Yadanabon University Mandalay MM

Directions Website

Yadanabon University Mandalay MM This page is becoming Official Page of Yadanabon University.

ဤ Facebookစာမျက်နှာအား ယာယီတက္ကသိုလ်ကောင်စီ၏ ပြန်ကြားရေးစာမျက်နှာအဖြစ်လည်းကောင်း ရတနာပုံတက္ကသိုလ်၏ တရားဝင်စာမျက်နှာအဖြစ်လည်းကောင်း အသုံးပြုသွားမည်ဖြစ်ပါသည်။

ယာယီတက္ကသိုလ်ကောင်စီ
ရတနာပုံတက္ကသိုလ်

(၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် စစ်အုပ်စုက ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ(ဟောင်း)၊ မန္တလေးလူထုသပိတ်ခေါင်းဆ...
16/04/2026

(၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် စစ်အုပ်စုက ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ(ဟောင်း)၊ မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ကို အကြမ်းဖက် ဖမ်းဆီးကာရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (ခ)ဟူသော အဓမ္မစွဲချက်ဖြင့် မတ်လ (၁၂)ရက်နေ့တွင် ထောင်ဒဏ် နှစ်(၂၀)ချမှတ်ကာ ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားသည်။

ကိုထက်မြတ်အောင်သည် စစ်အုပ်စုက ထပ်မံစွပ်စွဲထားသော မတရားအမှုများကို သံတိုင်များနောက်တွင် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

သူချစ်သော မန္တလေးမြို့၏ လမ်းမများပေါ်တွင် လူထုလိုလားတောင့်တနေသော ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အတွက် ငြိမ်းချမ်းစွာ တောင်းဆို တိုက်ပွဲဝင်ရင်း အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသော ကိုထက်မြတ်အောင်အပါအဝင် စစ်အုပ်စုမှ မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ ပြန်လွတ်ပေးရန် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုအပ်ပါသည်။

ကိုထက်မြတ်အောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အလုံးစုံလွတ်မြောက်ပြီး ဘုံရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက် ကျွန်ုပ်တို့အနေဖြင့် ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။

"Free Ko Htet Myat Aung And All Political Prisoners"

23/11/2025

ရတနာပုံတက္ကသိုလ်ယာယီတက္ကသိုလ်ကောင်စီတက္ကသိုလ် မြန်မာစာဌာန နောက်ဆုံးနှစ် CDMကျောင်းသူ မဇင်မေလှိုင် ကျဆုံးမှုနှင့် ပတ်သတ်၍...
07/05/2025

ရတနာပုံတက္ကသိုလ်
ယာယီတက္ကသိုလ်ကောင်စီ

တက္ကသိုလ် မြန်မာစာဌာန နောက်ဆုံးနှစ် CDMကျောင်းသူ မဇင်မေလှိုင် ကျဆုံးမှုနှင့် ပတ်သတ်၍ သဘောထားထုတ်ပြန်ချက်
၂၀၂၅ခုနှစ် မေလ(၇)ရက်

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)တော်လှန်ရေးဦးဆောင်ကော်မတီရတနာပုံတက္ကသိုလ် CDMကျောင်းသူ မဇင်မေလှိုင် ကျဆုံးမ...
05/05/2025

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)
တော်လှန်ရေးဦးဆောင်ကော်မတီ

ရတနာပုံတက္ကသိုလ် CDMကျောင်းသူ မဇင်မေလှိုင် ကျဆုံးမှုအပေါ် ထုတ်ပြန်ချက်
ရက်စွဲ။ ။၂၀၂၅ခုနှစ်၊ မေလ (၅)ရက်

လေးနှစ်ပြည့်ခဲ့ပြီ။လူထုအတွက် ဆက်လက်ချီတက် နေပါဦးမည်။ယာယီတက္ကသိုလ်ကောင်စီရတနာပုံတက္ကသိုလ်
04/02/2025

လေးနှစ်ပြည့်ခဲ့ပြီ။

လူထုအတွက် ဆက်လက်ချီတက် နေပါဦးမည်။

ယာယီတက္ကသိုလ်ကောင်စီ
ရတနာပုံတက္ကသိုလ်

ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦး မတရား သတ်ဖြတ်ခံရခြင်းအပေါ် သဘောထားထုတ်ပြန်ချက်၂၀၂၄ခုနှ...
10/07/2024

ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီ

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦး မတရား သတ်ဖြတ်ခံရခြင်းအပေါ် သဘောထားထုတ်ပြန်ချက်
၂၀၂၄ခုနှစ်၊ ဂျူလှိုင်လ (၁၁)ရက်

❙ ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကြားကာလပညာရေးအစီအစဉ်များ● ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီ(၁) ကြားကာလဘွဲ...
05/06/2024

❙ ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကြားကာလပညာရေးအစီအစဉ်များ

● ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီ

(၁) ကြားကာလဘွဲ့ဒီဂရီပညာရေးအစီအစဉ် ဝင်ခွင့်ခေါ်ယူခြင်း
(၂) ဘွဲ့ယူစာတမ်းအစီအစဉ် (Capstone Project)
(၃) ဘွဲ့ကြို (Bachelor Degree) သတ်မှတ်ချက်

❙ CDM ကျောင်းသူကျောင်းသားများ ဘွဲ့ဒီဂရီရယူနိုင်ပြီ။ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီမှ ပြုလုပ်အကောင်အထည်ဖော်သွားမည...
04/06/2024

❙ CDM ကျောင်းသူကျောင်းသားများ ဘွဲ့ဒီဂရီရယူနိုင်ပြီ။

ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီမှ ပြုလုပ်အကောင်အထည်ဖော်သွားမည့် ကြားကာလပညာရေးအစီအစဉ်များတွင် ပါဝင်ခြင်းဖြင့် ဘွဲ့ဒီဂရီပြီးဆုံးအောင် ပြုလုပ်နိုင်မည် ဖြစ်သည်။
အပြည့်အစုံကို အောက်ပါလင့်ခ်များတွင် ဖတ်ရှုပါ။

(၁) ကြားကာလပညာရေးအစီအစဉ်များ ထုတ်ပြန်ကြေညာခြင်း - https://shorturl.at/3qr7n
(၂) Credit System ထုတ်ပြန်ကြေညာခြင်း - https://shorturl.at/QbgS6

အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်သွားပါမည်။ ဆက်သွယ်ရန် - [email protected]

ပြည်သူလူထုအားလုံး၏ လိုလားချက်ဖြစ်သော အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဆင်နွှဲနေသည့် တော်လှန်ရေး အဖွဲ့အစည်းများအား...
10/12/2023

ပြည်သူလူထုအားလုံး၏ လိုလားချက်ဖြစ်သော အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဆင်နွှဲနေသည့် တော်လှန်ရေး အဖွဲ့အစည်းများအား ကြားကာလတက္ကသိုလ်ကောင်စီများက
ထောက်ခံကြောင်းသဘောထားထုတ်ပြန်ချက်

နေ့စွဲ။ ။၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ (၉)ရက်

​နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင် တော်လှန်နေသော နိုင်ငံအဝှမ်းရှိ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်နေသည့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ (EROs)၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDFs)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (LPDFs)များမှ ဟန်ချက်ညီညီ ဆောင်ရွက်နေခြင်း၏ ရလဒ် များ ကြောင့် ပြည်သူလူထုလိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင်သို့ မုချ ရောက်ရမည်ဟု မိမိတို့ယုံကြည်ပါသည်။
သို့ဖြစ်ပါသောကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယနေ့အချိန်ထိ ပြည်သူ လူထုနှင့်အတူ အကြမ်းဖက်စစ်အုပ်စုအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲဆင်နွှဲ နေကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် Operation ၁၀၂၇ အပါအဝင် စစ်ဆင်ရေးအားလုံးကို မိမိတို့ တက္ကသိုလ်ကောင်စီများမှ အပြည့်အဝကြိုဆိုထောက်ခံပါကြောင်းနှင့် စစ်အာဏာရှင် စနစ်ဆိုးကြောင့် စစ်ဘေးဒဏ်သင့်ဒေသများ၊ ပဋိပက္ခဇုန်များ၊ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသောနယ်မြေများ၏ ပညာရေး အကျိုးအတွက် မိမိတို့တက္ကသိုလ်ကောင်စီများက ဒေသခံပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း ပါဝင် သွားမည်ဖြစ်ပါကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။

ကြားကာလတက္ကသိုလ်/ဒီဂရီကောလိပ်/ကောလိပ်/
သိပ္ပံကျောင်းကောင်စီများ

Address

Yadanabon University
Mandalay
245032

Opening Hours

Monday 06:00 - 18:00
Tuesday 06:00 - 18:00
Wednesday 06:00 - 18:00
Thursday 06:00 - 18:00
Friday 06:00 - 18:00

Alerts

Be the first to know and let us send you an email when Yadanabon University Mandalay MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share