06/07/2025
#ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရန်တိုက်တွန်းနှိုးဆော်လွှာ
မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက် ဓမ္မနန္ဒီ ဗုဒ္ဓ ကောလိပ် ၌ ၁၃၈၇ (၂ဝ၂၅ ) - ခုနစ်၊ ဝါဆို၊ဝါကပ်တော်မူကြမည့်
စာချ၊ စာသင် ရဟန်း၊သာမဏေ-----၆၁ ပါး၊ နှင့်
သီလရှင်----------------------------------------၄၃ပါး
စုစုပေါင်း--၁၀၄ပါး တို့အား နှစ်စဉ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြမည်ဖြစ်ပါ၍ ဗုဒ္ဓဘာသာ-သာသနာနွယ်ဝင် ရဟန်း၊သာမဏေ၊သီလရှင်တို့ကို သဒ္ဓါကြည်ညိုချစ်မြတ်နိုးကြကုန်သော ဒါယကာ၊ဒါယိကာမအပေါင်းသူတော်ကောင်း တို့အနေဖြင့် သဒ္ဓါတရား အားလျော်စွာ တတ်စွမ်းသမျှ ပါဝင်လှူဒါန်းကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။
#ရဟန်း၊သာမဏေများ သင်္ကန်းအရောင်အသားတူစေရန် (ပိန္နဲရောင်အရင့်)တစ်ပါးလျှင် (၂)စုံနှုန်းဖြင့် အော်ဒါမှာချုပ် ဆက်ကပ်လှူမည်ဖြစ်ပါသောကြောင့် (၁၂၂) စုံသော သင်္ကန်းအရေအတွက်ပြည့်စုံအောင် သင်္ကန်းဖိုး နဝကမ္မ ကျပ်(၁၀၀၀)တစ်ထောင် မှ စ၍ လှူဒါန်း နိုင်ပြီဖြစ်ကြောင်း နှိုးဆော်အပ်ပါသည်။
#ရဟန်း သာမဏေ .. ၆၁-ပါး၊ သင်္ကန်းတစ်စုံတန်ဖိုး (၆ဝဝဝဝ) (ခြောက်သောင်းကျပ်) နှုန်းဖြင့်လည်းကောင်း
သီလရှင်ဝတ်စုံ……..၄၃-ပါး၊ ဝတ်စုံတစ်စုံတန်ဖိုး(၃၀၀၀၀) (သုံးသောင်းကျပ်) နှုန်းဖြင့်လည်းကောင်း အသီးသီး လှူဒါန်းနိုင်ပါသည်။
#လှူဒါန်းမှုများကို မိမိတို့အစီအစဉ်ဖြင့်ဖြစ်စေ ၊ တစ်ဦးချင်းဖြစ်စေ၊ ဓမ္မမိတ်ဆွေအဖွဲ့လိုက်ဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ၊ ကျောင်းတိုက် ဆရာတော်ထံသို့ လာရောက်လျှောက်ထား၍ဖြစ်စေ လှူဒါန်းနိုင်ပါသည်။
#ဆက်သွယ်လှူဒါန်းရန် ဖုန်း
Kpay/Wave pay 09777773756 /09455554355 - 09666663756