19/08/2026
လုပ်ငန်းဦးဆောင်သူများအတွက် အတွေ့အကြုံ နှင့် ပညာ ပေါင်းစပ်သင်ယူနိုင်မယ့် Executive MBA အတန်း ကျောင်းအပ် လက်ခံပါပြီ။
Executive MBA အတန်းက Brain Box ရဲ့ ခရီးဆုံးပန်းတိုင်လို့ ပြောလို့ရသလို
Brain Box Acumen ရဲ့ ပင်မထောက်တိုင် အတန်းလို့ ပြောလို့ ရပါတယ်။
ဒီအတန်းက ဘွဲ့ရပြီးခါစ လူငယ်တွေ ၊ ကျောင်းပြီးခါစ လူငယ်တွေအတွက် မဟုတ်ပါဘူး။
ကိုယ်က လုပ်ငန်းတစ်ခုကို ကြိုးကိုင်ရတဲ့အပိုင်း ၊ Leader Role ရောက်နေတဲ့ ဦးဆောင်သူတွေအတွက် ဖြစ်ပါတယ်။
ဒီအတန်းမှာ လုပ်ငန်းရှင်များ ၊ မန်နေဂျာများ နှင့် ဦးဆောင်သူများက လုပ်ငန်းအတွက် အမှန်တကယ်လိုအပ်တဲ့ ပညာရပ်တွေကိူ စိတ်လက်ပေါ့ပါးစွာ သင်ယူနိုင်မယ့် အတန်း ဖြစ်ပါတယ်။
Executive MBA အတန်းက
✅ ကျောင်းနဲ့ဝေးနေပေမယ့် အတွေ့အကြုံနဲ့ ပညာပေါင်းစပ်သင်ယူချင်သူတွေ
✅ အချိန်မအားပေမယ့် လုပ်ငန်းတစ်ခုကို ခေါင်းချင်းဆိုင်ပြီး အဖြေရှာချင်သူများအတွက် ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်။
တစ်နှစ်မှာ တစ်ကြိမ်သာ ဖွင့်တဲ့ အတန်းဖြစ်ပါတယ်
▪️ဘွဲ့ရပြီးသူများက Executive MBA ကို တိုက်ရိုက် တက်နိုင်ပြီး ဘွဲ့မရသေးသူများက Executive Advanced Diploma ကို အရင်တက်ပြီးမှ နောက်ထပ် လှေကား တစ်ဆင့်ကို တက်ရပါမယ်။
▪️ ကျောင်းမှာ ကိုယ်တိုင် လာပြီး အတန်းဖေါ်များနဲ့ အတူတူ အတွေ့အကြုံ အသိအမြင် ဖလှယ်ကြရင်း တက်နိုင်သလို အဝေးက တက်ချင်သူများ ကလဲ Online ကနေ တချိန်ထဲ တပြိုင်ထဲ တက်လို့ ရပါတယ်။
▪️ Executive MBA က ၁၀ ဘာသာ သင်ယူရမှာ ဖြစ်ပြီး Executive Adv Diploma က ရှစ်ဘာသာ သင်ယူရမှာ ဖြစ်ပါတယ်။
▪️ ကျောင်းသား ဦးရေပေါ်မူတည်ပြီး Group Research လုပ်ရပါမယ်။ လုပ်လို့ ရလာတဲ့ အဖြေကို International Conference တစ်ခုခုမှာ တင်သွင်း ဖတ်ကြား အကဲဖြတ် ခံယူရပါမယ်။ (ဒါက Compulsory ဖြစ်ပါတယ်။ လုပ်ကို လုပ်ရမှာပါ)
▪️ International Conference တစ်ခုခု က အသိအမှတ်ပြု လက်မှတ်ဟာ ဘွဲ့ ရရှိရေး အထောက်အကူ ဖြစ်ပါတယ်။ အဲဒီကနေ တဆင့် Publication အဆင့်ကို ဆက်သွားနိုင်ပါတယ်။ (Executive MBA ပြီးလို့ ပညာခရီးကို ဆက်လျှောက်ချင်သူများအတွက်ကတော့ Publication က လိုအပ်ပါတယ်)
▪️ သုတေသန အတွက် ကွင်းဆင်း သွားရောက်/လိုက်ပါနိုင်ဖို့ လိုပါတယ်။
လုပ်ငန်းတစ်ခုကို ကိုယ်တိုင် ဦးစီးလည်ပတ်နေတယ်။
ထင်ထားတာထက် ပိုပြီးခရီးပေါက်ချင်တယ်ဆိုရင် Executive MBA အတန်းကို တက်ပါ။
စစ်သူကြီးဆိုတာ တိုက်ရည်ခိုက်ရည် ကောင်းရမယ်ဆိုတာမှန်ပေမယ့် ကိုယ်တိုင် ပါဝင်တိုက်ခိုက်ရတာ နည်းပါတယ်။
အပေါ်စီးကနေ ကြည့်ပြီး စစ်ဗျူဟာ ချမှတ်ရတာပါ။
စစ်မြေပြင်မှာ အသားစီးရဖို့ တိုက်စစ် ၊ ခံစစ်ကောင်းဖို့ဆိုတာထက် မြေပြင်အနေအထား၊ ရာသီဥတု ၊ အခြေအနေအချိန်အခါ ကြည့်တတ်ရပါမယ်။
ခေါင်းဆောင်တွေဆိုတာ အတွေ့အကြုံရှိရုံအပြင် "အဖွဲ့အစည်းတစ်ခုလုံးကို ပြောင်းလဲနိုင်ဖို့"အတွေးသစ် အမြင်သစ်နဲ့ အပေါ်စီးကနေ ဦးဆောင်နိုင်ဖို့ လိုပါတယ်။
ဒီနှစ်မှာ Experiential Learning ထက် Concept-based Learning နဲ့ သွားဖို့ရှိပါတယ်။
ဒါတွေကို အသေးစိတ်လေ့လာချင်ပါက
Brain Box Acumen ရဲ့
Executive MBA မှာ လေ့လာ သင်ယူကြည့်ဖို့
ဖိတ်ခေါ်လိုက်ပါရစေ။