ကွန်ပျူတာတက္ကသိုလ်- မုံရွာ ယာယီတက္ကသိုလ်ကောင်စီ

  • Home
  • Myanmar
  • Monywa
  • ကွန်ပျူတာတက္ကသိုလ်- မုံရွာ ယာယီတက္ကသိုလ်ကောင်စီ

ကွန်ပျူတာတက္ကသိုလ်- မုံရွာ ယာယီတက္ကသိုလ်ကောင်စီ This page is the official page of Interim University Council, UCS-MONYWA, Myanmar.

03/03/2026

အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ
မတ်လ ၃ ရက် ၊ ၂၀၂၆ ခုနှစ်

ကွန်ပျူတာတက္ကသိုလ် (မုံရွာ) မှ ကျောင်းသူဟောင်း တစ်ဦးဖြစ်သော မကျော့နန္ဒာအောင်သည် စစ်အာဏာရှင်စနစ်အား ငြိမ်းချမ်းစွာ ဆန္ဒပြဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားခဲ့သည်မှာ ယနေ့ မတ်လ ၃ ရက် ၊ ၂၀၂၆ ခုနှစ်တွင် ငါးနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

မတရားမှုကို ရဲရင့်စွာ ဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားခဲ့ရသည့် မကျော့နန္ဒာအောင်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ အောက်မေ့သတိရလျက် ဝမ်းနည်းကြေကွဲယူကျုံးမရ ဖြစ်ရပါသည်။

မိမိအသက်ကို ပဓာနမထားဘဲ အကြမ်းဖက်စစ်အုပ်စုအား ရဲရင့်စွာတော်လှန်ခဲ့သည့် တော်လှန်ရေး အာဇာနည်တစ်ဦး အဖြစ် အမြဲသတိရအောက်မေ့လျက် မော်ကွန်းမှတ်တမ်းတင်ကာ အလေးနီပြုအပ်ပါသည်။

ယာယီတက္ကသိုလ်ကောင်စီ
ကွန်ပျူတာတက္ကသိုလ် (မုံရွာ)

29/01/2026

အထူးဝမ်းနည်းကြောင်း သဝဏ်လွှာ
ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်

ကွန်ပျူတာတက္ကသိုလ် (မုံရွာ) စတုတ္ထနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းမှ ကျောင်းသားတစ်ဦးဖြစ်သော ကိုအောင်ဆန်းဦး သည် စစ်အာဏာရှင်စနစ်အား ရဲရင့်စွာ ဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားခဲ့ရသည်မှာ ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ကွန်ပျူတာတက္ကသိုလ်(မုံရွာ) တွင် ပညာရပ်များ၏ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရင်း ကွန်ပျူတာပညာရှင်တစ်ဦး ဖြစ်လာရန် ကြိုးစားခဲ့သော တက်သစ်စ လူငယ်တစ်ဦး၊ ကျောင်းသားတစ်ဦးသည် မတရားမှုကို ရဲရင့်စွာ ဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားခဲ့ရသည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ အောက်မေ့သတိရလျက် ဝမ်းနည်းကြေကွဲယူကြုံးမရ ဖြစ်ရပါသည်။
မိမိအသက်ကို ပဓာနမထားပဲ အမှန်တရားဘက်မှ ရပ်တည်ကာ မတရားမှုကို ရဲရင့်စွာ ဆန့်ကျင်တော်လှန်ခဲ့သည့် တော်လှန်ရေး အာဇာနည်တစ်ဦး အဖြစ် မော်ကွန်းမှတ်တမ်းတင်ကာ အလေးနီဂုဏ်ပြုအပ်ပါသည်။

ယာယီတက္ကသိုလ်ကောင်စီ
ကွန်ပျူတာတက္ကသိုလ် (မုံရွာ)

27/01/2026

ယာယီတက္ကသိုလ်ကောင်စီ
ကွန်ပျူတာတက္ကသိုလ်(မုံရွာ)
[email protected]

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ CDM ပြည်သူ့ဝန်ထမ်းများအတွက် ဇန်နဝါရီလ ထောက်ပံ့ဂုဏ်ပြုငွေအသီးသီး ချီးမြှင့်လွှဲအပ်ပြီးကြောင်း ကြေငြာခြင်း
ဇန်နဝါရီ ၂၇ ရက် ၊၂၀၂၆ ခုနှစ်

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ရှိ ပြည်သူ့ဝန်ထမ်းများအတွက် ၂၀၂၆ ခုနှစ် ၊ဇန်နဝါရီ လ အတွက် ထောက်ပံ့ဂုဏ်ပြုငွေများကို CDM အထောက်အကူပြု ရေးကော်မရှင် (CDMSC)၊အမျိုးသား ညီညွတ်ရေး အစိုးရ ပညာရေးဝန်ကြီးဌာန ၊ပြည်တွင်းမှ ကျောင်းသား /သူ များနှင့် ကျောင်းသားဟောင်းများ၊ပြည်ပ အလှူရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် CDM ပြည်သူ့ဝန်ထမ်းများအတွက် တစ်ဦးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် ပြည်သူ့ဝန်ထမ်း ၂၄ ဦးသို့ (၇၂၀,၀၀၀) ကျပ် လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါသည်။

CDM ထောက်ပံ့မှုတွင် ပါဝင်ပေးကြပါသော ကျောင်းသားပြည်သူများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် အလှူရှင်တစ်ဦးချင်းဆီအား ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ယာယီတက္ကသိုလ်ကောင်စီ၏ CDM အထောက်အကူပြု ရေးကော်မရှင် (CDMSC) မှ အထူးကျေးဇူးတင်ရှိပါသည်။ နောင်လများတွင်လည်း ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ CDM ပြည်သူ့ဝန်ထမ်းများကို ထောက်ပံ့နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားပါမည်။

ယာယီတက္ကသိုလ်ကောင်စီ
ကွန်ပျူတာတက္ကသိုလ်(မုံရွာ)

အထူးဝမ်းနည်းကြောင်း သဝဏ်လွှာနိုဝင်ဘာလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်
19/11/2025

အထူးဝမ်းနည်းကြောင်း သဝဏ်လွှာ

နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ CDM ပြည်သူ့ဝန်ထမ်းများအတွက် ဩဂုတ် လနှင့် အောက်တိုဘာလ ထောက်ပံ့ဂုဏ်ပြုငွေအသီးသီး ချီးမြှင့်လွှ...
30/10/2025

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ CDM ပြည်သူ့ဝန်ထမ်းများအတွက် ဩဂုတ် လနှင့် အောက်တိုဘာလ ထောက်ပံ့ဂုဏ်ပြုငွေအသီးသီး ချီးမြှင့်လွှဲအပ်ပြီးကြောင်း ကြေငြာခြင်း
အောက်တိုဘာ ၃၀ ရက် ၊၂၀၂၅ ခုနှစ်

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ CDM ပြည်သူ့ဝန်ထမ်းများအတွက် ဇွန်လ ထောက်ပံ့ဂုဏ်ပြုငွေအသီးသီး ချီးမြှင့်လွှဲအပ်ပြီးကြောင်း ကြေ...
13/07/2025

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ CDM ပြည်သူ့ဝန်ထမ်းများအတွက် ဇွန်လ ထောက်ပံ့ဂုဏ်ပြုငွေအသီးသီး ချီးမြှင့်လွှဲအပ်ပြီးကြောင်း ကြေငြာခြင်း
ဇူလိုင်လ ၁‌၃ ရက် ၊၂၀၂၅ ခုနှစ်

ကွန်ပျူတာတက္ကသိုလ်(မုံရွာ) CDM ပြည်သူ့ဝန်ထမ်းများအတွက် ဧပြီလ ထောက်ပံ့ဂုဏ်ပြုငွေအသီးသီး ချီးမြှင့်လွှဲအပ်ပြီးကြောင်း ကြေင...
13/05/2025

ကွန်ပျူတာတက္ကသိုလ်(မုံရွာ) CDM ပြည်သူ့ဝန်ထမ်းများအတွက် ဧပြီလ ထောက်ပံ့ဂုဏ်ပြုငွေအသီးသီး ချီးမြှင့်လွှဲအပ်ပြီးကြောင်း ကြေငြာခြင်း

ဂျပန်ရောက် (CU Monywa)ကျောင်းသား၊ ကျောင်းသူများ ၊ ကျောင်းသားဟောင်းများအနေဖြင့် Japanese ¥ ဖြင့်လည်း UCS - Monywa  CDM Su...
13/05/2025

ဂျပန်ရောက် (CU Monywa)ကျောင်းသား၊ ကျောင်းသူများ ၊ ကျောင်းသားဟောင်းများအနေဖြင့် Japanese ¥ ဖြင့်လည်း UCS - Monywa CDM Support အတွက် လှူဒါန်းနိုင်ပါပြီ။

စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း 12.5.2023 တွင် ကျဆုံးခဲ့သော ကွန်ပျူတာတက္ကသိုလ် (မုံရွာ)၊ပဥ္စမနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်...
12/05/2025

စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း 12.5.2023 တွင် ကျဆုံးခဲ့သော ကွန်ပျူတာတက္ကသိုလ် (မုံရွာ)၊
ပဥ္စမနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းမှ အာဇာနည်ရဲဘော် ကိုပိုင်ရဲဇော် အား ရည်စူး၍
ကွန်ပျူတာတက္ကသိုလ် (မုံရွာ)မှ CDM ကျောင်းသား/ကျောင်းသူများ စုပေါင်း၍
စစ်ဘေးရှောင် ပြည်သူများအတွက်
၂ နှစ်ပြည့် နှစ်ပတ်လည်အလှူအဖြစ် လှူဒါန်းပေးခဲ့ပါသည်။

အာဇာနည်ရဲဘော် ကိုပိုင်ရဲဇော် သည် မိမိအသက်ကို ပဓာနမထားဘဲ အမှန်တရားဘက်မှ ရပ်တည်ကာ စစ်အာဏာရှင်စနစ်နဲ့ မတရားမှုကို ရဲရင့်စွာ ဆန့်ကျင်တော်လှန်ခဲ့သည်။ ကိုပိုင်ရဲဇော် မြင့်မြတ်ရာဘုံဘဝမှ ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ဆိုနိုင်ပါစေသောဝ်။

ဝမ်းနည်းကြောင်း သဝဏ်လွှာမတ်လ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်
23/03/2025

ဝမ်းနည်းကြောင်း သဝဏ်လွှာ
မတ်လ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်

စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း 3.3.2021 တွင် ကျဆုံးခဲ့သော ကွန်ပျူတာတက္ကသိုလ် (မုံရွာ ) ကျောင်းသူဟောင်း တစ်ဦးဖြစ်သူ မကျေ...
03/03/2025

စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း 3.3.2021 တွင် ကျဆုံးခဲ့သော ကွန်ပျူတာတက္ကသိုလ် (မုံရွာ ) ကျောင်းသူဟောင်း တစ်ဦးဖြစ်သူ မကျော့နန္ဒာ‌အောင်
အား ရည်စူး၍ ကွန်ပျူတာတက္ကသိုလ် (မုံရွာ)မှ CDM ကျောင်းသား/ကျောင်းသူများ စုပေါင်း၍
မြောင်မြို့နယ် တော်လှန်ရေးတပ် သို့
၄ နှစ်ပြည့် နှစ်ပတ်လည်အလှူအဖြစ် လှူဒါန်းပေးခဲ့ပါသည်။

မကျော့နန္ဒာအောင်သည် မိမိအသက်ကို ပဓာနမထားဘဲ အမှန်တရားဘက်မှ ရပ်တည်ကာ စစ်အာဏာရှင်စနစ်နဲ့ မတရားမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြ ဆန့်ကျင်တော်လှန်ခဲ့သည်။
မကျော့နန္ဒာအောင် မြင့်မြတ်ရာဘုံဘဝမှ ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ဆိုနိုင်ပါစေသောဝ်။

Address

Monywa

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Alerts

Be the first to know and let us send you an email when ကွန်ပျူတာတက္ကသိုလ်- မုံရွာ ယာယီတက္ကသိုလ်ကောင်စီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to ကွန်ပျူတာတက္ကသိုလ်- မုံရွာ ယာယီတက္ကသိုလ်ကောင်စီ:

Share