BEHS - Moenyo

BEHS - Moenyo Basic Education High School, Moenyo is the only one high school in Moenyo Township, Pagu Division. It offers classes from primary to tenth standard.

22/12/2014

၁၆ ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ

ယခုနှစ်ပါဆို အ.ထ.က၊ မိုးညို ကျောင်းသား၊ကျောင်းသူများ၏ အာစရိယ ပူဇော်ပွဲမှာ ၁၆ ကြိမ်မြောက်ရှိပေပြီ။ ဆရာတို့  တနှစ်တိုးကာအိုကြရှာသလို တပည့်များလည်း တနှစ်ရင့်ရော်ရပေပြီ။
“One year older ….one year wiser….” ဆိုသကဲ့သို့  ရင့်ကျက်မှုများဖြင့် တနှစ်ထက်တနှစ် ပူဇော်ပွဲက ပိုပိုလေးနက်လာသည်ဟု ထင်မိပါသည်။

မိုးညို (အထက) ကျောင်းသားဟောင်းတဦး(စင်္ကာပူ)

ဒီနှစ် အာစရိယ ပူဇော်ပွဲမှာ စင်္ကာပူမှ လှူဒါန်းပူဇော်ထည့်ဝင်ကြသော ကျောင်းသား /သူများ စာရင်းကို မျှဝေလိုက်ပါသည်……။
1. Ma Ohn Mar Swe S$ 130
2. Ma Si Si Aung S$ 100
3. Ko Soe Min Thwin S$ 100
4. Ko Ye Lin Thu S$ 100

Share Photos from Zin Me.......
29/12/2013

Share Photos from Zin Me.......

A few hours later.....the ceremony will start.....
28/12/2013

A few hours later.....the ceremony will start.....

ဝေေ၀ဆာဆာ ငွေပဒေသာ........အာစရိယ ပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ အထက မိုးညိုက ဒီနှစ်စင်္ကာပူမှ ကျောင်းသားဟောင်း များ ပူဇော်လှ...
26/12/2013

ဝေေ၀ဆာဆာ ငွေပဒေသာ........

အာစရိယ ပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ အထက မိုးညိုက ဒီနှစ်စင်္ကာပူမှ ကျောင်းသားဟောင်း များ ပူဇော်လှူဒါန်းငွေကို ငွေပဒေသာပင်အဖြစ် Bank တွင်အပ်နှံထားရှိမည်။ နောက်နောင်နှစ်များတွင် ကျင်းပမည့် ပူဇော်ပွဲများတွင် လိုအပ်သလို စီမံသုံးစွဲမည် ဟုဆိုပါသည်။

ကော်မတီလူကြီးတို့ ၏ ကောင်းမွန်သောစီမံမှုကြောင့် ငွေပဒေသာပင်လေးတပင် ဖြစ်ထွန်းပေါ်ပေါက် လာပေပြီဟု ဝမ်းသာမိပါသည်။ ပါဝင်ပျိုးထောင်ခဲ့သူများကို တင်ပြရလျှင်........

1.Ma Ohn Mar Swe (1990-1996).........S$ 200
2.Ko Soe Min Thwin (1980-1992)........S$ 100
3.Ko Ye Lin Thu (1980-1992) .............S$ 100
4.Ma Khin Sandar Aung (1994-2004)...S$ 100
5.Ko Aung Tint (1996-1997)................S$ 50
6.Ma Myint Swe Oo (1985-1996)..........S$ 50
7.Ma Phyu Phyu Toe (1985-1996)........S$ 50


သို့ သော်ပဒေသာပင်လေး ဆက်လက်ကြီးထွား ဝေဆာရှင်သန်ဖို့ ရန် အတွက်မှာ မိမိတို့  ကျောင်းသူ၊ကျောင်းသားဟောင်းများ အပေါ်တွင် မူတည်ပေသည်။ အပင်ငယ်က သေးလှပေသည်။ နောက်ထပ်ပါဝင်လိုသူ ဥယျာဉ်မှူး သူငယ်ချင်းများလည်း ရှိပေဦးမည် ထင်ပါသည်။ တနိုင်တအားပါဝင်ကြဖို့ ရာ ဆရာ၊ဆရာမကြီးတို့  ကျေးဇူးကို ရည်မျှော်မှန်းကာ နိုးဆော်လိုက်ရပါသည်။

မိုးညို (အထက) ကျောင်းသားဟောင်းတဦး၊ စင်္ကာပူ

08/12/2013

၁၅ ကြိမ်မြောက် အာစရိယ ပူဇော်ပွဲသို့ 

ဝေးတမြေ
မွေးဌာနေမှ လှမ်းလှသည်မို့ 
ခွင့်မသာ ပူဇော်ပွဲမှာ
ယှဉ်တွဲကာပါဝင်နွဲဖို့ …။

သို့ ပင်ငြားသော်….
တို့ ရွှေမိုးညိုက ဆရာအိုအား
တပြည်ရပ်ရွာ စင်းပြည်သာက
မှန်းစရို့ကြိုး လက်စုံမိုးကာ
ပူဇော်ကြစို့  သူငယ်ချင်း…။

(အထက မိုးညို ကျောင်းသားဟောင်း တဦး)
(စင်း = Singapore)

ယနေ့ထိ စင်္ကာပူမှ လှူဒါန်းပူဇော်ထည့်ဝင်ကြသူများ စာရင်းကို မျှဝေလိုက်ပါသည်……။

1.Ma Ohn Mar Swe (1990-1996) S$ 200
2.Ko Soe Min Thwin (1980-1992) S$ 100
3.Ko Ye Lin Thu (1980-1992) S$ 100
4.Ma Khin Sandar Aung (1994-2004) S$ 100
5.Ko Aung Tint (1996-1997) S$ 50

မိုးညို (အထက) ကျောင်းသားဟောင်းတဦး၊ စင်္ကာပူ

30/11/2013

ပါဝင်ဆင်နွဲ
အာစရိယ ပူဇော်ပွဲ......

မိုးညိုက မကြာသေးခင်က ပြန်လာတဲ့ သူငယ်ချင်းက (၁၅) ကြိမ်မြောက် အာစရိယ ပူဇော်ပွဲကို အ.ထ.က မိုးညိုကျောင်းကြီးမှာ ဒီနှစ်ဒီဇင်ဘာလအတွင်း ကျင်းပမှာ ဖြစ်ပြီး သူနှင့် အတူတကွ အလှူ ငွေထည့်ဝင်ဖို့ တိုက်တွန်းလာပါသည်။

တနှစ်တွင် တကြိမ်သာကျင်းပသည့် ငယ်စဉ်က ပညာနို့အေး တိုက်ကျွေးခဲ့သည့် ဆရာဆရာမများကို ဒီနှစ်ပူဇော်ပွဲကို အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွဲခွင့်မရသော်လည်း ထုံးစံအတိုင်း တက်အားသမျှ အလှူငွေပါဝင်ဖို့ လက်ခံခဲ့ပါသည်။

အလှူငွေထည့်ဝင်သည်ထက် အလှူငွေမည်သို့ အချိန်မှီပို့ရဖို့က စဉ်းစားရပြန်သည်။ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်း အ.ထ.က မိုးညိုကျောင်းသူ ဟောင်းတစ်ဦးက လာမည့်ဒီဇင်ဘာလမှာ အလုပ်ကခွင့်ယူပြီး မြန်ပြည်မိဘများထံ အလွမ်းပြေ အလည်ပြန်စဉ် အာစရိယပူဇော်ပွဲကို ပါဝင်ပူဇော်မည် ဆိုသည်။ သူမကို ကူညီဖို့ မေးကြည့်ရာ သူမက လည်းဝမ်းသာအားရ မိမိတို့လှူတန်းပူဇော်ငွေကို လက်ခံယူဆောင်ကာ ပူဇော်ပေးမည်ဟု ပြောပါသည်။

တခြားစင်္ကာပူရောက် သူငယ်ချင်းများလည်း မိမိတို့ကဲ့သို့ ပါဝင်ပူဇော်ချင်သူများလည်းရှိချေမည် ဟု ထင်မိပါသည်။ မိမိတို့ နှင့်အတူပါဝင်ကုသိုလ် ယူလိုသူ သူငယ်ချင်းတို့အား တပည့်မရှား တပြားမရှိ ပီတိနှင့်သာ အားပြု နေ ကြသော ငယ်စဉ်က ပညာနို့အေး တိုက်ကျွေးခဲ့သည်. အထက မိုးညိုဆရာ ဆရာမ ကြီးတို့ ကျေးဇူးဂုဏ်ရည်ကို ရည်စူးကာ ပါဝင်ပူဇော်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

မိမိနှင့်အတူ မျှဝေသာဓုခေါ်နိုင်ဖို့ လက်ရှိ ပါဝင်လှူဒါန်း ပြီးသော စင်္ကာပူမှ သူငယ်ချင်းတို့ စရင်းကိုလည်း မျှဝေပါရစေ.....။ ကျန်အလှူ ရှင် များကိုဆက် လက် တင်ပြသွားပါမည်။

1.Ma Ohm Mar Shwe S$ 200
2.Ko Soe Min Thwin (1980-1992) S$ 100
3.Ko Ye Lin Thu (1980-1992) S$ 100

မိုးညို (အထက) ကျောင်းသားဟောင်းတဦး၊ စင်္ကာပူ

12/03/2013

ရက်ကောင်းရက်မြတ် ရွေးတာနဲ့ ပတ်သက်လာရင် လူတိုင်းလိုလို “သိ” နေကြတဲ့ ရက်ရွေးနည်းကတော့ “ရက်ရာဇာ၊ ပြဿဒါး” ပါဘဲ။ ရက်ရာဇာ ဆိုရင် ကောင်းတယ်။ ပြဿဒါးဆိုရင် မကောင်းဘူးဆိုတာ “ဗုဒ္ဓဘာသာမြန်မာလူမျိုးမှန်ရန်” အသည်းထဲထိအောင် စွဲနေကြ ပါပြီ။ ဒါပေမယ့် စောစောက ပြောခဲ့သလိုဘဲ တကယ်ကောင်းမကောင်းတော့ ဘယ်သူမှလည်း သေသေချာချာ မသိကြပါဘူး။

“ရက်ရာဇာ၊ ပြဿဒါး” နဲ့ ပတ်သက်ပြီး ကျွန်တော့်ရင်ထဲမှာ စွဲနေတဲ့ ပုံပြင်လေး တစ်ပုဒ် တစ်ခုရှိပါတယ်။ ဟိုးရှေးရှေးတုန်းကပေါ့။ ကုန်သည်တစ်ယောက်ဟာ ကုန်ရောင်းကုန်ဝယ်ထွက်ဖို့ ရက်ရွေးရာမှာ “ရက်ရာဇာ” ရက်တွေကိုချည်း ရွေးပြီး ထွက်တယ်တဲ့။ ပြဿဒါးရက် ဆိုရင် အသေအလဲရှောင်တယ်တဲ့။ ဒါနဲ့ တစ်နေ့တော့ လမ်းခရီးမှာ “ဓါးပြ” အတိုက်ခံရပါလေရော။ “ဓါးပြ”တွေက ပစ္စည်းတွေကို ယူငင်သိမ်းဆည်းနေတုန်းမှာ ဒီကုန်သည်ကြီးက ညည်းတွားသတဲ့။ “အင်း – ရက်ရာဇာဆိုပြီး ခရီးထွက်လိုက်တာ ဓါးပြ တိုက်ခံရပါပေါ့လား” ဆိုပြီး ညည်းတွားမိသတဲ့။

အဲဒီမှာ အနားမှာ ရှိတဲ့ “ဓါးပြ” တစ်ယောက်က ကြားတော့ “ဟက်ဟက်ပက်ပက်” ရယ်မောပြီး၊ “ဟေ့လူ ၊ ခင်ဗျားမှ ရက်ရာဇာ ရွေးတာ မဟုတ်ဘူး၊ ကျုပ်တို့ ဓါးပြတွေကလည်း ဓါးပြတိုက်ရာမှာ အဆင်ပြေအောင် ရက်ရာဇာကို ရွေးပြီးမှ တိုက်တာဗျ။ ပြဿဒါးနေ့ဆိုရင် ပြဿနာ တက်မှာစိုးလို့ ရှောင်တယ်ဗျို့” ဆိုပြီး ပြန်ပြောလိုက်သတဲ့။

ဒီစကားကို ကြားတော့ “ကုန်သည်ကြီး” ရဲ့ အသိဉာဏ်မှာ အလင်းတစ်ချက် ဖြာသွားပါတယ်။ “အင်း သူတို့ကလည်း ရက်ရာဇာကို ရွေးပြီး ဓားပြတိုက်တယ်၊ ငါတို့ကလည်း ရက်ရာဇာကို ရွေးပြီး ခရီးထွက်တယ် – ဒါဆိုရင် . . . ? ? ? ” ။ ကုန်သည်ကြီး အဖြေတစ်ခု ရသွားပါတယ်။

အဲဒီနေ့ကနေ စ,ပြီး ကုန်ရောင်းကုန်ဝယ်ထွက်တိုင်း “ပြဿဒါးနေ့” ကို ရွေးပြီး ခရီးထွက်ပါတော့တယ်။ လမ်းခရီးမှာ “ရက်ရာဇာ” ကျတဲ့နေ့ဆိုရင် ရွာတစ်ရွာမှာ ၀င်ပြီး ခိုနားနေပါတယ်။ ပြဿဒါးနေ့ကျမှ ပြန်ပြီး ခရီးထွက်ပါတယ်။ ကျန်တဲ့လူတွေကတော့ အထူး အဆန်းပေါ့လေ။ ဒါပေမယ့် ဒီကုန်သည်ကြီးဟာ သူ့တစ်သက်မှာ နောက်ထပ် “ဓါးပြ” အတိုက်မခံရတော့ပါဘူးတဲ့။

မိုးညိုရင်......မိုးညိုကို....လွမ်းတယ်......- ကမ္ဘာကြီးပေါ်ခြေချဖို့.......မိုးညိုက....ခြေတစ်လှမ်းနဲ့....စခဲ့တဲ့ငါ.....မို...
09/03/2013

မိုးညိုရင်......မိုးညိုကို....လွမ်းတယ်......

- ကမ္ဘာကြီးပေါ်ခြေချဖို့.......
မိုးညိုက....ခြေတစ်လှမ်းနဲ့....စခဲ့တဲ့ငါ.....
မိုးညိုက....လေကိုရှု...
မိုးညိုက....ရေကိုသောက်.....
မိုးညိုမှာ....လူလားမြောက်ခဲ့တဲ့ငါ.....
အခုတော့လည်း.....မရောက်တာကြာပြီ....။

- မိုးညိုဟာ....အရင်အတိုင်း..
မှိုင်းမှိုင်းညို့ညို့.....
ကုက္ကိုယ်ပင်တွေ...အုပ်ဆိုင်း...
ဝိုင်းပတ်ကာ...လယ်ကွင်းတွေနဲ့.....
မြစ်မင်း.ဧရာဘေးမှာ....
မှေးစက်နေတုန်းလား....။

- အစိမ်းရောင်...စိုက်ခင်းတွေကြားမှာ...
စီးဆင်းနေတဲ့...မြစ်မခ....
အရင်လို....လှတုန်းပဲလား...။

- ထိန်တော....မိုးညို.....တစ်မိုးခို...
အဖိုးအိုတောင်.....မိန်းမဆယ်ယောက်...ဆိုသလို...
မိုးညိုမှာ....အပျိုချောတွေ.....
အရင်လို....ပေါတုန်းပဲလား....။

- ထန်းပင်ကုန်းတံတား.....
ဘုရားတရား..တပြီး...
ဓူဝံကားစီးရတဲ.....မိုးညိုရင်......မိုးညိုကို....လွမ်းတယ်......

- ကမ္ဘာကြီးပေါ်ခြေချဖို့.......
မိုးညိုက....ခြေတစ်လှမ်းနဲ့....စခဲ့တဲ့ငါ.....
မိုးညိုက....လေကိုရှု...
မိုးညိုက....ရေကိုသောက်.....
မိုးညိုမှာ....လူလားမြောက်ခဲ့တဲ့ငါ.....
အခုတော့လည်း.....မရောက်တာကြာပြီ....။

- မိုးညိုဟာ....အရင်အတိုင်း..
မှိုင်းမှိုင်းညို့ညို့.....
ကုက္ကိုယ်ပင်တွေ...အုပ်ဆိုင်း...
ဝိုင်းပတ်ကာ...လယ်ကွင်းတွေနဲ့.....
မြစ်မင်း.ဧရာဘေးမှာ....
မှေးစက်နေတုန်းလား....။

- အစိမ်းရောင်...စိုက်ခင်းတွေကြားမှာ...
စီးဆင်းနေတဲ့...မြစ်မခ....
အရင်လို....လှတုန်းပဲလား...။

- ထိန်တော....မိုးညို.....တစ်မိုးခို...
အဖိုးအိုတောင်.....မိန်းမဆယ်ယောက်...ဆိုသလို...
မိုးညိုမှာ....အပျိုချောတွေ.....
အရင်လို....ပေါတုန်းပဲလား....။

- ထန်းပင်ကုန်းတံတား.....
ဘုရားတရား..တပြီး...
ဓူဝံကားစီးရတဲ့....အရသာ....
မခံစားရတာလည်း...ကြာပြီ....။

- မြို့ဦးအောင်ဆုပန်....
ဖူးရန်လည်းအခွင့်မသာ...
မဟာသုမင်္ဂလ...ဘုရားလည်း...
မသွားဖြစ်တာ..ကြာပြီ...။

- သူငယ်ချင်း....အပေါင်းအဖော်တွေနှင့်...
လမ်းမတော်က...လက်ဖက်ရည်ဆိုင်..
မထိုင်ဖြစ်တာလည်း...ကြာပြီ..။

- သြော်...
ပျော်ရာမှာမနေရ...
တော်ရမြေမှာ..တာဝန်ထမ်း..
ဝန်ထမ်းဘ၀ပေမို့....
မပြန်ရတဲ့...မွေးရပ်မြေကို....
လွမ်းစိတ်တွေ..ပိုရင်း...
မိုးညိုရင်...မိုးညိုကို....လွမ်းမိတယ်...။

ချစ်(မိုးညို)

သူငယ်ချင်း….- သူငယ်ချင်း….ဟိုးငယ်စဉ်အချိန်ကာလ…ကလေးအရွယ်..ဘ၀ကတည်းက..အတူတကွ…ပျှော်ရွှင်…ပညာတွေသင်ကြား…ဆော့ကစားခဲ့ကြ…သတိရမိတ...
08/03/2013

သူငယ်ချင်း….

- သူငယ်ချင်း….
ဟိုးငယ်စဉ်အချိန်ကာလ…
ကလေးအရွယ်..ဘ၀ကတည်းက..
အတူတကွ…ပျှော်ရွှင်…
ပညာတွေသင်ကြား…
ဆော့ကစားခဲ့ကြ…
သတိရမိတယ်..။

- သူငယ်ချင်း….
ခေါင်းလောင်းသံတွေ…တိတ်ဆိတ်..
ကျောင်းတော်ရိပ်ကို…ခွဲခွာ…
တစ်နယ်တစ်ကျေးမှာ…ကိုယ်စီ..
ရော်ရည်ကာ…ဘ၀ရေးအတွက်..
တိုးတက်အောင်…ကြိုးစား..
မျှော်လင့်ချက်တွေ….ထားခဲ့ကြတယ်…။

- သူငယ်ချင်း…
ဘ၀အတွက်…လျှောက်လှမ်း..
ခရီးလမ်းတွေ…ဖြတ်ကျော်..
အခက်အခဲတွေပေါ်လည်း…
မှန်းမျှော်သည့်…အနာဂတ်…
ရည်ရွယ်ချက်တွေ…မပျက်ဖို့
မရပ်မနားရင်ဆိုင်…
အောင်မြင်မှု…ပန်းတိုင်ဆီ…
ရှေ့ဆက်ချီခဲ့ကြတယ်…။

- သူငယ်ချင်း….
တစ်ချို့တစ်ဝက်ကတော့…
လမ်းခုလတ်အချိန်မှာပဲ…
အိမ်ထောင်လျက်သားကျ…
မိသားစုဘ၀ကို…ပိုင်ဆိုင်..
ခိုင်မြဲတဲ့..သံယောဇဉ်နဲ့..
ပျှော်ရွှင်မှုတွေ…ဖန်တီးခဲ့ကြတယ်…။

- သူငယ်ချင်း…
တစ်ချို့တစ်ဝက်ကတော့…
လောကဇာတ်ခုံပေါ်မှာ…
စောစီးစွာ..ကွယ်လွန်…
တမလွန်..ဘ၀တစ်ပါးသို့…
` ပြောင်းသွားရှာပြီမို့…
မျက်ရည်စို့မိတယ်…။

- သူငယ်ချင်း…
ဘယ်နေရာ…ဘယ်ရောက်ရောက်…
ဘယ်လောက်ပဲ…ကွာဝေးဝေး..
ရပ်ဝေးမှာ…ဘယ်လိုနေနေ…
တို့တွေဟာ…သူငယ်ချင်းမို့
ရင်တွင်းက…သံယောဇဉ်..
ထာဝစဉ်သာ…ခိုင်ခိုင်မြဲ…
စိတ်ထဲမှာ..တွယ်တာ…
ဘယ်အခါ…ဘယ်အချိန်မှ..
မှေးမှိန်ကာအားပျော့…
မေ့တော့မှာ….မဟုတ်ဘူး…။
(..မိုးညိုမှ…ငယ်သူငယ်ချင်းများအတွက်….အမှတ်တရ…)

By Chit Phyoe Wai

Address

Monyo

Website

Alerts

Be the first to know and let us send you an email when BEHS - Moenyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share