Union Theological College, Matupi

Call Directions Contact the university

Union Theological College, Matupi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Union Theological College, Matupi, College & University, Mindat Road, Matupi.

မိတ်သဟာရလူငယ်ဌာန (ဗတူပွီးနှစ်ခြင်းခရစ်ယာန်အသင်းတော်) နှင့်ယူနီယံဓမ္မကောလိပ်“And in the case of an athlete, no one is cro...
22/08/2026

မိတ်သဟာရ

လူငယ်ဌာန (ဗတူပွီးနှစ်ခြင်းခရစ်ယာန်အသင်းတော်) နှင့်

ယူနီယံဓမ္မကောလိပ်

“And in the case of an athlete, no one is crowned without competing according to the rules.”
‭‭
2 Timothy‬ ‭2‬:‭ 5‬ ‭

The rules that we are using and implementing in this competition is FELLOWSHIP (Koinonia) - deep and meaningful partnership, joint participation or sharing things in common.

Keep it on and on and on for His glory!

ယနေ့ ဩဂုတ်လ (၇) ရက်၊ ညနေခင်း ဝတ်ပြုအစည်းအဝေး၌ ပါစတာမင်းရောင်မှ တရားဒေသနာ ဝေမျှပါသည်။ မိတ်ဆက်နိဒါန်း၌ ဒေသနာရှင်က ဤသို့ ဆိ...
07/08/2026

ယနေ့ ဩဂုတ်လ (၇) ရက်၊ ညနေခင်း ဝတ်ပြုအစည်းအဝေး၌ ပါစတာမင်းရောင်မှ တရားဒေသနာ ဝေမျှပါသည်။

မိတ်ဆက်နိဒါန်း၌ ဒေသနာရှင်က ဤသို့ ဆိုပါသည်။

အခွင့်အခါကောင်းပြင်ဆင်ပေးသည့် ဘုရားရှင်ကျေးဇူးတော်အား ဦးစွာချီးမွှမ်းအပြီး၊ ဒေသနာဝေမျှခွင့်ရအောင် စီစဉ်ပေးသည့် သက်ဆိုင်ရာ တာဝန်ရှိသူများအပေါ် ကျေးဇူးတင်စကား ဆိုပါသည်။

နောက်တစ်ချက်တွင် ကျောင်းတော်ကြီးအနေဖြင့် ကျွန်ုပ်အား မမေ့မလျှော့ သတိရလျက် အခွင့်ကောင်းကို ရရှိခံစားစေခြင်းအပေါ် ဂုဏ်ယူဝမ်းမြှောက်ရကြောင်း ဖေါ်ပြသည်။

ကျောင်းတော်ကြီးအနေဖြင့် ကျွန်ုပ်အား အစဉ်သတိရသကဲ့သို့၊ ကျွန်ုပ်အနေဖြင့်လည်း အစဉ်သတိရလျက်ရှိကြောင်း၊

ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့်အားလျှော်စွာ မိမိသည် ယူတီစီ ကျောင်းသားဟောင်းဟု အစဉ်ခံယူကြောင်း၊ အဆင့်ဆင့်တက်ရောက်လာခဲ့သည့် ကျောင်းများအပေါ် ကျေးဇူးကန်းခြင်းမဟုတ်ဘဲ သံယောဇဉ်အနေဖြင့်ကား ယူတီစီအပေါ် တွယ်တာထားရှိသကဲ့သို့ မခံစားမိကြောင်း ဆိုပါသည်။ ဓမ္မပညာကို ကနဦး သင်ကြားပေးသည့်ကျောင်း ဖြစ်၍ကောင်း ဖြစ်ပါမည်။ မည်သို့ပင်ဆိုစေ ခံစားမိတာသည် အမှန်ပင်ဖြစ်ကြောင်း ဖေါ်ပြပါသည်။

ကနဦးကျောင်းတော်ကြီးအပေါ် သံယောဇဉ်မတွယ်ဘဲလျက် မေ့ပျောက်ချင်ယောင်ပြုသူများလည်း ရှိကောင်းရှိပါမည်။ ကျောင်းတော်ကြီးအနေဖြင့်ကား မပြုရ/မတွယ်ရလေခြင်းဟု မည်သောအခါမျှ ငြိုငြင်မည် မဟုတ်သည်ကား မြေကြီးလက်ခတ်မလွဲပင်။

မိမိသားသမီး တစ်ယောက်ချင်းစီအား ချစ်ခြင်းမေတ္တာ၊ စေတနာဖြင့် ကျောသားရင်သားမခွဲ အမှုပြုခဲ့သည်နည်းတူ၊ အနာဂါတ် အမှုတော်လုပ်ငန်း၌ ဘုန်းတော်ထင်ရှားစေသူနဲ့ အမိကျောင်းတော်ကြီး ဂုဏ်တင့်တယ်စေသူ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သမြဲ ဖြစ်ပါသည်။

ဒေသနာ ဝေမျှရင်း အမိကျောင်းတော်ကြီးအပေါ် ထားရှိသည့် စိတ်သဘောကို တခုတ်တရ ဖေါ်ပြပေးသူ ပါစတာမင်းရောင်အပေါ် အထူးလေးစား ဂုဏ်ယူရပါကြောင်း ဖေါ်ပြအပ်သည်။

အနာဂါတ် အမှုတော်မြတ်၌ ဘုရားသခင်ဘုန်းတော် သာ၍ထင်ရှားစေသူ ဖြစ်ရပါစေကြောင်း ကျောင်းတော်မှ ဆုတောင်း ပေးအပ်ပါသည်။

UTC Sunday Yangon Zotung Baptist Churchယူနီယံဓမ္မကောလိပ်ရဲ့(၂၀၂၆ - ၂၀၂၇) ဓမ္မပညာသင်နှစ်၊ ယူတီစီဆန်းဒေးနေ့ ကို မနေ့က (၂၆၊...
27/07/2026

UTC Sunday

Yangon Zotung Baptist Church

ယူနီယံဓမ္မကောလိပ်ရဲ့(၂၀၂၆ - ၂၀၂၇) ဓမ္မပညာသင်နှစ်၊ ယူတီစီဆန်းဒေးနေ့ ကို မနေ့က (၂၆၊ ဇူလိုင်) ရန်ကုန်ဇိုတုန်နှစ်ခြင်းခရစ်ယာန်အသင်းတော် မှာ ကျင်းပပေးတယ်။

အသင်းတော်သူ/သား စုံစုံလင်လင် တက်ရောက်လာကြတာ အားရစရာပါပဲ။ အသင်းတော်အနေနဲ့ နွေးထွေးစွာ ကြိုဆိုခြင်းအတွက် ယူတီစီအနေနဲ့ များစွာဂုဏ်ယူဝမ်းမြှောက်ရပါတယ်။ ဝတ်ပြုအစည်းအဝေးတည်းမှ ကောက်ခံရရှိတဲ့အလှူငွေအပြင် အသင်းတော်အနေနဲ့ ယူတီစီအား ကူညီထောက်ပံ့သည့်အနေနဲ့ နောက်ထပ်အလှူငွေ ကျပ် (၁၀,၀၀,၀၀၀/-တိတိ) ဆယ်သိန်းပါ ထည့်ဝင်ပေးပါတယ်။

ပရော်ဖက်ဆာဒေါက်တာ ဇိုထောင်းလျန်၏ ယောက်က္ခမ၊ ဆရာ့ ကတော် ဒေါ်အယ်နီဦး၏ မွေးသဖခင် (ဦးရာစိုး) ကွယ််လွန်သည့် (၅) နှစ်ပြည့် အောက်မေ့ဖွယ်အဖြစ် တက်ရောက်လာသည့် အသင်း/သူများအား အစားအသောက်များဖြင့် တည်ခင်းဧည့်ခံပေးတယ်။

နာမတော်ကိုထောက်ရှုပြီး ယူနီယံဓမ္မကောလိပ်အား ကူညီအားဖြည့်ပေးလျှက်ရှိသော ရန်ကုန်ဇိုတုန်နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ယုံကြည်သူ ဓမ္မမိတ်ဆွေများအားလုံးအပေါ် ကျေးဇူးအထူးတင်ပါတယ်။

သာ၍ ဘုန်းတော်ထင်ရှားစေသော အသင်းတော်ဖြစ်ရပါစေကြောင်း ကောလိပ်အနေဖြင့် ဆုတောင်းပေးအပ်ပါတယ်။

သင်းအုပ်ဆရာ၊ အမှုတော်ဆောင်များ၊ အသင်းတော်ကော်မတီဝင်များ၊ အသင်းသူ/သား အားလုံးအပေါ် ကိုယ်တော်ဘုရားထံတော်ပါးမှ ကျန်းမာချမ်းသာခြင်းဆုကျေးဇူးနှင့် ကောင်းကြီးမင်္ဂလာအဖြာဖြာ သက်ရောက်ပါစေ။

ယူတီစီဆန်းဒေး (UTC Sunday)ကို (၅)ရက်၊ ဇူလိုင်လ မှာ -၁။ ဗတူပွီးနှစ်ခြင်းအသင်းတော်၊ မြှောက်ဥက္ကလာပမြို့ဒေသနာရှင် ပါစတာဘွေဒ...
06/07/2026

ယူတီစီဆန်းဒေး (UTC Sunday)ကို (၅)ရက်၊ ဇူလိုင်လ မှာ -

၁။ ဗတူပွီးနှစ်ခြင်းအသင်းတော်၊ မြှောက်ဥက္ကလာပမြို့

ဒေသနာရှင် ပါစတာဘွေဒိုးလျန်

၂။ မတူပီနှစ်ခြင်းအသင်းတော်(မတူပီ) ခဝဲခြံ၊ မရမ်းကုန်းမြို့

ဒေသနာရှင် - သိက္ခာရလောမ်ဘိခ်

၃။ မတူပီနှစ်ခြင်းအသင်းတော်၊ ရန်ကုန်၊ မ - ဒဂုံ

ဒေသနာရှင် ပါစတာနန်းအိအိထွန်း မှလည်းကောင်း တရားဒေသနာ အသီးသီးဝေမျှကြတယ်။

( ပါစတာနန်းအိအိထွန်း ဝေမျှတဲ့ဒေသနာကို ဖေါ်ပြပေးပါတယ်)

အသင်းတော်အသီးသီးနှင့် ယုံကြည်သူအားလုံးအပေါ်ကျေးဇူးတင်လျက် ဘုရားသခင်ကောင်းချီးချပေးပါစေ။

ငြိမ်းချမ်းခြင်း၏ သံတမန်

ကျမ်းညွှန်း။ ။ ရှင်ယာကုပ်ဩဝါဒစာ ၃း ၁၇-၁၈

ရှင်ယာကုပ်ဩဝါဒစာကို ယေရုရှလင်အသင်းတော်၏ ခေါင်းဆောင်ဖြစ်သူ သခင်ယေရှု၏ ညီတော် ယာကုပ်က ရေးသားခြင်းဖြစ်သည်။ ခရစ်သက္ကရာဇ် ၅၀ မတိုင်မီ ရေးသားခြင်းဖြစ်သည်ဟု ကျမ်းသတ်ပညာရှင်များက ယူဆကြသည်။ သမ္မသစ်ဩဝါဒစာများထဲတွင် ပထမဆုံးရေးသားသည့် ဩဝါသစာဖြစ်ပါသည်။ ရှင်ယာကုပ််ဩဝါဒစာကို ရေးသားရခြင်းမှာ သတေဖန်အသတ်ခံရပြီးနောက် ယေရုရှလင်အသင်းတော်တွင်း ကြီးစွာသော ညှင်းဆဲနှိပ်ဆဲခံရသည့်အတွက် ယုဒခရစ်ယာန် ယုံကြည် သူများသည် အိုးအိမ်များကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ကြရခြင်းကြောင့် ရောမအင်ပါယာအနှံ့ အပြားသို့ ပြန့်လွန့်ခဲ့ကြရသည်။

ထွက်သိမ်းရှောင့်နေရသော ယုဒယုံကြည်သူများသည် လောကီပတ်ဝန်းကျင်၏ အမျိုးမျိုး သော ဖိနှိပ်မှု၊ မတရားခေါင်းပုံဖြတ်မှု၊ ဆင်းရဲ့ကြပ်သီးမှုများ ပြင်းထန်းစွာ ခံစားကြရသည်။ ထို့ကြောင့် ယုံကြည်သူများသည် စိတ်ဓာတ်ကျဆင်းလာ၍ ဝိညာဉ်ရေးရာအသက်တာတွင် အားနည်းလာပြီး ရှင်ပေါလု၏သွန်သင်ချက်ဖြစ်သော “ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ခြင်းအကြောင်းကို လွှဲမှားစွာခံယူ ပြီး” ငါတို့ယေရှုကို ယုံကြည်ပြီးပြီး ပညတ်တရား အောက်မှာမဟုတ်ဘူး ဟုဆိုကား မိမိတို့ စိတ်ကြိုက် အသက်ရှင်ကြသည်။ အသင်းတော်ထဲတွင်းလည်း ချမ်းသာသူနှင့် ဆင်းရဲသူအကြား ဆက်ဆံရေးခွဲခြား လာသည်။ အသင်းသားများကြားတွင်း စည်းလုံးမှုပျံပြားလာကြသည် ငြိမ်းချမ်းခြင်းများရှိကြတော့ ပေ။ ထိုအကြောင်အရာများကြောင် ရှင်ယာကုပ်က ဆင်းရဲဒုက္ခများထဲတွင် ဝမ်းမြောက်စွာသည်းခံ တတ်ရန်၊ ယုံကြည်ခြင်းဆိုသည်မှာ အကျင့်ပါမှသာလျှင် စုံလင်သော ယုံကြည်ခြင်းဖြစ်ပြီး အကျင့်မ ပါသော ယုံကြည်ခြင်းသည် အသေဖြစ်သည်အတွက် ဝိညာဉ်အသက်တာကို လက်တွေ့အသက်ရှင် ခြင်းဖြင့် သက်သေပြရန် အသင်းတော်ထဲတွင် စည်းလုံးခြင်းနှင့် ငြိမ်သက်ခြင်းကို ပြန်လည်တည် ဆောက်ရန် စသည့်အကြောင်းအရာများကို တိုက်တွန်ရေးသားထားခြင်း ဖြစ်ပါသည်။

ယနေ့မျက်မှောက်ခေတ်ကမ္ဘာကြီးသည် နိုင်ငံအသီးသီးနေရာအသီးသီးမှာ စစ်ဖက်ရေးရာ တိုက်မှုတွေ၊ အတ္တ၏ ပူလောင်မှုတွေ၊ မာနာလိုငြုုစူမှုတွေကြောင့် လူတိုင်းသည် တုန်လှုပ်ခြောက်ခြား နေကြသည်။ လုံခြုံမှုတွေ မရှိတော့ဘူ။ အဲ့ဒီလို ဆူပူလှုပ်ကြားမှုတွေနဲ့ ရုန်းရင်ခတ်ခြင်းတွေရဲ့ အလယ် မှာ လူသားတွေးအတောင်းတဆုံးအရာသည် ငြိမ်းချမ်းခြင်းဘဲဖြစ်ပါသည်။ ငြိမ်းချမ်းခြင်းကို လူတိုင်း လိုချင်ကြသော်လည်း အမှန်တကယ် ငြိမ်းချမ်းမှုကိုဘုရားထံမှသာ ရနိင်သည်။ ရှင်ယာကုပ်ဩဝါဒစာ ၃၁း၁၈ အရ ငြိမ်းချမ်းခြင်းဆိုသည်မှာ အလိုအလျောက်ဖြစ်လာတဲ့ အရာမဟုတ်ဘဲ လက်တွေ့ ကျင့်ရ မဲ့မျိုးစေ့ဖြစ်ပြီး အဲ့ဒီမျိုးစေ့တွေကို သယ်ဆောင်စိုက်ပျိုးသူတွေကို ငြိမ်းချမ်းခြင်း၏သံတမန်ဟု ခေါ် ထိုက်ပေသည်။ သံတမန်ဆိုသည် ဝေါ်ဟာ၏ အဓိပ္ပာယ်ကို မြန်မာအဘိဓာန်မှာ ဖွင့်ဆိုထားတာက သံ

ဆိုတာမင်းတပါးက တခြားမင်းတပါးထံသို့ နိုင်ငံအရေးအခင်းကိစ္စ ဆောင်ရွက်ရန် စေလွတ်ခြင်းခံရ သူဖြစ်ပြီး သံမန်ဆိုတာက အစေပါး၊ စေတမန်၊ ကိုယ်စာလှယ်၊ အမှားစကားကိုဆောင်ယူရသောသူ ဖြစ်သည်။ ထို့ကြောင့်သံတမန်ဆိုတာ မိမိနိုင်ငံ၊ မိမိအရှင်သခင်၏ အမှာစကားနှင့် သတင်း စကားတွင် ကို အခြားနိုင်ငံ(သို့မဟုတ်) အခြားသူများထံသို့ မေတ္တာရှေ့ထားကား တရားဝင်သယ်ဆောင်သွားရ သော ကိုယ်စားလှယ်သံတမန်ကို ဆိုလိုပါသည်။ တနည်းအားဖြင့် သံတမန်ဆိုတာ စေ့ဆပ်ပေးသည့် လောကနိုင်ငံ၏ သံတမန်တွေဟာ ပုဂ္ဂိုလ်ဆိုင်ရာ ကင်းလွတ်ခွင့်၊ တရားစီရင်ပိုင်ခွင့်မှာ ကင်းလွတ် ခြင်း၊ အခွန်အတုတ်များမှကင်းလွတ်ခြင်း၊ လွတ်လပ်စွာသွားလာခြင်းနှင့် ဆက်သွယ်ခြင်းများရှိသည်။ လောကီသံတမန်တစ်ယောက်မှာ ရှိရမည့်အရာတွေကတော့ မှန်တာပြောရဲ့ဖို့၊ နှုတ်လုံ့ဖို့လို တာပဲပြော တတ်ဖို့၊ ကျွမ်းကျင်မှုကုန်ရှိဖို့ လိုအပ်ပါသည်။ ဒါတွေမက သံတမန်ဆိုတာ မိမိနိုင်ငံသား တွေကို ကာ ကွယ်မှုပေးနိုင်ရမည်။ သံတမန်ဆိုတာ ကတ်မစားရဘူး၊ သံတမန်ဆိုတာ စေလွတ်တဲ့ နိုင်ငံက အားလုံး ထောက်ပြီးသားဖြစ်သည်။ သံတမန်ဆိုတာ မိမိရဲ့အလုပ်သက်တမ်းပြည့် တစ်ယောက်ရဲ့ပိုင်ခွင့်နဲ့ တာဝန်တွေပဲဖြစ်ပါတယ်။ ခရစ်တော်၏ သံတမန်ဖြစ်သော ဝိညာဉ်ရေးရာအရ ကြည့်ရင် ခရစ်‌‌တော် ကို ယုံကြည်ပြီး အသက်တာပြောင်းလဲလာသူတိုင်းဟာ ခရစ်တော်၏ သံတမန်များဖြစ်ပါသည်။ ဘာ ကြောင့်လဲဆိုတော့ ခရစ်ယာန်ယုံကြည်သောသူများဟာ ခရစ်တော်၌ မွေးဖွားပြီးအချိန်မှ သေဆုံးချိန် အထိ ခရစ်တော်အတွက် အသက်ရှင်သူတွေဖြစ်ရမည်။

ခရစ်တော်၏သံတမန်တွေဟာ ရန်ငြိမ်းခြင်းစကား၊ မိတ်သဟာယသတင်းစကားကို ပြောကြ ရုံမက ကိုယ်တိုင်လိုက်ပြီး အဆုံးတိုင် တည်ကြည်ခိုင်ခံ့သော ငြိမ်းချမ်းခြင်း၏ သံတမန်အဖြစ် လောက ထဲသို့ တာဝန်ထမ်းဆောင်ဖို့ ဖြစ်သည်။ ဒါကြောင့် ယုံကြည်သူများအနေဖြင့် ဘုရားနှင့်လူကြား မိတ်သ ဟာယရရှိစေဖို့ (သို့) လူအချင်းချင်း (မောင်နှမကြား) သူငယ်ချင်းကြား၊ အဖွဲ့အစည်းများကြားစသည့် ဖြင့်) သင့်မြတ်အောင်၊ ငြိမ်းချမ်းမှုရရှိအောင် လုပ်ဆောင်ပေးဖို့ဘုရားတာဝန်ပေးထားသည့်ဟု ငြိမ်း ချမ်းခြင်း၏ သံတမန်အဖြင့် မိမိကိုယ်ကို ဆက်ကပ်ရသည်။ ရှင်ယာကုပ်ဩဝါဒ ၃း၁၇-၁၈ ကို အခြေခံ ပြီး ငြိမ်းချမ်းခြင်း၏သံတမန်ဟူသော ခေါင်းစဉ်ကို အချက်(၅)ချက်ဖြင့် တိုက်တွန်းအပ်ပါသည်။

(၁) ငြိမ်းချမ်းခြင်း၏ သံတမန်

ငြိမ်းချမ်းခြင်း၏ သံတမန်အတွက် အခြေခံအရည်အချင်းမှာ မိမိကိုယ်ကိုနှိမ့်ချဆက်ဆံရေး တွင်မှာ အာဏာရှိ‌သော အစိုးရ (သို့) ဘုရင်တစ်ပါးတဲ့သံတမန်တစ်ဦးက သူတပါး ဒေသကို ရောက်တဲ့ အခါ မိမိအပူ၊ မာနနှင့် မိမိရဲ့အာဏာ ရှေ့တန်းတင်လို့မရပါဘူး။ သူရဲ့အဓိကတာဝန်က သူကိုစေလွတ် တဲ့နိုင်ငံက အရှင်သခင်ရဲ့ အလိုနဲ့ ဂုဏ်သက္ခသာမြင့်တင်ဖို့ဖြစ်တဲ့အတွက် သူ၏ပထမဆုံးအရည် အချင်းမှာ မိမိကိုယ်ကို နှိမ့်ချခြင်းဖြစ်ပါသည်။

ရှင်ယာကုပ်ရဲ့ အသက်တာကိုကြည့်တဲ့အခါ လူသားအမြင်နဲ့ ကြည့်ရင် သူဟာဇာတိအရ သခင် ယေရှုခရစ်တော်၏ ညီရင်းတော်သူဖြစ်ပါသည်။ သူသည် အသင်းတော်သမိုင်းမှာ ကနဦးယေရှရုလင် အသင်း‌တော်ရဲ့ သိုးထိန်းကြီး ဖြစ်သည်။ ဒါပေမဲ့ သူဟာ ရှင်ယာကုပ်ဩဝါဒစာကို စတင်ရေးသားတဲ့ အခါမှာ မိမိရဲ့ဇာတိတော်စပ်မှု၊ အသင်းတော် ခေါင်းဆောင်ကြီးဆိုတဲ့ရာထူးကို မသုံးခဲ့ပါ။ ရှင်ယာကုပ် ဩဝါဒစာ ၁း၁ မှာ ဘုရားသခင်နှင့် အရှင်ယေရှုခရစ်တော်၏ ကျွန်ငါယာကုပ် ဆိုပြီး မိမိကိုယ်ကို ခရစ်တော်၏ အစေခံအဖြစ် မိတ်ဆက်ထားတာတွေ့ရပါသည်။ နှိမ့်ချခြင်းသည် ငြိမ်းချမ်းခြင်းရဲ့ အစ ဖြစ်ပါသည်။ လူတစ်ယောက်က နှိမ့်ချခြင်းမရှိဘဲ အတ္တကြီးရင် ရန်ဖြစ်လွယ်၊ ခွင့်မလွတ်နိုင်၊ မိမိ ကိုယ်ကိုမှန်တယ်လို့ခံယူ၊ ငြိမ်းချမ်းမှုဖျက်ဆီးတတ်ပါသည်။ ဒါပေမဲ့ နှိမ့်ချတဲ့သူက နားထောင်တယ်။ ခွင့်လွတ်တတ်တယ်၊ မိမိကိုယ်ကို ရှေ့တန်းမတင်ဘူး၊ ငြိမ်းချမ်းခြင်းကိုတည်ဆောက်နိုင် ရှင်ယာကုပ် ရဲ့ အသက်တာကို ကြည့်တဲ့အခါ အစပိုင်းမှာ သူဟာယေရှုကို ကယ်တင်ရှင်၊ ဘုရားသခင်၏ သားတော် အဖြစ်မယုံခဲ့ပါ။ ဒါပေမဲ့ ယေရှရှင်ပြန်ထမြောက်သော သခင်ယေရှုကို ‌တွေ့မြင်ရပြီးတဲ့အခါ ယာကုပ် ဟာ ပြောင်းလဲကာ မာနကို စွန့်ခဲ့သည်။ ခရစ်တော်ကို သခင်အဖြစ်လက်ခံခဲ့သည်။ မိမိကိုယ်ကို သခင် ယေရှ၏ အစေခံအဖြစ်သေသည့်အထိ အသက်ပေးပြီး ဆက်ကပ်ခဲ့ပါသည်။ (ယာကုပ် ၄း ၆ ) ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ နှိမ့်ချခြင်း၏ သံတမန်သည် ဘုရားရှေ့၌ နှိမ့်ချသည်။ လူလူချင်းရှေ့မှာလဲ နှိမ့်ချစွာ အသက်ရှင်သည်ကို တွေ့ရပါသည်။ (တမန်တော် ၁၅)

ယေရုရှလင်မြို့ အစည်းအဝေးမှာ ငြင်းပွားမှုဖြစ်တဲ့အခါ ယာကုပ်ဟာတစ်ဖက်ထဲ့ကိုမလိုက်ဘဲ၊ လူတိုင်းရဲ့စကားကို နားထောင်သည်။ ကျမ်းစာကို အခြေခံပြီး ငြိမ်းချမ်းစေမဲ့ ဆုံးဖြတ်ချက်ကို ချမှတ် ခဲ့သည်။ သံတမန်၏ အရည်အချင်းသည် မိမိအနိုင်ယူဖို့ ကြိုးစားသည်မဟုတ်။ ငြိမ်းချမ်းခြင်းရဖို့ အတွက်သာ ကြိုးစားသူဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့ရဲ့ အသက်တာမွလဲ ငြိမ်းချမ်းခြင်း၏ သံတမန် အဖြစ်ခံယူသည်။

မိမိအသက်တာကို အရင်နှိမ့်ချပါ ၊ တောင်းပန်ဖို့ရှိရင် အရင်တောင်းပန်ပါ၊ အစေခံစိတ်ထားပါ၊ အငြင်းပွားမှ ကြုံလာသည့်အခါ အနိုင်ယူဖို့ထက် ငြိမ်းချမ်းခြင်းကိုသာရှာဖွေပါ။ ငြိမ်းချမ်းခြင်းဆိုတာ မာန်မာနကနေမှ ပေါက်ပွားနိုင်ပါ။ ငြိမ်းချမ်းသော အစေခံစိတ်အားဖြင့်သာ ပေါက်ပွားနိုင်သော အရာ ဖြစ်ရပါသည်။

(၂) ငြိမ်ချမ်းခြင်း၏ သံတမန်အတွက် နှုတ်ကပတ်တော် ဝတ္တရားမှာ လျှာကိုချုပ်တည်းခြင်းဖြစ်သည်။

လောကီသံတမန်တစ်ဦးသည် လက်ခံသူနိုင်ငံထဲတွင် နေထိုင်ပြောဆိုသောအခါ မိမိ၏စိတ်ထဲ တွင် ရှိသည့်အတိုင်း ခံစားရသမျှကို စည်းကမ်းမဲ့လျှောက်ပြောခွင့်မရှိပါ။ သံတမန်တစ်ဦး၏ နှုတ်ထွက်

စကားတစ်ခွန်းသည် မိမိနိုင်ငံ၏ မူဝါဒကို ကိုယ်စားပြုရုံမက မှားယွင်းသည့် စကားတစ်ခွန်းအားဖြင့် နိုင်ငံနှစ်ခုကြားတွင် စစ်မက်ဖြစ်ပွားစေနိုင်သည်။ ထို့ကြောင့် သံတမန်တစ်ဦးသည် စကားပြောဆိုရာ တွင် အလွန်သတိကြီးစွာ ထိန်းချုပ်ပြောဆိုရန် လိုအပ်သည်။

ကောင်းကင်နိုင်ငံတော်၏ သံတမန်ကြီးဖြစ်သော ရှင်ယာကုပ်က အသင်းတော်နှင့် လူမှုပတ် ဝန်းကျင်တည်းဟူသော မြေဆီလွှာတွင် ငြိမ်းချမ်းခြင်းမျိုးစေ့အောင်မြင်ဖြစ်ထွန်းရန်အတွက် လျှာကို ချုပ်တည်းခြင်းဆိုသည့် နှုတ်ကပတ်တော်ဝတ္တရားကို အလွန်အရေးကြီးသည့် အရည်အချင်းအဖြစ် အကျယ်တဝင့် ဖော်ပြထားသည်ကို တွေ့ရပါသည်။

လျှာသည် အလွန်သေးငယ်သော အစိတ်အပိုင်းဖြစ်သော်လည်း အင်မတန်ဩဇာကြီးမားသော အရာဖြစ်ကြောင်းကို ရှင်ယာကုပ်ဩဝါဒစာ ၃ : ၃ - ၆ ထဲတွင်ဥပမာ (၃)ခုနှင့် ဖော်ပြထားပါသည်။

(က) မြင်း၏ဇက်ကြိုး

မြင်းကြီးတစ်ကောင်လုံးကို သေးငယ်သည့် ဇက်ကြိုးဖြင့် ထိန်းချုပ်နိုင်သကဲ့သို့ သေး ငယ်သည့် လျှာကို ထိန်းနိုင်သူသည် မိမိဘဝကိုလည်း ထိန်းနိုင်သူဖြစ်ပါသည်။

(ခ) သင်္ဘောတက်မ

အလွန်သေးကြီးမားသည့် သင်္ဘောကြီးများကို လေပြင်းမုန်တိုင်းတိုက်ခိုက်သောအခါ အလွန်သေးငယ်သည့် တက်မအားဖြင့်သာ အန္တရာယ်မရှိသည့် နေရာသို့ ရှောင်တိမ်း မောင်းနှင်နိုင်သကဲ့သို့ ခန္ဓာကိုယ်ထဲတွင် လျှာသည် အလွန်သေးငယ်သည့် အစိတ် အပိုင်းဖြစ်သော်လည်း လျှာအားဖြင့် ထွက်လာသော စကားတစ်ခွန်းသည် မိသားစု တစ်စု၏ အနာဂတ်ကို ပြောင်းလဲစေနိုင်သည်။ အသင်းတော်တစ်ခုကို တည်ဆောက် နိုင်သည်။

(ဂ) မီးပွား

အလွန်သေးငယ်သည့် မီးပွားလေးတစ်ခုသည် တောကြီးတစ်ခုလုံးကို ပြာကျသွား အောင် လောင်ကျွမ်းစေနိုင်သကဲ့သို့ လျှာမှ ထွက်လာသော အတင်းအဖျင်းစကားတစ် ခွန်းအားဖြင့် မိတ်ဆွေများကို ကွားပြားစေနိုင်သည်။ မိသားစုကို ပြိုကွဲစေနိုင်သည်။ အသင်းတော်ကို ပဋိပက္ခဖြစ်စေနိုင်သည်။ ရှင်ယာကုပ် ၃ : ၉တွင် လျှာသည် ကောင်းချီး ပေးနိုင်သကဲ့သို့ ကျိန်ဆဲခြင်းကိုလဲပြုနိုင်ပါသည်။ ထို့ကြောင့်ရှင်ယာကုပ်က ငြိမ်းချမ်း ခြင်း၏ သံတမန်သည် စကားမပြောမီတွင် စဉ်းစားသူဖြစ်ရန် လိုအပ်ကြောင်းကို ရှင်ယာကုပ် ၁ : ၁၉တွင် ‘’နားကြားခြင်းငှာ လျှင်မြန်ကြစေ။ စကားပြောခြင်းငှာ လည်းကောင်း အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ” ဟု ဖော်ပြထားသည်။

ရှင်ယာကုပ်သည် ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးသည့် နည်းလမ်းများမှာ နားထောင် မြန်ပါ၊ စကားပြောနှေးပါ၊ ဒေါသထွက်နှေးပါဟု သွန်သင်သတိပေးထားပါသည်။

အဘယ်ကြောင့်ဆိုသော် ပဋိပက္ခအများစု၏ အရင်းအမြစ်မှာ သေချာနားမထောင်တတ်ပဲ အမြန်ပြောတတ်သည့် လျှာကြောင့်ပင်ဖြစ်ပါသည်။
တမန်တော်ဝတ္ထု ၁၅ တွင် အသင်းတော်အတွင်း အငြင်းပွားမှု ဖြစ်ပွားသည့်အခါ ရှင်ယာကုပ် သည် အလျှင်စလို မဆုံးဖြတ်ခဲ့ပေ။ လူတိုင်း၏ စကားကို နားထောင်ခဲ့သည်။ ကျမ်းစာကို ကိုးကား ခဲ့သည်။ ငြိမ်းချမ်းရေးကိုဖြစ်စေသော စကားကို ပြောခဲ့သည်။ ထို့ကြောင့် သူသည် ငြိမ်းချမ်းခြင်းကို တည်ဆောက်သူဖြစ်ခဲ့သည်။ ငြိမ်းချမ်းခြင်း၏ သံတမန်သည် အငြင်းပွားမှုဖြစ်စေသော စကားမပြော ဘဲ ကုသပေးသောစကား၊ တည်ဆောက်ပေးသောစကား၊ ခရစ်တော်၏ မေတ္တာကို ဖော်ပြပေးသော စကားကိုသာ ပြောသူဖြစ်ရပါမည်။ အချုပ်အားဖြင့် လျှာကို ဘုရားသခင်ထံအပ်နှံထိန်းချုပ်ခွင့် ပေးရုံမ က ဘုရားသခင်၏ အလိုတောအတိုင်း ပြောဆိုသော သူ၏စကားများသည် ကွဲပြားခြင်းကို ငြိမ်းစေ သည်။ ဒဏ်ရာနာကျင်မှုများကို ကုပေးသည်။ စိတ်ပျက်သူကို မျှော်လင့်ခြင်းပေးသည်။ လူများကို ခရစ်တော်ထံ ပို့ဆောင်ပေးနိုင်ကြောင်းကို နားလည်ရပါသည်။

(၃) ငြိမ်းချမ်းခြင်း၏ သံတမန်အတွက် တရားမျှတမှုမှာ မျက်နှာမလိုက်ချင်းပင်ဖြစ်သည်။

နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် တာဝန်ထမ်းဆောင်နေသော သံတမာန်တစ်ဦးသည် လက်ခံသူနိုင်ငံတွင်နေထိုင်သော လူတန်းစားအလွှာစုံနှင့် ဆက်ဆံရမည်ဖြစ်ပြီး အာဏာရှိသူ၊ ချမ်း သာသူများကိုသာ မျက်နှာလိုက်ပေါင်းသင်းခြင်း၊ အာဏာမဲ့သူ၊ ဆင်းရဲသူများကို နှိမ့်ချဆက်ဆံခြင်း လုပ်ပိုင်ခွင့်မရှိပေ သံတမန်တစ်ဦး၏ ဘက်လိုက်မှုကင်းပြီး မျှတသော ရပ်တည်ချက်သည် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ဖြောင့်မတ်မှုကို ဖော်ပြခြင်းဖြစ်သည်။

ကောင်းကင်နိုင်ငံတော်ကြီး၏ သံတမန်ဖြစ်သော ရှင်ယာကုပ်က အသင်းတော်နှင့် လူမှုပတ် ဝန်းကျင်ဟူသော မြေဆီလွှာတွင် ငြိမ်းချမ်းခြင်းမျိုးစေ့ကို အမြစ်တွယ်နို်ငရန်အတွက် ‘’လူမျက်နှာ မလိုက်မလိုက်ခြင်း’’ တရားမျှတမှုကို အလွန်အရေးကြီးသော သံတမန် လက္ခဏာအဖြစ်သွန်သင်ခဲ့ သည်။ ရှင်ယာကုပ် ၂ : ၁ - ၄တွင် ဝတ်လုံကောင်းဝတ်ပြီး ရွှေလက်စွပ်စွပ်ထားသည့် သဌေးတစ်ဦး သည် ဝတ်ပြုရာဇရပ်သို့ လာသောအခါ ‘’ ဤနေရာကောင်းမှာ ထိုင်ပါ’’ ဟု နေရာပေးပြီး ညစ်ပေသော အဝတ်ကို ဝတ်ဆင်ထားသည့် ဆင်းရဲသားတစ်ဦး ဝင်လာသောအခါ ‘’ဟိုမှာရပ်နေ၊ ဒါမှမဟုတ် ငါ့ခြေ တင်ခုံအောက်မှာ ထိုင်’’ဟု ဆက်ဆံတတ်ကြသည်။ ထိုအရာကို ယာကုပ်က ဤကဲ့သို့ ပြုမူဆက်ဆံ ခြင်းများသည် ခရစ်တော်ကို ကိုးကွယ်သော ယုံကြည်ခြင်းတရားနှင့် လုံးဝမကိုက်ညီကြောင်း ရှင်း လင်းဖော်ပြထားသည်။ ယုံကြည်သူ ခရစ်ယာန်များသည် လူကို အပြင်ပန်းဖြင့် မဆုံးဖြတ်ရန် ဘုရားသခင် မြင်သကဲ့သို့ မြင်ပြီး လူတိုင်းကို တန်ဖိုးတူညီစွာ ထားရမည်ဟူသောအချက်ကို သွန်သင် ခဲ့ပါသည်။ ငြိမ်းချမ်ခြင်းသည် တရားမျှတခြင်းပေါ်တွင်သာ တည်ဆောက်ရသည်။ လူတစ်ချို့က ရန်ပွဲမရှိလျှင် ငြိမ်းချမ်းသည်ဟု ယူဆကြသည်။ သို့သော် သမ္မာကျမ်းစာက တရားမျှတမှုမရှိသော ငြိမ်းချမ်းရေးသည် စစ်မှန်သော ငြိမ်းချမ်းခြင်း မဟုတ်ကြောင်း သွန်သင်ပါသည်။ လူမျက်နှာကို လိုက်ပြီး တရားမျှတမှု မရှိသောနေရာများတွင် မနာလိုမှုများ ရှိနေတတ်သည်၊ နာကျင်မှုများ ရှိနေတတ်သည်၊ မကျေနပ်မှု များရှိနေတတ်သည်၊ နောက်ဆုံး၌ ကွဲပြားခြင်းဖြစ်လာပါသည်။



ထိုကြောင့် ရှင်ယာကုပ်က တရားမျှတခြင်းကို ဦးစွာတည်ဆောက်ရန် သွန်သင်ခဲ့သည်။ မိမိ၏ အိမ်နီးခြင်းကို ကိုယ်နှင့်အမျှ ချစ်ရန် တိုက်တွန်းခဲ့သည်။ ငြိမ်းချမ်ခြင်း၏ သံတမန်များသည် လူရွေး ပြီးချစ်ခြင်း၊ အကျိုးပြုသူကိုသာချစ်ခြင်း မပြုလုပ်ရဘဲ လူသားအားလုံးကို မေတ္တာတန်းတူထားစွာ ချစ်ခြင်းဖြင့် ဆက်ဆံရမည်ဖြစ်သည်။ ယနေ့အသင်းတော်များတွင် အလှူရှင်ကို ပို၍အလေးပေးခြင်း၊ ရာထူးရှိသူကိုသာ လေးစားခြင်း၊ ဆင်းရဲသူကို လျစ်လျူရှုခြင်း၊ လူမျိုး၊ ဘာသာစကား၊ ပညာရေးအရ၊ ခွဲခြားခြင်းများ ရှိနေမည်ဆိုလျှင် ငြိမ်းချမ်းရေး ပျက်စီးသွားမည်ဖြစ်သည်။

ရှင်ယာကုပ်သည် အသင်းတော်ကို ဦးဆောင်ရာတွင် ဂျူးယုံကြည်သူနှင့် လူမျိုးခြားယုံကြည် သူတို့အကြားတွင် ဖြစ်ပေါ်နေသော ပြဿနာကို ကျမ်းစာအခြေခံပြီး မေတ္တာတရား၊ တရားမျှတမှုနှင့် ဖြေရှင်းပေးခဲ့ပါသည်။ အချုပ်အားဖြင့် ရှင်ယာကုပ်က ငြိမ်းချမ်းခြင်း၏ သံတမန်သည် လူမျက်နှာကို မလိုက်သူ ဖြစ်ရမည်ဟု သွန်သင်ပါသည်။ အဘယ်ကြောင့်ဆိုသော် တရားမျှတမှုမရှိသည့်နေရာတွင် စစ်မှန်သည့် ငြိမ်းချမ်းခြင်းမရရှိနိုင်သောကြောင့်ဖြစ်ပါသည်။

၄။ ငြိမ်းချမ်းခြင်းသံတမန်၏လက်တွေ့လုပ်ဆောင်ချက်မှာအကျင့်ပါသော ယုံကြည်ချက်ဖြစ် သည်။

နိုင်ငံတကာဆက်ဆံရေးမှာ သံတမန်တစ်ဦးသည် မိမိနိုင်ငံရဲ့ မူဝါဒများနှင့်စေတနာ၊ ညွှန်ကြား ချက်များကို စာရွက်ပေါ်တွင် ရေးထားရုံမကဘဲ (သို့ )နှုတ်ဖြင့်ကတိပေးရုံမျှဖြင့် မလုံလောက်ပါ။ စစ်မှန်တဲ့ သံတမန်ကောင်းတစ်ဦးဟာ မိမိနိုင်ငံရဲ့ ကူညီထောက်ပံ့မှု၊ မဟာမိတ်ပြုမှုနှင့်မေတ္တာ ဂရုဏာများကို လက်ခံသူနိုင်ငံ၏ မြေပြင်အခြေအနေမှာ ရံပုံငွေလွှဲအပ်ခြင်းစတဲ့လက်တွေ့လုပ်ဆောင် ချက်တွင်နှင့် သက်သေပြရပါသည်။ ဒါမှနိုင်ငံများအကြားမှာ ယုံကြည်မှုနှင့်ငြိမ်းချမ်းရေးဟာ အစစ် အမှန်ဖြစ်လာနိုင်မှာဖြစ်ပါသည်။

ကောင်းကင်နိုင်ငံရဲ့ သံတမန်ကြီးဖြစ်သည့် ရှင်ယာကုပ်ကလည်း ဝိညာဉ်ရေးရာအသက်တာ တည်းဟူသော “မြေဆီလွှာ” မှာ ဖြောင့်မတ်ခြင်းအသီးတွေ ဝေဆာနိုင်ဖို့အတွက် “အကျင့်ပါတဲ့ ယုံကြည်ခြင်း” ဆိုတဲ့ လုပ်ဆောင်ချက်မျိုးစေ့ကိုကြဲဖို့ နက်နဲစွာ သွင်သင်စိုက်ပျိုးခဲ့ပါသည်။

- ငြိမ်းချမ်းခြင်း၏မျိုးစေ့သည် နှုတ်ကပတ်တော်ဖြစ်သည်။

ရှင်ယာကုပ်ဩဝါဒစာ-၁း၂၁ မှာ “စိုက်ပျိုးသောနှုတ်ကပတ်တရား” ဟုဖော်ပြထားပါသည်။ မျိုးစေ့ ကောင်းကိုကြဲရင် အသီးကောင်းသီးမှာဖြစ်သလို၊ နှုတ်ကပတ်တော်မျိုးစေ့ကြဲလျှင်

(က) ယုံကြည်ခြင်းပေါ်က်လာမည်၊ စိတ်ပြောင်းလဲလာမည်၊

( ခ) ငြိမ်းချမ်းခြင်းဖြစ်လာမည်၊



ငြိမ်းချမ်းခြင်းသည် အပြင်မှလာသည့်အရာမဟုတ်ဘဲ နှလုံးသားပြောင်းလဲခြင်းမှစတင်ခြင်း ဖြစ်ပါသည်။ ယာကုပ်-၁း၂၂မှာ နှုတ်ကပတ်တော်ကို ကြားနာသူသာမဖြစ်ဘဲ၊ လက်တွေ့ကျင့်ဆောင် သောသူလည်းဖြစ်ဖို့ဖော်ပြထားပါသည်။ ငြိမ်းချမ်းခြင်း၏သံတမန်သည် တရားဟောသူ သာမဟုတ် အသက်တာအားဖြင့် လက်တွေ့ကျင့်သူလည်းဖြစ်ရမှာဖြစ်ပါသည်။

ရှင်ယာကုပ်ဩဝါဒစာမှာ- နှုတ်ကပတ်တော်ကို နူးညံ့သိမ်မွေ့တဲ့ နှလုံးသားနှင့်လက်ခံဖို့ တိုက် တွန်းထားပါသည်။ ဘာကြောင့်ဆိုသော် မာနကြီးသော၊ မာကျောတဲ့နှလုံးသားသည် ဆုံးမခြင်းကို လက်မခံပါ၊ ခွင့်မလွှတ်နိုင်ပါ၊ ငြိမ်းချမ်းမှုမရနိုင်ပါ။ နူးညံ့သောနှလုံးသားဖြစ်လျှင် နှုတ်က ပတ်တော်ကို လက်ခံနိုင်ခြင်း၊ ပြောင်းလဲနိုင်ခြင်း၊ ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်စေတာ ဖြစ်ပါသည်။ နှုတ်က ပတ်တော်လက်ခံပြီး အသက်ရှင်တဲ့သူရဲ့အသက်တာမှာ- ချစ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ စိတ်ရှည်ခြင်း၊ နိုမ့်ချ ခြင်း၊ ငြိမ်းချမ်းခြင်းတို့ ပေါ်ထွက်လာပြီး လက်တွေ့လုပ်ဆောင်မှုများဖြင့် သက်သေပြနိုင်မှုဖြစ်ပါ သည်။

ရှင်ယာကုပ်က- ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး(၂)တွင် “ယုံကြည်ခြင်း” နှုတ်ကပဲ ကြွေး ကြော်ပြီး လက်တွေ့အသက်တာမှာ ဘုရား၏ မေတ္တာကိုအကောင်အထည်အဖော်၊ လက်တွေ့ကျင့် ဆောင်မှုမရှိသော ဟန်ဆောင်ယုံကြည်သူများကို ပြင်းထန်စွာဝေဖန်ခဲ့ပါသည်။ သူက ဥပမာတစ်ခု ကိုပေးခဲ့ပါသည်။ ရှင်ယာကုပ်ဩဝါဒစာ-၂း၁၅-၁၇တွင် “အဝတ်မရှိ၊ နေ့တိုင်းစားရမည့်အစာပြတ်လပ် နေတဲ့ ညီအစ်ကိုမောင်နှမတွေကို တွေ့တဲ့အခါ ငြိမ်ဝပ်စွာသွားပါ နွေးကြပါစေ၊ ဝကြပါစေ” လို့ နှုတ်ခမ်းလှပရုံစကားပြောပြီး ကိုခန္ခာလိုအပ်တဲ့အရာကို လက်တွေ့မ ပေးကမ်းဘူးဆိုရင် အဲစကားဟာ အချည်းနှီးဖြစ်သလို အကျင့်မပါတဲ့ ယုံကြည်ခြင်းဟာလဲ အသေဖြစ်ကြောင်း သတ်မှတ်ခဲ့ပါသည်။ ရှင်ယာကုပ်က ယုံကြည်ခြင်းနှင့်အကျင့်ကို ခွဲခြားလို့မရဘဲ၊ စစ် မှန်တဲ့ကောင်းကင်တမန်တစ်ဦးရဲ့ ယုံကြည်ခြင်းဟာ ပတ်ဝန်းကျင်ကို မေတ္တာဂရုဏာပြခြင်း၊ ပေးကမ်းခြင်းဆိုတဲ့ လက်တွေ့အကျင့် မျိုးစေ့အဖြစ် အသက်ရှင်ပြရမယ်လို့ သွန်သင်ခဲ့ပါသည်။ ကွဲပြားနေသောလူအများကြား ငြိမ်းချမ်းရေး ကို လက်တွေ့ တည်ဆောက်ဖို့ဖြစ်ပါသည်။ အချုပ်အားဖြင့် လောကီသားများဟာ ယုံကြည်သူတွေရဲ့ ကျမ်းစာတတ်မှုကို ကြည့်ရှုမှာမဟုတ် ကျွန်ုပ်တို့ရဲ့ နှိမ့်ချခြင်းနှင့် ဂရုဏာရှိခြင်းတည်းဟူသော လက်တွေ့အသီးများကို ကြည့်ပြီး ခရစ်တော်အလိုရှိသော ငြိမ်းချမ်းခြင်း၏သံတမန်ဖြစ်ခြင်းကို အသိ အမှတ်ပြုမယ်ဆိုတာကို နားလည်ရပါသည်။







၅။ ငြိမ်းချမ်းခြင်း၏သံတမန်အတွက် ပန်းတိုင်နှင့်ရလဒ်မှာငြိမ်းချမ်းခြင်း၏မျိုးစေ့ကို ကြဲ၍ ဖြောင့် မတ်ခြင်း၏အသီးအပွင့်ကို သိမ်းဖို့ဖြစ်ပါသည်။
လောကီသံတမန်တစ်ဦးသည် မိမိတာဝန်ကျရာနိုင်ငံတွင် မည်မျှပင်ပန်းဆင်းရဲပါစေ သူ၏ အန္တိမပန်းတိုင်မှာ နိုင်ငံနှစ်ခုအကြား စစ်မက်ကင်းဝေးပြီး ကုန်သွယ်ရေး၊ လူမှုရေးနှင့် နိုင်ငံ့ရေးအရ အပြန်အလှန်အကျိုးပြုမည့် “ငြိမ်းချမ်းရေးစာချုပ်နှင့် သာယာဝပြောမှုအသီးအပွင့်များ” ကို ရိတ်သိမ်း ရန်ပင်ဖြစ်သည်။ သံတမန်တစ်ဦးရဲ့ အောင်မြင်မှုကို သူချန်ရစ်ခဲ့တဲ့ ငြိမ်းချမ်းရေးရလဒ်များ ဖြင့်သာ တိုင်းတာလေ့ရှိပါသည်။
ကောင်းကင်နိုင်ငံရဲ့ သံတမန်ကြီးရှင်ယာကုပ်ကလည်း ဝိညာဉ်ရေးရာအသက်တာ အမှုတော် ဆောင်ခြင်းမှာ အဓိကထားရမည့် အန္တိမပန်းတိုင်နှင့်ရလဒ်ဟာ “ငြိမ်းချမ်းခြင်းမျိုးစေ့ကို တစိုက် မတ်မတ်ကျပြီး ဘုရားပေးတဲ့ ဖြောင့်မတ်ခြင်းအသီးကို ရိတ်သိမ်းရန်” ဖြစ်ကြောင်း သွန်သင်ခဲ့ပါ သည်။
ရှင်ယာကုပ်က ဖြောင့်မတ်ခြင်းအသီးဆိုတာ လူသားတို့ရဲ့ ကိုယ်ပိုင်ကြိုးစားမှု(သို့) ဓမ္မဟောင်း ပညတ်တရားကို အပေါ်ယံ စောင့်ထိန်းမှုကြောင့် ထွက်ပေါ်လာခြင်းမဟုတ်ဘဲ ခရစ်တော်၏သံတ မန်များက ပတ်ဝန်းကျင်မြေဆီလွှာမှာ ခွင့်လွှတ်ခြင်း၊ သက်ညှာခြင်းနှင့် မေတ္တာတရားတည်းဟူ သော ငြိမ်းချမ်းခြင်းမျိုးစေ့ကို စိုက်ပျိုးခြင်းကြောင့် ရရှိလာသောဝိညာဉ်ရေးရာ ရိတ်သိမ်းခြင်းဖြစ် ကြောင်း လေးနက်စွာမီးမောင်းထိုးပြခဲ့ပါသည်။ ရှင်ယာကုပ် -၃၂ တွင် ရှင်ယာကုပ်သည် လောကီဉာဏ်ပညာ နှင့် ဘုရားထံမှလာသော ဉာဏ်ပညာကို နှိုင်းယှဉ်ပြထားသည်။ လောကီပညာ၏ အကျိုးမှာ-မနာလို ခြင်း၊ အငြင်းပွားခြင်းနှင့် ရှုပ်ထွေးခြင်းများဖြစ်ပြီး အထက်မှလာသော ဘုရားသခင်ထံမှလာသော ဉာဏ်ပညာ၏အကျိုးမှာ သန့်ရှင်းခြင်း၊ ငြိမ်းချမ်းခြင်း၊နူးညံ့ခြင်း၊ ဂရုဏာနှင့် ကောင်းသောအသီးများ ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ငြိမ်းချမ်းခြင်း၏သံတမန်သည် လောကီနည်းလမ်းဖြင့်အဟုတ်ဘဲ ဘုရား၏ဉာဏ်ပညာဖြင့် အသက်ရှင်လုပ်ဆောင်ရမည်။ ငြိမ်းချမ်းခြင်းကို ကြဲသူသည် ဖြောင့်မတ်ခြင်း အသီးကို ရိတ်သိမ်းနိုင်သူဘဲဖြစ်ပါသည်။
ရှင်ယာကုပ်ဩဝါဒစာ ၃း၁၈ တွင် “ပြုစုတတ်သောသူ” ဟုပြောထားပါသည်။ ဆိုလိုသည်မှာ ငြိမ်းချမ်းရေးသည် စောင့်နေရုံဖြင့်မရ၊ တည်ဆောက်ရမည်၊ ကြဲရမည်၊ အားထုတ်ရမည်ဖြစ်သည်။ ရှင်ယာကုပ်သည် အဆုံးတိုင်အောင် ငြိမ်းချမ်းခြင်းမျိုးစေ့ကို ကြဲခဲ့သူဖြစ်သည်။ အသင်းတော်သမိုင်း များအရ ရှင်ယာကုပ်သည် ယေရှုကိုငြင်းဆိုရန် ဖိအားပေးခံရသော်လည်း မငြင်းပယ်ခဲ့ပါ။ အမှန်တရား ကို ဆက်လက်ပြောခဲ့ပြီး ခရစ်တော်အပေါ်သစ္စာရှိခဲ့ပါသည်။ အသက်ပေးသည့်အထိ အမှုတော်ကို ထမ်းဆောင်ခဲ့ပါသည်။ ဂျူးဘာသာရေးအစွန်းရောက်တွေက ဗိမာန်တော်ကိုအမိုးပေါ်ခေါ်သွားပြီး သူ့ ကိုတွန်းချခဲ့ကြပြီး ပြုတ်ကျ၍ သူဟာချက်ချင်းမသေဘဲ ဒူးထောက်ကာ “အဖဘုရားသူတို့ပြုသောအမှု
ကို သူတို့မသိကြပါ၊ သူတို့အပြစ်ကိုခွင့်လွှတ်တော်မူပါ” ဟုရန်သူများအတွက် ခွင့်လွှတ်ခြင်းဆုတောင်း တနည်းအားဖြင့် ငြိမ်းချမ်းခြင်းမျိုးစေ့ကို ကြဲနေစဉ်မှာ သူတို့မှကျောက်ခဲများဖြင့်ပေါက်၍ ရှင်ယာကုပ် ၏လူသားဘဝကို နိဂုံးချုပ်စေခဲ့သည်။ သူဟာမိမိ၏အသွေးဖြင့် ခရစ်တော်အတွက်ငြိမ်းချမ်းခြင်း၏ သံတမန်အဖြစ် သစ္စာရှိစွာသက်သေပြ ခဲ့ပါသည်။ သူ၏သေခြင်းသည်ပင် အမုန်းတရားကိုမကြဲ သစ္စာနှင့်ငြိမ်းချမ်းခြင်းမျိုးစေ့ကိုကြဲခဲ့ပါသည်။ သူကြဲခဲ့သောမျိုးစေ့တွင်အားဖြင့် ယနေ့ဖြောင့်မတ်ခြင်း အသီးအပွင့်များအဖြစ် ယုံကြည်သူ များစွာကိုတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ ရှင်ယာကုပ်၏ အသက်တာကို ကြည့်လျှင်-
(က) နှိမ့်ချခြင်းကိုကြဲခဲ့သည်၊
( ခ) နှုတ်ကပတ်တော်ကို ကြဲခဲ့သည်။
( ဂ) တရားမျှတခြင်းကို ကြဲခဲ့သည်။
(ဃ) ကောင်းသောစကားကို ကြဲခဲ့သည်။
( င) ငြိမ်းချမ်းခြင်းကို ကြဲခဲ့သည်။ ထို့ကြောင့် ရှင်ယာကုပ်သည် “ငြိမ်းချမ်းခြင်း၏သံတမန်” ဟုခေါ်ထိုက်သူဖြစ်သည်။ အချုပ်အားဖြင့် ရှင်ယာကုပ်ကဲ့သို့ ငြိမ်းချမ်းခြင်း မျိုးစေ့ကို ကြဲမည်ဆို လျှင် ဘုရား၏ဂတိတော်အတိုင်း ဖြောင့်မတ်ခြင်း၏အသီးကို ရိတ်သိမ်းရမည်ဖြစ်ကြောင်း နားလည်ရပါ သည်။
နိဂုံးချုပ်အနေဖြင့်ပြန်လည်ဖော်ပြရလျှင် ငြိမ်းချမ်းခြင်း၏သံတမန်ဖြစ်သော ရှင်ယာကုပ်၏ အသက်တာ၌
(က) နှိမ့်ချခြင်းဖြင့် သံတမန်၏အရည်အချင်းကိုဖော်ပြခဲ့သည်။
( ခ) လျှာကိုချုပ်တည်းခြင်းဖြင့် သံတမန်၏နှုတ်ကပတ်တော်ဝတ္တရားကို ကျေပွန်ခဲ့သည်။
( ဂ) မျက်နှာမလိုက်ခြင်းဖြင့် တန်းတူတန်ဖိုးထားခြင်း၊ တရားမျှတမှုကို ဖော်ဆောင်ခဲ့သည်။
(ဃ) အကျင့်ပါသောယုံကြည်ခြင်းဖြင့် သံတမန်၏လက်တွေ့လုပ်ဆောင်မှုကို သက်သေပြ
ခဲ့သည်။
( င) ဖြောင့်မတ်ခြင်းမျိုးစေ့ကို ရိတ်သိမ်းခြင်းဖြင့် သံတမန်၏ ပန်းတိုင်နှင့်ရလဒ်ကို ဖော်
ထုတ်ခဲ့သည်။
ယနေ့ကျွန်မတို့ရဲ့အသက်တာထဲမှာလည်း မိမိကျင်လည်ရာမိသားစု၊ အသင်းတော်နှင့် လုပ် ငန်းခွင်များတွင် ရှင်ယာကုပ်ကဲ့သို့ နှိမ့်ချသော အစေခံခြင်း၊ နှုတ်ကပတ်တော်ကို လိုက်လျှောက်ခြင်း၊ တရားမျှတမှုကိုဖော်ဆောင်ခြင်း၊ အကျင့်အားဖြင့်စုံလင်သော ယုံကြည်ခြင်းကို သက်သေပြခြင်း၊ ငြိမ်း ချမ်းခြင်းမျိုးစေ့များကို ကြဲခြင်းဖြင့် ခရစ်တော်အတွက်ငြိမ်းချမ်းခြင်း၏သံတမန်များအဖြင့် ဆက်လက် အသက်ရှင်ဖို့ ဖြစ်ပါသည်။ ထိုကဲ့သို့ အသက်ရှင်ခြင်းဖြင့် ကျွန်မတို့ရဲ့အသက်တာဟာ လူတွေကို ခရစ်
တော်ထံ ပို့ဆောင်ပေးသော ခရစ်တော်အတွက် “ငြိမ်းချမ်းခြင်း၏သံတမန်” ဟုဂုဏ်ပြုခံထိုက်သူများ ဖြစ်လာမည်ဖြစ်ပြီး ဖြောင့်မတ်ခြင်းမျိုးစေ့တွင်ကို ရိတ်သိမ်းနိုင်မည်ဆိုတာ ရှင်ယာကုပ်၏အသက်တာ အားဖြင့် ခွန်အားပေးပါသည်။

ငါတို့သည်အားမလျော့ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။
ဂလာတိ- ၆်း၉

2026 - 2027 Academic Session The Students’ Council 1st Mass Meeting
17/06/2026

2026 - 2027 Academic Session

The Students’ Council

1st Mass Meeting

Union Theological College, in this academic session of 2026 - 2027, has embraced (10) candidates of the committed into h...
12/06/2026

Union Theological College, in this academic session of 2026 - 2027, has embraced (10) candidates of the committed into her family.

In such times of difficulty as this, running the college in a strange land, where she is not supposed to be, is challenging.

Yet His love and grace is greater than any problem or trials.

Say ever more God is great!

(၂၀၂၅ - ၂၀၂၆) ဓမ္မပညာသင်နှစ်၊  ကျောင်းသားကောင်စီ ဟာ မိမိတို့ ကျောင်းပြီးသွားကြပြီးဖြစ်ပေမဲ့ ဆက်လက်သင်ယူကြအုံးမည့် ညီ/ညီမ...
19/03/2026

(၂၀၂၅ - ၂၀၂၆) ဓမ္မပညာသင်နှစ်၊ ကျောင်းသားကောင်စီ ဟာ မိမိတို့ ကျောင်းပြီးသွားကြပြီးဖြစ်ပေမဲ့ ဆက်လက်သင်ယူကြအုံးမည့် ညီ/ညီမငယ် ကျောင်းသူ/သားများ အသုံးပြုရန် စာထုတ်စက် Eason LBP 2900B (Printer) အသစ်စက်စက် စ်လုံးနှင့် စာအုပ်စင် တစ်ခု လှူဒါန်းသွားကြပါတယ်။

ထို့အပြင် ကျောင်းသားကောင်စီရဲ့ ကျန်ရှိနေသေးတဲ့ ငွေသား ကျပ် လေးသိန်းကျော်ကိုလည်း မတ်လ (၁၇)ရက်၊ ၂၀၂၆ခု နေ့မှာ အတွင်းရေးမှူးဟောင်း မမေရီဦးမှ လက်ရှိ ကျောင်းကောင်စီအတွင်းရေးမှူး မောင်ဂီဒေါန်ထံ ပေးကမ်းအပ်နှံလိုက်ပါတယ်။

ခက်ခဲတဲ့ကာလမို့ဆိုတာ အကြောင်းပြချက် ဟုတ်မနေသင့်တော့ပါဘူး။ ဘယ်အရာ၊ ဘာလုပ်လုပ် “ခက်ခဲ့တဲ့ကာလ” မို့ဆိုတာ ကျန်ခဲ့သင့်ပါပြီ။ ရှေ့ဆက် မည်သို့ ကျော်ဖြတ်လျှောက်လှမ်းရမည်ကိုသာ တွေးတော ရှာကြံ လျှောက်လှမ်းရပေမည်။

ပညာသင်ကြားစဉ်မှာပင် ဓမ္မပညာတိုက်ကျွေးသော မိခင်ကျောင်းတော်ကြီးအား တန်ပြန်ကျေးဇူးပြုတဲ့ ကျောင်းသူ/သားဟောင်းများအတွက် ဂုဏ်ယူစရာ။

ကျင့်အပ်တဲ့ အမှုဖြစ်သလို အတုယူ အတတ်သင် ရမည့်အမှုဖြစ်တယ်။

ကျောင်းတော်ကြီးအနေဖြင့် ရှေ့ဆက်အနာဂါတ်တလျှောက် အောင်မြင်မှုအဖြာဖြာနဲ့ ခရီးလမ်း ဖြောင့်ဖြူးကြပါစေကြောင်း ဆုတောင်းမေတ္တာပြုအပ်ပါသည်။

Address

Mindat Road
Matupi

Telephone

+95943025685

Website

Alerts

Be the first to know and let us send you an email when Union Theological College, Matupi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Union Theological College, Matupi:

Shortcuts

Share