TU-Meiktila Students' Union

TU-Meiktila Students' Union Shaping hands of TU(MTLA)

06/01/2023

တော်လှန်ရေး အင်အားစုများမှ ပြည်သူလူထုတစ်ရပ်လုံးသို့ ပန်ကြားလွှာထုတ်ပြန်။
(၅ ဇန်နဝါရီ ၂၀၂၃)

အကြမ်းဖက် စစ်ကောင်စီမှ ၎င်းတို့ ပြင်ဆင်စိုင်းပြင်းနေသော “အတုအယောင် ရွေးကောက်ပွဲ”အတွက် “နိုင်ငံအတွင်းရှိ လူဦးစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန်”ဟု ခေါင်းစဥ်တပ်၍ အကြိုမဲစာရင်းများကောက်ယူရန် ခြေလှမ်းပြင်လာခဲ့ပြီး သတ်မှတ်ကာလမှာ ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၂၃) ရက်တာ ဖြစ်ပါသည်။

အဆိုပါ ကိစ္စရပ်နှင့် စပ်လျဥ်း၍ တော်လှန်ရေး အင်အားစုများမှ ပြည်သူလူထုတစ်ရပ်လုံးသို့ အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန်၊ ခြိမ်းခြောက်မှုများရှိပါက မှတ်တမ်းတင်ထား၍ သတင်းပေးပို့တိုင်ကြားရန်၊ မိမိတိုပတ်ဝန်းကျင်တွင် လူဦးရေစာရင်းကောက်ယူမှုအခြေအနေများကို Telegram Scout channel များသိုဖြစ်စေ၊ သတင်းမီဒီယာများနှင့် သပိတ်အင်အားစုများ၏ လူမှုကွန်ရက် (Facebook) စာမျက်နှာများသို ဖြစ်စေ အချိန်နှင့် တပြေးညီ သတင်းပေးပိုကြပါရန်၊ အခြေအနေ အရပ်အရပ်ကြောင့် လူဦးရေစာရင်းပေးရပါကလည်း သတင်းအချက်အလက် အမှားများသာ ပေးကြရန် စသည်ဖြင့် ပန်ကြားနှိုးဆော်တိုက်တွန်းထားသည်။

သတင်းပေးပို့တိုင်ကြားရန်:
၁) PVTV Myanmar
https://t.me/pvtvmyanmar

၂) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
https://www.facebook.com/mohaimyanmar/?mibextid=ZbWKwL

၃) တရားရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
https://www.facebook.com/MoJNUG?mibextid=ZbWKwL

◾တရားမဲ့ ပြစ်ဒဏ်နှင့် ကာကွယ်ရမည့် အသက်ခန္ဓာဒဂုံတက္ကသိုလ်ကျောင်းသားတစ်စု ထပ်မံပြီး သေဒဏ်ချမှတ်ခံရသည်။ မြင်ရသမျှ အပြုံးကို...
07/12/2022

◾တရားမဲ့ ပြစ်ဒဏ်နှင့် ကာကွယ်ရမည့် အသက်ခန္ဓာ

ဒဂုံတက္ကသိုလ်ကျောင်းသားတစ်စု ထပ်မံပြီး သေဒဏ်ချမှတ်ခံရသည်။ မြင်ရသမျှ အပြုံးကိုယ်စီဖြင့်တက်ကြွနေသော လူငယ်အရွယ်လေးများဖြစ်သည်။

ဘဝ၌ တခြားလုပ်စရာမရှိ၍ တော်လှန်ရေးထဲ ခြေစုံပစ်ဝင်ကြ သူများမဟုတ်။ လုပ်မည်ဆိုလျင် လုပ်စရာတို့ တစ်ပုံကြီးရှိသောတိုင်းပြည်ပျက်ထဲတွင် သူတို့၏ ရွေး ချယ်မှုက အနာဂတ်အပေါ်သစ္စာရှိသောရွေးချယ်မှုဖြစ် သည်။

သည်အရွယ်ဆိုသည် ပြည်တွင်းမှာပဲ ဘာဖြစ်ဖြစ်တစ် ဝမ်းတစ်ခါးရှာမလား သို့မဟုတ်စွန့်စားပြီး ပြည်ပထွက်၍ အ လုပ်အကိုင်ရှာမလား အားလုံးဖြစ်နိုင်သော အရွယ်ဖြစ်သည်။

စွန့်စားရသည်ခြင်းအတူတူ ကိုယ့်အတွက်ချည်း မဟုတ်ဘဲ အများအတွက်ပါစဥ်းစားခြင်းဖြင့် မိမိအသက်အန္တ ရာယ်နှင့်တိုက်ရိုက် အချိုးကျသည့်လမ်းကို ပြတ်ပြတ် သားသားရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ဤသို့ဆိုလျင်တစ်ဖက်က အကြမ်းဖက်နေသော စစ်ကောင်စီတပ်ဆိုသည်ကိုကြည့်ရန်လိုမည်။ အောက်ခြေတပ် သား အတော်များများက အရပ်ထဲဇာတ်ထဲ အလုပ် အကိုင်မည်မည်ရရမရှိဘဲ သောက်စားမူးရူးနေကြသူများကစလို့ တပ်သားဟောင်းများ၏ သားသမီးများ၊ ဇွတ်ရော၊ အဓမ္မကော တပ်ထဲဆွဲသွင်းထားသူများနှင့်ဖွဲ့စည်းထားသည့် အစုအဖွဲ့ဖြစ်သည်။

စည်းကမ်းကလနားဆိုသည်က စာအုပ်ပေါ်တွင်သာရှိပြီး မြေပြင်ပေါ်ဘယ်တော့မျှ မဆင်းသည့် အဖွဲ့အစည်း၊ ကြီးနိုင်ငယ်ညှင်း လက်သင့်ရာစားတော်ခေါ်ပြီး အထက်ဖားအောက်ဖိနှင့် ပရမ်းပတာ အတွင်းကြေ ကြေနေသည့်အဖွဲ့အစည်းဆိုလည်းမမှားပေ။

ဆိုရလျင်စစ်တပ်ဆိုသည် လူပျက်များ၏ သာလာယံ ဇရပ်။ အထက်ကအမိန့်ပေးနေသည့် အရာရှိအုပ်စုဆို သည်မှာ လည်း အထက်ဆင့်ရောက်လေ အခွင့်အရေးနှင့်ကိုယ်ကျိုးစီးပွားကြီးလေဆိုတာကိုမြင်သော လောဘ သားများနှင့် ပြည့်နှက်နေသည့်နေရာဖြစ်သည်။

အထက်နှင့်အောက် သူ့အရပ်နှင့်သူ့ဇာတ်ဆိုသလိုအတွဲ အဖက်ညီစွာ ယနေ့ ဗမာပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေခြင်းဖြစ်သည်။ ပျက်စီးခြင်းကားပါးတိုင်ရုံမက ဟိုဖက်ထိလွန်နေသော အဖွဲ့ အစည်းဖြစ်သည်။

လက်ရှိအချိန်သည် စစ်ကောင်စီတပ်၏ကျူးလွန်းမှုများက ယင်းတို့၏ နိုင်ငံရေးအာသီသကိုပြသလျက်ရှိသည်။ နိုင်ငံရေးအရ အန်တုမှုမှန်သမျှကိုလက်ရဲဇက်ရဲဖြင့် ရက် စက်စွာချေမှုန်းမည်ဆိုသည့် သဘောထားကိုလည်း အထင်အရှားမြင်ရမည်။

နိုင်ငံအနှံ့ဗုံးကြဲပြီးမီးလောင်တိုက်သွင်းရန်လည်းဝန်မလေး။ ကလေးသူငယ်ကအစ သက် ကြီးရွယ်အိုအဆုံး ရက်သက်စွာ သတ်ဖြတ်ဖို့လည်းဝန်မလေးပေ။

သို့ဖြစ်ရာ နိုင်ငံရေးအရ သဘောထားခြင်း မတိုက်ဆိုင်မှု မှန်သမျှကို ငြိုးသူရန်ဖက်လို သဘောထားပြီး လူကြားမ ကောင်းသည့် ပြစ်ဒဏ်တွေချမှတ်ရန်ဆိုသည်က ယင်းတို့အတွက် အလွယ်လေးပင်ဖြစ်၏။

မည်သို့ဆိုစေ ခုလို လက်ရှိတွင် နိုင်ငံအတော်များများ၌ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုဆိုခြင်းက ရှားပါးလှသည့် အခြေအနေမျိုးဖြစ်၏။ သာမန်ကိစ္စမျှကိုသေဒဏ်ပေးခြင်းမျိုးက အဆိုးရွားဆုံးသော အာဏာရှင်နိုင်ငံများတွင် သာမြင်တွေ့ရခြင်းမျိုးဖြစ် သည်။

လူများကို မည်သည့်အချိန် မည်သည့်နေရာတွင်မဆို အကြောင်းပြချက်မဲ့၊ ဥပဒေမဲ့ ဖမ်းဆီးသည်။ ထိုနည်းတူစွာ မည်သည့်နေရာတွင် ချုပ်နှောင်၍၊ မည်သို့စစ်မေးသည်ကိုလည်းမသိရ။ ထို့အပြင် မိသားစုများ၊ ရှေ့နေများနှင့် လည်းတွေ့ဆုံခွင့်၊ ထုချေခွင့် အလျဥ်းမရှိပါဘဲ အမိန့်ချမှတ်ချိန်ကျမှ သတင်းဖော်ပြဝံ့သော စစ်ကောင် စီ၏ သတ္တိ သည်သြချလောက်ဖွယ်ဖြစ်သည်။

ထိုသို့ဖြင့် ဖမ်းဆီးခံရပြီး သေဒဏ်ကျတာ အပြင်မျက် ကွယ် သေဒဏ်ဆိုသည်တို့ကလည်း မနည်းမနော။ မည် သို့ဆို စေ သေဒဏ်ကို ထိုသို့ထမင်းစားရေသောက်ပေးဝံ့သော စစ်ကောင်စီ၏ လုပ်ရပ်က ဗမာမက ကမ္ဘာ့သမိုင်းတွင်ပါ စာတင်ရမည့်လုပ်ရပ်မျိုးသာဖြစ်လိမ့်မည်။

ထိုသို့သော အဆင်ခြင်မဲ့လုပ်ရပ်များနောက် နောင် ပေါ် ပေါက်မလာရေးသည် ပြည်သူများအားလုံးနှင့်လည်း သက်ဆိုင်နေရာ ဤသည်ကို ပြည်သူက လက်မခံကြောင်း တနည်းနည်းဖြင့်ပြသကြရန် လိုပေမည်။တ ရားမဝင်သည့် အစိုးရတစ်ရပ်ကပေးသောပြစ်ဒဏ်သည် တရားမဝင်ကြောင်း ပြသကြရန်ဖြစ်သည်။

အလား တူစွာ ထိုသို့သော ဖြစ်ရပ်မျိုးတို့ ထပ်မံမဖြစ်ပေါ်စေရန်ဆိုလျင် အသေချာဆုံးကအာဏာရှင် ယန္တရားကိုဖြိုဖျက်သည့်နည်းမှတပါး အခြား မရှိပေ။ အာဏာရှင် စနစ်တိုက်ဖျက်ရေးအပေါ် မျက်ခြေမပြတ် အားထည့်ကြခြင်းဖြင့် ထပ်မံဆုံးရှုံးမည့် အသက် ခန္ဓာတို့အား ကာကွယ်ရန် လိုပေမည်။

Burma Associated Press မှ ကူးယူဖော်ပြသည်။

https://m.facebook.com/story.php?story_fbid=520164103464456&id=100064126116546&mibextid=Nif5oz

06/12/2022
17/11/2022

အမျိုးသားနေ့ ရှေ့ဖြစ်ဟောင်းအောက်မေ့ဖွယ်

ကိုလိုနီစနစ်အောက်တွင် ပညာရေး၊ လူမှုရေး၊ စီးပွားရေးစသော အရေးတို့နှင့်နိုင်ငံရေးနှင့်ခွဲမရ။

ပန်းတနော် ဦးသန့်ရေးသည်။

( ယခုဆောင်းပါးသည် နိုင်ငံ့ဂုဏ်ဆောင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ် ဦးသန့်၏ လက်ရာတစ်ပုဒ်ဖြစ်ပြီး ဖဆပလအစိုးရလက်ထက် ရန်ကုန်အသံလွှင့်ဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းစဥ်က ရေးသားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဦးသန့်သည် ပန်းတနော်မြို့အမျိုးသားကျောင်း၌လည်း ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သေးသည်။)

ဤနိုင်ငံတွင် အမျိုးသားနေ့ကို ကျင်းပခဲ့သည်မှာ ၃၆ကြိမ် ရှိခဲ့လေပြီ။ အမျိုးသားနေ့ပေါ်ပေါက်လာပုံ နှင့် ထိုနေ့၏ ဝိသေသများကို ပြန်လည်သုံးသပ်ရန် သင့်ပေသည်။
အားလုံးသိကြသည့်အတိုင်းပင် လွန်ခဲ့သော ၃၆နှစ်တိတိတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသည် ထိုစဉ်က ပြဌာန်းလိုက်သော ပညာရေးအက်ဥပဒေတစ်ရပ်ကို ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် သပိတ်မှောက်ခဲ့ကြသည်။ အဓိကအားဖြင့် ထိုသပိတ်မှောက်မှုသည် နိုင်ငံရေးအရ သက်ဝင်ခြင်းမရှိဘဲ ကိုလိုနီပညာရေးစနစ်၏ ချို့ယွင်းချက်များကိုသာ တော်လှန်သော ကျောင်းတွင်း အရေးတော်ပုံတစ်ခုဖြစ်ခဲ့သည်။ သို့ရာတွင် ကိုလိုနီစနစ်အောက်၌ ပညာရေး၊ လူမှုရေး၊ စီးပွားရေး စသော အရေးတို့ကို နိုင်ငံရေးနှင့်ခွဲ၍ မရသဖြင့် ပညာရေးတော်လှန်မှုကြီးသည် နိုင်ငံရေးတော်လှန်မှုအသွင်သို့ ကူးပြောင်း၍ လာခဲ့၏။

တပြည်လုံးသို့ပြန့်ခဲ့ခြင်း
ထိုစဉ်အခါက ဟုန်းမရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက်လူထုကြီးတိုက်ပွဲဝင်စအခါ ဖြစ်သဖြင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားတို့၏ ကိုလိုနီပညာရေးစနစ်တိုက်ပွဲကြီးသည် လွတ်လပ်ရေးတိုက်ပွဲကြီး၏ အရေးပါသော ကဏ္ဍကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ လူထု၏ အားပေးမှုကြောင့် သပိတ်လက်နက်ကြီးသည် ရန်ကုန် တက္ကသိုလ်၌သာ မဟုတ်၊ တပြည်လုံးရှိကျောင်းများသို့ ပင် လျင်မြန်စွာ ကူးစက်သွားခဲ့၏။

ဝံသာနုမျိုးစေ့
ကိုယ်ပိုင်အုပ်ချုပ်ရေး (ဝါ)လွတ်လပ်ရေးအတွက် ဆန္ဒပြင်းပြလျက်ရှိကြသော လူထုသည် ကျောင်းသားသပိတ်များကို တတ်အားသမျှ လူအား ငွေအားဖြင့် ကူညီထောက်ပံ့ခဲ့ကြသည်။ လွတ်လပ်ရေးတိုက်ပွဲ၏ ပဌမ အဆင့်အဖြစ် အောင်ပွဲယူရမယ်ဟု အားတင်းခဲ့ကြသည်။ ကိုလိုနီ ပညာရေးနစ်ကို အမြစ်ကစ၍ အပြီးတိုင် သုတ်သင်ကြပြီးနောက် တကယ့် သခင်ပညာစစ်စစ်ကို ရနိုင်မည့် ပညာရေးလောကသစ်ကို ထူထောင်ကြရန် သန္နိဌာန်ပြုခဲ့ကြ၏။ ရည်ရွယ်ချက်များဖြင့် ပညာရေးခေါင်းဆောင် အချို့တို့သည် အမျိုးသားပညာရေးအဖွဲ့ချုပ်ကို တည်ထောင်လိုက်ကြ၍ နိုင်ငံအနှံ့အပြားတွင် အမျိုးသားကျောင်းများကို ထူထောင်ခဲ့ကြသည်။ မှန်းခြေအမျိုးမျိုးဖြင့် စိတ်အားထက်သန်စွာထူထောင်လိုက်ကြသော အမျိုးသားကျောင်းများသည် ပဌမအစတွင် မြေစမ်း ခရမ်းပျိုးဟူသော စကားအတိုင်းထိရောက်သော သခင်ပညာကို မပေးနိုင်ခဲ့သည်မှာ ဝန်ခံရပေမည်။ သို့ရာတွင် အမျိုးသားကျောင်းများသည် မူလက ရှိနေပြီးဖြစ်သော အစိုးရကျောင်းများထက် ထူးခြားသော ဆောင်ရွက်ချက်များကို ပြသနိုင်ခဲ့ကြသည်။ဥပမာအားဖြင့် ဖော်ပြရလျှင် အစိုးရကျောင်းများတွင် သင်ကြားခွင့်မရသော ပြည်သူ့နီတိ(ခေါ်) နိုင်ငံရေးအခြေခံပညာရပ်များကို အမျိုးသားကျောင်းများတွင် သင်ကြားနိုင်ခဲ့သည်။ အခြားကျောင်းများတွင် အင်္ဂလိပ်စာလုံးများဖြင့် သင်ကြားခဲ့ကြသော ပါဠိဘာသာကို အမျိုးသားကျောင်းများတွင် မြန်မာစကားလုံးများဖြင့် သင်ကြားနိုင်ခဲ့သည်။ ကျောင်းသုံးစာအုပ်များကို ပြဌာန်းရာ၌လည်း အမျိုးသားပညာရေးကောင်စီသည် လွတ်လွတ်လပ်လပ် ပြဌာန်းနိုင်ခွင့်ရှိခဲ့သည်။ ဘာသာရေးသင်ခန်းစာများကိုလည်း အမျိုးသားကျောင်းများတွင် အခြားကျောင်းများထက် ပိုမို၍ ပိုချနိုင်ခဲ့၏။ကျောင်းသားဘာသာရပ်တွင် မပါဝင်သော မျိုးချစ်စိတ်၊ ဝံသာနု စိတ်၊ လွတ်လပ်ရေးစိတ်ဓာတ်တို့သည်လည်း အမျိုးသားကျောင်းများ၌ အခြားကျောင်းများထက်ပို၍ မျိုးစေ့ချနိုင်ခဲ့သည်။

အတိုင်းမသိသော အကျိုးထူး
အထက်ပါအကြောင်းအရာများကြောင့် အမျိုးသားကျောင်းများသည် များသောအားဖြင့် အစိုးရစစ်စာမေးပွဲများတွင် အစိုးရကျောင်းများလောက်အောင်သော ရာခိုင်နှုန်းမကောင်းသော်လည်း မျိုးချစ်စိတ်၊ ဝံသာနုစိတ်၊ လွတ်လပ်ရေးစိတ်ဓာတ်များ မွေးမြူရာဌာနများ အဖြစ်မူကား အတိုင်းမသိသော အကျိုးထူးများကို ဖြစ်ပေါ်စေခဲ့သည်ကို ဝန်ခံကြရပေမည်.။
ထိုစဉ်အခါက အမျိုးသားကျောင်းဆရာ၊ ဆရာမများသည် အစိုးရေထောက်ပံ့ငွေနှင့် ကျောင်းလခများကိုသာ အမှီပြုကြရသဖြင့်များစွာ ခြိုးခြံခြွေတာခဲ့ကြရသည်။ဥပမာအားဖြင့် အမျိုးသားအထက်တန်းကျောင်းဆရာကြီးတစ်ဦးသည် စာရင်းတွင် လခ သုံးရာကျော်လေးရာရရှိသည်ဟု ဖော်ပြထားသော်လည်း အကယ်စင်စစ်မူကား ထိုလစာ၏ သုံးပုံနှစ်ပုံခန့်သာ ရရှိ၏၊ထိုနည်းအတိုင်းပင် ဆရာ၊ ဆရာမများသည်လည်း သတ်မှတ်ထားသောလစာနှုန်းကို မည်သူမျှ မရရှိကြဘဲ ကျော်ငးကော်မတီက ခွင့်ပြုသော လစာကိုသာ ကြည်ကြည်ဖြူဖြူ လက်ခံခဲ့ကြရသည်။ ထိုကဲ့သို့ နိုင်ငံတော်၏ အနာဂတ်အတွက် အဆင်းရဲအပင်ပန်းခံ၍ အမှုထမ်းခဲ့ကြသော အမျိုးသားကျောင်း ဆရာ ဆရာမကောင်းများအား ဤ၃၆ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့တွင် အနူးအညွတ်ချီးကျူးဂုဏ်ပြုလိုပါသည်။

မမေ့သင့်သော ပုဂ္ဂိုလ်ကြီးများ
အမျိုးသားကျောင်းများအားလုံးကိုစုစည်း၍ ဗဟိုမျ အုပ်ချုပ်ခဲ့သော အမျိုးသားပညာရေးကောင်စီလူကြီးများကို လည်း ချီးကျူးဂုဏ်ပြုရန် မမေ့သင့်ပေ။ဆာမောင်ကြီဂ ဦးမောင်မောင်အုံးခိုင်၊ ဦးထွန်းအောင်၊ ဦးဘဝင်း၊ ဦးဖိုးကျား၊ ဦးစိုးဝင်း၊ ဦးထွန်းညို၊ ဦးကျော်မြင့်၊ ဦးမြင့်သိန်း၊ ဒေါက်တာထင်အောင်၊ မစ္စတာခူး၊ ဦးထွန်းစသော ကောင်စီဝင်လူကြီးများအား၎င်းကောင်စှတွင် ဝင်ရောက် ဆောင်ရွက်ခဲ့ကြသော လုပ်ဖော်ကိုင်ဖက်အမျိုးသားကျောင်းဆရာကြီးများ ဖြစ်ကြသည့် ဦးဘလွင် (မြို့မ)၊ ဦးရာဇတ်(မန္တလေး)၊ ဦးဘဦး(ရေနံချောင်း)၊ ဦးသာဇင်(ပဲခူး)၊ ဦးဘချွန်(ဟင်္သာတ)၊ ဦးရွှေကျော်(ပုသိမ်)၊ ဦးကျင်စော (စစ်ကိုင်း)၊ ဒေါ်တင်တင်စိန်(မြို့မ) ဦးဘရင် (မိတ္ထီလာ) အစရှိသည် တို့အား၎င်း ဤနေ့တွင် အနူးအညွတ်ချီးကျူး ဂုဏ်ပြုအပ်ပါသည်။

လွတ်လပ်ရေးပန်းတိုင်ကြီး
အားလုံးမျှော်မှန်း တောင့်တခဲ့ကြသော လွတ်လပ်ရေးပန်းတိုင်ကြီးကို ကျွန်ုပ်တို့သည် ၁၉၄၈ခု ဇန်နဝါရီလ ၄ရက်နေ့တွင် ရောက်ရှိခဲ့ကြလေပြီ။ ထိုပန်းတိုင်ကြီးသို့ ချီတက်ခဲ့ရာတွင် သွေးချွေး၊ဇွဲတို့ဖြင့် ပင်ပန်းဆင်းရဲခံ၍ ပါဝင်ဆောင်ရွက်ခဲ့ကြသော အာဇာနည်ကြီးများအနက် ကိုလိုနီပညာရေးစနစ် တိုက်ပွဲကြီးကို ဆင်နွှဲခဲံကြသော အာဇာနည်ကြီးများအားလည်းထည့်သွင်း၍ မှတ်တမ်းတင်ကြရပေမည်။ ယနေ့နိုင်ငံအဝှမ်းတွင် ကျင်းပလျက်ရှိသော ၃၆ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် အမျိုးသားပညာရေး၏ ရှေ့ဆောင်လမ်းပြများဖြစ်ကြသော ပညာရေးအာဇာနည် ပုဂ္ဂိုလ်ကြီးများအား သတိရရှိကြ၍ ၎င်းတို့၏ ကျေးဇူးကို အဖန်တလဲလဲ အောက်မေ့နိုင်စေရန်အတွက် ဤဆောင်းပါးတိုကလေးကိုရေးသားလိုက်ရပေသည်။


#၁၀၂နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့

17/11/2022
ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ။ ကောဇာသက္ကရာဇ်  ၁၃၈၄ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ကြာသာပတေးနေ့ ၊ ၂...
14/11/2022

ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ။

ကောဇာသက္ကရာဇ် ၁၃၈၄ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ကြာသာပတေးနေ့ ၊ ၂၀၂၂ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမျိုးသားနေ့ ၁၀၂နှစ် ပြည့်မြောက်မည်ဖြစ်ပါသည်။

မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ‌(၁၀) ရက်နေ့တွင် နယ်ချဲ့အင်္ဂလိပ်တို့မှ မတရားပြဌာန်းထားသည့် ရန်ကုန်တက္ကသိုလ်အက်ဥ‌ပဒေအား သပိတ်မှောက်ခဲ့ကြသည်။ ကျွန်ပ်တို့ နောင်တော်ကျောင်းသားကြီးများသည် အမျိုးသားရေးခွဲခြားမှုများ၊ လူတန်းစားခွဲခြားမှုများ အစရှိသရွေ့ မလိုလားအပ်သည့် ကန့်သက်ချက်ပေါင်းများစွာပါ၀င်ပြီး မြန်မာပြည်သူလူထုအား စာတတ်မြောက်ရေးကို ပိတ်ပင်တားဆီးထားသော ဥပဒေများကို အဆုံးစွန်ထိ သပိတ်မှောက်တော်လှန်ခဲ့ကာ တစ်မျိုးသားလုံးစာတတ်မြောက်ရေးကို ဦးတည်သော သခင်ပညာရေးဟု ဆိုစမှတ်ပြုကြသည့် အမျိုးသားကျောင်းများကို စတင်အမြုတေနိုင်ခဲ့ကြသည်။

ယနေ့ ကျွန်ပ်တို့သည်လည်း လွတ်လပ်ခွင့်မရှိသော၊ အာမခံချက်မရှိသော ပညာရေးစနစ်အား တွန်းလှန်ဖြိုဖျက်ပြီး လွတ်လပ်၍ အာမခံချက်ရှိသော ပညာရေးစနစ်သစ်ဆီသို့ နိုင်ငံရေးအပြောင်းအလဲနှင့်အတူ ပုံဖော်ကြရမည့် အချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။ သခင်ပညာရေးအတွက် နောင်တော် ကျောင်းသားကြီးများ စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့ကြသလို ယနေ့အချိန်မှာလည်း ကျွန်ပ်တို့ ကျောင်းသားထုအနေဖြင့် စွန့်လွှတ်အနစ်နာခံကာ ဆက်လက်တိုက်ပွဲဝင်နေကြဆဲဖြစ်ပင်ဖြစ်သည်။

ကျောင်းသားထု၏ ညီညွတ်အား၊ ကျောင်းသားထု၏ စုစည်းအား၊ ကျောင်းသားထု၏ သွေး၊ ချွေးတို့ဖြင့်ရင်းထားသော တိုက်ပွဲဖြစ်သည့်အတွက် ကျွန်ပ်တို့ အလိုရှိအပ်သော ပညာရေးစနစ်ထံသို့ ရောက်ရှိခူးဆွတ်နိုင်ရန်အတွက် ယနေ့ စစ်ကျွန်ပညာရေးကို အဆုံးစွန်ထိ သပိတ်မလှန်ဘဲ အရှိန်ပြင်းပြင်းဖြင့် တွန်းလှန်ဖြိုချသွားဖို့ အထူးပင်အရေးကြီးလှသည်။ ဒီအတွက်ကြောင့် ပညာရေးတိုက်ပွဲအား ဆက်လက်အရှိန်မြှင့်သွားကြရမည်ဖြစ်ပါကြောင်းနှင့် ဘာကြောင့် ကျွန်ပ်တို့ဟာ စစ်ကျွန်ပညာရေးကို အလိုမရှိပါသလဲ၊ စစ်ကျွန်ပညာရေးစနစ်ရဲ့ ဆိုးကျိုးတွေ စတဲ့ စနစ်ရဲ့ဆိုးယုတ်ညစ်ညမ်းဖိနှိပ်မှုတွေကို ဖော်ထုတ်ရင်း အမျိုးသားနေ့လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ ကျောင်းသားထုတရပ်လုံးအား တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။


#သောက်တလွဲပညာရေး #၁၀၂နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့
#ကျောင်းသားထုအားဖြင့်စစ်ကျွန်ပညာရေးကိုမြေမြှုပ်ကြ

"အရပ်သားပြည်သူများအပေါ် ပစ်မှတ်ပြုတိုက်ခိုက်ခြင်းအပေါ် ကျောင်းသားသမဂ္ဂများမှ သဘောထားထုတ်ပြန်ချက်"
26/10/2022

"အရပ်သားပြည်သူများအပေါ် ပစ်မှတ်ပြုတိုက်ခိုက်ခြင်းအပေါ် ကျောင်းသားသမဂ္ဂများမှ သဘောထားထုတ်ပြန်ချက်"


◾ကြိုးစင်ပေါ်မှ မသေခြင်းများ  ထောင်တံခါးတွေနောက်မှာအကြောက်တရားမရှိမှုတွေ ပြည့်နှက်နေတဲ့အခါအားကြီးသူကို မကြောက်မှုမတရားသေ...
23/10/2022

◾ကြိုးစင်ပေါ်မှ မသေခြင်းများ


ထောင်တံခါးတွေနောက်မှာ
အကြောက်တရားမရှိမှုတွေ ပြည့်နှက်နေတဲ့အခါ
အားကြီးသူကို မကြောက်မှု
မတရားသော ရက်စက်ခြင်းကို မကြောက်မှု
တရားဓမ္မကို ငြင်းပယ်သူတွေရဲ့
အစွယ်ငေါငေါကိုအန်တုလို့
မင်းတို့ စစ်ဖိနပ်အောက်မှာ
ငါ ဒူးမထောက်ဘူး တဲ့။

သစ္စာမဲ့သူတွေသာရှင်သန်လို့
သစ္စာဒဏ်သင့်နေတဲ့ အောက်ချင်းငှက်လိုလူတွေဟာ
ကမ္ဘာကို သော့ပေါက်ထဲကကြည့်နေခဲ့ရ
တရားမျှတမှုကို သူတို့ မမျှော်လင့်တဲ့အခါ
မတရားမှုကို တွန်းလှန်ဖျက်ဆီးဖို့
ရဲရဲကြီးကြွေးကြော်ခဲ့ကြတာ
ကြိုးစင်ပေါ်က အမှန်တရားတွေလို
ငါတို့ အသည်းနှလုံးဆီ
ကမ္ဘာလုံးဆိုင်ရာ မျက်ကန်းတစ္ဆေပပျောက်မှုတွေ
ဖြည့်စွက်ပေးနိုင်ရဲ့။

တံခါးဖွင့်မထားတဲ့ အသည်းနှလုံးတွေကို
တံခါးပိတ်ထားတဲ့ ထောင်တံတိုင်းကြား
မောင်းဆွဲချဆဲဆဲ ကြိုးစင်ပေါ်ကနေ
အသင်တို့ မျက်စိ ပွင့်ကြကုန်လော့
အသင်တို့ နား ကြားကြကုန်လော့
ဂဠုန်ဆရာစံလည်း ဒီအသံကိုဟစ်ခဲ့လိမ့်မယ်
ငါတို့ယုံတယ်။

အိမ်ကိုလွမ်းတဲ့ အောက်ချင်းငှက်ဟာ
သစ္စာတရားကြောင့် အတောင်ချိုးခံရ
သစ္စာတရားကြောင့် ကြိုးစင်ပေါ်တက်ခဲ့ရ
အမျက်မပြေတဲ့ လူထုကြီးကို
သမိုင်းသွေးက တောင့်တလာတဲ့အခါ
အသင်တို့ရဲ့ သွေးအေးရိုင်းတွေကို
ဆလိုင်းတင်မောင်ဦး အမည်နာမမှာ
မီးပြင်းနာနာတိုက်ကြလော့။

ဖိနှိပ်သူတို့ ကြိုးစင်ဟာ
သစ္စာတရားကို မသတ်နိုင်ဘူးဆိုတာ
ငါတို့နှုတ်ဖျားက ငါတို့ရင်ဘတ်မှ
ဆလိုင်းတင်မောင်ဦး အမည်နာမဟာ
သက်သေသာဓက မဟုတ်လား။
မျက်စိကိုမှိတ် နားကိုပိတ်နေတဲ့
အတိတ်ကို သစ္စာမရှိသူတွေဟာ
သမိုင်းရဲ့ အကြိတ်အနာကို သတိမေ့နေချိန်
မျက်စိကိုအဖောက်ခံရ နားကိုအဖောက်ခံရ
အဲ့သလောက်ထိ သစ္စာစောင့်သိခဲ့တာ
အောက်ချင်းငှက်ရဲ့ အသက်မဲ့သွားမှု
ဆလိုင်းတင်မောင်ဦး လည်ပင်းမှာ
ကြိုးကွင်းဘယ်နှထပ် စွပ်မှာလဲ
ငါတို့မျိုးဆက်တွေရဲ့လည်ပင်းမှာ
ကြိုးကွင်းဘယ်နှထပ် အစွပ်ခံရပြီလဲ
ဇွန်လရဲ့မိုးတွေ ရွာကြသည်းကြ
စွဲမြဲနေတဲ့ တရားစောင့်သိမှုကြောင့်
ဆလိုင်းတင်မောင်ဦးလည်း အသက်ပျောက်ခဲ့ရပြီ
ဟေ့... အကြောက်တရားတွေကိုစွန့်
စွပ်ရမဲ့ကြိုးကွင်းတွေကို အာဏာရှင်တွေလည်ပင်းမှာတပ်
မြင့်မြတ်သောတရားမျှမှုမှာ
အာဏာရှင်တွေကို စီရင်ကြ ဟေ့။ ။

- အောင်လင်းရှိန်
#ထကြွ၊တော်လှန်ကျောင်းသားထုအားမာန်
,
,

◾ကျောင်းပြန်မလာတဲ့ကျောင်းသားတွေ နွေအလယ်ညတွေမှာနေ့ဘက်ကြွေတဲ့ ကြယ်တွေအကြောင်းတွေးရင်းအိပ်ပျက်ရတယ်ကျောင်းတံခါးတွေဖွင့်ပေမဲ့...
22/10/2022

◾ကျောင်းပြန်မလာတဲ့ကျောင်းသားတွေ

နွေအလယ်ညတွေမှာ
နေ့ဘက်ကြွေတဲ့ ကြယ်တွေအကြောင်းတွေးရင်း
အိပ်ပျက်ရတယ်
ကျောင်းတံခါးတွေဖွင့်ပေမဲ့
ထောင်တံခါးနောက်က
ကျောင်းသားတွေပြန်မလာကြသေးဘူး
အဓိပတိလမ်းမှာ ကျောင်းသားခြေရာတွေမရှိသေးဘူး
ပေတစ်ရာလမ်းပေါ်မှာ အချုပ်ကားဘီးရာတွေ
အရင်လိုကန်တင်းတွေက သီချင်းသံတွေအစား
လမ်းမထက်မှာ ကြွေးကြော်သံတွေ
အာဏာရှင်ဟာ ကျောင်းသားတွေကို
ကျောင်းဖွင့်ပြီး ချွေးသိပ်ခဲ့တယ်
ငါတို့ကျောင်းပြန်မလာခဲ့ဘူး
လမ်းပေါ်မှာ ကျကွဲသွားတဲ့ဘဝတွေကို လိုက်ကောက်တယ်
ပြိုလဲသွားတဲ့ မိသားစုတွေမှာကူရုန်းပေးကြ
တချို့ ခုံနံပါတ်တွေဟာ လမ်းပေါ်မှာကျပျောက်ခဲ့တယ်
နံရံက ကျောပိုးအိပ်လေးမှာ ကျည်ပေါက်ရာရှိသေးတယ်
ဟိုးအရင်ကပြောနေကြစကားလိုပေါ့
"ကျောင်းနံရံတစ်ဝိုက်မှာ
ဒေါင်းအလံတွေ စိုက်တဲ့တစ်နေ့
ငါတို့ပြန်လာမှာပေါ့ကွယ်"
ခုတော့ လွမ်းရစ်တော့ အဓိပတိရေ
​ကချင်လွယ်အိပ်နဲ့ အဆောင်သူရဲ့ အဝေးတစ်နေရာ
ရိုးမ တောင်တန်းတစ်နေရာ
စစ်ဖိနပ်တွေကို လှန်ပစ်ဖို့ ငါတို့ ဆူးချိုးနေတယ်
မျိုးဆက်ဟာ မျိုးဆက်ကို ရေလောင်းပေါင်းသင်ရမယ်
ကျောင်းမတက်တဲ့ ကျောင်းသားတွေအကြောင်း
တစ်ချိန်မှာ သမိုင်းကပြောလိမ့်မယ်

ရဲဘော်ဒဂုံ
#ထကြွ၊တော်လှန်ကျောင်းသားထုအားမာန်
,
,

◾ကျောင်းသားအတ္ထုပတ္တိ_________________(၁)မင်းရဲ့ ရုပ်အလောင်းဟာခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်အမှောင်စုန်းစုန်းမှာအရာအားလုံး ...
21/10/2022

◾ကျောင်းသားအတ္ထုပတ္တိ
_________________
(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်၀က်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ယင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။
(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချု ိင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု
ဖောင်တိန်မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။
(၃)
ရွှေဘုန်းရောင်လက်၀င်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုးဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ရဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။
“ကောင်းမွန်စွာ သင်္ဂြု ိဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲ၀င်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။
(၄)
အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ်သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန ္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမယ့်...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..
ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားယင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံစေ
မင်းရောက်ရာအရပ်က ကြားပါစေ...
(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်စေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။

ရွှေဘုန်းလူ(ခ) တာရာမင်းဝေ


#ထကြွ၊တော်လှန်ကျောင်းသားထုအားမာန်
,
,

◾ သာဓုသံ ဒေါင်းပျိုထိုးဆွတ်၊ ဘယ်ညာခွပ်၍၊လွတ်လပ်ရလေ၊ တို့တတွေသည်၊အိုးဝေ - ကျေးဇူးပါတကား။ ။ အိုးဝေကျေးဇူး၊ မထိမ်မြူးဘဲ၊ခါဦ...
20/10/2022

◾ သာဓုသံ

ဒေါင်းပျိုထိုးဆွတ်၊ ဘယ်ညာခွပ်၍၊
လွတ်လပ်ရလေ၊ တို့တတွေသည်၊
အိုးဝေ - ကျေးဇူးပါတကား။ ။

အိုးဝေကျေးဇူး၊ မထိမ်မြူးဘဲ၊
ခါဦးကောဇာ၊ ဤအခါတွင်၊
သာဓုခေါ်ကြပါကုန်လော့။ ။

သာဓုသံတွင်၊ သောတဆင်၍၊
အသင် ဒေါင်းငယ်၊ မြန်မိမယ်ကို၊
သက်နှယ်စောင့်ရှောက်နိုင်စေသောဝ်။ ။

မင်းသုဝဏ်

#ထကြွတော်လှန်ကျောင်းသားထုအားမာန်



Address

Meiktila

Telephone

+959950270548

Website

Alerts

Be the first to know and let us send you an email when TU-Meiktila Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to TU-Meiktila Students' Union:

Share