Mawlamyine Students' Union

Mawlamyine Students' Union MLM SU

အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံမပြုလုပ်ရန် မွန်ပြည်သစ်ပါတီသို့ တောင်းဆိုသည့်အိတ်ဖွင့်ပေးစာ #မော်လမ...
16/09/2022

အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံမပြုလုပ်ရန် မွန်ပြည်သစ်ပါတီသို့ တောင်းဆိုသည့်အိတ်ဖွင့်ပေးစာ

#မော်လမြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ
#ပြနိကြားရေးတာဝန်ခံ

တော်လှန်သင်္ကြန်  အတွက် မော်လမြိုင်မြို့တွင်လက်ကမ်းစာများအား Justice - Guerrilla Force မြို့ပြပြောက်ကျားတော်လှန်အင်အားစု...
17/04/2022

တော်လှန်သင်္ကြန် အတွက် မော်လမြိုင်မြို့တွင်လက်ကမ်းစာများအား Justice - Guerrilla Force
မြို့ပြပြောက်ကျားတော်လှန်အင်အားစုမှ ပူးပေါင်းဆောင်ရွက်၍ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါသည်။ အကြို၊အကျ၊အကြတ်၊အတက် လေးရက်လုံး စည်းလုံးညီညာစွာဖြင့် သပိတ်မှောက်ခဲ့ကြသောပြည်သူများအား ဂုဏ်ယူလေးစားပါသည်။ ယနေ့ နှစ်ဆန်းတစ်ရက်နေ့သည် မွန်ပြည်နယ်တွင် နောက်ဆုံးတစ်ရက်ဖြစ်သည့် အတွက်
ဆက်လက်၍ စည်းလုံးကြပါဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။
#မော်လမြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ
ကူညီဆောင်ရွက်ပေးခဲ့ပါသော Justice-Guerrilla Force မြို့ပြပြောက်ကျားတော်လှန်အင်အားစု အား ကျေးဇူးအထူးတင်ပါသည်။

" ဖက်ဆစ်လည်းဖြို နှစ်သစ်လည်းကြို " "ရေမပက်နဲ့ တပ်ဖျက်" "ဖက်ဆစ်မဏ္ဍာပ် ရေမပက်နဲ့" "နှစ်သစ်လည်းပြောင်း တပ်လည်းဟောင်းလောင်း...
12/04/2022

" ဖက်ဆစ်လည်းဖြို နှစ်သစ်လည်းကြို "

"ရေမပက်နဲ့ တပ်ဖျက်"

"ဖက်ဆစ်မဏ္ဍာပ် ရေမပက်နဲ့"

"နှစ်သစ်လည်းပြောင်း တပ်လည်းဟောင်းလောင်း"

"သင်္ကြန်လည်းကျ တပ်လည်းကျ"

"သင်္ကြန်လည်းတက် တပ်လည်းပျက်"

"နှစ်သစ်လည်းကူး တပ်လည်းရူး"

" ပက်မယ့်ရေတွေထဲ သေသေချာချာကြည့်
ပြည်သူ့ကျောင်းသားသွေးတွေ ပါနေသလား ..."

"တစ္ဆေဘီးလူးတွေက စားရရုံသာ လူသတ်ကြတာ၊
တို့တွေက လူ့သွေးတွေနဲ့ ရေကစားကြမလို့လား "

#မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂ
'_Union (MSSU)

မိဘပြည်သူများသို့ နှိုး​ဆော်တိုက်တွန်းလွှာ မြန်မာသက္ကရာဇ် - ၁၃၈၃ခုနှစ်၊ တန်ခူးလဆန်း (၁၀)ရက်၊ တနင်္ဂနွေနေ့ခရစ်နှစ် - ၂၀၂၂...
10/04/2022

မိဘပြည်သူများသို့ နှိုး​ဆော်တိုက်တွန်းလွှာ

မြန်မာသက္ကရာဇ် - ၁၃၈၃ခုနှစ်၊ တန်ခူးလဆန်း (၁၀)ရက်၊ တနင်္ဂနွေနေ့
ခရစ်နှစ် - ၂၀၂၂ခုနှစ် ၊ ဧပြီလ (၁၀)ရက်

၁။ မြန််မာသက္ကရာဇ် .၁၃၈၃ခုနှစ်မှ ၁၃၈၄ခုနှစ် သို့ ကူး​ပြောင်းသည့်အချိန်ကာလဖြစ်သည့် မြန်မာ့နှစ်သစ်ကူးအချိန်သမယသည် မကြာခင်ကျ​ရောက်​တော့မည်ဖြစ်သည်။

၂။ အတာသင်္ကြန်ကျသည့် အချိန်သမယတွင် မြန်မာလူမျိုးများသည် မြန််မာ့ဓ​လေ့အယူအဆအရ မိမိတို့၏ နှစ်​​ဟောင်းမှ စိတ်အညစ်အ​ကြေးများကို ​နှစ်သစ်သို့ ဆေး​ကြောသန့်စင်သည့်အမှတ်သညာ သ​ဘောအားဖြင့် ​ရေကစားခြင်းများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

၃။ သို့​သော် ယခုအခါအချိန်တွင် နိုင်ငံအဝန်းပြည်သူအသီးသီးကို ​ရက်စက်စွာသတ်ဖြတ်၍လည်း​ကောင်း၊ အိုးအိမ်များကို မီးရှို့၍လည်း​ကောင်း၊ က​​လေးသူငယ်များပါမကျန် ဖမ်းဆီးနှိပ်စက်မှုပြု​နေသည့် အကြမ်းဖက်စစ်​ကောင်စီသည် အတာကူး​ပြောင်းသည့်အခါသမယကို အခွင့်​ကောင်းယူလျက် ၄င်းတို့၏ လူမဆန်သည့်လုပ်ရပ်များကို ပြည်သူများအကြား ​​သေးသိမ်မှုရှိ​စေရန်၊ အမှန်တရားအားမျက်ကွယ်ပြု​နေသည်ကို သိရှိ၍တွန်းလှန်​နေ​သော ပြည်သူများ၏ ဆန္ဒကို အ​ပျော်အပါးပွဲသဘင်များဖြင့် ဖုံးကွယ်ရန်နှင့် ၄င်းတို့၏ ဖက်ဆစ်စရိုက်ဆန်ဆန်လုပ်ရပ်များကို ​ထေကာမိ​စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်အခါသမယ၏ အနှစ်သာရကို ​မှေးမှိန်​ဖျော့​တော့​စေမည့် ရေကစားမဏ္ဍာပ်များပြုလုပ်ပြီး လာ​ရောက်​ပျော်ပါးကစားရန် ​​ဆော်သြလှုံ့​ဆော် ကြိုးပမ်းလျက်ရှိသည်။

၄။ တချိန်တည်းတွင်ပင်လျှင် အကြမ်းဖက်စစ်​ကောင်စီသည် မြန်မာနိုင်ငံအနှံ ပြည်သူများ၏ ဘဝအိုးအိမ်စည်းစိမ်များကို ပျက်စီး​စေလျက် နိုင်ငံတကာအလယ်တွင် မျက်နှာ​ကောင်းရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။ ပြည်သူ့ခုခံ​​တော်လှန်​ရေးအင်အားစုအသီးသီးနှင့် ​ထောက်ခံအား​ပေးဝန်းရံသူပြည်သူများအကြားတွင် အချင်းချင်း​သွေးထိုးလှုံ့​ဆော် ​သွေးခွဲကာ ၄င်းတို့အုပ်ချုပ်မှုအာဏာတည်မြဲရန် ကြိုးပမ်းလျက်ရှိသည်။

၅။ ကမ္ဘာ့ကပ်​ရောဂါနှင့် နိုင်ငံ​ရေးအ​ခြေအ​နေများ​ကြောင့် ပြည်သူလူထု၏ စီးပွား​ရေး၊ လူမှု​ရေး၊ ကျန်းမာ​ရေး အစရှိသည့် လူမှုဘဝလုံခြုံ​ရေးဆိုင်ရာ အကျပ်အတည်းများတိုးပွားလာ​နေမှုကို အကြမ်းဖက်စစ်​ကောင်စီသည် အကာအကွယ်ယူလျက် ပြည်သူ့ခုခံ​တော်လှန်​ရေးကို အား​ပျော့​လေးဖင့်​နှောင့်​နှေး​စေရန် ကြိုးပမ်းအားထုတ်​နေသည်ကို ပြည်သူအများသိရှိကြပြီလည်းဖြစ်သည်။ ယင်းကဲ့သို့ အကြမ်းဖက်စစ်​ကောင်စီ၏ လူသားလုံခြုံမှုကို ပဓါနမထားဘဲ ​​မိမိတို့ကိုယ်ကျိုးကိုသာ ကြည့်၍ ရည်ရွယ်ချက်ရှိရှိဖြင့် ​ဆောင်ရွက်မှုများ​ကြောင့် ပြည်သူများ၏ အသက်ဘဝများကို ဆုံးရှုံးနစ်နာ​စေခဲ့မှုများစွာရှိခဲ့ပြီဖြစ်သည်။

၆။ အတိဒုက္ခ​ရောက်လျက်ရှိ​သော နိုင်ငံအဝန်း ​ဒေသအရပ်ရပ်ရှိ ပြည်သူများ၊ ​နွေဦး​တော်လှန်​ရေးတွင်သာမက​ ခေတ်အဆက်ဆက် အာဏာရှင်စနစ်​တော်လှန်​ရေးတွင် အသက်​​သွေး​ချွေးတို့ဖြင့် ​ပေးဆပ်ခဲ့ကြ၊ ကျဆုံးခဲ့ရ​သော ​ကျောင်းသား၊ပြည်သူအ​ပေါင်းတို့၏ ​ပေးဆပ်အနစ်နာခံမှုတို့အား ယုံကြည်အပ်နှံ​လေးစား​သောအားဖြင့် မိမိတို့၏ လူသားဖြစ်တည်မှု လူမှုဘဝလုံခြုံမှုအားပင်လျှင် အကာအကွယ်မ​ပေးနိုင်သည့် အကြမ်းဖက်စစ်​ကောင်စီ၏ ​ရေကစားမဏ္ဍာပ်များတွင် လှည့်လည်သွားလာ ရေကစားခြင်းများ မပြုလုပ်ကြရန်၊ လူစုလူ​ဝေးများဖြင့် သွားလာ​ပျော်ပါး ​ရေကစားခြင်းများ မပြုလုပ်ကြရန်နှင့် အာဏာရှင်စနစ်ကျဆုံး​ရေး ​ပြည်သူ့​တော်လှန်​ရေးတွင် ပူး​ပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါသည်။

"​ကျောင်းသားပြည်သူ့အသက်​သွေး
ဖက်ဆစ်ရေနှင့် မ​​ဆေးကြေး"

#မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂ
'_Union (MSSU)

ဖေဖော်ဝါရီလ(၁၂)ရက်နေ့ကို ''မော်လမြိုင်တက္ကသိုလ် အရေးတော်ပုံနေ့" အဖြစ်သတ်မှတ်ကြောင်း ကြေညာချက်  #မော်လမြိုင်မြို့နယ်ကျောင...
14/02/2022

ဖေဖော်ဝါရီလ(၁၂)ရက်နေ့ကို ''မော်လမြိုင်တက္ကသိုလ် အရေးတော်ပုံနေ့" အဖြစ်သတ်မှတ်ကြောင်း ကြေညာချက်
#မော်လမြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ
#ပြန်ကြားရေး

To: General Secretary United NationsSubject: Request to Designate “No-Fly Zone” nationwide in Myanmar In Myanmar, the te...
25/12/2021

To:
General Secretary
United Nations

Subject: Request to Designate “No-Fly Zone” nationwide in Myanmar

In Myanmar, the terrorist military overthrew the civilian government and staged a coup d’e tat in February. The people’s mass protests have been viciously cracked down by the terrorist military, injuring and killing many people.

At present, the people of Burma, with the rights to defend ourselves, are revolting all throughout the country against the military which has been ruling with violence for more than 70 years by means of arms. Ethnic organizations which have been fighting against oppression for years are now facilitating the revolution as well.

Currently, the terrorist military is committing severe violations of human rights and crimes against humanity, such as arresting and torturing innocent civilians in villages and towns all over the country; using them as prisoners of war; making them into human shields; looting and destroying the properties of people; burning down entire villages and towns; torturing, carrying out mass killings and burying groups of innocent people; burning people to death; ra**ng women and so on.

Moreover, across the country, the terrorist military is continuously conducting aerial bombing attacks on places resided by innocent civilians. On the day before yesterday, the terrorist military council attacked with aerial bombings on innocent civilians in Kale, Sagaing Division and in Lay Kay Kaw Myothit, Karen State.
Therefore, we, the Students’ Unions, support the following demands in order to stop the terrorist military from killing innocent people, committing crimes and violating human rights.

1. We, the Students' Unions, support the statement of the KNU (the Karen National Union) issued on December 20. We also call for the United Nations to quickly respond to ​the request numbered 5(b) in the KNU’s statement.

2. At present, because of the military’s excessive use of air strikes, lots of innocent people are losing their lives and are suffering the agony of war. In addition, many homes of the people are being destroyed. Accordingly, we urgently request for the nationwide designation of No-fly Zone in Myanmar.

Students' Unions

သို့အထွေထွေအတွင်းရေးမှူးချုပ်ကုလသမဂ္ဂအဖွဲ့ချုပ်အကြောင်းအရာ။ ။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် No-flight Zone သတ်မှတ်...
25/12/2021

သို့
အထွေထွေအတွင်းရေးမှူးချုပ်
ကုလသမဂ္ဂအဖွဲ့ချုပ်

အကြောင်းအရာ။ ။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် No-flight Zone သတ်မှတ်ပေးရန်တောင်းဆိုခြင်း

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ၌ အကြမ်းဖက်စစ်တပ်မှ ဒီမိုက‌ရေစီအစိုးရကို ဖြုတ်ချအာဏာသိမ်းယူခဲ့ပါသည်။ ပြည်သူများတခဲနက်ဆန့်ကျင်ဆန္ဒပြမှုများကိုလည်း အကြမ်းဖက်စစ်တပ်မှ ရက်စက်စွာအကြမ်းဖက်ဖြိုခွင်းခဲ့၍ လူပေါင်းများစွာဒဏ်ရာရအသက်ဆုံးရှုံးခဲ့ပါသည်။
ယခုလက်ရှိတွင် မြန်မာပြည်သူများသည် နိုင်ငံအနှံအပြားတွင် နှစ်ပေါင်း(၇၀)ကျော်ကြာ လက်နက်အားကိုးဖြင့် အကြမ်းဖက်အုပ်ချုပ်ခဲ့သောစစ်တပ်‌အား မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ဖြင့် တော်လှန်နေကြရပါသည်။ နှစ်ပေါင်းများစွာဖိနှိပ်အနိုင်ကျင့်မှုကိုတွန်းလှန်နေသော တိုင်းရင်းသားအဖွဲ့အစည်းများမှလည်း တော်လှန်ရေးတွင် ပူးပေါင်းကူညီပါဝင်နေကြပြီဖြစ်ပါသည်။
လက်ရှိတွင်လည်း အကြမ်းဖက်စစ်တပ်သည် နိုင်ငံအနှံ့ရှိရွာများ၊ မြို့များတွင် အပြစ်မဲ့ပြည်သူများကို မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ စစ်သုံ့ပန်းအဖြစ်အသုံးချခြင်း၊ လူသားတံတိုင်းပြုလုပ်ခြင်း၊ ပြည်သူ့ပိုင်ဆိုင်မှုများ ခိုးယူဖျက်စီးခြင်း၊ ရွာလုံးကျွတ်မြို့လုံးကျွတ်မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူအုပ်စုလိုက်အား နှိပ်စက်သတ်ဖြတ်မြေမြှုပ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကိုအဓမ္မပြုကျင့်ခြင်း စသည့် ဆိုးဝါးပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိပါသည်။
ထို့ပြင် နိုင်ငံအနှံ့အပြားတွင်လည်း အကြမ်းဖက်စစ်တပ်သည် အပြစ်မဲ့ပြည်သူများနေထိုင်သည့်နေရာများကို ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခြင်းများကိုလည်း ဆက်တိုက်ပြုလုပ်နေပါသည်။ယမန်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တို့တွင် အကြမ်းဖက်စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူများအပေါ် ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ပြုလုပ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်တပ်သည် အပြစ်မဲ့ပြည်သူများအပေါ် သတ်ဖြတ်မှု၊ ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ မပြုလုပ်နိုင်စေရန်အတွက် အောက်ပါအချက်များအား ထောက်ခံတောင်းဆိုပါသည်။

၁။ ဒီဇင်ဘာ(၂၀)ရက်နေ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ကြေငြာချက်အား ကျွန်ုပ်တို့ကျောင်းသားသမဂ္ဂများမှ ထောက်ခံပါသည်။ တောင်းဆိုချက်(ခ)ပါအချက်အား လည်း ကုလသမဂ္ဂအဖွဲ့ချုပ်မှ အမြန်ဆုံးဆောင်ရွက်ပေးရန် တောင်းဆိုပါသည်။

၂။ ‌ယခုအချိန်တွင် မြန်မာတစ်နိုင်ငံလုံးနီးပါး စစ်တပ်၏ အကြမ်းဖက်ထိုးစစ်ဆင်မှုများတွင် လေကြောင်းတိုက်ခိုက်မှုများအလွန်အသုံးပြု‌​ေသာကြောင့် အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးခြင်း၊ စစ်ဘေးဒုက္ခရောက်ခြင်းတို့ ခံစားနေရပါသည်။ ထို့အပြင် ပြည်သူ့အိုးအိမ်များစွာ အဖျက်ဆီးခံရပါသည်။ သို့ဖြစ်ပါ၍ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စစ်ဘက်ဆိုင်ရာလေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် တောင်းဆိုအပ်ပါသည်။

#ပြန်ကြားရေး
#‌မော်လမြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ

ကျောင်းသားနေ့(၈၃)နှစ်မြောက် ကျောင်းသားနေ့ (တနည်း) ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ကျဆုံးသည့်နေ့---------------မြန်မာ့...
20/12/2021

ကျောင်းသားနေ့

(၈၃)နှစ်မြောက် ကျောင်းသားနေ့ (တနည်း) ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ကျဆုံးသည့်နေ့
---------------
မြန်မာ့ကျောင်းသားနေ့ဟာ ဒီဇင်ဘာလ ၂ဝ ရက်နေ့ဖြစ်သည်။ ထိုနေ့သည် ၁၉၃၈ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့၍ ဖြစ်ပေါ်လာပုံမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ကျောင်းသားများသည် ဗြိတိသျှအစိုးရလက်အောက်တွင် အခါအခွင့်သင့်တိုင်း လွတ်လပ်ရေးအတွက် ဆန္ဒပြခြင်း၊ တောင်းဆိုခြင်း၊ ကြွေးကြော်ခြင်းများကို ပြုခဲ့ကြသည်။ ထို ၁၉၃၈ ခုနှစ်မှာ ဝန်ကြီးချုပ် ဒေါက်တာဘမော် ခေါင်းဆောင်သော ညွန့်ပေါင်းအစိုးရလက်ထက် ဖြစ်လေသည်။ ထိုနှစ် နိုဝင်ဘာလ ၃ဝ ရက် (သက္ကရာဇ် ၁၃ဝဝ ပြည့်နှစ် နတ်တော်လဆန်း ၉ ရက်) နေ့တွင် ရေနံမြေသပိတ်ကြီး ပေါ်ပေါက်ခဲ့၏။

သပိတ်သမား ၁၂ဝဝ ကျော်တို့သည် အရေး ဆိုရန် ရန်ကုန်မြို့သို့ ခြေလျင်ချီတက်ခဲ့ရာ၊ မကွေးသို့ ရောက် လာကြသည်။ မကွေးတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုဘဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေတို့ ရေနံချောင်း ကျောင်းသားသပိတ်ကိစ္စအတွက် ရောက်နေကြ သည်နှင့် ကြုံကြိုက်နေသည်။ အမျိုးသားအရေးဖြစ်၍ ထိုကျောင်းသားခေါင်းဆောင် ၂ ဦးက ရေနံမြေသပိတ် ကိစ္စတွင် ကူညီတရားဟောရာ၊ အစိုးရက ဖမ်းဆီးလိုက်၏။

ထို့ကြောင့် ရန်ကုန်မြို့လုံးဆိုင်ရာ ကျောင်းသား ကိုယ်စားလှယ်များသည်၎င်း၊ တက္ကသိုလ်သမဂ္ဂသည်၎င်း၊ အစည်းအဝေးများကျင်းပကာ မိမိတို့ခေါင်းဆောင်များ အဖမ်း ခံရသည်ကို ကန့်ကွက်သောအနေဖြင့် မြန်မာနိုင်ငံ ကျောင်းသား အားလုံးက ၃ ရက် သပိတ်မှောက်ပေးရန် ဆုံးဖြတ်ကြသည်။၁၃ဝဝ ပြည့် အရေးတော်ပုံတွင် ကိုအောင်ကျော်သည် ကျောင်းသားသမဂ္ဂ အမှုဆောင် အဖွဲ့တွင် ပါဝင်သည့်အလျောက် အရေးတော်ပုံ အတွက် အစီအစဉ်များဖြင့် မအားမလပ် ဖြစ်နေလေသည်။

ရေနံမြေသပိတ်သမားများအား ဆူပူအောင် လှုံ့ဆော်ရေး တရားဟောမှုဖြင့် တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့အား အစိုးရက ဖမ်းဆီးလိုက်သောအခါ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်၊ မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ် နတ်တော်လဆုတ် (ရ)ရက်နေ့ ညဉ့်တွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂအသင်းတိုက်၌ ကိုအောင်ကျော်အပါအဝင် သမဂ္ဂအမှုဆောင်အဖွဲ့က ရန်ကုန်နှင့် မကွေး၌ အစိုးရက ထုတ်ထားသော ပုဒ်မ ၁၄၄ ရုပ်သိမ်းရန်နှင့် ဖမ်းဆီးထားသော ကျောင်းသားခေါင်းဆောင်များကို အမြန်လွှတ်ရန် အစိုးရထံ တောင်းဖို့ ဆုံးဖြတ်ချက် ချကြသည်။

သို့ရာတွင် တောင်း ဆိုချက်များမရရှိသည့်အတွက် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကျောင်း ပေါင်းစုံမှ ကျောင်းသားများနှင့် မြို့မကျောင်းသားများ သည် မြို့မ အထက်တန်းကျောင်း၊ ရန်ကုန် ဝင်းအတွင်း စုရုံးပြီးနောက် ပုဒ်မ ၁၄၄ ကန့်ကွက်သည့်အနေနှင့် စီတန်းလမ်းလျှောက် ဆန္ဒပြကြရာ ကိုအောင်ကျော်က ကြွေးကြော်သံများကို ရှေ့မှတိုင်၍ လိုက်ရသည်။ ထို့ပြင် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ရန်ကုန်မြို့လုံး ဆိုင်ရာ ကျောင်းသားများ စုပေါင်း၍၊ ရန်ကုန်မြို့ အတွင်းဝန် များ ရုံးကြီးကို ဝိုင်းကာ ဝင်ပေါက်ထွက်ပေါက်ကို ပိတ်လျက် သပိတ်တားကြ၏။ နံနက် ၁၁ နာရီ အချိန်တွင် သပိတ်တား ပြီး၍ ပြန်ကြရန် လူစုပြီး ရုံးကြီးကိုလှည့်ပတ် ကြွေးကြော်ကြ သည်။

ထိုသို့ကြွေးကြော်သော ကျောင်းသားများကို စပတ်လမ်း နှင့် ဖရေဇာလမ်းထောင့်တွင် မြင်းစီးပုလိပ်များက မြင်းနှင့် တိုက်၊ တုတ်နှင့်ရိုက်လေသည်။ ကျောင်းသားကျောင်းသူ အများ အပြားပင် ဒဏ်ရာရရှိကြသည်။ ကျောင်းသားခေါင်း ဆောင် ၁ ဦး ဖြစ်သော ယုဒသန်ကောလိပ် ဥပစာအထက်တန်းမှ ကိုအောင်ကျော်မှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းစွာရ၍ ကွယ်လွန် သွားရှာလေ၏။

ကွယ်လွန်ကြောင်းသိသည်နှင့် မိဘဆွေမျိုးများဝမ်းနည်း ကြေကွဲစွာ ရောက်ရှိလာကာ အလောင်းကို ဇာတိချက်မြေသို့ ယူခွင့်ပြုရန်တောင်း သော်လည်း ကျောင်းသားများ၏ဆန္ဒအရ ရန်ကုန်မြို့တွင်ပင် ခုနစ်ရက် ထားပြီးလျှင် ပြာသိုလဆန်း ၈ ရက်နေ့တွင် ဂူသွင်းသင်္ဂြိုဟ်ရာ မကြုံစဖူး အထူးစည်ကား သိုက် မြိုက်လှလေသည်။ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် သွေးမြေကျခဲ့ရသည့် အစိုးရ၏ အပြုအမူကို ကန့်ကွက် သည့် အနေဖြင့် မြို့မ-ဦးဘလွင် သည် လွှတ်တော်အမတ် အဖြစ်မှ နုတ် ထွက်ခဲ့သည်။ ကေအိုင်အိချ်ဘွဲ့ကိုလည်း အစိုးထံ ပြန်လည် ပေးအပ်ခဲ့သည်။

ကိုအောင်ကျော်၏ဂူကို ကြံတောသုဿာန်ရှိ နိုင်ငံရေးခေါင်းဆောင်ကြီး ဦးထွန်းရှိန်ဂူနှင့်ယှဉ်၍ သီးသန့် ပြုလုပ်ထားလေသည်။ မြန်မာတစ်နိုင်ငံလုံး လည်း ဝမ်းနည်းကြေ ကွဲသောအထိမ်းအမှတ်ဖြင့် တစ်ချိန်တည်းလိုပင် ဆွမ်းသွတ် အမျှဝေခြင်းပြုကြသည်။ အာဇာနည်ကိုအောင်ကျော်အကြောင်း ဖွဲ့နွဲ့စပ်ဆိုသော သီချင်းများလည်း အတော်များများ ပေါ်ပေါက် ခဲ့လေသည်။

ထိုအခါ ကျောင်းသားလောကနှင့်တကွ တစ်နိုင်ငံလုံး သိမ့်သိမ့်တုန်အောင် လှုပ်ရှားကာ အမျိုးသားစိတ် ဓာတ်များ အလွန်တက်ကြွလာကြသည်။ ကိုအောင်ကျော်ကိုလည်း တိုင်းပြည်လူထုက 'နေမျိုးသီဟသူရ'ဘွဲ့ဖြင့် ခြီးမြှောက်သည်။ သူ၏ဈာပနမှာလည်း မကြုံဘူးအောင် အထူးစည်းကားလှ လေသည်။ ဤသို့ ကျောင်းသားနှင့် လူထု၏ အမျိုးသားစိတ်ဓာတ် တော်လှန်ရေးစိတ်ဓာတ်တို့ကို တိုးတက်ဖြစ်ပေါ်စေခဲ့သော ဒီဇင်ဘာလ ၂ဝ ရက်နေ့ကို အမှတ်တရ ဖြစ်စေရန်၊ 'ကျောင်းသားနေ့'ဟု သတ်မှတ်ခဲ့ကြ၏။ ကျဆုံးရှာသော ကိုအောင်ကျော်ကို ဂုဏ်ပြုသောအားဖြင့် 'ဗိုလ်အောင်ကျော်နေ့' ဟုလည်း တွင်သည်။

- Internet

#ပြန်ကြားရေး
#မော်လမြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ

"ငါတို့မြို့ကို ငါတို့ပိုင်တယ်။ ငါတို့ငြိမ်ချင် ငြိမ်မယ်။ ငါတို့ လှုပ်ချင်လှုပ်မယ်။"ဒါဟာ အသံတိတ်သပိတ် (Silent Strike) ရဲ...
05/12/2021

"ငါတို့မြို့ကို ငါတို့ပိုင်တယ်။ ငါတို့ငြိမ်ချင် ငြိမ်မယ်။ ငါတို့ လှုပ်ချင်လှုပ်မယ်။"

ဒါဟာ အသံတိတ်သပိတ် (Silent Strike) ရဲ့ အဓိက အနှစ်သာရပဲ ဖြစ်ပါတယ်။

သမိုင်းကြောင်းတလျှောက်လုံး တောင်းဆိုနေခဲ့၊ နေဆဲဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ လူ့အခွင့်အရေးတွေဟာ ဒီနေ့ဒီချိန်ထိ ပျောက်ဆုံးနေရဆဲပါပဲ။ ဒီနေ့ရဲ့ တော်လှန်ရေးမှာ အထင်ရှားဆုံးအနေနဲ့ ကိုယ့်ဆန္ဒကိုယ် လွတ်လပ်စွာထုတ်ဖော်နေကြတဲ့ ပြည်သူတွေဟာ အသက်ပေး အဖိနှိပ်ခံနေရသေးတာဟာ အင်မတန်မှ တုန်လှုပ်နာကြည်းစရာကောင်းတဲ့ အမှန်တရားပါပဲ။

အခုလာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့ဟာ “ကမ္ဘာ့ လူ့အခွင့်အရေးနေ့” ဖြစ်ပါတယ်။ ၁၉၉၁ ခု၊ ဒီဇင်ဘာ (၁၀) ရက်နေ့ (10 D) မှာ အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့အပြင် (နဝတ) စစ်အာဏာရှင်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ထိုနှစ်ရဲ့ “ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်” ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့အတွက် ရန်ကုန်မြို့မှာ ကျောင်းသားလူငယ်တွေက ဆန္ဒထုတ်ဖော်၊ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ထုံးစံအတိုင်း စစ်အာဏာရှင်တွေကတော့ လက်နက်အားကိုး၊ အကြမ်းဖက်ဖြိုခွဲခဲ့ကာ ကျောင်းသားလူငယ်ပေါင်း ရာနဲ့ချီဖမ်းဆီးခံခဲ့ကြရပါတယ်။ ဒီ (10 D) လှုပ်ရှားမှုဟာ အာဏာရှင်ဆန့်ကျင်ရေး မြန်မာ့သမိုင်းမှာ အထင်ကရဖြစ်ရပ်တစ်ခုအဖြစ် သမိုင်းမှတ်တမ်းတင်ပြီး ဖြစ်ပါတယ်။

ယနေ့အချိန်ထိ ချိုးဖောက်ခံနေရတဲ့ ကျွန်တော်တို့ရဲ့ လူ့အခွင့်ရေးအတွက်၊ ကျွန်တော်တို့ကို ဖိနှိပ်ထားတဲ့ အကြောက်တရားတွေကို တွန်းလှန်ဖို့အတွက် လာမယ့် ၁၀-၁၂-၂၀၂၁ မှာ တိတ်ဆိတ်မှုနဲ့ တော်လှန်မယ့် Silent Strike - တိတ်ဆိတ်ငြိမ်သက်ခြင်းပိတ်" ပြုလုပ်ကြမှာဖြစ်ပါတယ်။

ဘာ တွေလုပ်ကြမလဲ...။
- ၁၀ ရက် နေ့ (မနက် ၁၀ နာရီ မှ ည နေ ၄ နာရီအထိ) ကားမရှိ၊ လူမရှိ၊ စျေးတွေမဖွင့်၊ ဆိုင် တွေမဖွင့်ပဲ နေကြမယ်။
- "လူ့အခွင့်အရေးမရှိ ၊ အလုပ်သမားအခွင့်အရေး မရှိ လွတ်လပ်ခွင့်မရှိ အ မှောင်အတိ ၊ ဝမ်းနည်းစရာ အဖြစ်အပျက်တွေနဲ့ ငါတို့ ဘဝတွေကို ကိုယ်စားပြုတဲ့" အနက်ရောင် အဝတ်အစားကို ဝတ်ဆင်သုံးစွဲပြီး အာဏာရှင်ဆန့်ကျင် " တော်လှန်"ရေး အထိမ်းအမှတ် လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မျှဝေဖော်ထုတ်ကြမယ်။

"ဆိတ်သုဥ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ"

တိတ်ဆိတ်ခြင်းရဲ့ အကျယ် လောင်ဆုံး ဟစ် ကြွေးသံကို အာဏာရူး တွေ ဆက်ဆက်ကြား စေရမယ်။
Silence shall be our loudest WAR CRY!







#ပြန်ကြားရေး
#မော်လမြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ

ဒီနေ့ မနက် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ ရန်ကုန်လူထုသပိတ်ကို အလေးပြုဦးညွတ်ပါတယ်။လမ်းမတွေပေါ်က သပိတ်စစ်ကြောင်းများကို ဖြို...
05/12/2021

ဒီနေ့ မနက် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ ရန်ကုန်လူထုသပိတ်ကို အလေးပြုဦးညွတ်ပါတယ်။

လမ်းမတွေပေါ်က သပိတ်စစ်ကြောင်းများကို ဖြိုခွင်းနိုင်ပေမယ့် ကြွေးကြော်သံတွေနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကိုတော့ ဘယ်တော့မှ ဖြိုခွင်းနိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။

ပြည်သူများကိုတိုက်တွန်းချင်တာက ရန်သူကတော့ သူ့အလုပ်သူတွေဝေတုန့်ဆိုင်းခြင်းမရှိဘဲ လုပ်ဆောင်နေပါတယ်။ ကျနော်တို့တွေကလည်း ကျနော်တို့ရဲ့ တော်လှန်ရေးကို တွေဝေတုန့်ဆိုင်းခြင်းမရှိဘဲ ရရာနေရာမှ ဆက်လုပ်ကြပါ၊ ဒီလို လမ်းမပေါ် ကျဆုံးခဲ့ကြရတဲ့ ရဲဘော်များကို အစဥ်အမြဲ အမှတ်ရကြပါ။

(ကျဆုံးခဲ့ရသူများနဲ့ ဖမ်းဆီးခံရသူများရဲ့ စာရင်းကို အတိအကျ အတည်ပြုနိုင်ခြင်းမရှိသေးပါ)

ပုံ၊စာ- Alliance of Students' Unions Yangon - တကသများ ရန်ကုန်

#မော်လမြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ
#သတင်းနှင့်ပြန်ကြားရေး

"သွေးစွန်းပညာရေး သပိတ်မှောက်ကြ"ပထမကျောင်းသားသပိတ်ကြောင့် ပေါ်ထွက်လာခဲ့ရသော အမျိုးသားနေ့၏ (၁၀၁) နှစ်မြောက် အထိမ်းအမှတ်အဖြ...
27/11/2021

"သွေးစွန်းပညာရေး သပိတ်မှောက်ကြ"

ပထမကျောင်းသားသပိတ်ကြောင့် ပေါ်ထွက်လာခဲ့ရသော အမျိုးသားနေ့၏ (၁၀၁) နှစ်မြောက် အထိမ်းအမှတ်အဖြစ် Facebook Profile Frame အား ကျွန်တော်များ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ (SURC) မှ ပြုလုပ်ထားပါသည်။ ကျောင်းသားပြည်သူများအနေဖြင့် Profile Campaign တွင်ပါဝင်ရင်း စစ်ကျွန်ပညာရေး (ဝါ) သွေးစွန်းပညာရေးကို သပိတ်မှောက်ကြရန် တိုက်တွန်းနိုးဆော်ပါသည်။

Campaign ရည်ရွယ်ချက်
- စစ်ကျွန်ပညာရေးကို သပိတ်မှောက်ရန်
- ဖက်ဒရယ်ဒီမိုကရေစီပညာရေး တည်ဆောက်ရန်

Profile change ရန် Link - https://twb.nz/surc


#အမျိုးသားနေ့

အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား ကျောင်းတက်ရန် ဖိအားပေးခြင်းများ မပြုလုပ်​ကြရန် မိဘများထံမေတ္တာရပ်ခံခြင်း။ #မော်လမ...
06/11/2021

အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား ကျောင်းတက်ရန် ဖိအားပေးခြင်းများ မပြုလုပ်​ကြရန် မိဘများထံမေတ္တာရပ်ခံခြင်း။
#မော်လမြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ
#ပြန်ကြားရေး

Address

Mawlamyine

Telephone

+959455125284

Website

Alerts

Be the first to know and let us send you an email when Mawlamyine Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share