တော်လှန်ရေးဦးဆောင်ကော်မတီရတနာပုံတက္ကသိုလ် CDMကျောင်းသူ မဇင်မေလှိုင် ကျဆုံးမ...
05/05/2025

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)
တော်လှန်ရေးဦးဆောင်ကော်မတီ

ရတနာပုံတက္ကသိုလ် CDMကျောင်းသူ မဇင်မေလှိုင် ကျဆုံးမှုအပေါ် ထုတ်ပြန်ချက်
ရက်စွဲ။ ။၂၀၂၅ခုနှစ်၊ မေလ (၅)ရက်


လေးနှစ်ပြည့်ခဲ့ပြီ။လူထုအတွက် ဆက်လက်ချီတက် နေပါဦးမည်။ယာယီတက္ကသိုလ်ကောင်စီရတနာပုံတက္ကသိုလ်
04/02/2025

လေးနှစ်ပြည့်ခဲ့ပြီ။

လူထုအတွက် ဆက်လက်ချီတက် နေပါဦးမည်။

ယာယီတက္ကသိုလ်ကောင်စီ
ရတနာပုံတက္ကသိုလ်

ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦး မတရား သတ်ဖြတ်ခံရခြင်းအပေါ် သဘောထားထုတ်ပြန်ချက်၂၀၂၄ခုနှ...
10/07/2024

ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီ

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦး မတရား သတ်ဖြတ်ခံရခြင်းအပေါ် သဘောထားထုတ်ပြန်ချက်
၂၀၂၄ခုနှစ်၊ ဂျူလှိုင်လ (၁၁)ရက်

❙ ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကြားကာလပညာရေးအစီအစဉ်များ● ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီ(၁) ကြားကာလဘွဲ...
05/06/2024

❙ ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကြားကာလပညာရေးအစီအစဉ်များ

● ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီ

(၁) ကြားကာလဘွဲ့ဒီဂရီပညာရေးအစီအစဉ် ဝင်ခွင့်ခေါ်ယူခြင်း
(၂) ဘွဲ့ယူစာတမ်းအစီအစဉ် (Capstone Project)
(၃) ဘွဲ့ကြို (Bachelor Degree) သတ်မှတ်ချက်

❙ CDM ကျောင်းသူကျောင်းသားများ ဘွဲ့ဒီဂရီရယူနိုင်ပြီ။ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီမှ ပြုလုပ်အကောင်အထည်ဖော်သွားမည...
04/06/2024

❙ CDM ကျောင်းသူကျောင်းသားများ ဘွဲ့ဒီဂရီရယူနိုင်ပြီ။

ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီမှ ပြုလုပ်အကောင်အထည်ဖော်သွားမည့် ကြားကာလပညာရေးအစီအစဉ်များတွင် ပါဝင်ခြင်းဖြင့် ဘွဲ့ဒီဂရီပြီးဆုံးအောင် ပြုလုပ်နိုင်မည် ဖြစ်သည်။
အပြည့်အစုံကို အောက်ပါလင့်ခ်များတွင် ဖတ်ရှုပါ။

❙ CDM ကျောင်းသူကျောင်းသားများ ဘွဲ့ဒီဂရီရယူနိုင်ပြီ။

ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီမှ ပြုလုပ်အကောင်အထည်ဖော်သွားမည့် ကြားကာလပညာရေးအစီအစဉ်များတွင် ပါဝင်ခြင်းဖြင့် ဘွဲ့ဒီဂရီပြီးဆုံးအောင် ပြုလုပ်နိုင်မည် ဖြစ်သည်။
အပြည့်အစုံကို အောက်ပါလင့်ခ်များတွင် ဖတ်ရှုပါ။

(၁) ကြားကာလပညာရေးအစီအစဉ်များ ထုတ်ပြန်ကြေညာခြင်း - https://shorturl.at/3qr7n
(၂) Credit System ထုတ်ပြန်ကြေညာခြင်း - https://shorturl.at/QbgS6

အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်သွားပါမည်။ ဆက်သွယ်ရန် - [email protected]

ပြည်သူလူထုအားလုံး၏ လိုလားချက်ဖြစ်သော အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဆင်နွှဲနေသည့် တော်လှန်ရေး အဖွဲ့အစည်းများအား...
10/12/2023

ပြည်သူလူထုအားလုံး၏ လိုလားချက်ဖြစ်သော အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဆင်နွှဲနေသည့် တော်လှန်ရေး အဖွဲ့အစည်းများအား ကြားကာလတက္ကသိုလ်ကောင်စီများက
ထောက်ခံကြောင်းသဘောထားထုတ်ပြန်ချက်

နေ့စွဲ။ ။၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ (၉)ရက်

​နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင် တော်လှန်နေသော နိုင်ငံအဝှမ်းရှိ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်နေသည့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ (EROs)၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDFs)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (LPDFs)များမှ ဟန်ချက်ညီညီ ဆောင်ရွက်နေခြင်း၏ ရလဒ် များ ကြောင့် ပြည်သူလူထုလိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင်သို့ မုချ ရောက်ရမည်ဟု မိမိတို့ယုံကြည်ပါသည်။
သို့ဖြစ်ပါသောကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယနေ့အချိန်ထိ ပြည်သူ လူထုနှင့်အတူ အကြမ်းဖက်စစ်အုပ်စုအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲဆင်နွှဲ နေကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် Operation ၁၀၂၇ အပါအဝင် စစ်ဆင်ရေးအားလုံးကို မိမိတို့ တက္ကသိုလ်ကောင်စီများမှ အပြည့်အဝကြိုဆိုထောက်ခံပါကြောင်းနှင့် စစ်အာဏာရှင် စနစ်ဆိုးကြောင့် စစ်ဘေးဒဏ်သင့်ဒေသများ၊ ပဋိပက္ခဇုန်များ၊ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသောနယ်မြေများ၏ ပညာရေး အကျိုးအတွက် မိမိတို့တက္ကသိုလ်ကောင်စီများက ဒေသခံပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း ပါဝင် သွားမည်ဖြစ်ပါကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။

ကြားကာလတက္ကသိုလ်/ဒီဂရီကောလိပ်/ကောလိပ်/
သိပ္ပံကျောင်းကောင်စီများ

15/04/2023


14/04/2023

“အ” … တန်ခူး

အာဏာယစ်မူး မိစ္ဆာရူးကြောင့်
အတာအိုးမှောက် သရုပ်ပျောက်ခဲ့
ချစ်သောသင်္ကြန် အိမ်ပြန်ယူဖို့
ခက်ခဲကြမ်းတမ်း ခရီးလမ်းကို
အံတုဖြတ်ကူး … “အ”-တန်ခူး။

ချစ်သုဝေ၊ ပိုင်ဖြိုးသု၊ မြနှင်းရည်လွင်၊ မြတ်နိုးအေး တို့ ရဲ့ … “အ” … တန်ခူး။

Public Voice Television (PVTV) မှ ရိုက်ကူးတင်ဆက်သည်။


11/04/2023

Update News- ကန့်ဘလူတွင် စစ်တပ်၏ ဗုံးကျဲမှုကြောင့် သေဆုံးသူ ၁၀၀ ကျော်တွင် ကျောင်းသားကျောင်းသူ ၃၀ ကျော် ပါဝင်

■ အလောင်းကောက်ယူနေသည့် လုပ်ငန်းများ မလုပ်နိုင်ရေးအတွက် စစ် တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ

ရန်ကုန်၊ ဧပြီ ၁၁ (ခေတ်သစ်သတင်းဌာန)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ပဇီကြီးကျေးရွာတွင် ယနေ့ နံနက်ပိုင်း စစ်တပ်က လေ ကြောင်းမှ တစ်ဆင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ပြည်သူ ၁၀၀ ကျော်တွင် ကျောင်းသားကျောင်းသူ ၃၀ ကျော် ပါဝင်သွားကြောင်း မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

"လပြည့်ဝန်းခန်းမ ဆိုတာကို ဖွင့်တယ်။ အဲဒီအထဲမှာ သေတာက ကျေးရွာ အုပ်ချုပ်ရေးပိုင်းတွေနဲ့ ခေါင်းကြီးပိုင်းတွေ အဲဒါက ၅၀ ထက်မနည်းဘူး။ ကျေးရွာ ခေါင်းကြီးပိုင်းတွေ သေသွားတာကိုက ၅၀ထက်မနည်းဘူး မီး ကျွမ်းနေပြီ ရေတွက်မရဘူး။ အဲ့ဒီ ခန်းမရှေ့မှာ ထမင်းကျွေး မဏ္ဍပ် ထဲမှာ ၁၇ဝိုင်း အပြည့် ထ မင်းကျွေးနေတယ်။ ကျောင်းသားတွေကျောင်းမတက်ခင် ထမင်းသွားစားကြတာဆိုတော့ ကျောင်းသားသူ ၃၀ထက်မနည်းသေဆုံးပါတယ်။ ထမင်းဝိုင်းကျွေးတဲ့သူနဲ့ ထမင်းစားနေကြသူ အားလုံး အပြင်မှာ ၉၀ ကျော်ရှိ ပါတယ်။ လေယာဉ်က ချတဲ့​​ဗုံးက ထမင်းကျွေး မဏ္ဍပ်ပေါ် တည့်တည့်ကျတာ။ ထမင်းကျွေး မဏ္ဍပ်ရော ထမင်းဝိုင်း ၁၇ဝိုင်းရော ဘာမှမတွေ့ရတော့ဘူး" ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ယင်းနောက် စစ်တပ်က Mi35 လေယာဉ်ဖြင့် ပစ်ခတ်ရာတွင် သေဆုံးသူ ၅၀ ကျော်ခဲ့ပြီး တိုက်လေယာဉ် ဗုံးကျဲချမှုကြောင့် သေဆုံးသူများမှာ အစအန ပင်ရှာ မရကြောင်း သိရှိရသည်။

"အခုရေတွက်လို့ရတဲ့ အလောင်း ၅၀ ကျော်က Mi35 နဲ့ပစ်လို့ သေတဲ့သူတွေ ။ ဂျက်ဖိုက်တာနဲ့ ဗုံးချလို့သေတဲ့သူတွေက အစအနကိုရှာမရတော့ဘူး။ ရွာထဲ အနီးအနားက အိမ်ပေါ်မှာ အူတွေတင်လို့တင် လမ်းမတွေပေါ်မှာ ဦးနှောက် တွေ၊ ခြေထောက်တစ်ခြား လက်တခြား ဆံပင်တွေကတစ်ခြား ပေ၇၀ လောက် ထိ လွင့်သွားတာတွေကအများကြီးပဲ။ အ​လောင်း​တွေရှင်းမပြီး​သေးဘူး" ဟု ကူညီကယ်ဆယ်ရေး သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် နေက အလွန်ပူပြင်းပြီး စစ်ကောင်စီက ယနေ့ ညနေ ၅ နာရီ ၃၅ မိနစ်မှ ၄၀ မိနစ်အထိ ၃ ကြိမ် ဂျက်တိုက်လေယာဉ် ပျံဝဲပြီး ဗုံး ၄ လုံး ထပ်မံ ကျဲချသွားကြောင်း၊ ထို့ကြောင့် အလောင်းကောက်ယူရေး လုပ်ငန်းများ နှောင့်နှေးနေကြောင်း သိရှိရသည်။

"နေကအရမ်းပူတယ်။ ရွာကလူတွေတော်တော်သေတော့ လုပ်မယ့်သူမရှိ။ နီးစပ်ရာက လုပ်နိုင်သလောက်လေးပဲစုပုံနေရတယ်။ အခု ဂျက်ဖိုက်တာဖြင့် ညနေ ၅နာရီ ၃၅မှ ၄၀မိနစ်ထိ ၃ကြိမ်ဝဲ ၄လုံးထပ်ချ နေဆဲ သက်သေ မကျန် အောင် ဆက်ပစ်နေဆဲ။အလောင်းကောက်မရအောင် ဆက်တိုက် ပစ်နေ ပါ တယ်" ဟု ကယ်ဆယ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် အလောင်းများကို မသဂြိုလ်နိုင်သေးဘဲ စုပုံပြီး အပျက်အစီးများ အကြားမှ ဒဏ်ရာရသူများကို ကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း သိရှိရ သည်။

Address

Yadanabon University
Mandalay
245032

Opening Hours

Monday 06:00 - 18:00
Tuesday 06:00 - 18:00
Wednesday 06:00 - 18:00
Thursday 06:00 - 18:00
Friday 06:00 - 18:00

Alerts

Be the first to know and let us send you an email when Yadanabon University Mandalay MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share