Engineering Explained for Myanmar - EEM

Engineering Explained for Myanmar - EEM Automobile knowledge for all Engineers, Technologists, Technicians & the others who interested in Automobile Engineering. (Energetic Materials), Ph.D.

The Author, LinHtet(EEM) held B.E.(Chemical), M.Tech. (Nanotechnology), Dip.(Teaching Engineering), Cert. (RC & GHS (Advanced), ISO 9001:2015) R.E. (Chemical)(08384)

၄၆၉။ Rare Earth Elements (REEs) (မြေရှား/ရှားပါးဒြပ်သတ္ထုများ)သိကြပါတယ်ဆိုပြီး မရေးအုန်း မလို့ပါပဲ😅ဒါပေမယ့် လွဲနေကြတာတွေ...
21/07/2026

၄၆၉။ Rare Earth Elements (REEs) (မြေရှား/ရှားပါးဒြပ်သတ္ထုများ)

သိကြပါတယ်ဆိုပြီး မရေးအုန်း မလို့ပါပဲ😅
ဒါပေမယ့် လွဲနေကြတာတွေကြားရတော့ ရေးရပြန်ပါတယ်။
မြန်မာတွေက "မြေရှားသတ္ထု"လို့ ခေါ်ကြတဲ့ Rare Earth Elements တွေက ဘာတွေလဲ?
နျူကလီးယားလုပ်တဲ့ ယူရေနီယမ် (Uranium)၊ ပလူတိုနီယမ် (Plutonium) တို့ ဘက်ထရီလုပ်တဲ့ လီသီယမ် (Lithium)၊ ကိုဘော့ (Cobalt) တို့ဟာ ရှားပါးလှတဲ့ မြေရှားသတ္ထုတွေပေါ့🤔
No ပါ!😮
မဟုတ်ပါဘူး။ ဒါကို တော်တော်များများက ထင်နေကြတာ တွေ့ရပါတယ်။
မြေရှားဆိုတာနဲ့ ရှားပါးတဲ့သတ္ထုတွေကို ရောချလို့ မရပါဘူး။ Rare Earth Elements တွေဟာ State ကျောင်းမှာကတည်းက သင်ခဲ့ရတဲ့ Period Table အထဲက တိကျတဲ့ ဒြပ်စင် ၁၇ မျိုးကို ‌သီးသန့်ခေါ်ပါတယ်။ မှတ်မိကြမှာပေါ့ Period Table ရဲ့ အပြင်ဘက်အောက်မှာ သီးသန့်ဇယားလေးနဲ့ ထုတ်ထားတဲ့ ဒြပ်စင်တွေလေ။ Lanthanides နဲ့ Actinides ဆိုတဲ့ ဇယားနှစ်ထပ်မှာ အပေါ်တန်းက Lanthanides ဆိုတဲ့ Elements ၁၅ ခုရယ်၊ အပေါ် Table ကြီးထဲက Scandium နဲ့ Yttrium နှစ်ခုရယ် စုစုပေါင်း ၁၇ ခုကိုသာ Rare Earth Elements လို့ ခေါ်ပါတယ်။
ရှားပါးလွန်းလို့ မြေရှားသတ္ထုဆိုပြီး ခေါ်တာလား ဆိုတော့လည်း မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အဲ့ မြေရှားတွေက ရွှေထက်၊ ငွေထက်တောင် ပေါများပါတယ်။ ဒါပေမယ့် တစ်နေရာတည်းမှာ များများစုစည်း (Concentrated) မနေဘဲ သီးသန့်ခွဲထုတ်ပြီးစုယူဖို့ ခက်ခဲလို့သာ မြေရှားလို့ နာမည်ရ နေခြင်းပဲ ဖြစ်ပါတယ်။

ပထမ မြေရှားအနေနဲ့ Light Rare Earth Elements တွေကတော့ ကင်မရာ မှန်ဘီလူးလုပ်တဲ့ Lanthanum (La), ဓာတ်ကူပစ္စည်းလုပ်တဲ့ Cerium (Ce), လေယာဉ်အင်ဂျင်လုပ်တဲ့ Praseodymium (Pr), သံလိုက်လုပ်တဲ့ Neodymium (Nd), ရေDရိုသတ္တိကြွတဲ့ Promethium (Pm), အပူဒဏ်ခံသံလိုက်လုပ်တဲ့ Samarium (Sm), မီးရောင်အဖြစ်သုံးတဲ့ Europium (Eu) နဲ့ ဆေးပညာသုံး Gadolinium (Gd) တို့ ဖြစ်ကြပါတယ်။

ဒုတိယ Heavy Rare Earth Elements တွေကတော့ ဆိုနာတွေမှာသုံးတဲ့ Terbium (Tb), သံလိုက်သုံးတဲ့ Dysprosium (Dy), လေဆာမှာသုံးတဲ့ Holmium (Ho), ဖိုက်ဘာအော့ပတစ်လုပ်တဲ့ Erbium (Er), X ray မှာသုံးတဲ့ Thulium (Tm), မြေငလျင်တိုင်းပစ္စည်းမှာသုံးတဲ့ Ytterbium (Yb) နဲ့ ဓာတ်ကူပစ္စည်းအဖြစ်သုံးတဲ့ Lutetium (Lu) တို့ဖြစ်ကြပါတယ်။

ပြီးရင် ပုံမှန် Period Table အထဲက အပေါ့ဆုံး မြေရှားဖြစ်တဲ့ Scandium (Sc) နဲ့ LED အနီရောင်နဲ့ TV screen တွေလုပ်တဲ့ Yttrium (Y) ဆိုတဲ့ ၁၇ မျိုးပဲ ဖြစ်ပါတယ်။
သူတို့ရဲ့အသုံးဝင်ပုံကို အကြမ်းဖျင်းပဲ ရေးထားပါတယ်။ အဓိကရေးချင်တာကတော့ မြေရှားဆိုတာနဲ့ ရှားပါးတဲ့သတ္ထုတွေကို ပြောတာလို့ မထင်စေချင်ပါဘူး။ Uranium တို့ Plutonium တို့ဟာ Actinides အဖွဲ့ဝင် ဖြစ်ပါတယ်၊ Lithium ဆိုတာက Alkali Metal ဖြစ်ပြီး၊ Cobalt ကလည်း Transition Metal ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ နည်းပညာအမြင့်ကြီးတွေကို အသာထားပြီး အခြေခံ Definition တွေကို အရင်ဆုံး သေချာလေ့လာသင့်ပါကြောင်းဖြင့်။ ။LinHtet(EEM)

၄၆၈။ ကြက်ဥတွေက ဘာလို့ ဒေါင်လိုက် ဖိရင် တော်ရုံ မကွဲတာလဲ?သိတဲ့သူတွေတော့ သိကြမှာပါ ကြက်ဥတွေဟာ အပေါ်အောက် Vertical ဒေါင်လို...
01/07/2026

၄၆၈။ ကြက်ဥတွေက ဘာလို့ ဒေါင်လိုက် ဖိရင် တော်ရုံ မကွဲတာလဲ?
သိတဲ့သူတွေတော့ သိကြမှာပါ ကြက်ဥတွေဟာ အပေါ်အောက် Vertical ဒေါင်လိုက် ဖိရင် လွယ်လွယ်နဲ့ မကွဲပါဘူး။ ကြက်ဥဆိုတာက ဥတွေကို အလွယ်ပြောတာပါ။
တကယ်တော့ ကြက်ဥခွံရဲ့ အထူဟာ (0.3~0.4 mm) တစ် မီလီမီတာတောင် မထူပါဘူး။ အခွံသားကလည်း Calcium Carbonate (CaCO3) အများဆုံး ပါဝင်လို့ မာ‌ကြောတဲ့ သတ္ထုတော့ မဟုတ်ပါဘူး။ ဒါဆို ထိပ်ကနေ ဖိလိုက်ရင် ဘာလို့ မကွဲတာလဲဆိုတော့ ကြက်ဥကို ထိပ်အပေါ်ကနေ ဖိလိုက်တဲ့ ဖိအားတွေဟာ ချက်ချင်းပြန့်နှံ့သွားလို့ဖြစ်ပါတယ်။ စာ လို ပြောရရင် သူ့အပေါ်ကို ဖိလိုက်တဲ့ 'အား'တွေဟာ Compressive membrane stress တွေ အဖြစ်နဲ့ ဥခွံအနှံ့ပြန့်သွားပါတယ်။ အပေါ်/အောက် ဖိတဲ့အတွက် Compression ဖြစ်စဉ်ဖြစ်ပါမယ်။ ဖိအားတွေအားလုံးပြန့်သွားတဲ့အတွက် အခွံမကွဲဘဲ ခံနိုင်ရည်ရှိပါတယ်။ ဘယ်လောက်ထိလဲဆိုရင် 3 MPa အထိ Compressive strength ရှိပါတယ်။ (သာမန်အုတ်ခဲတစ်လုံးရဲ့ Compressive strength ပျမ်းမျှတန်ဖိုးဟာ 15 MPa လောက်ရှိပါတယ်။) ဥတွေကို Compressive strength စမ်းသပ်ပြထားတဲ့ video clip တွေလည်း YouTube မှာရှိပါတယ်။ ပေါင် ၅၀ ကျော်လောက်အထိ အဖိခံနိုင်တာ တွေ့ရပါတယ်။

အဓိကအချက်ကတော့ ကြက်ဥခွံရဲ့ အခုံး Arches ဒီဇိုင်းကြောင့်ပဲဖြစ်ပါတယ်။ ကြက်ဥရဲ့ Vertical structure ဟာ သက်ရောက်လာတဲ့ ဖိအားတွေကို စုစည်းမှုမရှိအောင် ဖြန့်ပေးနိုင်လို့ဖြစ်ပါတယ်။ တစ်နေရာရာမှာ စုစည်းမိရင် အဲ့နေရာကနေ အက်ကွဲသွားမှာဖြစ်ပါတယ်။ ကြက်ဥခွံဟာ မာလို့ဆိုပြီး အခွံအပြားလိုက် ဖိကြည့်လို့မရပါဘူး။ ကြက်ဥကိုလည်း ဘေးကနေ ဖိလို့မရပါဘူး။ ဥဒီဇိုင်းဟာ Compression ကို ခံနိုင်ပေမယ့် Tension နဲ့ Bending ကိုတော့ မခံနိုင်ပါဘူး။
သူ့ရဲ့ အခုံးဒီဇိုင်းဟာ သဘာဝပုံစံအတိုင်း စွမ်းရည်ပြည့်နေတာပဲဖြစ်ပါတယ်။
ဒါ့ကြောင့် ရေငုပ်သဘ်ောတွေ၊ အာကာသကို လွှတ်တင်တဲ့ Rocket လောင်စာကန်တွေ၊ မြေအောက်လှိုင်ဂူတွေရဲ့ ဒီဇိုင်းတွေဟာ ကြက်ဥရဲ့ အခုံး (Arches) တွေကို အတုယူထားရတာပဲ ဖြစ်ပါကြောင်းဖြင့်။ ။LinHtet(EEM)

၄၆၇။ BYD ရဲ့ Blade Battery 2.0 လျှို့ဝှက်ချက် သို့မဟုတ် LMFPBYD ဟာ CATL ကို ယှဉ်ပြိုင်ရင်း Blade ဘက်ထရီတွေထုတ်လာတာ Secon...
07/06/2026

၄၆၇။ BYD ရဲ့ Blade Battery 2.0 လျှို့ဝှက်ချက် သို့မဟုတ် LMFP

BYD ဟာ CATL ကို ယှဉ်ပြိုင်ရင်း Blade ဘက်ထရီတွေထုတ်လာတာ Second Generation (2.0) ကို ရောက်နေပြီဖြစ်ပါတယ်။ Blade battery တွေနဲ့ပတ်သတ်ပြီး ရေးထားတာက အောက်ပါ Link အတိုင်းဖြစ်ပါမယ်။

https://www.facebook.com/share/p/1EJY1HLBgd/

ထူးခြားတာက First Gen Blade တွေရဲ့ Energy Density (150 Wh/kg) ပျမ်းမျှကို Battery Chemistry မပြောင်းဘဲ 210 Wh/kg အထိ တင်လာနိုင်တာပဲ ဖြစ်ပါတယ်။ EV တွေရဲ့ Range တွေကလည်း km ထောင်ကျော်လာပါတယ်။ ဒါဟာ သမားရိုးကျဟုတ်ရဲ့လားဆိုတာ သံသယရှိစရာဖြစ်ပါတယ်။ ဆိုးတာက Blade 2.0 ဖြစ်ဖြစ် 1.0 ဖြစ်ဖြစ် အချက်အလက်အတိအကျက ရှာမရပါဘူး။ Chat GPT မှာလည်း Battery Chemistry မပြောင်းဘူးလို့ပဲ တွေ့ရပါတယ်။
တစ်ခုရှိတာက Lithium ion ဘက်ထရီလောကမှာ LFP နဲ့ NMC က ပြိုင်ဘက်တွေဖြစ်ပါတယ်။ အဲ့လိုပဲ Contemporary Amperex Technology Co., Limited (CATL) က NMC ဘက်ထရီတွေ အလေးထားနေချိန်မှာ BYD က LFP ကိုပဲ အယးထည့်နေပါတယ်။ အဲ့တော့ ဂုဏ်သိက္ခာအရ BYD ဟာ NMC ကို ပြောင်းမရဘဲ LFP ကိုပဲ ဇွတ်လုပ်နေရတယ်လို့ စာရေးသူမြင်မိပါတယ်။ NMC ကိုမလုပ်ဘူးလို့မပြောပါဘူး။ BYD မှာ NMC လည်းလုပ်ပါတယ် ဒါပေမယ့် Blade Battery တွေကို LFP နဲ့ပဲအဓိကလုပ်နေခြင်းပါ။
ဘာကြောင့် စာရေးသူ သံသယဝင်ရလဲဆိုတော့ LFP Cell တွေရဲ့ Energy Density ဟာ အမြင့်ဆုံး 180 kW/kg အထိပဲ Theory မှာရှိပါတယ်။ Blade 2.0 ဟာ 210 kW/kg အထိ ရောက်နေပါတယ်။ (NMC ဟာ 200 နဲ့ 300 kW/kg ကြား) Pack Level Energy Density ဆို ပိုနည်းပါလိမ့်မယ်။ ဒါဆို ဘယ်လို Engineering Design ကများ LFP ကို 200 ကျော်တင်လိုက်နိုင်တာလဲ???
တစ်ခုဖြစ်နိုင်တာက Battery Packing ပိုပေါ့အောင်/ compact ဖြစ်အောင်လုပ်ပြီး အရင်က 1.0 နဲ့ ယှဉ်ရင် ဘယ်လောက် % Energy Density တက်လာတယ်ဆိုပြီး ကိန်းဂဏန်းတွေကို ဂျင်းထည့်တာလားပေါ့။ အဲ့လိုမှ မဟုတ်ရင်တော့ LMFP ပြောင်းတာဖြစ်နိုင်ပါတယ်။
LFP ကို Manganese ပေါင်းထည့်ထားတဲ့ LMFP ဆိုရင်တော့ Cell Level Energy Density မှာ 210 ဖြစ်လာနိုင်ပါမယ်။ Lithium Manganese Iron Phosphate (LMFP) ဟာ LFP ရဲ့ upgrade version ဖြစ်ပါတယ်။ Manganese ကြောင့် Energy Density ပိုမြင့်စေတဲ့အပြင် ဗို့အား 3.8V အထိ ရနိုင်ပါမယ် (LFP 3.2V) ။ Safety မှာလည်း LFP နဲ့တန်းတူရှိပြီး Energy Density မှာ NMC အနားကို ပိုရောက်လို့ LMFP ဟာ LFP နဲ့ NMC ကြားက ပေါင်းကူးတံတားသဖွယ်ပြောကြပါတယ်။ ဒါပေမယ့် Manganese ဟာ Stable မကျဘဲ ပြိုကွဲတတ်လို့ Cycle Life ကို ထိခိုက်ပါမယ်။ Conductivity ကျလို့ Carbon Additive တွေ Electrode မှာ လိုအပ်တာ.. ဘာညာရှိတာရော ထုတ်လုပ်ရေးမှာ LFP နဲ့ Manganese ရောတဲ့အခါ Consistency မရသေးတာရောနဲ့ ခုထိတော့ LMFP ဟာ စင်ပေါ်မရောက်သေးပါဘူး။ BYD ဟာလည်း Blade 2.0 မှာ Voltage တိုးလာတာ စသည်ဖြင့် အတည်အလင်း ထုတ်ပြန်တာမရှိ သေးတဲ့အတွက် LMFP လို့ အတိအကျမပြောနိုင်ပါဘူး။ ဒါ့ကြောင့် လျှို့ဝှက်တတ်တဲ့ BYD ရဲ့ Blade Battery တွေကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ဆက်ပြီးစောင့်ကြည့်သုံးသပ်သင့်ပါကြောင်းဖြင့်။ ။LinHtet(EEM)

၄၆၆။ ဓာတ်ဆီကားနဲ့ ဒီဇယ်ကား မီးခိုးထွက်တာချင်း ဘယ်လိုကွာသလဲ?ကားတွေရဲ့ Exhaust ကနေ မီးခိုးတွေ ထွက်တတ်ကြပါတယ်။ အဲ့ မီးခိုးအ...
26/05/2026

၄၆၆။ ဓာတ်ဆီကားနဲ့ ဒီဇယ်ကား မီးခိုးထွက်တာချင်း ဘယ်လိုကွာသလဲ?
ကားတွေရဲ့ Exhaust ကနေ မီးခိုးတွေ ထွက်တတ်ကြပါတယ်။ အဲ့ မီးခိုးအရောင်တွေကိုကြည့်ပြီးလည်း အဲ့ကားအင်ဂျင်က ဘာပြဿနာတွေ ဖြစ်နေလဲဆိုတာကိုလည်း မှန်းဆကြပါတယ်။ ဒါဆို ဓာတ်ဆီကားနဲ့ ဒီဇယ်ကားမီးခိုးထွက်တဲ့ အရောင်တွေက တူလို့လား? အင်ဂျင်အမျိုးအစားနှစ်မျိုးက မတူတဲ့အတွက် မီခိုးထွက်လည်း တူမှာမဟုတ်ပါဘူး။ ဓာတ်ဆီအင်ဂျင်က Spark plug သုံးပြီး ဆီနဲ့လေအချိုးကို တိတိကျကျလောင်ကျွမ်းစေတယ်။ဒီဇယ်ကျတော့ ဖိအားများများနဲ့ အမြဲ လေများပြီး (Excess air) နဲ့ လောင်ကျွမ်းတယ်။

အများစုသိကြတဲ့အတိုင်း ကားတစ်စီးမှ ပုံမှန်မဟုတ်တဲ့ မီးခိုးဖြူ(White Smoke) တွေ ထွက်နေပြီဆိုရင် အင်ဂျင်ထဲကို ရေ(Coolant) ဝင်နေပြီ။ ဒါပေမယ့်အဲ့ဒါက ဓာတ်ဆီကားအတွက် ပိုမှန်ပါလိမ့်မယ်။ ဒီဇယ်မှာက တခြားဖြစ်နိုင်ချေတွေ ပိုများပါတယ်။ ဥပမာ ဆီများနေတာ၊ အင်ဂျင်အေးနေတာ၊ Glow plug တွေမကောင်းတာ၊ Timing မကောင်းတာ စသည်ဖြင့်ပါ။ Coolant ပေါက်ရင်‌တော့ဒီဇယ်အင်ဂျင်ကနေ မီးခိုးဖြူ အလုံးလိုက်ကြီး သိသိသာသာထွက်မှာ ဖြစ်ပါတယ်။ ဓာတ်ဆီကား coolant ပြဿနာလို မီးခိုးဖြူလောက်က ဒီဇယ်မှာ တခြားပြဿနာဖြစ်ဖို့ ပိုများပါလိမ့်မယ်။

မီးခိုးပြာ (Blue Smoke) ဆိုရင်တော့ ဓာတ်ဆီရော ဒီဇယ်ကားရောမှာ အင်ဂျင်ဝိုင် မီးလောင်တာအတူတူပဲ ဖြစ်ပါမယ်။ အင်ဂျင်ကျတယ်ပေါ့။

မီးခိုးမဲ (Black Smoke) ဆိုရင်တော့ ဓာတ်ဆီကားမှာ ဆီအရမ်းများနေတာဖြစ်ပါမယ်။ တော်တော်များမှ ထွက်ခြင်းဖြစ်ပါမယ်။ ဒီဇယ်ကားတွေရဲ့ မီးခိုးမဲကတော့ ကားဟောင်းတွေမှာ Load များတာ၊ ကုန်းတက်တာတွေမှာ ပုံမှန်အားဖြင့်တော့ နည်းနည်းထွက်တတ်ပါတယ်။ သူလည်း ဆီများပြီး လေနည်းလို့ဖြစ်ပေမယ့် ဒီဇယ်ကားတွေရဲ့ Exhaust ဟာ ပုံမှန်အတိုင်းမှာကို ဓာတ်ဆီ Exhaust ထက် ပိုပြီးညစ်ညမ်းပါတယ်။ မီးခိုးမဲထွက်တာနဲ့ ဓာတ်ဆီအင်ဂျင်မှာ ရှော့ရှိသော်လည်း ဒီဇယ်မှာတော့ မီးခိုးမဲ မများရင် ပုံမှန်ပဲဖြစ်ပါမယ်။ Model မြင့် ဒီဇယ်ကားတွေမှာတော့ Exhaust Filter တွေကောင်းလို့ ကားဟောင်းလို မထွက်ရပါဘူး။

မီးခိုးရောင် (Gray Smoke) အနေနဲ့ကတော့ ဒီဇယ်အင်ဂျင်မှာက မီးခိုးအမဲထွက်ဖို့ ပထမအဆင့်လို့ ပြောလို့ရပေမယ့် ဓာတ်ဆီအင်ဂျင်မှာက မတူပါဘူး။ ဓာတ်ဆီအင်ဂျင်မှာ မီးခိုရောင်တွေထွက်တာက အင်ဂျင်ဝိုင်နည်းနည်းလောင်ကျွမ်းနေတာနဲ့ ဆီနည်းနည်း များခြင်းပါ။ မီးခိုးမဲကို အဆင့်မတက်ပါဘူး။ သူ့ပြဿနာနဲ့သူ သပ်သပ်ဖြစ်ပါမယ်။

ဒါဆို မီးခိုးထွက်တဲ့အချိန်တွေကရော ဆိုရင် ဒီဇယ်ကားမှာ မီးခိုးမဲတွေ အတန်းလိုက်ထွက်တဲ့အချိန်မှာ ဓာတ်ဆီအင်ဂျင်ကတော့ ပြတ်တောင်း ပြတ်တောင်းပဲ ထွက်ရပါမယ်။

မီးခိုးဖြူအနေနဲ့တော့ အဆက်မပြတ်တန်းထွက်နေရင် အဲ့ ဓာတ်ဆီအင်ဂျင်အထဲမှာ ရေဝင်နေပါP။ ဒီဇယ်အင်ဂျင်မှာတော့ မီးခိုးဖြူဟာ Cold Start ဘာညာမှာ ခဏသာ ထွက်မှာဖြစ်ပြီး အင်ဂျင်ရေဝင်နေရင်တော့ အတန်းလိုက် အလုံးလိုက်ထွက်မှာ ဖြစ်ပါတယ်။

အင်ဂျင်ကျလို့ ထွက်တဲ့မီးခိုးပြာကတော့ ဒီဇယ်အင်ဂျင်မှာ ဓာတ်ဆီအင်ဂျင်နဲ့ယှဉ်ရင် အဆက်မပြတ် ပိုထွက်နေပါမယ်။ ဓာတ်ဆီအင်ဂျင်မှာတော့ အရမ်းမဆိုးသေးရင် အရှိန်တင်တဲ့အချိန်မှာပဲ ထွက်ရပါမယ်။ အင်ဂျင်အရမ်းကျရင်တော့ အကုန်ထွက်မှာပဲ ဖြစ်ပါတယ်။ သိသာတဲ့ မီးခိုးပြာအထွက် ကွာခြားချက်အနေနဲ့ ဓာတ်ဆီကားတွေ ကုန်းဆင်းမှာ ဘရိတ်တွေနင်းပြီး ဆင်းတဲ့အခါ Intake Vacuum မြင့်လာပြီး အင်ဂျင်ဝိုင်တွေ လေလိုင်းထဲ ရောက်ပါမယ်။ အဲ့ကနေ ကုန်းပြန်တက် လီဗာ(Accelerator) ပြန်ဖိနင်းတဲ့အခါ မီးခိုးပြာတွေ စုပြီးထွက်လာမှာဖြစ်ပါတယ်။ အဲ့လိုအခြေနေမျိုးကတော့ ဒီဇယ်အင်ဂျင်တွေမှာ မဖြစ်ပါဘူး။ ဒီဇယ်ကားတွေ အင်ဂျင်ကျရင် လီဗာနင်းတိုင်း မီးခိုးပြာထွက်နေမှာ ဖြစ်ပါကြောင်းဖြင့်။ ။LinHtet(EEM)

၄၆၅။ ဘက်ထရီနောက်ကွယ်က Electrochemistry ဘက်ထရီဆိုတာက လက်တွေ့အသုံးချနေကြတဲ့ ပစ္စည်းတစ်ခုဆိုတော့ လူတိုင်းနဲ့ မစိမ်းပါဘူး။  ...
05/05/2026

၄၆၅။ ဘက်ထရီနောက်ကွယ်က Electrochemistry

ဘက်ထရီဆိုတာက လက်တွေ့အသုံးချနေကြတဲ့ ပစ္စည်းတစ်ခုဆိုတော့ လူတိုင်းနဲ့ မစိမ်းပါဘူး။ နာရီ/ ကားရီမုတ် ဓာတ်ခဲအသေးလေးတွေက စလို့၊ A သုံးလုံး၊ A နှစ်လုံးဓာတ်ခဲတွေ၊ ကားဘက်ထရီ၊ ဆိုလာ ဘက်ထရီ၊ EV ဘက်ထရီ... စသည်ဖြင့် အရင်ကတည်းက သုံးနေကြတာဆိုတော့ "ဘက်ထရီ" ဆိုတာ လွယ်လွယ်လေးပေါ့။ တကယ်တော့ ဘက်ထရီတစ်လုံး ဖြစ်ပေါ်ဖို့ နောက်ကွယ်မှာ Chemistry, Physics နဲ့ Engineering ပညာရပ်တွေ ပေါင်းစပ်ထားပါတယ်။ တနည်းအားဖြင့် Science နဲ့ Engineering ကို ပေါင်းစပ်ထားတဲ့ ပညာရပ်က ဘက်ထရီပညာရပ်ပါ။
ဘက်ထရီတစ်လုံးရဲ့ Chemical Reaction တွေဟာ Chemistry အပိုင်း ဖြစ်ပြီး၊ ဘက်ထရီတစ်လုံးရဲ့ Voltage, Current, Capacity စတဲ့ စွမ်းအင် ပြောင်းလဲခြင်းတွေက Physics အပိုင်းဖြစ်ကာ၊ ဘက်ထရီတစ်လုံးရဲ့ တည်ဆောက်မှုဒီဇိုင်းမှာ Engineering အပိုင်းဖြစ်ပါတယ်။
ဘက်ထရီမှာ ပါဝင်တဲ့ Active Material တွေရဲ့ Oxidation/Reduction reaction တွေဟာ အဓိကဖြစ်လို့ Chemistry က အခြေခံအုတ်မြစ်ဖြစ်ပြီး အားလုံးကို ခြုံကာ "Electrochemistry" ပညာရပ်လို့ ခေါ်ပါတယ်။ Dနေရာမှာ Battery Chemistry အရ Chemical Equation လေးတွေ ရေးနိုင်ရုံနဲ့တော့ ဘက်ထရီဒီဇိုင်းကို မရောက်ပါဘူး။ Electrochemistry ကို နားလည်မှသာ ဒီဇိုင်းအထိ ရောက်ပါလိမ့်မယ်။ တစ်ခုရှိတာက မြန်မာပြည်မှာလည်း သေးသေးမွှားမွှားကအစ ပစ္စည်းတွေကို ဝယ်သုံးရတာ များနေတော့ ဘက်ထရီမှ မဟုတ်ဘူး၊ ဘယ်ပစ္စည်းမဆို ဒီဇိုင်းလုပ်စရာက မလိုဘူးဖြစ်နေပါတယ်😁။ ပြည်တွင်းထုတ်တွေဆိုတာကလည်း process တစ်လိုင်းလုံး ဝယ်ပြီးလုပ်ကြတာဆိုတော့ ဒီဇိုင်းက ပါပြီးသား ဖြစ်ပါတယ်😅။ ဒါကြောင့်လည်း ကျောင်းသားတွေဟာ ပညာရပ်တွေသာ သင်နေရတယ်။ အသုံးချစရာနေရာ မရှိဘူး ဖြစ်နေခြင်းပါ။ အဲ့လို Motivation ပေးပြီးတဲ့အခါ... Electrochemistry ဆိုတာဟာ😅😁...
သူ့ရဲ့ ပထမဆုံးအခြေခံက ဘက်ထရီ တစ်လုံးမှာ လှုပ်ရှားနေတဲ့ electron များနဲ့ ion များ ဖြစ်ပါတယ်။ ဘက်ထရီတစ်လုံးမှာ electron တွေက ပြင်ပလျှပ်စစ်ပတ်လမ်းမှာ ရွေ့လျားနေပြီး ion တွေက ဘက်ထရီအတွင်းမှာ ရွေ့လျားနေပါတယ်။ Lithium ion ဘက်ထရီတစ်လုံး တည်ဆောက်ပြီးတဲ့အခါ ပထမဆုံး အားမသွင်းမီမှာ Open Circuit Voltage (OCV) အနေနဲ့ 0V အနားပဲ ရှိပါမယ်။ သဘောက Anode နဲ့ Cathode တို့ရဲ့ Energy level တွေဟာ level တူ ဖြစ်နေလို့ပါ။ အဲ့ကနေ ပထမဆုံး အား'စသွင်းတဲ့အခါ ပြင်ပ Battery Charger ကနေ Charging Voltage အမြင့် (4.2V) ကို ဘက်ထရီနဲ့ ချိတ်ဆက်လိုက်တဲ့အခါ Anode ဘက်ကို electron တွေ ထိုးသွင်းပြီး Cathode ဘက်က electron တွေ ဆွဲထုတ်ပါမယ်။
Anode ဘက်မှာ electron တွေ ရောက်လာလို့ Negative charge တွေ ပိုလာတဲ့အခြေအနေကို level ညှိဖို့ Cathode ဘက်က Lithium ion တွေ ပြေးလာရပါတယ်။ ဒါမှ Lithium ion (Li+) တွေက Anode ဘက်က electron တွေနဲ့ ပေါင်းစပ်ပြီး Charge Neutral ဖြစ်သလို Cathode ဘက်မှာလည်း Lithium ion ထွက်သွားလို့ Charge ညှိဖို့အတွက် electron တွေကို ပြင်ပ Charger ဆီထုတ်ပေးလိုက်ပါတယ်။ အဓိက Driving Force မှာ Charger ကပေးတဲ့ Charging Voltage ဖြစ်ပါမယ်။
အဲ့လိုနဲ့ တဖြည်းဖြည်း Lithium ion တွေ Anode ဘက်မှာ ပြည့်လာပြီး ဘက်ထရီ အားပြည့်သွားပါမယ်။ ဒါဆို Anode နဲ့ Cathode နှစ်ခုလုံး charge တွေ neutral ဖြစ်ပြီး ဘယ်လို ဘက်ထရီဗို့အား တက်လာတာလဲ?
တကယ်တော့ ဘက်ထရီဗို့အားဆိုတာ Charge တွေနဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။ electron တွေရဲ့ Energy နဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ Electron တွေရဲ့ စွမ်းအင်ကို Fermi Energy လို့ခေါ်ပါတယ်။ မူလ Anode အထဲမှာ Carbon atom တွေရဲ့ electron တွေသာရှိပြီး Charging မှာ ပြင်ပက Extra electron တွေ ထပ်တိုးလာလို့ Anode ရဲ့ Fermi Energy တက်လာပါတယ်။ Dလိုပါပဲ ဘက်ထရီ အားသွင်းပြီးတဲ့အခါ Cathode အထဲမှာ မူလက LCO ရဲ့ electron တွေဟာ ပြင်ပကို ဆုံးရှုံးလိုက်ရလို့ Cathode ရဲ့ Fermi Energy ကျသွားပါတယ်။ အဲ့ Fermi Energy ခြားနားချက်ဟာ ဘက်ထရီဗို့အားကို ဖြစ်ပေါ်စေပါတယ်။
Fermi Energy ဆိုတာဟာ Atom/molecule/Compound များမှာပါတဲ့ electron တွေရဲ့ level ကိုဆိုလိုတာဖြစ်ပါတယ်။ သူ့ကို Absolute Zero Temperature (0K) မှာ တိုင်းတာနိုင်ပါမယ်။ electron တွေရဲ့ level အမြင့်ကို တိုင်းတာခြင်းဖြစ်လို့ electron တွေ လှုပ်နေရင် တိုင်းလို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် အရာအားလုံး ရပ်တန့်သွားမယ့် 0K မှာ တိုင်းတာရခြင်းပါ။ အဲ့လို ငြိမ်ကျသွားတဲ့ Atom တွေထဲက electron တွေပြည့်နေတဲ့ အမြင့်ဆုံးနေရာကို Fermi Level လို့သတ်မှတ်ပါတယ်။ သူ့အပေါ်မှာ electron မရှိရပါဘူး။ တကယ်လို့ ပြင်ပက extra electron တွေ ထပ်ရောက်လာရင် မူလ electron တွေရဲ့ အပေါ်မှာ ထပ်ပြီး နေရာယူမှာဖြစ်လို့ Fermi Level ပိုမြင့်သွားပါမယ်။ Level မြင့်လာရင် Energy မြင့်လာမှာမို့ Fermi Energy မြင့်လာတယ်လို့ ခေါ်ခြင်းပါ။ ဒါ့ကြောင့် ဘက်ထရီအားသွင်းခြင်းကနေ Anode Fermi Energy မြင့်လာပြီး Cathode ဘက်က ပိုနိမ့်သွားလို့ အဲ့ Energy Difference ဟာ ဗို့အား ဖြစ်ပေါ်လာပါတယ်။ Equation အနေနဲ့
Battery Voltage = [(Anode Fermi Energy) - (Cathode Fermi Energy)] / Charge of electron ဖြစ်ပါမယ်။
ဒါပေမယ့် 0K ဆိုတာမရှိလို့ လက်တွေ့တော့ Fermi Level ကို မတိုင်းနိုင်ပါဘူး။ သီအိုရီဟာ Probability သာ ဖြစ်ပါမယ်။ အပေါ်က Voltage equation ဟာလည်း room temperature အတွက်ပဲ ဖြစ်ပါတယ်။ တွက်ချက်တဲ့နေရာမှာလည်း electron cloud (electron density) တန်ဖိုးကိုအခြေခံပြီးပဲ တွက်ချက်ပါတယ်။ ဥပမာ Copper သတ္ထုရဲ့ Fermi Energy ဟာ 7 eV ဖြစ်ပါတယ်။
Lithium ion battery အတွက် တန်ဖိုးတွေကို Internet 🛜 ပေါ်မှာ ရှာကြည့်ရင် Anode အတွက် အားသွင်းပြီးချိန် အမြင့်ဆုံး Fermi Energy - 3 eV ဖြစ်ပြီး Cathode မှာ - 5.3 eV ဖြစ်ပါတယ်။ ဒါဆို
V = [ - 3 - (-5.3)]/ e = 2.3V ရပါမယ်။

1 eV = 1.602 x 10^-19 J
e = 1.602 x 10^-19 C (1C = J/V) ဖြစ်လို့ ပိုင်းခြေက e တန်ဖိုး ထည့်စရာမလိုဘဲ Voltage တန်းရခြင်းဖြစ်ပါတယ်။
လက်တွေ့တိုင်းတာမှုအရ LCO ဘက်ထရီတစ်ခုရဲ့ ဗို့အားဟာ 3.7V ရှိလို့ ယခု Fermi Energy Difference 2.3V ထက် များနေပါတယ်။ အကြောင်းကတော့ Fermi Energy မှ ဗို့အားဟာ ဘက်ထရီရဲ့ electron စွမ်းအင် တစ်ခုတည်းကိုသာ အခြေခံထားပြီး လက်တွေ့မှာ Lithium ion တွေရဲ့ intercalation energy, Redox Reaction, entropy change စသည်ဖြင့် အခြား ဆက်စပ် စွမ်းအင်များ၏ ခြားနားချက်များစုပေါင်း၍ ဗို့အား များသွားခြင်းဖြစ်ပါသည်။
Dနေရာမှာ ဘက်ထရီဗို့အားကို တိုင်းယူလို့ရနေတာပဲ Fermi Energy ဘာညာက ဘာလိုလို့လဲ ဆိုရင် ဘက်ထရီအချင်းချင်းနှိုင်းယှဉ်ဖို့ ဒါမှမဟုတ် ဘက်ထရီ Active Material တွေ ပြောင်းလဲဒီဇိုင်းလုပ်ဖို့ electron စွမ်းအင်ချင်းယှဉ်ရာမှာ သိဖို့လိုပါတယ်။ ဒါ့အပြင် အား မသွင်းရသေးခင် ဘက်ထရီမှာ ဘာလို့ 0V နား ကပ်နေရတာလဲဆိုတာကိုလည်း သက်သေပြနိုင်ပါတယ်။ (Fermi Level ညီနေလို့ ဖြစ်ပါတယ်။) ဥပမာအားဖြင့် LFP ရဲ့ Charging မှာ electron ထွက်ခွာတဲ့ စွမ်းအင် သိပ်မများလို့ Fermi Energy အရမ်းမကျတဲ့အတွက် Anode နဲ့ ခြားနားတဲ့အခါ သိပ်မကွာလို့ LFP battery များမှာ 3.2 V သာ ရှိနေခြင်းပါ။ ဒါဟာ ဘက်ထရီနောက်ကွယ်က Electrochemistry ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါကြောင်းဖြင့်။ ။LinHtet(EEM)

01/05/2026
၄၆၄။ ပူနေတဲ့ သတ္ထုက အေးနေတဲ့သတ္ထုထက် ပိုပေါ့သွားတယ်ဆိုတာ ဟုတ်လား?Traditional ပြောနေကြတဲ့ အကြောင်းအရာဖြစ်လို့ တချို့ကလည်း...
28/04/2026

၄၆၄။ ပူနေတဲ့ သတ္ထုက အေးနေတဲ့သတ္ထုထက် ပိုပေါ့သွားတယ်ဆိုတာ ဟုတ်လား?

Traditional ပြောနေကြတဲ့ အကြောင်းအရာဖြစ်လို့ တချို့ကလည်း လက်ခံကြပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့ စမ်းသပ်ထားကြတဲ့ ရလာဒ်တွေအရတော့ သတ္ထုတွေဟာ အပူချိန်ပြောင်းလဲသွားတဲ့အခါ အလေးချိန်ပြောင်းလဲခြင်း မရှိပါဘူး။ တစ်ခုအထင်မှားစရာတော့ ရှိပါတယ်။ သတ္ထုတွေကို အပူပေးလိုက်ရင် Volume Expansion ဖြစ်တယ်ဆိုတာ အများစုသိပြီးသားပါ။ ပူလို့ ပွလာတဲ့ သတ္ထုရဲ့ Density ဟာလည်း နည်းလာပါလိမ့်မယ်။ အဲ့မှာ မူလအရွယ်အစားနဲ့ယှဉ်ရင် ပိုကြီးနေပေမယ့် အလေးချိန်ကတော့ အတူတူပဲ ဖြစ်နေပါမယ်။ ဒါကို ပိုပေါ့သွားတယ်လို့ အထင်မှားစရာ ရှိပါတယ်။ တကယ့်အလေးချိန်ကတော့ အတူတူပဲ ဖြစ်ပါတယ်။

နောက်တစ်ခုက Einstein ရဲ့ E = mc^2 ပါ။ Energy နဲ့ Mass နဲ့ဟာ ဆက်စပ်မှုရှိပါတယ်။ အရာဝတ္ထုကို အပူပေးလိုက်တဲ့အခါ အဲ့အရာဝတ္ထုကို ဖွဲ့စည်းထားတဲ့ Particle တွေဟာ အပူကြောင့် လှုပ်ရှားမှုတွေပိုမြန်လာမယ်၊ သူတို့ရဲ့ Internal Energy တက်လာမယ်။ စွမ်းအင်တက်လာရင် mass ပိုပြီးတောင် လေးလာရပါမယ်။ ဒါဆို သီအိုရီအရ အပူစွမ်းအင်ပေးထားတဲ့သတ္ထုဟာ အေးနေတဲ့ သတ္ထုထက် ပိုပြီးလေးရပါမယ်။ လက်တွေ့မှာတော့ အလေးချိန် သိသိသာသာကွာခြားမှာ မဟုတ်ပါဘူး။ Energy နဲ့ Mass နဲ့ဟာ တိုက်ရိုက်ဆက်စပ်တယ်ဆိုပေမယ့် c^2 ရဲ့ တန်ဖိုးကြီးက ကြီးလွန်းနေတော့ Mass ပြောင်းလဲမှုဟာ မသိသာပါဘူး။
ဒါဆိုရင် ကျော်တို့ Traditional ဆိုရိုးစကားတွေဟာ လက်တွေ့မှာ မမှန်ဘူးလို့ ပြောလို့ရပါမယ်။

နောက်တစ်ခုက သေသွားတဲ့သူတစ်ယောက်ဟာ အသက်ရှိနေစဉ်က အလေးချိန်ထက် ပိုလေးသွားတယ် ဆိုတာပါ။ ဒါဟာလည်း အများစု Traditional လက်ခံကြပါတယ်။
Dနေရာမှာလည်း သီအိုရီအရ အလေးချိန်မကွာတာကို တွေ့ရပြန်ပါတယ်။ Traditional အနေနဲ့က လူ့အလေးချိန်နဲ့ ပတ်သတ်ရင် အသုဘချတဲ့အခါ၊ (လူသေကို မ တဲ့အခါ) ရှင်တုန်းကထက် အရမ်းလေးနေတယ်လို့ ခံစားရလို့ Experience အရ သတ်မှတ်ခြင်းသာ ဖြစ်ပါမယ်။ တကယ်တမ်း အလေးချိန် ချိန်ကြည့်ရင်တော့ ကွာခြားမှာ မဟုတ်ပါဘူး။ ရှင်တုန်းက လူကို မ ရတဲ့အခါ သူ့ရဲ့ ရပ်တည်ချက်ဟန်ကို သူ့ဟာသူ ထိန်းထားပါတယ်။ ပြီးရင် ကြွက်သားတွေကလည်း တောင့်ခံထားနိုင်ပါတယ်။ သူ့ခန္ဓာကိုယ်ရဲ့ balance ကို သူ့ဟာသူထိန်းထားတဲ့အတွက် မ တဲ့အခါ ပေါ့သလို ခံစားရခြင်းပါ။ သေဆုံးသွားတဲ့အခါ ကြွက်သားတွေအလုပ်မလုပ်တော့ဘဲ ခေါင်းသပ်သပ်၊ ကိုယ်/လက်/ခြေ/ခါး သပ်သပ် ဖြစ်သွားတဲ့အတွက် အဓိကက (Center of Gravity) CG မငြိမ်တော့ခြင်းကြောင့် မ'ရ ခက်သွားခြင်းပါ။
အားလုံးကို ရောပြီး Physics အမြင်နဲ့ကြည့်ရင် အပူချိန်မြင့်လေလေ အလေးချိန် တက်လေလေ ဖြစ်ရပါမယ်။ ဒါပေမယ့် c^2 ရဲ့ တန်ဖိုးကြောင့် တွက်ချက်မှုအရ အရာဝတ္ထုရဲ့ အလေးချိန် တစ် ဂရမ်လောက် မြင့်တက်ဖို့ ပေးရမယ့် စွမ်းအင်ဟာ
E = (1g) (3x10^8 m/s)^2
E = (10^-3 kg) x (9x10^16) m^2/s^2
E = 9 x 10^13 J ဖြစ်ပါတယ်။
တစ် ဂရမ်လောက်တက်မယ့် mass အတွက် နျူကလီးယားဗုံးခွဲရမယ့် အခြေအနေဖြစ်ပါတယ်။ (နှိုင်းယှဉ်ရန်- ကော်ဖီမစ်တစ်ထုပ်တွင် ၂၅ ဂရမ်ခန့်)
ပြန်ချုပ်ရရင် အပူပေးလိုက်တဲ့ အရာဝတ္ထုဟာ ပိုမပေါ့နိုင်ပါဘူး။ သီအိုရီအရ ပိုသာ လေးနိုင်ပါမယ်။
ဒါဆို အပူချိန်ရှိနေတဲ့ လူတွေဟာ သေဆုံးသွားရင် အေးသွားလို့ Energy ကျသွားရင် ပိုပြီးပဲ ပေါ့သင့်ပါတယ်။ သေရင် ပိုပြီးလေးသွားတယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အဖြစ်နိုင်ဆုံးနဲ့ လက်တွေ့အကျဆုံးကတော့ အခုလိုအရာဝတ္ထုတွေရဲ့ အငြင်းပွားဖွယ်ရာ အလေးချိန်တွေဟာ (အပူပေးခြင်း၊ သေဆုံးခြင်း... စတဲ့) သာမန်အခြေအနေလောက်နဲ့ မပြောင်းလဲနိုင်ပါကြောင်းဖြင့်။ ။LinHtet(EEM)

၄၆၃။ Dry Ice (ရေခဲခြောက်) ဆိုတာ ဘာလဲ?တစ်နေ့က online မှာ Dry Ice တွေ ရောင်းနေတာတွေ့တော့ ဝင်ကြည့်မိတာ၊ Dry Ice ကို ဘာမှန်း...
24/04/2026

၄၆၃။ Dry Ice (ရေခဲခြောက်) ဆိုတာ ဘာလဲ?

တစ်နေ့က online မှာ Dry Ice တွေ ရောင်းနေတာတွေ့တော့ ဝင်ကြည့်မိတာ၊ Dry Ice ကို ဘာမှန်းမသိသူ တော်တော်များတာကို တွေ့ရလို့ ရေးဖြစ်တာပါ။

:ရေခဲခြောက်'လို့ မြန်မာလို ခေါ်ရတဲ့ Dry Ice ဟာ "ရေ" ကနေ ပြုလုပ်ထားခြင်း မဟုတ်ပါဘူး။ ကျော်တို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ 'ကာဗွန်ဒိုင်အောက်ဆိုဒ်' ဓာတ်ငွေ့တွေကို ခဲ ထားခြင်း (Solid Carbon Dioxide) ဖြစ်ပါတယ်။
CO2 Gas တွေကို ဖမ်းယူပြီး ဖိအားပေး အအေးခံကာ အခဲ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ အေးတဲ့အခဲဆိုတော့ ရေခဲပေါ့၊ ဘာလို့ ကိုရီးယားဆန်တာလဲ? အဲ😅 ဘာလို့ 'ခြောက်'တာလဲ? ဘာလို့ 'ရေခဲခြောက်'လို့ ခေါ်တာလဲဆိုတော့ ပုံမှန် ရေခဲက အရည်ပျော်ပေမယ့် CO2 အခဲဟာ အရည်မပျော်ဘဲ အငွေ့ဘဝကို တန်းပြောင်းလို့ သူ့ကို ရေခဲခြောက် လို့ ခေါ်ခြင်းဖြစ်ပါတယ်။ သိပ္ပံအရ Sublimation ပေါ့လေ။

ရေခဲခြောက် လုပ်ဖို့ CO2 Gas ကို ဖမ်းပြီး ရေခဲသေတ္တာထဲ ထည့်ထားလို့ မရပါဘူး။ သူ့ရဲ့ ခဲမှတ်ဟာ (- 78.5°C) ရှိပါတယ်။ စက်ရုံတွေမှာ ပြုလုပ်ရပါတယ်။ Carbon Dioxide Gas ကို စုဆောင်းပြီး အရည် (Liquid) အရင်‌ဖြစ်အောင် ဖိအား ပေးရပါမယ်။
Container ထဲမှာ CO2 Compressor တွေနဲ့ CO2 Gas တွေကို 60 bar လောက်အထိ ဖိအား (Pressure) ပေးပြီး အရည်ဖြစ်သွားတဲ့အခါ အဲ့ Container ကို ဖြည်းဖြည်းခြင်း အပြင်ကို ဖွင့်ပေးလိုက်တာနဲ့ အရည်တွေဟာ အေးခဲသွားပြီး နှင်းဖတ်တွေလို ဖြစ်သွားပါမယ်။
ဥပမာအားဖြင့် ပိုးဟက်ဖြန်းဆေးဗူး (Jumbo) ကို ညှစ်ဖြန်းလိုက်ရင် ဗူးကိုကိုင်ထားတဲ့လက်က အေးသွားသလိုပါပဲ။
သိပ္ပံအရ Joule - Thomson Effect ဖြစ်ပါတယ်။ ဖိအားများတဲ့ Pressurised Gas တွေကို (Expansion) ဖြန့်ပစ်လိုက်တဲ့အခါ သူတို့ရဲ့ Internal Energy ကျသွားလို့ Temperature ကျသွားခြင်း ဖြစ်ပါတယ်။
နှင်းဖတ်တွေလို ခဲသွားတဲ့ CO2 အခဲမှုန်တွေကို ဖိအားပေးပုံသွင်းပြီး အခဲတုံးအဖြစ် လုပ်ယူပါတယ်။
CO2 ဟာ သဘာဝပတ်ဝန်းကျင် ဖိအားနဲ့အပူ (1 atm, 35 °C)မှာ အရည်အဖြစ် လုံးဝမရှိနိုင်ဘဲ အငွေ့ အဖြစ်သာ ရှိနိုင်ပါမယ်။ အပူချိန် - 78.5°C ဖြစ်နေရင်တော့ 1 atm မှာ အခဲအဖြစ် ရှိနိုင်ပါမယ်။ ဒါ့ကြောင့် Dry Ice တွေဟာ အသုံးပြုတဲ့အခါ အရည်မပျော်သွားဘဲ အငွေ့ကို တန်းပြောင်းသွားခြင်း ဖြစ်ပါတယ်။ (ကျောင်းသားများ CO2 ၏ Triple Point ကို လေ့လာရန်။)
Dry Ice ကို အသား၊ငါးတွေ တင်ပို့တဲ့နေရာမှာ ရေခဲရိုက်ဖို့ အသုံးပြုပါမယ်။ ရေခဲလို အရည်တွေပျော်မကျဘဲ အငွေ့ပျံပျောက်ကွယ်သွားလို့ ပိုပြီးသန့်ရှင်းစေပါတယ်။ ဆေးဘက်ဆိုင်ရာ Organs, Blood စတာတွေ၊ ကိုဗစ်ကာကွယ်ဆေးလို Vaccine တွေမှာ အအေးခံဖို့ အသုံးပြုပါတယ်။ အများအားဖြင့် Stage Show တွေ၊ ရုပ်ရှင်ရိုက်ကူးရေးတွေမှာ အငွေ့တွေ တထောင်းထောင်းထ နေတာတွေဟာ Dry Ice ကို သုံးထားခြင်းသာ ဖြစ်ပါတယ်။
Dနေရာမှာ တိမ်တိုက်လို/မြူခိုးလို အငွေ့ဖြူတွေဖြစ်အောင် Dry Ice ကို အသုံးပြုပေမယ့်၊ အငွေ့တွေကတော့ Dry Ice အငွေ့တွေ မဟုတ်ပါဘူး။ CO2 Gas ဟာ colourless Gas ဖြစ်လို့ လူတွေ မတွေ့မြင်နိုင်ပါဘူး။ Dry Ice ရဲ့ အအေးရှိန်ကြောင့် ပတ်ဝန်းကျင်လေထုထဲက ရေငွေ့ (moisture) တွေက ခဲကုန်ပြီး ရေခဲငွေ့တွေဖြစ်ကုန်လို့ မြင်ရခြင်းဖြစ်ပါတယ်။
ရေနွေးခွက်ထဲကို Dry Ice ထည့်လိုက်ရင် တိမ်တိုက်တွေ ပိုပြီးဖြစ်မှာ ဖြစ်ပါတယ်။ ရေနွေးဟာ အငွေ့ပိုပျံတဲ့အတွက် အငွေ့ပျံသမျှလိုက်ပြီး ခဲကုန်မှာ ဖြစ်လို့ပါ။
Dry Ice ဟာ - 78.5°C ရှိတဲ့အတွက် လက်အိတ်မပါဘဲ မကိုင်သင့်ပါဘူး။ ပတ်ဝန်းကျင်မှာ Dအတိုင်းထားမယ်ဆိုရင် တစ်နာရီကနေ ၅ နာရီလောက်အတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။ Insulated Box လို အထဲထည့်ထားမှသာ ၁၂ နာရီလောက်ခံနိုင်ပါမယ်။ သာမန် ပလတ်စတစ်ဘူးထဲမှာဆိုရင် CO2 Gas ကို ပြောင်းသွားတဲ့အခါ ဖိအားများလာပြီး ပေါက်ကွဲထွက်နိုင်ပါတယ်။ အန္တရာယ် ရှိနိုင်တဲ့အတွက် ဂရုစိုက်ပြီးကိုင်တွယ်အသုံးပြုသင့်ပါတယ်။ ‌နောက်ပိုင်း Bar တွေမှာ Dry Ice Cocktail 🍸 ဆိုပြီး performance လုပ်တဲ့ခွက်တွေကို မဖြစ်မနေ သောက်မယ်ဆိုရင်လည်း ခွက်ထဲမှာ Dry Ice အခဲ လုံးဝမကျန်ဘဲ ပူပေါင်းထ မနေကာ ငြိမ်သက်သွားမှသာ သောက်သင့်ပါကြောင်းဖြင့်။ ။LinHtet(EEM)

Very Happy New Year !!!"Wishing you a year of high performance,   zero friction, and boundless growth" 🎈🎈🎈🎈🎈
17/04/2026

Very Happy New Year !!!
"Wishing you a year of high performance,
zero friction, and boundless growth"
🎈🎈🎈🎈🎈

16/04/2026

I got over 4,000 reactions on one of my posts last week! Thanks everyone for your support! 🎉

Address

Maymyo

Telephone

+9595095084

Website

Alerts

Be the first to know and let us send you an email when Engineering Explained for Myanmar - EEM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Engineering Explained for Myanmar - EEM:

Shortcuts

Share