တချို့တွေက ကျောင်းခန်းထဲမှာ အချိန်ပြည့်မတက်ခဲ့ကြဘူး(ကျောင်းသွားလေးတွေ)
တစ်ချို့တွေက ကျောင်းခန်းထဲမှာပဲကုန်လွန်ခဲ့ကြတယ်
ကျောင်းသားဘဝ လွတ်လပ်တဲ့အရသာကို သိပ်ပြီးမစားသုံးလိုက်ရဘူး(စာဂျပိုးလေးတွေလေ)
အချို့ကြတော့ စာလည်းသင်ကျောင်းသားဘဝ လွတ်လပ်မှုကိုလည်း ခံစားခဲ့ကြတယ်
သူတို့တွေအားလုံးကျောင်းတွေပြီးသွားသော်လည်း
သူတို့တက်ခဲ့တဲ့ မိတ္ထီလာကျောင်းကြီးနဲ့ ကျောင်
းသားဘဝလေးသတိရနေဆဲလို့ယုံကြည်လို့ ဒီPage လေးကိုလုပ်ဖြစ်တာပါ။
အရင်တုံးက အရမ်းခင်မင်ခဲ့ပြီး အဆက်အသွယ်ပြတ်နေတဲ့ ကျောင်းနေဖက်လေးတွေကိုလည်း ပြန်လည် ဆုံတွေ့စေချင်မိတဲ့ဆန္ဒလည်းပါပါတယ်။
သူငယ်ချင်းအသစ်တွေလည်း ဒီPage ကနေထပ်ရစေချင်ပါတယ်။
အထူးမေတ္တာရပ်ခံချင်တာက ကျောင်းတော်ကသူငယ်ချင်းတွေပဲရှိတဲ့ ဒီPageထဲမှာ ညစ်ညမ်းတဲ့ စာ တွေမရေးပဲ မိတ္ထီလာကျောင်း အတွက်ရေးထားတဲ့ ကဗျာ၊ ဓာတ်ပုံ၊ ဝတ္ထု လေးတွေရေးတင်ပေးပါရန်တောင်းဆိုပါတယ်။