19/12/2020
အင်ဂျင်နီယာပညာရပ်အတွက် သင်္ချာကို လေ့လာခြင်း (၂)
Geometry
နေ့စဉ်ဘဝမှာ မြင်တွေ့နေရတဲ့ Shape, Angles, Dimensions တွေနဲ့ Size တွေကို လေ့လာခြင်းပဲဖြစ်ပါတယ်။ Euclidean geometry မှာဆိုရင် two-dimensional shape နဲ့ three-dimensional shape ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။
စာအုပ်ရဲ့မျက်နှာပြင်ပေါ်မှာပဲဖြစ်ဖြစ် ရေးဆွဲထားတဲ့အခါ flat shape တွေဖြစ်ကြတဲ့ တြိဂံ၊ စတုရန်း၊ ထောင့်မှန်စတုဂံ၊ စက်ဝိုင်း စတာတွေက 2D shape တွေဖြစ်ကြပြီး plane geometry လို့ဆိုပါတယ်။ Solid geometry မှာတော့ 3D shape တွေဖြစ်ကြတဲ့ ကုဗပုံ၊ လုံးချွန်ပုံ စသဖြင့်ပါဝင်တာကို မြင်တွေ့နိုင်ပါတယ်။
Number Theory
Number Theory သည် number တွေရဲ့ဖြစ်တည်မှုကိုလေ့လာခြင်းပဲဖြစ်ပါတယ်။ အဆင့်မြင့် ဂဏန်းသင်္ချာ(Higher Arithmetic) ကိုလေ့လာရာမှာလည်း အသုံးပြုပါတယ်။ Numberတွေကို natural number, whole number, complex number စသဖြင့် အမျိုးအစားခွဲခြားနိုင်ပြီး Natural Number တွေကို အောက်ပါအတိုင်း လေ့လာနိုင်ပါတယ်။
အထက်ပါ natural number များထဲမှ ကျွန်တော်တို့ရင်းနှီးပြီးသားဖြစ်တဲ့ Even Number, Odd Number, Square Number, Cube Number, Prime Number, Composite Number တွေအကြောင်းကို လေ့လာကြပါမယ်။
လေ့လာနေရင်း ရေးထားတာဖြစ်လို့ လိုအပ်ချက်လေးတွေမြင်ရတဲ့အခါ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။
အပိုင်း(၁) - https://www.facebook.com/742514932573058/posts/1808200142671193/?d=n