Intensity Library

Intensity Library Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Intensity Library, Corner of 35th and 90th Street, Mahar Aung Myay township, Mandalay.

၁၉၉၈ မေ ၂၈ မှာ Intensity Community Center ကို စတင်ထူထောင်ပြီး စာအုပ်လေးတွေ ငှားပေးရာကနေ
၂၀၀၁ မှာ library ရယ်လို့ သတ်သတ် မှတ်မှတ်လေး စတင် ပုံဖော် ဖြစ်ခဲ့ပါတယ်။
ဘက်ပေါင်းစုံကနေ ကူညီဝန်းရံပေးခဲ့ကြသူ တစ်ဦးချင်းစီရဲ့ ကျေးဇူးကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

28/08/2026

ဒေါ်စံပါယ်(Happy Kid)မှ
စာအုပ်၁၇၅၀အုပ်နှင့်
သင်ထောက်ကူပစ္စည်းများ
လှူဒါန်းခဲ့ပါတယ်။

တစ် ချို့ အ ရာ ဝ ထ္တု တွေ ရဲ့ နောက် ကွယ် မှာ လူ အ များ လက် ခံ သိ ရှိ ထား တဲ့ အ မည် ပ ညတ် ချက် ကို ကျော် လွန် နေ တဲ့ အ ဓိ...
27/08/2026

တစ် ချို့ အ ရာ ဝ ထ္တု တွေ ရဲ့ နောက် ကွယ် မှာ လူ အ များ လက် ခံ သိ ရှိ ထား တဲ့ အ မည် ပ ညတ် ချက် ကို ကျော် လွန် နေ တဲ့ အ ဓိ ပ္ပါယ် သက် ရောက် မှု တွေ ရှိပါ တယ်။ ကျ နော် တို့ စာ ကြည့် တိုက် ကို လှူ ဒါန်း လိုက် တဲ့ စာ အုပ် တွေ၊ သင် ထောက် ကူ ပ စ္စည်း တွေ မှာ လေး စား တန် ဖိုး ထား စ ရာ ဖြတ် သန်း မှု တွေ၊ ဘ ဝ အ စိတ် အ ပိုင်း တစ် ခု မြုတ် နှံ ထား တဲ့ မြတ် နိုး အ လေး ထား မှု တွေ စ တဲ့ လေး နက် မှု တွေ ကို ကျ နော် တို့ သ တိ ပြု မိ ပါ တယ်။
ဒါ့ ကြောင့် ကျ နော် တို့ လက် ခံ ရ ယူ ရာ မှာ အ တော် လေး သ တိ ထား ဂ ရု ပြု ကြ ရ ပါ တယ်။ အဲ ဒီ အရာ တွေ ရဲ့ ပ က တိ တန် ဖိုး ကို ပို မို တိုး မြှင့် ပေး နိုင် အောင် ကိုယ် စွမ်း ဉာဏ် စွမ်း ရှိ သ မျှ အင် အား စိုက် ထုတ် ကြ ပါ တယ်။
ဒီ နေ့ စာ အုပ် အ များ အ ပြား နဲ့ သင် ထောက်ကူ ပ စ္စည်း များ လက် ခံ ရ ရှိ ခဲ့ ပါ တယ်။
မ နက် ဖြန် မှာ ပြ ပွဲ ပြု လုပ် ပေး ပြီး အ လှူ ရှင် အ မည် နဲ့ လှူ ဒါန်း မှု စာ ရင်း ကို မှတ် တမ်း တင် ပေး ပါ မယ်။

28/04/2026

၅။❤️ ပန်း တိုင်း လှ လှ ပွင့် ကြ ပါ စေ ❤️
( အ ပိုင်း - ၅)

၄ ။ လမ်း လျှောက် ကာ စ က လေး ငယ် များ-
( ၁ နှစ် နှင့် ၂ နှစ် )

က လေး ငယ် ဟာ နှစ် နှစ် အ တွင်း အ ပြောင်း အ လဲ အ များ ကြီး ကို ဖြတ် သန်း ရ ပါ တယ်။ သူ တို့ ကြည့် လိုက် ရင် ပြေး တာ၊ ခုန် တက် တာ စ သ ဖြင့် အ ငြိမ် မ နေ ကြ တာ ကို တွေ့ ရ များ ပါ မယ်။ သူ တို့ မှာ စိတ် အား ထက် သန် မှု တွေ၊ စွမ်း အင် တွေ စု နေ ပါ ပြီ။
ဒါ့ ကြောင့် ကြောက် စ ရာ ကောင်း တဲ့ နှစ် နှစ် လို့ တောင် ဆို ကြ ပါ တယ်။ လမ်း လျှောက် တတ် ကာ စ က လေး ရဲ့ စွမ်း အင် နဲ့ လှုပ် ရှား မှု တွေ ဟာ အ ချိန် ပြည့် ဆို သ လို သ တိ ထား ထိန်း သိမ်း ပေး နေ ရ တတ် ပါ တယ်။

သူ တို့ ကို ကြည့် ရ တာ စိတ် လှုပ် ရှား စ ရာ ပျော် စ ရာ လည်း ကောင်း ပါ တယ်။

သူ တို့ ဟာ အ ရာ ရာ ကို ထိ တွေ့ မြည်း စမ်း ချင် တတ် ကြ ပါ တယ်။ ဒါ က လည်း သင် ယူ နည်း တစ် မျိုး ပါ ပဲ။

တစ် ခါ တစ် လေ သူ တို့ စိတ် သူ တို့ မ ထိန်း နိုင် တာ မျိုး တွေ ဖြစ် တတ် ပါ တယ်။ ထိန်း တဲ့ သူ က ဒီ အ ချက် ကို နား လည် သ ဘော ပေါက် ပြီး အ ကူ ညီ ပေး ဖေး မ မယ် ဆို ရင် က လေး တွေ ဟာ သူ တို့ စိတ် ကို သူ တို့ ထိန်း သိမ်း သွား နိုင် တက် ကြ ပါ တယ်။
သူ့ ပတ် ဝန်း ကျင် နဲ့ လည်း ကောင်း မွန် တဲ့ ဆက် ဆံ ရေး ကို တည် ဆောက် ပေး နိုင် မှာ ဖြစ် ပါ တယ်။

က လေး စိတ် တို တဲ့ အ ခါ ကိုက် တာ မျိုး၊ တစ် ခု ခု ကို ပစ် ပေါက် တာ မျိုး၊ ကိုယ့် ဆီ က နေ ပြေး ထွက် သွား တာ မျိုး (ပျော် ရွှင် မြူး တူး နေ တဲ့ အ ချိန် မှာ လည်း ပြေး ထွက် တတ် ပါ တယ်)၊ ရန် လို တာ မျိုး တွေ ရှိ တတ် တာ မို့ မိ ဘ တွေ အ တွက် စိန် ခေါ် မှု တွေ ပြည့် နေ တဲ့ အ ရွယ် လို့ ဆို ရ ပါ မယ်။ က လေး ကို စိတ် မ ဆိုး ထိုက် ပါ ဘူး။ ပို ရင်း နှီး အောင် နေ ပြီး သေ ချာ ရှင်း ပြ ဖို့ လို ပါ တယ်။

သူ တို့ ကိုယ် သူ တို့ သိ လာ ပါ ပြီ၊ သူ တို့ ပ စ္စည်း တွေ ကို သူ တို့ နား လည် လာ ပါ ပြီ။ ဒါ က သူ တို့ ပိုင် တဲ့ ဟာ၊ ဒါ က သူ များ တွေ ဟာ စ သ ဖြင့် ခွဲ ခြား နိုင် နေ ပါ ပြီ။
သူ တစ် လှည့် ကိုယ် တစ် လှည့် က စား ရ တဲ့ အ လှည့် ကြ စ နစ် ကို သင် ပေး လို့ ရ ပါ ပြီ။
ဘေး ကင်း အောင် ထား ဖို့၊ စိတ် ရှည် ဖို့ လို အပ် တဲ့ အ ချိန် ပါ ပဲ။

သူ တို့ ဘာ သာ မတ် တပ် ရပ် တာ၊ လှေ ကား အ တက် အ ဆင်း တွား သွား တာ၊ အ စား အ စာ ဂျီး များ လာ တာ၊ ဘော လုံး ပစ် တာ၊ အ ဝတ် တွေ ကို ချွတ် ပစ် တာ တွေ ရှိ လာ ပါ မယ်။

စိတ် အ ပြောင်း အ လဲ မြန် ပြီး ဝုန်း ဒိုင်း ကြဲ တာ မျိုး၊ ထူး ဆန်း တဲ့ အ ရာ ဝ တ္ထု တွေ ကို ကြောက် လန့် တတ် တာ မျိုး၊ မိ ဘ နဲ့ ခွဲ ခွာ ရ တဲ့ အ ခါ စိတ် ပူ ပန် တာ မျိုး တွေ ဖြစ် လာ ပါ မယ်။

အ ခြား က လေး တွေ နဲ့ အ တူ နေ ရ တာ ကို နှစ် သက် ပေ မယ့် အ တူ က စား တာ မျိုး မ ရှိ ပဲ သီး သန့် က စား တတ် ပါ တယ်။

သူ များ လုပ် တာ တွေ လိုက် လုပ် တတ် ပြီး၊ သူ များ တွေ အ တွက် စိတ် ပူ စ ပြု လာ ပါ တယ်။ အ ခြား သူ တွေ ကို နှစ် သိမ့် ဖို့ ကြိုး စား တတ် လာ ပါ တယ်။
သူ တို့ ပုံ နဲ့ မိ သား စု ပုံ တွေ ကို အ သိ အ မှတ် ပြု လာ တတ် ကြ ပါ တယ်။

သူ တို့ ခ န္ဓာ ကိုယ် က အ ချက် ပြ တာ တွေ ကို သ တိ ပြု မိ ကြ ပြီ ဆို ပေ မယ့် ဆီး ဝမ်း ကို တော့ မ ထိန်း နိုင် ကြ သေး တာ များ ပါ တယ်။

ပြုတ် ကျ တဲ့ အ ရာ၊ ဝှက် ထား တဲ့ အ ရာ တွေ ကို ရှာ ဖွေ ရ တာ ကို နှစ် သက် လာ ပါ တယ်။
ကိုယ် အင်္ဂါ အ စိတ် အ ပိုင်း တွေ ကို ညွှန် ပြ တတ် လာ ပါ တယ်။

🟢 အ သက် နှစ် နှစ် မှာ ည အ မှောင် ကို ကြောက် စိတ် အ ပါ အ ဝင် အ ခြား ကြောက် ရွံ့ မှု တွေ၊ စိုး ရိမ် မှု တွေ ပို များ လာ တတ် ပါ တယ်။

အ ရုပ် တွေ နဲ့ အ ခြား အ ရာ ဝ တ္ထု တွေ ဟာ အ သက် ရှင် နေ တယ် လို့ ထင် ကောင်း ထင် နိုင် ပါ တယ်။ ဒါ့ ကြောင့် အ ရုပ် က လေး တွေ ကို အ စာ ကျွေး တာ မျိုး၊ ရေ တိုက် တာ မျိုး တွေ ပြု မူ တတ် ပါ တယ်။

အ ရောင် တူ တာ မ တူ တာ တွေ၊ အ ရွယ် အ စား ကွဲ ပြား တာ တွေ ကို တော့ ခွဲ ခြား တတ် နေ ပါ ပြီ။

သူ တို့ ရဲ့ ဘာ သာ စ ကား စွမ်း ရည် တွေ ကြီး ထွား လာ နေ ပါ ပြီ။

ရိုး ရှင်း တဲ့ ပုံ ပြင် လေး တွေ ပြော ပြ ပါ။
စာ အုပ် ကိုင် ပြီး စာ မျက် နှာ တွေ လှန် ပါ စေ။
သူ တို့ သိ တဲ့ စာ အုပ် ထဲ က အ ကြောင်း ကို သူ တို့ ပြော ခွင့် ရ အောင် အ ချိန် ခ ဏ စောင့် ပေး ပါ။
ရုပ် ပုံ တွေ၊ ကိုယ် အင်္ဂါ အ စိတ် အ ပိုင်း တွေ၊ အ ရာ ဝ တ္ထု တွေ ကို ညွှန် ပြ ပြီး အ မည် ဖော် ပြ ပေး ပါ။
စက် ဝိုင်း ပုံ များ ရေး ခြစ် စေ ပါ။

အ သုံး အ နှုံး လွဲ မှား နေ တာ လေး တွေ ကို ရိုး ရိုး ရှင်း ရှင်း အ သုံး နှုံး များ နဲ့ အ စား ထိုး ပြင် ဆင် ပေး ပါ။

သူ တို့ ထပ် ခါ ထပ် ခါ ပြု မူ တာ တွေ၊ ပြော ဆို တာ တွေ ကို စိတ် ရှည် လက် ရှည် နဲ့ တုန့် ပြန် ပါ။

စိတ် ရှည် ပြီး ကိုယ့် က လေး ကို သ တိ ထား စောင့် ကြည့် နေ ကြ သူ တွေ အ ဖို့ က လေး နဲ့ အ တူ နေ ရင်း က လေး ကို ပို ပြီး နား လည် လာ ကြ မှာ ပါ။ က လေး က လည်း ကိုယ့် ကို နား လည် လာ ပြီး စိတ် ကြည် နူး စ ရာ ကာ လ လေး တွေ အ တူ ဖြတ် သန်း ခွင့် ရ ကြ မှာ အ သေ အ ချာ ပါ ပဲ။

ပန်း တိုင်း လှ လှ ပွင့် ကြ ပါ စေ။
Just Do for you

28/04/2026

၄။🾤 ပန်း တိုင်း လှ လှ ပွင့် ကြ ပါ စေ 🾤
( အ ပိုင်း - ၄)

၃ ။ ထိုင် တတ် စ က လေး များ
( ၆ လ မှ ၁၂ လ )

ထိုင် တတ် စ က လေး တွေ ရဲ့ မျက် စိ၊ နား၊ နှာ ခေါင်း၊ လျှာ နဲ့ ခ န္ဓာ ကိုယ် ထိ တွေ့ မှု တွေ အား လုံး ဟာ သူ တို့ ရဲ့ ဦး နှောက် အ တွင်း ဆက် သွယ် မှု တွေ ကို အ ကူ အ ညီ ဖြစ် စေ ပါ တယ်။ က လေး ဟာ ကိုယ့် အ ပေါ် မှီ ခို နေ ရ သေး ပေ မယ့် သူ တို့ ကိုယ် သူ တို့ သိ လာ ပြီ မို့ ပတ် ဝန်း ကျင် အ ပေါ် စူး စမ်း လေ့ လာ မှု တွေ စ တင် လာ ပါ ပြီ။

လမ်း စ လျှောက် တာ၊ ဂီ တ သံ ကြား ရင် လှုပ် လှုပ် ရွ ရွ ဖြစ် တာ၊ "တာ့ တာ" လို မျိုး တစ် လုံး စ နှစ် လုံး စ ပြော လာ တာ တွေ က သူ တို့ အ တွက် တော့ စွန့် စား မှု တွေ၊ ရှာ ဖွေ တွေ့ ရှိ မှု အ သစ် တွေ ပါ ပဲ။

က လေး တွေ ဟာ တစ် ချိန် တည်း မှာ အ ရာ များ စွာ ကို သင် ယူ တတ် ကြ ပါ တယ်။

🟢 သူ နဲ့ အ တူ တူ စာ အုပ် တွေ ကို ကြည့် နေ တဲ့ အ ခါ ပုံ တွေ ကို ကြည့် တာ ထက် ပို ပြီး သူ သ ဘော ပေါက် သွား တာ မျိုး တွေ ရှိ ပါ တယ်။ စာ အုပ် ကို ထိ တွေ့ ခံ စား ချက်၊ စာ အုပ် အ နံ့၊ လှန် ပြီး ကြည့် ရ တယ် ဆို တဲ့ အ သိ၊ ရုပ် ပုံ တွေ ဟာ အ ရာ ဝ တ္ထု တွေ ကို ကိုယ် စား ပြု တယ် ဆို တာ တွေ သ ဘော ပေါက် နား လည် လာ ကြ ပါ တယ်။ စ ကား လုံး အ သစ် တွေ ကို နား လည် လာ ပြီး လူ ကြီး တွေ နဲ့ ဆက် သွယ် မှု မှာ ယုံ ကြည် မှု အား ကောင်း လာ တတ် ပါ တယ်။

သူ့ ဟာ သူ ထိုင် တာ၊ ကိုယ် တိုင် အ စာ စား တာ၊ သူ့ ကို အ ဝတ် စား လဲ ပေး တဲ့ အ ခါ အ လိုက် သင့် နေ ပေး တာ မျိုး တွေ ရှိ လာ ပါ တယ်။ သွား တွေ လည်း စ ပေါက် လာ ပါ ပြီ။

ပုံ မှန် အိပ် စက် မှု တွေ ရှိ လာ ပြီး ည ဘက် မှာ နိုး ရင် လည်း သူ့ တို့ ဟာ သူ တို့ ပြန် အိပ် နိုင် သွား ပါ တယ်။ များ သော အား ဖြင့် နေ့ ဘက် မှာ နှစ် ကြိမ် လောက် အိပ် တတ် ပါ တယ်။

တွား သွား နိုင် ပါ ပြီ။ ပ စ္စည်း လေး တွေ ကို လက် တစ် ချောင်း နဲ့ ကောက် ယူ ဖို့ ကြိုး စား ရာ က နေ လက် ညှိုး လက် မ နှစ် ချောင်း နဲ့ ညှပ် ယူ တတ် လာ ပါ တယ်။

စိတ် ပိုင်း ဆိုင် ရာ မှာ တော့
လူ စိမ်း ကို ကြောက် လာ တတ် သ လို ကိုယ့် ကို လည်း ပို ခင် တွယ် လာ တတ် ပါ တယ်။ ကိုယ့် ကို အ သွား မ ခံ တာ မျိုး တွေ ရှိ လာ တတ် ပါ တယ်။

ပ စ္စည်း တွေ ကို ပါး စပ် ထဲ ထည့် ပြီး စူး စမ်း တတ် ပါ တယ်။ အ ငြင်း စ ကား လုံး ကို နား လည် လာ ပါ တယ်။
သူ တို့ အ မည် ကို တုန့် ပြန် လာ မယ်၊ သူ တို့ သိ တဲ့ အ ရာ တွေ ကို ထောက် ပြ တာ မျိုး တွေ ပြု လာ ပါ မယ်။
လူ နဲ့ အ ရာ ဝ တ္ထု တွေ ဟာ သူ တို့ မ မြင် ကွယ် ရာ မှာ လည်း ရှိ နေ ကြောင်း စ တင် သိ ရှိ လာ ပါ တယ်။

တစ် ခု ခု ကို ထပ် ခါ ထပ် ခါ လုပ် တတ် ပါ တယ်။
သူ တို့ ပတ် ဝန်း ကျင် က ရင်း နှီး ပြီး သား အ သံ တွေ ကို လှည့် မ ကြည့် တော့ ပါ ဘူး။ မ တုန့် ပြန် တော့ ပါ ဘူး။
သူ တို့ နဲ့ ၅ ပေ လောက် အ ကွာ က လူ နဲ့ အ ရာ ဝ တ္ထု တွေ ကို သ တိ မ ပြု မိ တတ် ပါ။

ဦး နှောက် ဖွံ့ ဖြိုး လာ စေ ဖို့ လုပ် ဆောင် ပေး လို့ ရ တာ တွေ က တော့
စ ကား စ မြည် ပြော ခြင်း၊ အ ရာ ဝ တ္ထု များ နဲ့ က စား စေ ခြင်း၊ သူ တို့ အာ ရုံ စူး စိုက် မှု ကို ဆွဲ ဆောင် ခြင်း တွေ ဖြစ် ပါ တယ်။
ဘယ် လို ဆွဲ ဆောင် ကြ မ လဲ ဆို တော့
ပတ် ဝန်း ကျင် မှာ ရှိ တဲ့ စိတ် ဝင် စား စ ရာ အ သံ တွေ ရဲ့ နာ မည် ကို ပြော ပြ ပါ။
အ ရာ ဝ တ္ထု တွေ၊ ရုပ် ပုံ တွေ၊ စာ အုပ် တွေ ကို ကြည့် ရှု့ ခံ စား ပါ စေ။
စာ အုပ် ထဲ မှာ မြင် ရ တဲ့ ပုံ တွေ အ ကြောင်း သူ တို့ နဲ့ ပြော ဆို ပါ။
သူ တို့ လက် လှမ်း မှီ မယ့် အ ရာ လေး တွေ ကို အ မည် ဖော် ပြ ပြီး ပြော ဆို ပါ။
" သား သား ဘော ဘော ယူ မ လား"
"မီး မီး ရုပ် ရုပ် လေး ယူ မ လား" စ သ ဖြင့် ပေါ့။
သူ တို့ လုပ် ချင် မယ် ထင် တာ လေး တွေ လည်း မေး လို့ ရ ပါ တယ်။
" သား သား အောက် အောက် ဆင်း မှာ လား"
"မီး မီး ဗိုက် ပြည့် ပြီ လား၊ တော် ပြီ လား"

လက် ခုပ် တီး တာ လို မျိုး၊ လျှာ ထုတ် ပြ တာ လို မျိူး သူ တို့ လိုက် လုပ် နိုင် မယ့် ဟာ လေး တွေ လုပ် ပြ ပါ။

🟢 သူ တို့ နောက် က လိုက် လုပ် နိုင် အောင် အ ချိန် ခ ဏ စောင့် ပေး ဖို့ လို ပါ တယ်။

လမ်း လျှောက် ရင်း သူ တို့ စိတ် ဝင် စား တဲ့ ( ခွေး၊ ကြောင်၊ ကြက်၊ နွား) အ ရာ တွေ တွေ့ ရင် ရပ် ပေး ပါ။
သီ ချင်း ဖွင့် ပြီး အ တူ နား ထောင် ပါ၊ လိုက် ဆို ကြ ပါ။
ပန်း ခြံ တို့ စာ ကြည့် တိုက် တို့ ကို ခေါ် သွား နိုင် ပါ ပြီ။
ပ စ္စည်း လေး တွေ ပစ် ချ ပြီး ဘယ် လိမ့် သွား တယ်၊ ဘယ် ရောက် သွား တယ် ဆို တာ မြင် အောင် ပြ ပါ။ ကောက် ပြီး သူ တို့ ကို ပြန် ပေး တဲ့ အ ခါ " ရော့၊ ဒီ မှာ" ဆို ပြီး အ မူ ယာ နဲ့ ပြော ဆို ပါ။

ငယ် ငယ် က တည်း က သင် ပေး ဖို့ လို အပ် တာ တွေ ကို ကြီး လာ မှ ဇွတ် သင် ပေး တာ မျိုး တွေ၊ ဇွတ် ဖြစ် စေ ချင် တာ မျိုး တွေ ဟာ အင် မ တန် မှ ရက် စက် လှ ပါ တယ်။
မေ တ္တာ အ ကြောင်း ပြ ပြီး အ တ္တ ကြီး ကြ တာ ပါ။

ကျ နော့ မှာ သား သ မီး မ ရှိ ပါ ဘူး၊ ဘယ် တော့ မှ လည်း ရှိ မှာ မ ဟုတ် ပါ ဘူး။ ဒီ အ ကြောင်း အ ရာ တွေ က ကျ နော် နဲ့ တိုက် ရိုက် မ သက် ဆိုင် ပါ ဘူး။ ကျ နော် က ကင်း အောင် နေ နိုင် ပါ တယ်။ ဘာ လို့ တင် ပြ နေ တာ လဲ ဆို တော့
က လေး တွေ ရော လူ ကြီး တွေ ရော အ ပြန် အ လှန် အ ဆင် ပြေ စေ ချင် လို့ ပါ။
နည်း သိ ရင် လွယ် ပါ တယ်။
လုပ် တတ် ကိုင် တတ် ရင် ပျော် စ ရာ ကောင်း ပါ တယ်။
က လေး နဲ့ လူ ကြီး ဟာ မ ဖြစ် မ နေ ဆက် ဆံ ကြ ရ ပါ တယ်။
မိ ဘ နဲ့ သား သ မီး ဟာ ရွေး ချယ် လို့ မ ရ တဲ့ ဆုံ တွေ့ မှု ပါ။
ဆ ရာ နဲ့ တ ပည့် ဟာ ကြီး ကျယ် ခန်း နား တဲ့ တွေ့ ဆုံ မှု ပါ။
ပျော် ရွှင် ကြည် နူး စ ရာ ကောင်း တဲ့ မိ သား စု တွေ၊
စာ သင် ခန်း တွေ ဖြစ် ဖို့ ဒါ လေး တွေ ဟာ သိ ထား ရ မယ့် အ ကြောင်း အ ရာ လေး တွေ ပါ ပဲ။

ပန်း တိုင်း လှ လှ ပွင့် ကြ ပါ စေ။
Just Do for you

28/04/2026

၃။❤️ ပန်း တိုင်း လှ လှ ပွင့် ကြ ပါ စေ ❤️
( အ ပိုင်း - ၃)

၂ ။ ရင် ခွင် ပိုက် အ ရွယ် က လေး ငယ် များ
( ၂ လ မှ ၆ လ )

က လေး က သူ့ ပတ် ဝန်း ကျင် ကို ပို နား လည် လာ တာ ကြောင့် မို့ လို့ ဖွံ့ ဖြိုး မှု အ ရှိန် ကောင်း တဲ့ ကာ လ လို့ ဆို ရ ပါ မယ်။ က လေး ငယ် ရဲ့ အ ပြုံး လေး တွေ၊ အ သံ လေး တွေ၊ ကိုယ် လက် လှုပ် ရှား မှု လေး တွေ ကို ပို မို မြင် တွေ့ လာ ရ မှာ ဖြစ် ပါ တယ်။ သူ တို့ ကိုယ် သူ တို့ သက် တောင့် သက် သာ ဖြစ် မယ့် အ နေ အ ထား တွေ ကို လည်း သင် ယူ စ ပြု လာ ပါ ပြီ။
က လေး က ကိုယ့် ကို လို အပ် တဲ့ အ ခါ မှာ ဂ ရု စိုက် နှစ် သိမ့် ပေး ခြင်း တွေ က တွယ် တာ မှု ကို ပို မို ခိုင် မာ စေ ပါ တယ်။

သူ့ ခေါင်း ကို သူ လို သ လို လှုပ် ရှား လို့ ရ လာ ပါ ပြီ။ စား ချိန် အိပ် ချိန် တွေ ကို ကောင်း ကောင်း ခန့် မှန်း လို့ ရ လာ ပါ ပြီ။
ရွေ့ လျား နေ တဲ့ အ ရာ တွေ ကို မျက် စိ နဲ့ လိုက် ကြည့် တတ် လာ ပါ ပြီ။
အ ရာ ဝတ္ထု တွေ ကို ကိုင် တွယ် ဖို့ ကြိုး စား လာ ပါ တယ်။
တံ တောင် ဆစ် တွေ ကို အား ပြု ပြီး ကော့ ထိုး တာ မျိုး တွေ ရှိ လာ ပါ တယ်။ မှောက် ဖို့ ကြိုး စား လာ ပါ ပြီ။
လက် ကို ပါး စပ် ထဲ သွင်း တာ မျိုး လုပ် လာ ပါ တယ်။

သူ တို့ နဲ့ စ ကား ပြော တာ၊ သူ တို့ ကို သီ ချင်း ဆို ပြ တာ တွေ ကို နှစ် သက် လာ ပါ တယ်။
ကိုယ် က တစ် ခြား သူ တွေ ကို ပြုံး ပြ တဲ့ အ ခါ၊ သူ တို့ က လည်း လိုက် ပြုံး ပြ တတ် ပါ တယ်။ လူ ကြီး တွေ ရဲ့ မျက် နှာ အ မူ အ ယာ ကို အ တု ခိုး ပြီး လိုက် လုပ် တတ် လာ ပါ တယ်။

အ သံ ကြား ရာ လိုက် ကြည့် တတ် လာ ပြီး အ သံ တွေ ကို မှတ် မိ လာ ပါ ပြီ။

🔴 ပါး စပ် ထဲ ပ စ္စည်း တွေ ထည့် တတ် တဲ့ ကာ လ မို့ သ တိ ထား ရ ပါ မယ်။

အ ဖတ် စ ပြီး စား လာ တာ၊ အ သံ အ မျိုး မျိုး ထွက် လာ တာ၊ လျှာ ကို လှုပ် ရှား လာ တာ တွေ ‌ကို တွေ့ ရ ပါ မယ်။

အ ရာ ဝ တ္ထု တွေ ကို လက် တစ် ဖက် က နေ အ ခြား လက် တစ် ဖက် ကို ကူး ပြောင်း တတ် လာ ပါ မယ်။ လက် ခုပ် တီး တတ် လာ ပါ မယ်။

ခ န္ဓာ ကိုယ် အ လေး ချိန် လည်း နှစ် ဆ လောက် တိုး လာ တတ် ပါ တယ်။

၆ လ လောက် မှာ စ ထိုင် တာ မျိုး၊ ရင် ဘတ် ကို ကော့ လက် ကို မြှောက် ပြီး နောက် ကို တွန်း သွား တတ် ပါ တယ်။

စိတ် ပိုင်း ဆိုင် ရာ နဲ့ ပတ် သက် ရင်
ည ဘက် တ ရေး နိုး ရင် သူ တို့ ပြန် အိပ် ပျော် စေ ဖို့ နှစ် သိမ့် ပေး ရ ပါ ဦး မယ်။
သူ တို့ ဟာ မျက် နှာ၊ ကိုယ် ခ န္ဓာ၊ အ သံ၊ အ မူ အ ယာ စ တာ တွေ နဲ့ သူ တို့ ခံ စား ချက် ကို ပြ နေ ကြ ပါ ပြီ။

သူ တို့ ကို စောင့် ရှောက် သူ နဲ့ သူ စိမ်း ကို ခွဲ ခြား တတ် လာ ပါ ပြီ။

ကိုယ့် မျက် နှာ ကြည့် ပြီး ရယ် ပြ တာ မျိုး၊ အ သံ တွေ ကို အ တု ခိုး ပြီး လိုက် ထွက် တာ မျိုး၊ သူ့ နာ မည် ခေါ် ရင် ကြည့် တတ် တာ မျိုး၊ လူ အ များ နဲ့ နီး နီး ကပ် နေ ရ တာ ကို နှစ် သက် တာ မျိုး၊ ဆော့ ရ တာ ကို ကြိုက် တာ မျိုး တွေ ဖြစ် လာ ပါ တယ်။
မှန် ထဲ မှာ သူ တို့ ကိုယ် သူ တို့ ကြည့် တတ် လာ ပါ တယ်။

သူ တို့ ပျော် ရွှင် မှု၊ ဝမ်း နည်း မှု တွေ မှာ မ တူ ညီ တဲ့ အ သံ ကို ခွဲ ပြီး ပြု တတ် လာ ပါ ပြီ။
သူ တို့ လို ချင် တဲ့ အ ရာ ကို ဆီ ရောက် အောင် ကြိုး စား တတ် လာ ပါ ပြီ။

အ စား အ သောက် တွေ မြင် ရင် စိတ် လှုပ် ရှား တတ် လာ ပါ ပြီ။

🔴 သ တိ ပြု ရ မှာ က
က လေး ဖွံ့ ဖြိုး တိုး တက် မှု ကို ဖိ အား ပေး လို့ မ ရ ပါ ဘူး။ ကိုယ့် က လေး ကို အ ခြား က လေး တွေ နဲ့ အ လွန် အ ကျွံ နှိုင်း ယှဉ် ခြင်း တွေ ဟာ မိ ဘ တွေ အ တွက် စိတ် ဖိ စီး မှု ဖြစ် စေ နိုင် ပါ တယ်။

💚 က လေး ဦး နှောက် ဖွံ့ ဖြိုး ဖို့ ဘာ တွေ တုံ့ ပြန် ပေး ရ မ လဲ။

က လေး တွေ က သူ တို့ စိတ် ဝင် စား တဲ့ လူ တွေ၊ အ ရာ တွေ၊ အ သံ လာ ရာ တွေ ကို ကြည့် တတ် ပါ တယ်။ ယူ ပေး လို့ ရ တာ မျိုး ကို ယူ ပေး လိုက် ပါ။ လိုက် ပြ လို့ ရ တာ မျိုး ကို လိုက် ပြ ပေး လိုက် ပါ။

က လေး ပြု တဲ့ အ သံ မျိုး လေး တွေ လိုက် လုပ် ပေး လိုက် ပါ။ သူ ပြု မူ သ လို မျိုး တွေ လိုက် ပြု မူ ပေး လိုက် ပါ။

သီ ချင်း ဆို ပြ ပါ။ စ ကား ပြော ပေး ပါ။

📗 က လေး နဲ့ အ တူ စာ အုပ် များ ကို ကြည့် ပါ။

သူ တို့ ပျော် တဲ့ အ ရာ တွေ ကို ဆက် လုပ် ပေး ပါ။
တူ တူ ရေး ဝါး က စား ပါ။
ရယ် စ ရာ မျက် နှာ တွေ လုပ် ပါ။ လျှာ ထုတ် ပြ တာ မျိုး တွေ ပေါ့။
သူ တို့ က အ တု ခိုး ပြီး လိုက် လုပ် မ လား ဆို တာ ကို ခ ဏ စောင့် ကြည့် ပြီး မှ ထပ် လုပ် ပါ။

ဒီ ကာ လ တွေ ဟာ သူ လည်း ပျော် ကိုယ် လည်း ကြည် နူး ရ တဲ့ ကာ လ တွေ ပါ ပဲ။

စိတ် မ ရှည် တဲ့ သူ တွေ အ ဖို့ တော့ အိပ် မက် ဆိုး တဲ့ ကာ လ ပေါ့။

🔴 စိတ် မ ရှည် တဲ့ သူ တွေ က လေး အ နား မ ကပ် ပါ နဲ့။
🔴 စိတ် မ ရှည် တဲ့ သူ တွေ ကို ကိုယ့် က လေး အ နား အ ကပ် မ ခံ ပါ နဲ့။
🔴 အ စ ကြမ်း တဲ့ လူ တွေ ကို အ ကပ် မ ခံ ပါ နဲ့။

ကိုယ့် က လေး ကို အ ကာ အ ကွယ် ပေး ရ မှာ ပါ။ အား မ နာ သင့် တာ ကို အား မ နာ ပါ နဲ့။ က လေး ကို စိတ် ဒဏ် ရာ ပေး မယ့် သူ၊ စိတ် အ နှောင့် ယှက် ပေး မယ့် သူ၊ မ ငို ငို အောင် စ တဲ့ သူ တွေ ကို တား မြစ် ပါ။ အဲ လို လူ မျိုး တွေ နဲ့ မိတ် ပျက် လည်း ကောင်း ပါ တယ်။ မ ပေါင်း သင်း မ ဆက် ဆံ ထိုက် တဲ့ သူ မျိုး တွေ မို့ အား မ နာ သင့် ပါ ဘူး။

ကိုယ် တန် ဖိုး ထား တဲ့ ပန်း လေး တွေ အ တွက် ပေါင်း မြက် လို လူ တွေ ကို ရှင်း ထုတ် ပေး ရ တာ လည်း ဥ ယျဉ် မှုး ကောင်း တစ် ယောက် ရဲ့ စေ တ နာ ကောင်း ပါ ပဲ။

ပန်း တိုင်း လှ လှ ပွင့် ကြ ပါ စေ။
Just Do for you

28/04/2026

ပန်း တိုင်း လှ လှ ပွင့် ကြ ပါ စေ
( အ ပိုင်း - ၁)

- က လေး မ ချစ် တတ် သူ များ မ ဖတ် ရ -

မျှ ဝေ ပေး မယ့် အ ကြောင်း အ ရာ တွေ က က လေး တွေ အ ကြောင်း ဆို တော့ က လေး တွေ ကို စိတ် မ ဝင် စား တဲ့ သူ ‌တွေ အ တွက် အ ချိန် ကုန် မယ်၊ အ ပို တွေ ပါ လို့ တွေး မိ ကောင်း တွေး မိ ပါ လိမ့် မယ်။ ဒါ့ ကြောင့် မ ဖတ် ‌ပါ နဲ့ ကြို သ တိ ပေး တာ ပါ။ ဒီ အ ထိ ဖတ် မိ လာ ပြီ ဆို ရင် တော့ က လေး တွေ အ ကြောင်း ကို စိတ် ဝင် စား မှု ရှိ တယ် လို့ ယူ ဆ နိုင် ပါ ပြီ။ ဆွေး နွေး မျှ ဝေ ပေး မယ့် အ ကြောင်း အ ရာ လေး တွေ ရဲ့ မူ ရင်း link လေး ‌တွေ ကို လည်း စိတ် ဝင် စား သူ တွေ ပို မို လေ့ လာ လို့ ရ အောင် အ တတ် နိုင် ဆုံး ဖော် ပြ ပေး ပါ မယ်။ ဒါ က ဘယ် သူ တွေ ကို ရည် ရွယ် ပြီး ရေး တာ လဲ ဆို တော့ မိ ခင် လောင်း တွေ၊ မိ ခင် ဖ ခင် တွေ၊ က လေး ချစ် တတ် ကြ သူ တွေ အ တွက် ရည် ရွယ် ပါ တယ်။

သ တ္တ ဝါ တွေ ဟာ အ ပြန် အ လှန် မှီ ခို နေ ကြ ရ တာ ပါ။ တစ် ဦး အ ကူ အ ညီ ကို တစ် ဦး က ယူ ပြီး ရှင် သန် နေ ကြ တာ ပါ။ ကိုယ် က လည်း ဘေး လူ အ ကူ အ ညီ ကျေး ဇူး ပြု မှု တွေ နဲ့ ရှင် သန် ကြီး ပြင်း ခဲ့ ရ တော့၊ အ ကူ ညီ လို အပ် တဲ့ က လေး သူ ငယ် တွေ ကို တတ် နိုင် သ လောက် အ ကူ ညီ ပေး သင့် ပါ တယ်။ ကိုယ့် သား သ မီး မို့ လို့ ပြု စု စောင့် ရှောက် တာ က တစ် ပိုင်း ပေါ့၊ ကိုယ့် သွေး သား မ ဟုတ် လည်း ကိုယ် က မှီ ရာ တည် ရာ အ ဖြစ် ကျေး ဇူး ပြန် ပြု ထိုက် ပါ တယ်။ ဒါ က လူ သား ဆန် မှု ပါ ပဲ။ မိ ခင် ဆန် မှု ပါ ပဲ။ ဒီ လို ကျေး ဇူး ပြန် ပြု ရာ မှာ နည်း စ နစ်ကျ ရင် အ ကောင်း ဆုံး ပါ ပဲ။

က လေး တွေ နဲ့ ထိ တွေ ဆက် ဆံ ရာ မှာ ကိုယ် က ပဲ တစ် ဖက် သတ် တာ ဝန် ရှိ ပါ တယ်။ အ ရွယ် ရောက် ပြီး သား လူ နှစ် ယောက် ဆက် ဆံ ရေး မှာ ဆို ရင် တော့ နှစ် ဖက် စ လုံး မှာ တာ ဝန် ရှိ တာ ပေါ့။ က လေး တွေ က သူ တို့ ဖြစ် ချင် တာ ကို မ ပြော တတ်၊ မ ဖော် ပြ တတ် တော့ လူ ကြီး က ပဲ သိ အောင် ကြိုး စား ယူ ရ ပါ တယ်။ က လေး အ ပြု အ မူ မ ကောင်း ရင် စိတ် မ ဆိုး ထိုက် ပါ ဘူး၊ ဘာ့ ကြောင့် ဒီ လို ပြု မူ တယ် ဆို တာ ကို လူ ကြီး က ပဲ သိ အောင် ကြိုး စား ရ မှာ ပါ။ နား လည် နိုင် အောင် အား ထုတ် ရ မှာ ပါ။ ဒီ တော့ ဘယ် လို နား လည် နိုင် အောင် ကြိုး စား ကြ မ လဲ ဆို တာ က စိတ် ဝင် စား စ ရာ ကောင်း လာ ပါ တယ်။

က လေး တွေ နဲ့ အ တူ နေ တာ ကြာ လာ လေ က လေး တွေ က စိတ် ဝင် စား စ ရာ ကောင်း လာ လေ ပါ ပဲ။ ကိုယ် ထင် မှတ် မ ထား တဲ့ အ ပြု မူ တွေ တုန့် ပြန် မှု တွေ ဟာ သူ တို့ နဲ့ ပတ် သက် ပြီး ကိုယ် လေ့ လာ စ ရာ တွေ အ များ ကြီး ပါ လား လို့ သ တိ ပြု မိ လာ စေ ပါ တယ်။ အင် တာ နက် စာ မျက် နှာ တွေ မှာ ဖတ် ကြည့် မိ တော့ ပြန် မျှ ဝေ ချင် တာ လေး တွေ ပေါ် လာ ပါ တယ်။ က လေး တွေ ရဲ့ အ သက် အ ရွယ် အ ပိုင်း အ ခြား အ လိုက် သူ တို့ ပြု မူ တတ် တာ လေး တွေ၊ သူ တို့ ဘယ် အ တိုင်း အ တာ ထိ နား လည် မှု ဉာဏ် ရည် ရှိ နေ ပြီ ဆို တာ လေး တွေ၊ သူ တို့ နဲ့ ထိ တွေ့ ဆက် ဆံ ရာ မှာ ဆောင် ရန် ရှောင် ရန် လေး တွေ ကို အ ပိုင်း လိုက် မျှ ဝေ ပေး သွား ပါ့ မယ်။ Healthy parents healthy children ဆို တဲ့ စာ မျက် နှာ က နေ အ ရင် စ တင် ပြ ပါ့ မယ်။ မူ ရင်း ကို လေ့ လာ ချင် တယ် ဆို ရင် တော့ အောက် က link မှာ ဝင် ကြည့် နိုင် ပါ တယ်။

https://www.healthyparentshealthychildren.ca/im-a-parent/overview-of-parenting/how-children-grow-and-develop

က လေး ငယ် တွေ ကြီး ထွား ဖွံ့ ဖြိုး မှု နဲ့ ပတ် သက် ပြီး လေ့ လာ နိုင် မှာ ဖြစ် ပါ တယ်။။ ရုပ် ပိုင်း ဆိုင် ရာ၊ သိ မြင် မှု ဆိုင် ရာ၊ စိတ် ပိုင်း ဆိုင် ရာ နဲ့ လူ မှု ရေး ဆိုင် ရာ တွေ နဲ့ ဆက် စပ် နေ တဲ့ ဖွံ့ ဖြိုး မှု ဆိုင် ရာ ကဏ္ဍ လေး ခု မှာ က လေး ရဲ့ ကျန်း မာ တဲ့ ကြီး ထွား ဖွံ့ ဖြိုး မှု တွေ ကို ဘယ် လို ပံ့ ပိုး ကူ ညီ ပေး ရ မယ် ဆို တာ ကို နား လည် လာ ပါ လိမ့် မယ်။

အ သက် အ ရွယ် အ လိုက် အုပ် စု ခွဲ ထား ပါ တယ်။
၁။ မွေး ကင်း စ
( မွေး စ - ၂ လ )
၂ ။ ရင် ခွင် ပိုက် အ ရွယ် က လေး ငယ် များ
( ၂ လ မှ ၆ လ )
၃ ။ ထိုင် တတ် စ က လေး များ
( ၆ လ မှ ၁၂ လ )
၄ ။ လမ်း လျှောက် ကာ စ က လေး ငယ် များ-
( ၁ နှစ် နှင့် ၂ နှစ် )
၅ ။ မူ ကြို အ ရွယ် က လေး ငယ် များ
( ၃ နှစ် နှင့် ၄ နှစ် )
၆ ။ ကျောင်း နေ အ ရွယ် က လေး ငယ် များ
( အ သက် ၅ နှစ် )

အုပ် စု ၆ စု ခွဲ ခြား ထား ပါ တယ်။ အုပ် စု တစ် ခု ခြင်း စီ အ လိုက် သူ တို့ ရဲ့ ဖွံ့ ဖြို မှု ဆိုင် ရာ တွေ၊ အ မူ အ ကျင့် လေး တွေ၊ ဉာဏ် ရည် အ တိုင်း အ တာ လေး တွေ ကို ဆက် လက် မျှ ဝေ ပေး သွား ပါ မယ်။

ပန်း တိုင်း လှ လှ ပွင့် ကြ ပါ စေ။
Just Do for you

25/03/2026

International school ကျောင်း သုံး စာ အုပ် များ ပြ ပွဲ
နေ့ လည် ပိုင်း အ စီ စဉ်
ကျောင်း သား မိ ဘ များ မှ စု ပေါင်း လှူ ဒါန်း ပါ သည်။

Address

Corner Of 35th And 90th Street, Mahar Aung Myay Township
Mandalay
MANDALAY

Telephone

+959402633162

Website

Alerts

Be the first to know and let us send you an email when Intensity Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Intensity Library:

Shortcuts

Share