TU MLM EC 2009-2014 Family

TU MLM EC 2009-2014 Family Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TU MLM EC 2009-2014 Family, Sorority and fraternity, Mawlamyine.

25/03/2021

မော်လမြိုင် နည်းပညာက Non CDM ဆရာ ဆရာမများခင်ဗျာ

ဆရာ ဆရာမတို့ကတော့ ပြည်နယ်ခန်းမမှာ အေးအေးချမ်းချမ်းနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနေကြတာပေါ့

တချိန်တည်း တရက်တည်းမှာပဲ ကျွန်တော်တို့ ညီကို မောင်နှမတွေ ဆရာ ဆရာမတို့ရဲ့ သားတပည့်တွေကတော့ ဒိုက်ဝန်းကွင်း လမုတန်းဘက်မှာ ပစ်ခက်ဖြိုခွင်းခံနေရပါတယ်

နှစ်ယောက် ကျည်ထိပြီး အယောက် ၂၀နီးပါး ဖမ်းဆီးခံထားရပါတယ်လို့ ကြားသိရပါတယ်

လူကမွေးပြီး လူ့အသိုင်းအဝန်းမှာနေကာ လူသားချင်း သားသမီးချင်း ကိုယ်ချင်းစားပြီး လူပီသစွာ လိပ်ပြာလုံနိုင်ပါစေ ဆရာ ဆရာမများခင်ဗျာ

ကျွန်တော်တို့ထဲက တစ်ယောက်ယောက်ရဲ့ သွေးမြေကျရင် ဆရာ ဆရာမတို့ရဲ့ တာဝန်ပဃောဂမကင်းဘူးဆိုတာ လုံးဝမှတ်ထားပါ လုံးဝ လုံးဝ ခွင့်မလွှတ်ပါဘူး ဆိုတာ အသိပေးလိုက်ပါတယ်


MLM TU Alumni

နည်းပညာတက္ကသိုလ်(မော်လမြိုင်)Electronics Engineering  ကျောင်းသူ ကျောင်းသားဟောင်းများ၏ သဘောထား ထုတ်ပြန်ချက် ရက်စွဲ။    ။ ...
05/02/2021

နည်းပညာတက္ကသိုလ်(မော်လမြိုင်)
Electronics Engineering ကျောင်းသူ ကျောင်းသားဟောင်းများ၏
သဘောထား ထုတ်ပြန်ချက်

ရက်စွဲ။ ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်

၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်တပ်၏ နိုင်ငံတော်အာဏာသိမ်းခြင်း လုပ်ရပ်အား နည်းပညာတက္ကသိုလ် (မော်လမြိုင်) Electronics Engineering ကျောင်းသူ ကျောင်းသား ဟောင်းများအနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချ ပါသည်။
မတရားသောနည်းလမ်းဖြင့် အဓမ္မအာဏာသိမ်းယူထားသည့် စစ်အာဏာရှင်အစိုးရအဖွဲ့ ဖြစ်သော ကြောင့် အများပြည်သူတစ်ရပ်လုံး၏ စိတ်ဆန္ဒများနှင့်ထပ်တူ ကျွန်ုပ်တို့ကလည်း လုံးဝ (လုံးဝ) လက်မခံ ပါကြောင်း နှင့် အသိအမှတ်ပြုမည် မဟုတ်ပါကြောင်း လေးလေးနက်နက် သဘောထား ထုတ်ပြန်အပ် ပါသည်။
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူထုရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ နှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ အားလုံးကို ချက်ချင်း (ချက်ချင်း) ပြန်လွှတ်ပေးရန် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်ထားသော ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်များကိုသာ လက်ခံပေးရန် ကျွန်ုပ်တို့က ပြည်သူများနှင့်အတူ အလေးအနက် တောင်းဆိုလိုက်သည်။
မတရား အာဏာ ရယူထားသူများကို ဖိအားပေးနိုင်ရန် ယခုအခါ နိုင်ငံတစ်ဝန်း ကဏ္ဍစုံ နယ်ပယ် အသီးသီးမှ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသော လှုပ်ရှားမှုဖြစ်သည့် Civil Disobedience ဆောင်ရွက်မှုကို ကျွန်ုပ်တို့အနေဖြင့် အပြည့်အဝ ထောက်ခံ၍ ပူးပေါင်း ပါဝင်ပါမည်။

Electronics Engineering ကျောင်းသူ ကျောင်းသားဟောင်းများ
နည်းပညာတက္ကသိုလ် (မော်လမြိုင်)







09/01/2019

နည်းပညာတက္ကသလိုလ် မော်လမြိုင် (၂၀၀၄ - ၂၀၁၄) အီလတ်ထရောနစ်မိသားစု ပထမအကြိမ်မြတ်ဆရာပူဇော်ပွဲ မှတ်တမ်းဓာတ်ပုံများ #3

09/01/2019

နည်းပညာတက္ကသိုလ် မော်လမြိုင် ( ၂၀၀၄ - ၂၀၁၄ ) အီလတ်ထရောနစ် ကျောင်းသား ကျောင်းသူဟောင်းများ၏ မိတ်ဆုံ ညစာစားပွဲ မှတ်တမ်း ဓာတ်ပုံများ

နည်းပညာတက္ကသိုလ်(မော်လမြိုင်) ၂၀၀၄-၂၀၁၄ အီလက်ထရောနစ်အင်ဂျင်နီယာမိသားစု အာစရိယပူဇော်ပွဲသို့ တက်ရောက်ခဲ့ကြသော ဆရာ ဆရာမများ၏...
08/01/2019

နည်းပညာတက္ကသိုလ်(မော်လမြိုင်) ၂၀၀၄-၂၀၁၄ အီလက်ထရောနစ်အင်ဂျင်နီယာမိသားစု အာစရိယပူဇော်ပွဲသို့ တက်ရောက်ခဲ့ကြသော ဆရာ ဆရာမများ၏ ရင်တွင်းစကားများ

မြတ်ဆရာပူဇော်ကန်တော့ပွဲ တက်ရောက်လာကြသော် ကန်တော့ခံ ဆရာ ဆရာမများ  #2 နှင့် ဆုံးမသြဝါဒစကားနဲ့ ဆုတောင်းစကားများ ပြောကြားပေး...
05/01/2019

မြတ်ဆရာပူဇော်ကန်တော့ပွဲ တက်ရောက်လာကြသော် ကန်တော့ခံ ဆရာ ဆရာမများ #2 နှင့် ဆုံးမသြဝါဒစကားနဲ့ ဆုတောင်းစကားများ ပြောကြားပေးကြပါသော် ဆရာ ဆရာမများ

မြတ်ဆရာပူဇော်ပွဲသို့ ကန်တော့ခံတက်ရောက်ပေးကြပါသော် ဆရာ ဆရာမများ  #1
05/01/2019

မြတ်ဆရာပူဇော်ပွဲသို့ ကန်တော့ခံတက်ရောက်ပေးကြပါသော် ဆရာ ဆရာမများ #1

Dinner ActivityWe are EC 👯👯🙅🙅💪💪
05/01/2019

Dinner Activity
We are EC 👯👯🙅🙅💪💪

မြတ်ဆရာ ပူဇော်ပွဲ မှတ်တမ်းဓာတ်ပုံများ  #2
05/01/2019

မြတ်ဆရာ ပူဇော်ပွဲ မှတ်တမ်းဓာတ်ပုံများ #2

မြတ်ဆရာပူဇော်ပွဲ အခမ်းအနား မှတ်တမ်း ဓာတ်ပုံများ  #1
05/01/2019

မြတ်ဆရာပူဇော်ပွဲ အခမ်းအနား မှတ်တမ်း ဓာတ်ပုံများ #1

Address

Mawlamyine

Telephone

09798226706

Website

Alerts

Be the first to know and let us send you an email when TU MLM EC 2009-2014 Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to TU MLM EC 2009-2014 Family:

Share