နည်းပညာတက္ကသိုလ်-မုံရွာ ယာယီတက္ကသိုလ် ကောင်စီ

  • Home
  • Myanmar
  • Monywa
  • နည်းပညာတက္ကသိုလ်-မုံရွာ ယာယီတက္ကသိုလ် ကောင်စီ

နည်းပညာတက္ကသိုလ်-မုံရွာ ယာယီတက္ကသိုလ် ကောင်စီ နည်းပညာတက္ကသိုလ် မုံရွာ ယာယီအုပ်ချုပ်ရေးကောင်စီ
Tele Channel->https://t.me/tumonywa

17/10/2024
" နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်၏ တက္ကသိုလ်ဝင်ခွင့် ခေါ်ယူခြင်း"(၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်)ယခုအကြိ...
30/06/2024

" နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်၏ တက္ကသိုလ်ဝင်ခွင့် ခေါ်ယူခြင်း"
(၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်)
ယခုအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူ​ရာ၌ အောက်ဖော်ပြပါ တက္ကသိုလ် ၄ ခုတွင် အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] ဖြေဆိုပြီးမြောက်ထားသည့် ကျောင်းသားကျောင်းသူများအတွက် ခေါ်ယူနိုင်ခြင်း မရှိသေးပါကြောင်းနှင့် နောင်ခေါ်ယူမည့်အကြိမ်များ၌ ပါဝင်ခေါ်ယူနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းအသိပေးအပ်ပါသည်။
၁။ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်
၂။ သန်လျင်နည်းပညာတက္ကသိုလ်
၃။ မော်လမြိုင်နည်းပညာတက္ကသိုလ်
၄။ နည်းပညာတက္ကသိုလ်( မုံရွာ)
အထက်ပါ တက္ကသိုလ် ၄ ကျောင်းအပြင် လွိုင်ကော်နည်းပညာတက္ကသိုလ်နှင့် ထားဝယ်နည်းပညာတက္ကသိုလ် တို့အနေဖြင့် သီခြားဝင်ခွင့်များခေါ်ယူလျက်ရှိကြောင်း အသိပေးအပ်ပါသည်။
သတ်မှတ်ချက်နှင့်ကိုက်ညီသော ကျောင်းသားကျောင်းသူများအနေဖြင့် ဝင်ခွင့်လျှောက်ထားရာတွင် အင်ဂျင်နီယာဘွဲ့( နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကွန်ရက်) ကို ရွေးချယ်လျှောက်ထားရမည်။
သို့ပါ၍ BECA ဖြေဆိုပြီးမြောက်ထားသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ယာယီတက္ကသိုလ်ကောင်စီများသို့ လျှောက်ထားရန် ရည်ရွယ်ထားပါက နောက်အကြိမ်များ၌ ထည့်သွင်းခေါ်ယူသွားမည်​ ဖြစ်ကြောင်း ထပ်မံ အသိပေးကြေညာအပ်ပါသည်။
- နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက် ၀င်ခွင့်သတ်မှတ်ချက်များ - https://www.facebook.com/share/p/oF3D2moRdGwZ5oVM/?mibextid=oFDknk
- မြန်မာပညာရေးစနစ် [Myanmar Education System (MES)] မှတဆင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် လမ်းညွှန် - https://www.facebook.com/share/p/Bosp4aAVDBSYibAD/
- အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ကြားကာလတက္ကသိုလ်များ၏ဝင်ခွင့်လမ်းညွှန် - https://www.facebook.com/share/p/jgKRbUYUaSKme6Gu/
ထို့အပြင် TUNetwork page နှင့် Telegram Channel https://t.me/TUNetworkOfficial တို့တွင် နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ် ကောင်စီများကွန်ရက်ရှိ နည်းပညာတက္ကသိုလ်များမှခေါ်ယူမည့် ပထမနှစ်ဝင်ခွင့်များနှင့်ပတ်သက်သည်များအား မေးမြန်းနိုင်ပါသည်။
#နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်
'CouncilNetwork

တက္ကသိုလ်ပထမနှစ်ဝင်ခွင့်များလျှောက်ထားနိုင်ပြီဖြစ်ကြောင်းအသိပေးကြေညာချက်နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန...
30/06/2024

တက္ကသိုလ်ပထမနှစ်ဝင်ခွင့်များလျှောက်ထားနိုင်ပြီဖြစ်ကြောင်းအသိပေးကြေညာချက်
နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်သည် တနိုင်ငံလုံးရှိ နည်းပညာနှင့်နှီးနွှယ် တက္ကသိုလ် ၃၄ ကျောင်းဖြင့် စုဖွဲ့ထားရှိပြီး "အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သော ကျောင်းသား၊ ကျောင်းသူ များအတွက် စဉ်ဆက်မပြတ်သင်ကြားစေရေး ဝိုင်းဝန်းဆောင်ရွက်နိုင်စေရန်"ဟူသော ရည်ရွက်ချက်နှင့်အညီ ကြားကာလပညာရေး အစီအစဥ်များကို ဆောင်ရွက်လျက်ရှိပါသည်။
နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်ရှိ တက္ကသိုလ်(၆)ကျောင်းမှ တက္ကသိုလ်ပထမနှစ်ဝင်ခွင့်များ (New Intakes)ကိုခေါ်ယူသွားမည်ဖြစ်ပါသည်။ ခေါ်ယူမည့်တက္ကသိုလ်များနှင့် တက္ကသိုလ်တခုချင်းစီ၏ ဝင်ခွင့်သတ်မှတ်ချက်များပါဝင်သော အသေးစိတ်အချက်အလက်များကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ထို့အပြင် TUNetwork page နှင့် Telegram Channel https://t.me/TUNetworkOfficial တို့တွင် နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ် ကောင်စီများကွန်ရက်ရှိ နည်းပညာတက္ကသိုလ်များမှခေါ်ယူမည့် ပထမနှစ်ဝင်ခွင့်များနှင့်ပတ်သက်သည်များအား အသိပေးကြေညာပေးသွားပါမည်။
#နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်
'CouncilNetwork

30/06/2024
ပထမအကြိမ် MES တွင် Register ပြုလုပ်ထားကျောင်းသားကျောင်းသူများအတွက် Moodle Account အသုံးပြုနည်းအဆင့်ဆင့်_________________...
25/03/2024

ပထမအကြိမ် MES တွင် Register ပြုလုပ်ထားကျောင်းသားကျောင်းသူများအတွက် Moodle Account အသုံးပြုနည်းအဆင့်ဆင့်
________________________📣📣📣
အဆင့်(၁)
ပထမဦးစွာ Register လုပ်ခဲ့သော MES Link https://mes.moeedu.org/login ထဲသို့ ဝင်ရောက်ရမည်။ ထို့နောက် MES Link တွင် Register လုပ်စဥ်က ရရှိထားသော ကျောင်းသားကုဒ် နှင့် လျှို့ဝှက်ကုဒ် (ပြောင်းထားလျှင်ပြောင်းထားသည့်ကုဒ်) ရိုက်ထည့်ရမည်။
အဆင့်(၂)
Moodle Account မရရှိသေးပါဟု ပေါ်လာပါက Menu Bar ကို နှိပ်ရမည်။
အဆင့်(၃)
ကျောင်းသား/ ကျောင်းသူ အသေးစိတ်ကို နှိပ်ရမည်။
အဆင့်(၄)
Menu bar ကို ဆက်လက်နှိပ်ရမည်။
အဆင့်(၅)
ဆက်သွယ်ရန်အချက်အလက်များကိုနှိပ်ရမည်။
အဆင့်(၆)
ကျောင်းသားအချက်အလက်များကျလာပြီး Moodle LMS Account နှင့် Password ရလာမည်ဖြစ်သည်။ ၎င်းးကို သေချာစွာ မှတ်သားထားရမည်။
အဆင့်(၇)
Moodle Platform Link သို့ ဝင်ရောက်ပြီး Log in ကို နှိပ်ရပါမည်။ https://tu.moeedu.org/
အဆင့်(၈)
အဆင့်(၆)တွင်ရရှိထားသော Moodle LMS Account နှင့် Password တို့အား မှန်ကန်စွာ ဖြည့်သွင်းရပါမည်။
အဆင့်(၉)
Log in ဝင်ရောက်မှု အောင်မြင်ပါက မိမိနှင့်သက်ဆိုင်သော သင်တန်းနှစ်မှ ဘာသာရပ်များကို လေ့လာသင်ယူနိုင်မည် ဖြစ်ပါသည်။
ကျောင်းသားများအနေဖြင့် မိမိတို့သင်တန်းနှစ်ရှိ သက်ဆိုင်ရာဘာသာရပ်အလိုက် သတ်မှတ်ထားသော pdf file များကို download ​ပြုလုပ်၍ လေ့လာနိုင်ပြီး video lecture များကို moodle platform တွင်သာ လေ့လာသင်ယူကြရပါမည်ဖြစ်ပါသည်။
MES တွင် Register ပြုလုပ်ထားပြီး မိမိတို့ရရှိထားသော Moodle Account ကုဒ်တို့ဖြင့် Moodle Platform သို့ ဝင်ရောက်ရန် အခက်အခဲတစုံတရာရှိပါက TUNetwork fb page Messenger နှင့်Telegram Channel https://t.me/TUNetworkOfficial သို့ လာရောက်မေးမြန်းနိုင်ပါသည်။
#နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
'CouncilNetwork

MES Registration ပြုလုပ်ပြီးသူများ Moodle အကောင့် ထုတ်ယူနိုင်ပါပြီ။_____________________________📣📣📣📣📣TU Network၏ တတိယအကြ...
25/03/2024

MES Registration ပြုလုပ်ပြီးသူများ Moodle အကောင့် ထုတ်ယူနိုင်ပါပြီ။
_____________________________📣📣📣📣📣

TU Network၏ တတိယအကြိမ် ကြားကာလပညာသင်ကြားရေးအစီအစဉ်တွင် MES Registration အောင်မြင်ခဲ့သော ကျောင်းသူကျောင်းသားများအနေဖြင့် Moodle အကောင့်များ စတင်ထုတ်ယူနိုင်ပါပြီ။ (ထပ်တိုးရက်အတွင်း Registration ပြုလုပ်သူများအတွက် ၃၁.၀၃.၂၀၂၄တွင် Moodle အကောင့် ထုတ်ပေးမည် ဖြစ်ပါသည်။)

👇 Moodle အကောင့်ထုတ်ယူပုံ အဆင့်ဆင့်
https://www.facebook.com/TUNetworkOfficial/posts/194684633559351

👇 Moodle LMS အသုံးပြုပုံ အသေးစိတ်
https://fb.watch/q_ZCL-A1sC/

⚠️ MES Registration အောင်မြင်ပြီးသော်လည်း Moodle အကောင့် မရရှိသေးပါက TUNetwork page နှင့် Telegram Channel https://t.me/TUNetworkOfficial တို့တွင် လာရောက်မေးမြန်းနိုင်ပါသည်။

✅ Moodle အကောင့် ရရှိပြီးသူ ကျောင်းသူကျောင်းသားများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ခန်းစာများ သင်ယူခြင်းနှင့် Assignmentများကို ဖြေဆိုခြင်းတို့ကို စတင်ပြုလုပ်နိုင်ပြီဖြစ်ကာ လုံခြုံရေးအထူးဂရုပြုကြရန်လည်း အကြံပြုပါသည်။

ကျန်ရှိနေသော သင်တန်းနှစ်များ၊ မေဂျာများနှင့်ပတ်သက်သော ကြားကာလပညာရေးအစီအစဥ်များကို နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်မှ ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ပါသည်။

#နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်

29/02/2024

တတိယအကြိမ်ခေါ်ယူသည့် သင်တန်းနှစ်များအတွက် MES တွင် မှတ်ပုံတင်ရန် အဆင့်ဆင့်အား အသိပေးကြေညာခြင်း
_______________📣📣📣📣📣
တတိယအကြိမ်ခေါ်ယူသည့် သင်တန်းနှစ်များသို့ တက်ရောက်မည့် ကျောင်းသားကျောင်းသူများအတွက် အဆင့် (၂)ဆင့်ပြုလုပ်ရန်လိုအပ်မည်ဖြစ်သည်။
အဆင့်(၁) MES တွင် Register ပြုလုပ်ခြင်း
ပထမဦးစွာ MES Register link ထဲဝင်ရမှာမည်ဖြစ်ပါသည်။
⏩>>>> https://mes.moeedu.org
ထို့နောက် MES Register ကိုရွေးရပါမည်ဖြစ်ပြီး အဆင့် ၆ ဆင့်ကို တွေ့ရမည်ဖြစ်ပါသည်။
( ၁ ) ကိုယ်ရေးအချက်အလက်
ကိုယ်ရေးအချက်အလက်များကိုမှန်ကန်အောင်ဖြည့်သွင်းပြီး နောက်တဆင့်ကိုနှိပ်ရမည်ဖြစ်သည်။
( ၂ ) အခြားအချက်အလက်များ
အခြားအချက်အလက်များတွင် လိုအပ်သည်များကို ဖြည့်သွင်းပြီ နောက်တဆင့်ကို နှိပ်ရမည်ဖြစ်သည်။
( ၃ ) ကျောင်းအမျိုးအစား
ကျောင်းအမျိုးအစားရွေးချယ်ရာတွင် အမျိုးအစားသတ်မှတ်ချက် ၁* နေရာတွင် အဆင့်မြင့်ပညာရေးကိုရွေးချယ်ရမည်ဖြစ်ပြီး အမျိုးအစားသတ်မှတ်ချက် ၂* နေရာတွင် နည်းပညာကျောင်းသားများအတွက် နည်းပညာကို ရွေးချယ်ရမည်ဖြစ်ပါသည်။ ရေကြောင်းတက်ရောက်နေသည့်ကျောင်းသားကျောင်းသူများက Maritime ကိုရွေးချယ်ရမည်ဖြစ်ပါသည်။
( ၄ ) ကျောင်း
ရွေးချယ်ရမည့်ကျောင်းနေရာတွင် မိမိတက်ရောက်ပညာသင်ကြားခဲ့သော တက္ကသိုလ်ကို ရွေးချယ်ရမှာမည်ဖြစ်ပါသည်။
( ၅ ) သင်တန်း
သင်တန်းကိုရွေးချယ်ရာတွင် မိမိတက်ရောက်မည့် သင်တန်းနှစ်ကို ရွေးချယ်ရမှာမည်ဖြစ်ပါသည်။
( ၆ ) အချက်အလက်စစ်ဆေးအတည်ပြုခြင်း။
မိမိဖြည့်သွင်းခဲ့သော အချက်အလက်များကို မှန်/မမှန် သေချာစစ်ဆေးရန်ဖြစ်ပါသည်။ မှန်ကန်ပြီးဆိုပါက အိုကေ ကိုနှိပ်လိုက်ရမည်ဖြစ်ပါသည်။
အထက်ဖော်ပြပါအဆင့်များပြည့်စုံစွာ ဖြည့်သွင်းပြီနောက်ကျောင်းသားနံပါတ်နှင့်လျှို့ဝှက်ကုဒ်ကျလာမည်ဖြစ်ပါသည်။ ထို့နောက် MES Register လုပ်စဥ်က ထည့်သွင်းထားသော မိမိ၏ Email သို့ ဝင်ရောက်၍ ပို့ပေးလာသည့် မိမိ ID နှင့် Passcode ကို မှတ်သားရမည်။
ထိုမှတ်သားထားသော IDနံပါတ်နှင့်လျှို့ဝှက်ကုဒ်အား အသုံးပြု၍ ( ဝင်ရန် )ကို နှိပ်လိုက်လျှင် လျှို့ဝှက်ကုဒ် ပြန်ထည့်ခိုင်းရန် Box ကျလာပါမည်။ မိမိကြိုက်နှစ်သက်ရာ ကုဒ်နံပါတ်ပြောင်းလဲနိုင်ပါသည်။ ထိုပြောင်းလဲထားသော ကုဒ်နံပါတ်ဖြင့် ဝင်ရောက်ပြီးလျှင် Moodle LMS အကောင့် မရှိသေးဟု ပေါ်လာပါက MES Registration အောင်မြင်ပြီ ဖြစ်ပါသည်။
အဆင့်(၂) TU Network တွင် HE Student Enrollment ပြုလုပ်ခြင်း။
MES Registration ပြုလုပ်ရာ စာမျက်နှာ၌ပင် စာရင်းသွင်းရန်ကို နှိပ်ရပါမည်။ ထို့နောက် နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်ကို ထပ်မံနှိပ်ရပါမည်။
(၁) သင်တန်း
သင်တန်းတွင် MES ၌ Register လုပ်စဥ်က ဖြည့်ခဲ့သော သင်တန်းနှစ်ကို တွေ့ရမည်ဖြစ်သည်။ မိမိသည် ယခု တက်ရောက်မည့်သူ၏ သင်တန်းနှစ်ကို ရွေးချယ်ရမည်ဖြစ်သည်။
(၂) ဘာသာရပ်များ
သင်ယူရမည့်နှစ်၏ ဘာသာရပ်များကို Click ၍ နောက်တဆင့်ကို နှိပ်ရမည်။
(၃)အချက်အလက်မှန်ကန်ကြောင်း အတည်ပြုခြင်း
အချက်အလက်များ မှန်ကန်ပါက OK ကို နှိပ်ရမည်။
ဤသို့ အဆင့်ဆင့်လုပ်ဆောင်သွားခြင်းဖြင့် Moodle LMS အကောင့်ကိုရရှိမည် ဖြစ်ပါသည်။ ထို့နောက် မိမိတို့သင်တန်းနှစ်၏ မေဂျာအတန်းရှိ ဘာသာရပ်များကို ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) မှ စတင်လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။
#နည်းပညာနှင့်နှီးနွှယ်ယာ ယီတက္ကသိုလ် ကောင်စီများကွန်ရက်
'CouncilNetwork
နည်းပညာတက္ကသိုလ်-မုံရွာ ယာယီတက္ကသိုလ် ကောင်စီ

နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်အဖွဲ့ဝင် ယာယီတက္ကသိုလ်​ကောင်စီများ၏တရားဝင် pageများကို သိပ...
27/02/2024

နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်အဖွဲ့ဝင် ယာယီတက္ကသိုလ်​ကောင်စီများ၏တရားဝင် pageများကို သိပေးကြေညာခြင်း
_________________________📣📣📣📣📣
နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်မှ ဖော်ဆောင်နေသော ကြားကာလပညာသင်ကြားရေးအစီအစဥ်များကို လေ့လာသင်ယူကြမည့် စစ်ကျွန်ပညာရေး သပိတ်မှောက်CDM ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏သက်ဆိုင်ရာယာယီတက္ကသိုလ်များနှင့် ချိတ်ဆက်နိုင်ရန်အတွက် ယာယီတက္ကသိုလ်ကောင်စီများ၏ လူမှုကွန်ယက်စာမျက်နှာ fb page များကို အသိပေးကြေညာအပ်ပါသည်။
1. Myitkyina Technological University
https://www.facebook.com/profile.php?id=100068604374535
2. Technological University (Bamaw)
https://www.facebook.com/profile.php?id=100075950383507
3. Technological University (Monywa)
https://www.facebook.com/TUMONYWACOUNCIL?mibextid=ZbWKwL
4. Technological University (Kalay)
https://www.facebook.com/iuctukalay
5. Mandalay Technological University
https://www.facebook.com/iucmtu
6. University of Technology, Yadanabon Cyber City
https://www.facebook.com/INTERIMCOUNCIL
7. Myanmar Aerospace Engineering University
https://www.facebook.com/MAEUIUC
8. Kyaukse Technological University
https://www.facebook.com/profile.php?id=100069604480731
9. Technological University (Yamethin)
https://www.facebook.com/IACTUYMT
10. Taunggyi Technological University
https://www.facebook.com/profile.php?id=100068088219863
11. Technological University (Panglong)
12. Technological University (Magway)
https://www.facebook.com/iuctumg
13. Technological University (Taungoo)
https://www.facebook.com/profile.php?id=100067759457978
14. Pyay Technological University
https://www.facebook.com/iucptu
15. Yangon Technological University
https://www.facebook.com/UniversityCouncilYTU
16. Myanmar Maritime University
https://www.facebook.com/profile.php?id=100068575273313
17. Thanlyin Technological University
https://www.facebook.com/profile.php?id=100067439269793
18. West Yangon Technological University
https://www.facebook.com/wytuiuc
19. Hmawbi Technological University
20. Myanmar Mercantile Marine College
https://www.facebook.com/profile.php?id=100068661158977
21. Hinthada Technological University
https://www.facebook.com/htuiuac?mibextid=ZbWKwL
22. Maubin Technological University
https://www.facebook.com/TUMUBIAC
23. Technological University (Hpann)
https://www.facebook.com/profile.php?id=100067403930505
24. Technological University (Mawlamyine)
https://www.facebook.com/uiactumlm
25.Dawei Technological University
https://www.facebook.com/dtuinterimcouncil
26. Myeik Technological University
https://www.facebook.com/profile.php?id=100068802153168
စစ်ကျွန်ပညာရေးသပိတ်မှောက် CDM ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ယာယီတက္ကသိုလ်ကောင်စီ fb page များသို့ ဆက်သွယ်ချိတ်ဆက်နိုင်ပါသည်။
#နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
'CouncilNetwork

တတိယအကြိမ်ခေါ်ယူမည့် သင်တန်းနှစ်များနှင့် မေဂျာများကို အသိပေးကြေညာခြင်း____________________📣📣📣📣📣တတိယအကြိမ်ခေါ်ယူမည့်  သင...
27/02/2024

တတိယအကြိမ်ခေါ်ယူမည့် သင်တန်းနှစ်များနှင့် မေဂျာများကို အသိပေးကြေညာခြင်း
____________________📣📣📣📣📣
တတိယအကြိမ်ခေါ်ယူမည့် သင်တန်းများတွင် မြန်မာနိုင်ငံရှိ နည်းပညာနှင့် နှီးနွှယ်တက္ကသိုလ်အသီးသီးမှ သပိတ်မှောက် CDM ကျောင်းသား၊ကျောင်းသူများ လာရောက် လျှောက်ထားနိုင်ပါသည်။
တတိယအကြိမ်ခေါ်ယူမည့် မေဂျာများနှင့် သင်တန်းနှစ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။
၁။ ဗိသုကာ (Architecture)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
၂။ ဓာတုအင်ဂျင်နီယာ (Chemical Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
၃။ မြို့ပြအင်ဂျင်နီယာ (Civil Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
၄။ အီလက်ထရောနစ်အင်ဂျင်နီယာ ( Electronics Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
၅။ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ (Electrical Power Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
၆။ သတင်းအချက်အလက်နှင့်နည်းပညာအင်ဂျင်နီယာ ( Information Technology Engineering)
– ပထမနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
၇။ စက်မှုအင်ဂျင်နီယာ (Mechanical Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်) နှင့်
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
၈။ စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာ ( Mechatronics Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
၉။ သတ္တုတူးဖော်ရေးအင်ဂျင်နီယာ (Mining Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
၁၀။ ရေနံအင်ဂျင်နီယာ (Petroleum Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
ထို့ကြောင့် တတိယအကြိမ်ခေါ်ယူမည့်သင်တန်းများကို လေ့လာသင်ယူကြမည့် စစ်ကျွန်ပညာရေး သပိတ်မှောက်CDM ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏သက်ဆိုင်ရာယာယီတက္ကသိုလ်များနှင့် ဦးစွာချိတ်ဆက်ကြပါရန် ထပ်မံ(ထပ်မံ) အသိပေးအပ်ပါသည်။
(( https://m.facebook.com/story.php?story_fbid=178677595160055&id=100090534476789 ))
ထို့အပြင် ကျန်ရှိနေသော သင်တန်းနှစ်များ၊ သင်တန်းအမျိုးအစားများနှင့်ပတ်သက်သော ကြားကာလပညာရေးအစီအစဥ်များကို နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်မှ ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ပါသည်။
#နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
'CouncilNetwork

08/02/2024

မုံရွာ နည်းပညာ တက္ကသိုလ် (မုံရွာ) မှ CDM ဆရာ ဆရာမ များ ခင်ဗျာ ။

မိမိတို့ ကြားကာလ ယာယီတက္ကသိုလ်ကောင်စီ နည်းပညာတက္ကသိုလ်(မုံရွာ) အနေဖြင့် အသိပေး အကြောင်းကြားအပ်သော အကြောင်းအရာ တော်တော်များများ ရှိနေပါတယ်။ သို့ပေမယ့်လည်း ဆရာ ဆရာမတို့ရဲ့ အသုံးပြုနေ​ေသာ နံပါတ်များသည် Update မဖြစ်ပါသဖြင့် သတင်းပေးဖို့ မျှဝေဖို့ အခက်အခဲ ဖြစ်နေပါတယ်။ သို့ပါသောကြောင့် ဆရာ ဆရာများ အနေဖြင့် ကောင်စီ ဖြင့် အဆက်အသွယ် မပြတ်စေရန် ယခု Page Chat မှာသော်လည်းကောင်း သက်ဆိုင်ရာ ဌာနမှူးများမှ သော်လည်းကောင်း ဆက်သွယ်ပြီး ကောင်စီ အဖွဲ့အစည်း ထဲသို့ ဝင်ရောက် သတင်းရယူကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

လေးစားစွာဖြင့်
ပြန်ကြားရေး Admin

သင်ယူမှုအကဲဖြတ်ခြင်းစတင်ဆောင်ရွက်မည်ဖြစ်ကြောင်းအသိပေးကြေညာခြင်း______________________📣📣📣📣📣မင်္ဂလာရှိသော တော်လှန်နှစ်သစ်ဖ...
03/01/2024

သင်ယူမှုအကဲဖြတ်ခြင်းစတင်ဆောင်ရွက်မည်ဖြစ်ကြောင်းအသိပေးကြေညာခြင်း
______________________📣📣📣📣📣
မင်္ဂလာရှိသော တော်လှန်နှစ်သစ်ဖြစ်ပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်၏ ကြားကာလသင်ကြားရေးအစီအစဥ် ပထမအကြိမ်တွင် စာရင်းပေးသွင်း မှတ်ပုံတင်ထားသော ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူမှုအကဲဖြတ်ခြင်းအား ၂၀၂၄ခုနှစ် ၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်၍ ဆောင်ရွက်မည်ဖြစ်သည်။

ပထမအကြိမ်၊ ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်) သင်တန်း၌ စာရင်းသွင်းမှတ်ပုံတင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၂၀၂၄ခုနှစ် ၊ ဇန်နဝါရီလ ၂၂ ရက်နေ့ (နံနက်ပိုင်း)မှ စတင်၍ သက်ဆိုင်ရာ စာသင်ခန်းများအတွင်း ဝင်ရောက် ဖြေဆိုနိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။သင်ယူမှုအကဲဖြတ် ဆန်းစစ်လွှာများအားလုံး ဖြေဆိုရန်လိုအပ်ပါကြောင်း ထပ်ဆင့်အသိပေးအပ်ပါသည်။

ပထမအကြိမ်ခေါ်ယူခဲ့သည့် မေဂျာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဗိသုကာ (Architecture)
၂။ ဓာတုအင်ဂျင်နီယာ (Chemical Engineering)
၃။ မြို့ပြအင်ဂျင်နီယာ (Civil Engineering)
၄။ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ (Electrical Power Engineering)
၅။ စက်မှုအင်ဂျင်နီယာ (Mechanical Engineering)
၆။ ရေနံအင်ဂျင်နီယာ (Petroleum Engineering)

နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်အနေဖြင့် ယခုဖော်ဆောင်လျက်ရှိသော ကြားကာလပညာရေးတွင် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ၏ ပညာသင်ယူခွင့်နှင့်ပတ်သက်၍ အတန်းတင်ခြင်း၊ ဘွဲ့ဒီဂရီအပ်နှင်းခြင်းဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ ယာယီတက္ကသိုလ်ကောင်စီများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ ထိုအကြောင်းအရာကို အပြည့်အစုံဖတ်ရှုရန် https://m.facebook.com/story.php?story_fbid=245888178438996&id=100090534476789&mibextid=Nif5oz

#နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
'CouncilNetwork

ပြည်သူလူထုအားလုံး၏ လိုလားချက်ဖြစ်သော အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဆင်နွှဲနေသည့် တော်လှန်ရေး အဖွဲ့အစည်းများအား...
09/12/2023

ပြည်သူလူထုအားလုံး၏ လိုလားချက်ဖြစ်သော အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဆင်နွှဲနေသည့် တော်လှန်ရေး အဖွဲ့အစည်းများအား ကြားကာလတက္ကသိုလ်ကောင်စီများက ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်

နေ့စွဲ။ ။၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ (၉) ရက်။

​နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင် တော်လှန်နေသော နိုင်ငံအဝှမ်းရှိ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်နေသည့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ (EROs)၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDFs)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (LPDFs)များမှ ဟန်ချက်ညီညီ ဆောင်ရွက်နေခြင်း၏ ရလဒ် များ ကြောင့် ပြည်သူလူထုလိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင်သို့ မုချ ရောက်ရမည်ဟု မိမိတို့ယုံကြည်ပါသည်။
သို့ဖြစ်ပါသောကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယနေ့အချိန်ထိ ပြည်သူ လူထုနှင့်အတူ အကြမ်းဖက်စစ်အုပ်စုအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲဆင်နွှဲ နေကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် Operation ၁၀၂၇ အပါအဝင် စစ်ဆင်ရေးအားလုံးကို မိမိတို့ တက္ကသိုလ်ကောင်စီများမှ အပြည့်အဝကြိုဆိုထောက်ခံပါကြောင်းနှင့် စစ်အာဏာရှင် စနစ်ဆိုးကြောင့် စစ်ဘေးဒဏ်သင့်ဒေသများ၊ ပဋိပက္ခဇုန်များ၊ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသောနယ်မြေများ၏ ပညာရေး အကျိုးအတွက် မိမိတို့တက္ကသိုလ်ကောင်စီများက ဒေသခံပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း ပါဝင် သွားမည်ဖြစ်ပါကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။

ကြားကာလတက္ကသိုလ်/ဒီဂရီကောလိပ်/ကောလိပ်/သိပ္ပံကျောင်း ကောင်စီများ

Address

Monywa

Website

Alerts

Be the first to know and let us send you an email when နည်းပညာတက္ကသိုလ်-မုံရွာ ယာယီတက္ကသိုလ် ကောင်စီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to နည်းပညာတက္ကသိုလ်-မုံရွာ ယာယီတက္ကသိုလ် ကောင်စီ:

Share