University of Traditional Medicine, Mandalay

University of Traditional Medicine, Mandalay Leading academic center for Myanmar Traditional Medicine

28/01/2021

"အထူးဝမ်းနည်းကြေကွဲခြင်း''

တိုင်းရင်းဆေးတက္ကသိုလ်၊ ရုက္ခဗေဒ ဌာနမှ ဌာနမှူး ဒေါက်တာ နှင်းနှင်းထွန်း၏ ချစ်လှစွာသော ခင်ပွန်း ဦးစန်းမောင်(ခ) ဦးလှမောင် အသက်(၆၅)နှစ်သည် (၂၈-၁-၂၀၂၁)နေ့ နေ့လည် ၂ နာရီတွင် ဘဝတစ်ပါးသို့ ပြောင်းသွားသည်ကို ကြားသိရပါသဖြင့် မိသားစုနဲ့ထပ်တူ အထူး ဝမ်းနည်းကြေကွဲရပါသည်။
ကောင်းမြတ်သော ဘုံဘဝကို ရောက်ရှိပါစေ။

(29-1-2021) သောကြာနေ့၊ နေ့လည် (၁)နာရီတွင် (၁၅)လမ်း နေအိမ်မှ အေးရိပ်ငြိမ်သုဿန်သို့ ပို့ဆောင်မည်ဖြစ်ပါသည်။

၂၀၂၀ခု ပညာသင်နှစ် တိုင်းရင်း​ဆေးတက္ကသိုလ် အလုပ်သင် ဆရာ/မများဘွဲ့ယူစာတမ်း ၏ အလုပ်သင်ဘွဲ့ယူစာတမ်း(၁၂) ​စောင် ဖတ်ပွဲ ကို  ၂...
24/12/2020

၂၀၂၀ခု ပညာသင်နှစ် တိုင်းရင်း​ဆေးတက္ကသိုလ်
အလုပ်သင် ဆရာ/မများဘွဲ့ယူစာတမ်း ၏ အလုပ်သင်ဘွဲ့ယူစာတမ်း(၁၂) ​စောင် ဖတ်ပွဲ ကို ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၂၃-၂၄)ရက် (၂)ရက်တိုင် ကျင်းပ ခဲ့ပါသည်။ .....
စာတမ်းဖတ်ပွဲကို.ဒုတိယနေ့ ၂၄ ရက်​နေ့တွင် ၆​စောင် ဆက်လက်ဖတ်ကြားပြီး....
စာတမ်းကြီးကြပ်အကဲဖြတ်အဖွဲ့မှ
ဘွဲ့ယူစာတမ်း(၁၂)​စောင် အ​ပေါ်အမှတ်​ပေးစည်းမျဥ်းများအရအကဲဖြတ် မှတ်​ပေး​ဆော်ရွက်ခဲ့ရာ.
"ပထမ၊ ဒုတိယ၊ တတိယ အ​ကောင်းဆုံးစာတမ်းများ" ရွေးချယ်ပြီး ဆုများအသီးသီးကိုVirtual စနစ်ဖြင့် ဆုချီးမြှင့်​ပေးအပ်ခဲ့ပါသည်။

#23/24-12-2020

Meeting

အလုပ်သင် စာတမ်းဖတ်ပွဲ & Zoom Cloud Meeting@23-12-2020
23/12/2020

အလုပ်သင် စာတမ်းဖတ်ပွဲ
& Zoom Cloud Meeting
@23-12-2020

External protocol board တတိယ (နောက်ဆုံး)နေ့ အစီအစဉ်များ ဆက်လက်ကျင်းပ===========တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) First Yea...
16/12/2020

External protocol board တတိယ (နောက်ဆုံး)နေ့ အစီအစဉ်များ ဆက်လက်ကျင်းပ
===========
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) First Year MMTM ကျောင်းသား/သူ များ၏ External protocol board တတိယ (နောက်ဆုံး)နေ့ အစီအစဉ်များကို ယနေ့မနက်(၉)နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်ရုံးခန်းတွင် ဆက်လက်ကျင်းပရာ External board အဖွဲ့ဝင် များက Zoom cloud meeting ဖြင့် တက်ရောက်ကြပါသည်။

အဆိုပါ External protocol board ကို ၁၄-၁၂-၂၀၂၀ မှ ၁၆-၁၂-၂၀၂၀အထိ ၃ရက်တိုင်တိုင် ကျင်းပခဲ့ပြီး ပထမနှစ်မဟာကျောင်းသူ(၂၁)ဦးတင်ပြသော Protocolများကို စီစစ်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

မဟာကျောင်းသူကျောင်းသားများအနေဖြင့် ကျန်းမာရေးနှင့်အကစားဝန်ကြီးဌာနဝန်ကြီး ဖွဲ့စည်းပေးထားသော ကျင့်ဝတ်အဖွဲ့အစည်း(IRB) သို့လည်း ဆေးပညာရပ်ဆိုင်ရာကျင့်ဝတ်များကို ထပ်မံ စီစစ်မှု ခံယူပြီးမှ သုတေသနလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်းသိရှိရပါသာ်။

သတင်း ဓာတ်ပုံ




-MDY

Protocol Board ဒုတိယနေ့ ဆက်လက်ကျင်းပ=========တိုင်းရင်းဆေးတက္ကသိုလ် First Year MMTM ကျောင်းသား/သူ များ၏ External protoco...
15/12/2020

Protocol Board ဒုတိယနေ့ ဆက်လက်ကျင်းပ
=========
တိုင်းရင်းဆေးတက္ကသိုလ် First Year MMTM ကျောင်းသား/သူ များ၏ External protocol board ဒုတိယနေ့ အစီအစဉ်များကို ယနေ့မနက်(၉)နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်ရုံးခန်းတွင် ဆက်လက်ကျင်းပရာ External board အဖွဲ့ဝင် များက Zoom cloud meeting ဖြင့် တက်ရောက်ကြပါသည်။

အဆိုပါ External protocol board ကို မနက်ဖြန် ၁၆-၁၂-၂၀၂၀အထိ ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရပါသည်။

သတင်း ဓာတ်ပုံ




-MDY

တိုင်းရင်းဆေးတက္ကသိုလ် First Year MMTM ကျောင်းသား/သူ များ၏ External protocol board ပထမနေ့ အစီအစဉ်များကို ယနေ့မနက်(၉)နာရီ...
14/12/2020

တိုင်းရင်းဆေးတက္ကသိုလ် First Year MMTM ကျောင်းသား/သူ များ၏ External protocol board ပထမနေ့ အစီအစဉ်များကို ယနေ့မနက်(၉)နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်ရုံးခန်းတွင် ကျင်းပရာ External board အဖွဲ့ဝင် များက Zoom cloud meeting ဖြင့် တက်ရောက်ကြပါသည်။

အဆိုပါ External protocol board ကို ၁၆-၁၂-၂၀၂၀အထိ ကျင်းပမည် ဖြစ်ပါသည်။

သတင်း ဓာတ်ပုံ




-MDY

Address

Mandalay-Mogoke HiWay Road
Mandalay

Website

Alerts

Be the first to know and let us send you an email when University of Traditional Medicine, Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share