13/08/2026
ရေဘေးသင့်ပြည်သူများအား ကူညီရေးအတွက် စေတနာသဒ္ဓါ တရားထက်သန်စွာ လှူဒန်းခဲ့ကြသည့် အလှူရှင်များအား အထူးကျေးဇူးတင်ရှိခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း 🌊🤝
ရေဘေးအန္တရာယ်ကြောင့် အခက်အခဲ ကြုံတွေ့နေရသော ရေဘေးသင့်ပြည်သူများထံ သွားရောက် ကူညီ ထောက်ပံ့နိုင်ရေးအတွက် စေတနာထက်သန်စွာဖြင့် ပါဝင်လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များ အား 𝐋𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှ လှိုက်လှိုက်လှဲလှဲ အထူးပင် ကျေးဇူးတင်ရှိပါသည်။
ရေဘေးသင့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အချိန်ကိုက် လက်ကမ်းကူညီပေးခဲ့ကြသော အလှူရှင်များ၏ စေတနာသဒ္ဓါတရားကြောင့် ရေဘေးသင့်ဒေသများထံ ကူညီထောက်ပံ့မှုများ အမြန်ဆုံး သွားရောက်လှူဒါန်းနိုင်ရန်အတွက် ကြီးမားသော အားအင်တစ်ခု ဖြစ်စေခဲ့ပါသည်။
အလှူရှင်များ၏ မွန်မြတ်လှသော စေတနာဒါနကို ဂုဏ်ပြုသောအားဖြင့် 𝐋𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ဂုဏ်ပြုလိုက်ရပါသည် -
၁။ ကိုစိုင်းထူးအိမ်လှိုင်း ( 𝐁𝐀 (𝐇𝐨𝐧𝐬) 𝐅𝐢𝐧𝐚𝐥 𝐘𝐞𝐚𝐫 𝐒𝐭𝐮𝐝𝐞𝐧𝐭 ) : အလှူငွေ ( ၂၀၀,၀၀၀ ) ကျပ်
၂။ မဇင်ဇင်ဝင်း ( 𝐆𝐄𝐃 𝐁𝐚𝐭𝐜𝐡 – 𝟓 𝐒𝐭𝐮𝐝𝐞𝐧𝐭 ) : အလှူငွေ ( ၂၀၀,၀၀၀ ) ကျပ်
၃။ ဦးမြင့်မောင် ( မန္တလေးမြို့ ) : အလှူငွေ ( ၁၅၀,၀၀၀ ) ကျပ်
၄။ မခြူးဝေကို ( 𝐆𝐄𝐃 𝐁𝐚𝐭𝐜𝐡 – 𝟓 𝐒𝐭𝐮𝐝𝐞𝐧𝐭 ) : အလှူငွေ ( ၁၀၀,၀၀၀ ) ကျပ်
၅။ ကိုကျော်သူရမြင့် ( 𝐋𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ) : အလှူငွေ ( ၁၀၀,၀၀၀ ) ကျပ်
၆။ မင်းသိင်္ခ ( ကုန်စုံဆိုင် - မန္တလေးမြို့ ) : အလှူငွေ ( ၁၀၀,၀၀၀ ) ကျပ်
၇။ ဒေါ်ဝင်းနန္ဒကျော် ( ရန်ကုန်မြို့ ) : အလှူငွေ ( ၁၀၀,၀၀၀ ) ကျပ်
အများပြည်သူ အကူအညီ လိုအပ်နေချိန်တွင် ရက်ရောစွာ လက်တွဲကူညီပေးခဲ့ကြသော အလှူရှင်များအားလုံး ပြုပြုသမျှ အလှူဒါန ကောင်းမှုအစုစုတို့ကြောင့် စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ဆန်းသစ်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏✨
"စေတနာရှင်တို့၏ လှူဒါန်းမှုသည် ရေဘေးသင့်ပြည်သူများအတွက် အသက်ဆက်ရာ မျှော်လင့်ချက်ဖြစ်ပါသည်။"
#ရေဘေးအလှူ #ရေဘေး