Ah Nyar Institute

Ah Nyar Institute Ah Nyar Institute is an independent and non-profit higher education institution. OFFICIAL page of Ah Nyar Institute.

📢Course Announcement 🔔🔰အညာအင်စတီကျုရဲ့ Hta-Hnaung Center for Academic Studies ကနေ “General English skills for Academic F...
23/06/2026

📢Course Announcement 🔔

🔰အညာအင်စတီကျုရဲ့ Hta-Hnaung Center for Academic Studies ကနေ “General English skills for Academic Foundation” course ထပ်မံဖွင့်တော့မယ်ဆိုတဲ့အကြောင်းအသိပေးလိုက်ပါတယ်။

🔰ယခုသင်တန်းကတော့ အင်္ဂလိပ်ဘာသာစကားကိုအခြေခံကနေ စနစ်တကျ လေ့လာသင် ယူချင်တဲ့ ကျောင်းသား/သူတွေ၊ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု တိုးတက်လာပြီး ပညာရေးနှင့်နေ့စဉ်သုံးစကားတွေမှာ ထိရောက်စွာ ပြောဆိုဆက်သွယ်ချင် သူများအတွက် “General English skills for Academic Foundation” course လေးဖြစ်ပါတယ်။

📍ဘာတွေလေ့လာရမလဲ?

✅အင်္ဂလိပ်ဘာသာစကားကို အခြေခံစကားပြော၊နားလည်မှု၊ စာဖတ်နိုင်စွမ်းနှင့်ရေးသားနိုင်စွမ်းတို့ကို အားကောင်း စေနိုင်ရန် နေ့စဥ်သုံး အခြေခံဝေါဟာရတွေ၊ဝါကျကို စနစ်တကျ တည်ဆောက်ပုံ၊ မရှိမဖြစ်လိုအပ်တဲ့ သဒ္ဒါအခြေခံတွေကို စနစ်တကျနှင့်နည်းလမ်းမှန်ကန်စွာ အသုံးပြုပုံတွေကို ‌ဒီအတန်းမှာ လေ့လာ ရမှာ ဖြစ်ပါတယ်။

👉ဘယ်သူတွေတက်ရောက်သင့်လဲ?

✅ အင်္ဂလိပ်စာအခြေခံအားနည်းပြီးစနစ်တကျစတင်လေ့လာလိုသူများ
✅ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု တိုးတက်လာချင်သူများ
✅ပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းအတွက် မိမိအင်္ဂလိပ်စာတိုးတက်စေရန် ရည်ရွယ်သူများ

👩‍🏫သင်ကြားပေးမယ့်ဆရာမကတော့ -
သင်ကြားရေးနယ်ပယ်မှာဆယ်စုနှစ်ကျော်အတွေ့အကြုံရှိပြီး လက်ရှိတွင်လည်း IELTS အတန်းများ၊ IGCSEတက်ရောက်နေကြသော ကျောင်းသား/သူများကိုသင်ကြားပေးနေသူလည်းဖြစ်ပါသည်။

⏰အချိန်ကာလအနေနဲ့(၃)လ ကြာမြင့်မှာဖြစ်ပြီးအပတ်စဉ် တင်္နလာနေ့နှင့်အင်္ဂါနေ့တွေမှာ ည(၆:၃၀) ကနေ(၈:၀၀) အထိအွန်လိုင်းကနေသင်ကြားပေးသွားမှာဖြစ်ပါတယ်။

👉သင်ကြားပေးမယ့်ခေါင်းစဉ်လေးတွေကတော့

✅ UNIT 01: DAILY LIFE
✅ UNIT 02: HOUSE AND HOME
✅ UNIT 03: HOBBIES, LEISURE AND ENTERTAINMENT
✅ UNIT 04: TRAVEL AND HOLIDAYS
✅UNIT 05: FOOD
✅UNIT 06: TRANSPORT AND PLACES IN TOWN
✅UNIT 07: JOBS, WORK AND STUDY
✅UNIT 08: HEALTH AND MEDICINE
✅UNIT 09: LANGUAGE
✅UNIT 10: SCIENCE AND TECHNOLOGY
စတဲ့အကြောင်းအရာတွေကိုယုံကြည်မှုရှိရှိပြောဆိုအသုံးချနိုင်အောင်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် General English Skills အတန်းဖြစ်တဲ့အတွက် Reading , Writing , Listening & Speaking စတာတွေကို အခြေခံကစလို့ သင်ကြားသွားမှာဖြစ်ပါတယ်။

🗓သင်တန်းစတင်မည့်ရက် - ဇူလိုင်လ (၆) ရက်
🗓သင်တန်းပြီးဆုံးမည့်ရက် - စက်တင်ဘာလ (၂၂) ရက်
🗓သင်တန်းအချိန် - ည(၆:၃၀) မှ(၈:၀၀) ထိ ၊
အပတ်စဥ် တင်္နလာနေ့နှင့်အင်္ဂါနေ့
⏰သင်တန်းကာလ -(၂)လ
💻သင်ကြားမည့်ပုံစံ-Zoom

သင်တန်းကြေး - အခမဲ့

‼️သင်တန်းအတွက်သင်တန်းကြေး (အခမဲ့)ဖြစ်သော်လည်း Commitment fees အနေဖြင့် ( ၅၀၀၀၀ ) ကျပ်ကောက်ခံမည်ဖြစ်ပါသည်။သင်တန်းအဆုံးထိပြီးဆုံးအောင်တက်ပြီးသင်တန်းဆင်းလက်မှတ်ရရှိသူများကိုသာCommitment fees(၅၀၀၀၀)ကျပ်ကိုအပြည့်အဝပြန်လည်ပေးအပ်မှာဖြစ်ကြောင်းတစ်ပါတည်းအသိပေးလိုပါတယ် ။

📍စိတ်ဝင်စားသူများအနေဖြင့် သင်တန်းလျှောက်ထားရန် ယခု Registration form [https://forms.gle/DeVXFmQAp3ViPGu26] ကို ဖြည့်ပြီးလျှောက်ထားနိုင်မှာဖြစ်ပါတယ်။

📍လူဦးရေအကန်အသတ်ရှိတာကြောင့် သတ်မှတ်ထားသောလူဦးရေပြည့်တာနဲ့တစ်ပြိုင်နက် ‌လျှောက်လွှာပိတ်သိမ်းမှာဖြစ်တဲ့အတွက် အမြန်ဆုံးစာရင်းသွင်းကြဖို့တိုက်တွန်းလိုပါတယ်။

📍သင်တန်းလျှောက်လွှာနောက်ဆုံးလက်ခံမည့်ရက်က ဇွန်လ ၃၀ရက် ၂၀၂၆ ဖြစ်ပါတယ်။

📍သင်တန်းလျှောက်လွှာဖြည့်ရာတွင် မိမိတိုရဲ့ဖုန်းနံပါတ်၊ emailနှင့် Telegram အစရှိသည်တို့ကိုသေချာစစ်ဆေးပြီးဖြည့်ပေးဖိုမေတ္တာရပ်ခံအပ်ပါတယ်။

❇️ For any inquiries, please contact us
Email: ‌[email protected]
Facebook: Ah Nyar Institute


🎊 အညာပညာသင်ဆုအစီအစဉ် လျှောက်လွှာများလက်ခံခြင်း🔰 အားလုံးပဲမင်္ဂလာပါ။ အညာအင်စတီကျုကနေ ၂၀၂၆ ခုနှစ်အတွက် အညာပညာသင်ဆုအစီအစဥ် ...
22/06/2026

🎊 အညာပညာသင်ဆုအစီအစဉ် လျှောက်လွှာများလက်ခံခြင်း

🔰 အားလုံးပဲမင်္ဂလာပါ။ အညာအင်စတီကျုကနေ ၂၀၂၆ ခုနှစ်အတွက် အညာပညာသင်ဆုအစီအစဥ် စတင်တော့ မှာ ဖြစ် ပါ တယ်ဆိုတဲ့အ ကြောင်းသတင်းကောင်းလေးပါးလိုက်ပါရစေ။

✅အညာပညာသင်ဆုအစီအစဉ်သည် အညာဒေသမှကျောင်းသား/သူများ ပညာဆက်လက် သင်ကြားနိုင်ခွင့် ရရှိ စေရန်ရည်ရွယ်ပြီး ပဋိပက္ခနှင့် စီးပွားရေးအခက်အခဲများကြောင့် အခက်အခဲများကြောင့်ပညာသင်ယူခွင့် ဆုံးရှုံးနေသည့် ကျောင်းသူ/သားများကိုစွမ်းဆောင်ရည်နှင့် လိုအပ်ချက်အခြေပြု ပညာသင်ဆုများဖြင့် ပံ့ပိုး ပေး ရန်ရည်ရွယ်သည့်အစီအစဥ်တစ်ခုဖြစ်ပါသည်။ ဤပညာသင်ဆုအစီအစဉ်ကို သာတူညီမျှမှုနှင့် လူမှု အသိုင်း အဝိုင်း၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်လျက် ပံ့ပိုးဆောင်ရွက်မည် ဖြစ်သည်။

✅ အစီအစဥ်ကာလ - ဇွန်လ၊၂၀၂၅ မှ မေလ ၂၀၂၉ အထိ ( ၄နှစ်)
✅ အညာပညာသင်ဆုချီးမြှင့်မည့်အစီအစဥ်
နှစ်စဉ် ပံ့ပိုးမည့်ဆု အရေအတွက် -၁၀ ဆု
✅ဆုတစ်ဆုအတွက် (လစဉ်) ပံ့ပိုးငွေ ပမာဏ- ၅၀,၀၀၀ ကျပ် (ငါးသောင်းကျပ်)
✅စာသင်နှစ်တစ်နှစ်အတွင်း ပံ့ပိုးမည့်လအရေအတွက် - ၉ လ

✅ အညာပညာသင်ဆုလျှောက်ထားနိုင်သူများ
ပညာသင်ဆုကို လျှောက်ထားနိုင်ရန်အတွက် အောက်ဖော်ပြပါအချက်များနှင့် ကိုက်ညီရပါမည်။
▫️အထက်တန်းအဆင့် (၁၀ တန်းမှ ၁၂ တန်း) ကျောင်းသား/ကျောင်းသူများ
▫️ပညာသင်ကြားရန်စိတ်အားထက်သန်မှုပြင်းပြပြီးဆက်လက်ပညာသင်ကြားရန်ငွေကြေး အခက် အခဲ ကြုံတွေ့နေသူများ
▫️သင့်လျော်သော စာသင်ကျောင်းတွင် စာရင်းသွင်းထားသူ (သို့) စာရင်းသွင်းရန် စီစဉ်ထားသူများ
စစ်ပွဲကြောင့် မိမိနေရပ်မှ စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူများ
▫️ပထမဦးစားပေးဒေသများ - မြန်မာနိုင်ငံအတွင်းရှိ စစ်ပွဲများဖြစ်ပွားနေသော အညာဒေသမှ စစ်ကိုင်း၊ မကွေး၊ မန္တလေး စသည့်မြို့နယ်များကို ဦးစား ပေးမည်။

✅ ပညာသင်ဆု အကျိုးခံစားခွင့်များ

▫️ပညာသင်ဆုရရှိသူတစ်ဦးချင်းစီသည်
ပညာရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှု
▫️လမ်းညွှန်အကြံပေး ပံ့ပိုးမှု
▫️အညာအင်စတီကျူ၏ အခြားသော ပညာရေးအရင်းအမြစ်များကို အသုံးပြုခွင့် တို့ကိုရရှိမည်ဖြစ်ပါတယ်။

📨 လျှောက်ထားရန် လုပ်ငန်းစဉ်
(က) လျှောက်လွှာတင်သွင်းခြင်း - လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်လွှာပုံစံများကို ပြည့်စုံစွာဖြည့်စွက်၍ တင်သွင်းခြင်း
(ခ) ကနဦးစိစစ်ခြင်း - လျှောက်လွှာများကို အရည်အချင်းပြည့်မီမှုအတွက် စိစစ်ခြင်း
(ဂ) အင်တာဗျူး - ရွေးချယ်ထားသော လျှောက်ထားသူများကို ရွေးချယ်ရေးကော်မတီမှ တွေ့ဆုံမေးမြန်းခြင်း
(ဃ) နောက်ဆုံးရွေးချယ်ခြင်း - အချက်အလက်အားလုံးကို အကဲဖြတ်ပြီး ပညာသင်ဆု ရရှိသူများကို ကြေညာခြင်း နှင့် ပညာသင်ဆု ရရှိသူများကို သဝဏ်လွှာပေးအပ်ခြင်း

📍အညာပညာသင်ဆုအစီအစဥ်အကြောင်းဖတ်ရန် -
https://drive.google.com/file/d/1s_eVgpittKL_V90pEzIisGDzL3VyJEs_/view?usp=sharing

📍လျှောက်လွှာတင်ရန်လင့်ခ် - https://forms.gle/vuK77rnNVAGqATSB7

📅 အညာပညာသင်ဆုလျှောက်ထားမည့်ကျောင်းသား/သူများအနေဖြင့် လျှောက်လွှာများကို ဇူလိုင်လ ( ၁) ရက် ၊ ၂၀၂၆ နောက်ဆုံးထားပြီးပေးပို့လျှောက်ထားနိုင်ပါသည်။

🔰For any inquiries, please contact us!
Email: [email protected]
Website: www.ahnyarinstitute.org
LinkedIn: https://www.linkedin.com/company/ah-nyar-institute/
YouTube: https://www.youtube.com/
Facebook: https://www.facebook.com/ahnyarinstitute

✅အညာအင်စတီကျုမှဖွင့်လှစ်သွားမည့် “Learning theories in practice “ short course အတန်းအတွက် လျှောက်လွှာစာရင်းပေးသွင်းနိုင်...
15/06/2026

✅အညာအင်စတီကျုမှဖွင့်လှစ်သွားမည့် “Learning theories in practice “ short course အတန်းအတွက် လျှောက်လွှာစာရင်းပေးသွင်းနိုင်မည့်အချိန်ကိုတိုးပေးလိုက်ပါတယ်ရှင်။လျှောက်လွှာစာရင်းပေးသွင်းချင် သူများအနေဖြင့် ၂၀၂၆ ဇွန်လ (၁၈) ရက်နေ့နောက်ဆုံးထားပြီး လျှောက်လွှာစာရင်းပေးကြပါရန် အသိပေးအကြောင်းကြားလိုက်ပါတယ်ရှင်။✨

📍သင်တန်းလျှောက်ထားရန် ယခု Registration form [https://forms.gle/JMNQefcpvUzvb84W9]ကိုဖြည့်ပြီးလျှောက်ထားနိုင်ပါသည်။

❇️ For any inquiries, please contact us
Email: ‌[email protected]
Facebook: Ah Nyar Institute


📢Short Course Announcement 🔔
🔰အညာအင်စတီကျု့ရဲ့ Hta-Hnaung Center for Academic Studies ကနေ “Learning Theories in Practice” ခေါင်းစဥ်နဲ့ short course တစ်ခုဖွင့်တော့မယ်ဆိုတဲ့အကြောင်းအသိပေးပါလိုက်ပါတယ်။

🔰ယခုသင်တန်းတွင် သင်ကြားမှုအတွက်အရေးကြီးသောသီအိုရီများ များ၏ အခြေခံသဘောတရားများကို လေ့လာရုံသာမက သင်ကြားရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများ၊ သင်ယူသူဗဟိုပြု သင်ကြားရေးဆိုင်ရာ အယူအဆများနှင့် အတန်းတွင်း စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံနည်းလမ်းများကိုပါ လေ့လာခွင့်ရရှိမည်ဖြစ်ပါသည်။

📍ဘာတွေလေ့လာရမလဲ?
✅ သင်ယူမှု (Learning) ၏ အဓိပ္ပါယ်နှင့် အခြေခံသဘောတရားများ
✅ Behaviorism, Cognitivism, Constructivism အပါအဝင် အဓိက Learning Theories များ၏ အယူအဆများ
✅ Learning Theories များကို သင်ကြားရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများ
✅ သင်ယူသူဗဟိုပြု သင်ကြားရေးနှင့် သင်ယူမှုမြှင့်တင်ရေးဆိုင်ရာ နည်းလမ်းများ
✅ အတန်းတွင်း စီမံခန့်ခွဲမှု (Classroom Management) ဆိုင်ရာ အခြေခံအယူအဆများ
✅ ထိရောက်သော သင်ကြားမှုအတွက် သိသင့်သိထိုက်သော ပညာရေးဆိုင်ရာ အခြေခံသဘောတရားများအားလုံးကိုခြုံငုံမိအောင်သင်ကြားပေးသွားမှာဖြစ်ပါတယ်

👉ဘယ်သူတွေတက်ရောက်သင့်လဲ?

✔️ လက်ရှိ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဆရာ၊ ဆရာမများ
✔️ ဆရာဖြစ်သင်တန်း တက်ရောက်နေသူများ
✔️ Trainer များ၊ Facilitator များနှင့် လူငယ်စွမ်းရည်မြှင့်တင်ရေး လုပ်ဆောင်နေသူများ
✔️ ပညာရေးနှင့် စိတ်ပညာဘာသာရပ်များကို စိတ်ဝင်စားသူများ
✔️ ပညာရေးနှင့် စိတ်ပညာဆိုင်ရာ ဘွဲ့ကြို၊ ဘွဲ့လွန် ပညာသင်ယူရန် စိတ်ဝင်စားသူများ
✔️ မိဘများနှင့် ကလေးပြုစုစောင့်ရှောက်သူများ

👩‍🏫 သင်ကြားပို့ချပေးမည့် ဆရာမ
ဆရာ့အတတ်ပညာနှင့် ပညာရေးစိတ်ပညာနယ်ပယ်တွင် (၁၀) နှစ်ကျော် သင်ကြားရေး၊ Teacher Training နှင့် ပညာရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှု အတွေ့အကြုံများရှိသော Teacher Trainer မှ တာဝန်ယူ ပို့ချပေးသွားမည် ဖြစ်ပါသည်။

⏰အချိန်ကာလအနေနဲ့(၆)ပတ်ကြာမြင့်မှာဖြစ်ပြီးအပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့်ကြာသပတေးနေ့တွေမှာည(၇:၀၀)ကနေ(၉း၀၀)အထိအွန်လိုင်းကနေသင်ကြားပေးသွားမှာဖြစ်ပါတယ်။

👉သင်ကြားပေးမယ့်ခေါင်းစဉ်လေးတွေကတော့
✅Understanding learning
✅Knowledge & Learning
✅Behavioral Views of Learning
✅Cognitive Views of Learning
✅Complex Cognitive Process
✅Social Cognitive Views of Learning
✅Constructivist Views of Learning
✅Theories of Motivation စတဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။

🗓သင်တန်းစတင်မည့်ရက် - ဇွန်လ (၁၇ ) ရက်
🗓သင်တန်းပြီးဆုံးမည့်ရက် - ဇူလိုင်လ (၂၃) ရက်
⏰သင်တန်းကာလ -(၆)ပတ်
💻သင်ကြားမည့်ပုံစံ-Zoom
❗️သင်တန်းကြေး- မြန်မာငွေ ၃၀,၀၀၀ကျပ်

📍စိတ်ဝင်စားသူများအနေဖြင့် သင်တန်းလျှောက်ထားရန် ယခု Registration form [https://forms.gle/JMNQefcpvUzvb84W9]ကိုဖြည့်ပြီးလျှောက်ထားနိုင်ပါသည်။
📍သင်တန်းလျှောက်လွှာနောက်ဆုံးလက်ခံမည့်ရက်က ဇွန်လ ၁၃ ရက်နေ့ ဖြစ်ပါတယ်။
📍သင်တန်းလျှောက်လွှာဖြည့်ရာတွင် မိမိတို့ရဲ့ဖုန်းနံပါတ်၊ emailနှင့် Telegram အစရှိသည်တို့ကိုသေချာစစ်ဆေးပြီးဖြည့်ပေးဖို့မေတ္တာရပ်ခံအပ်ပါသည်။

❇️ For any inquiries, please contact us
Email: ‌[email protected]
Facebook: Ah Nyar Institute


📢Short Course Announcement 🔔🔰အညာအင်စတီကျု့ရဲ့ Hta-Hnaung Center for Academic Studies ကနေ “Learning Theories in Practice”...
09/06/2026

📢Short Course Announcement 🔔
🔰အညာအင်စတီကျု့ရဲ့ Hta-Hnaung Center for Academic Studies ကနေ “Learning Theories in Practice” ခေါင်းစဥ်နဲ့ short course တစ်ခုဖွင့်တော့မယ်ဆိုတဲ့အကြောင်းအသိပေးပါလိုက်ပါတယ်။

🔰ယခုသင်တန်းတွင် သင်ကြားမှုအတွက်အရေးကြီးသောသီအိုရီများ များ၏ အခြေခံသဘောတရားများကို လေ့လာရုံသာမက သင်ကြားရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများ၊ သင်ယူသူဗဟိုပြု သင်ကြားရေးဆိုင်ရာ အယူအဆများနှင့် အတန်းတွင်း စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံနည်းလမ်းများကိုပါ လေ့လာခွင့်ရရှိမည်ဖြစ်ပါသည်။

📍ဘာတွေလေ့လာရမလဲ?
✅ သင်ယူမှု (Learning) ၏ အဓိပ္ပါယ်နှင့် အခြေခံသဘောတရားများ
✅ Behaviorism, Cognitivism, Constructivism အပါအဝင် အဓိက Learning Theories များ၏ အယူအဆများ
✅ Learning Theories များကို သင်ကြားရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများ
✅ သင်ယူသူဗဟိုပြု သင်ကြားရေးနှင့် သင်ယူမှုမြှင့်တင်ရေးဆိုင်ရာ နည်းလမ်းများ
✅ အတန်းတွင်း စီမံခန့်ခွဲမှု (Classroom Management) ဆိုင်ရာ အခြေခံအယူအဆများ
✅ ထိရောက်သော သင်ကြားမှုအတွက် သိသင့်သိထိုက်သော ပညာရေးဆိုင်ရာ အခြေခံသဘောတရားများအားလုံးကိုခြုံငုံမိအောင်သင်ကြားပေးသွားမှာဖြစ်ပါတယ်

👉ဘယ်သူတွေတက်ရောက်သင့်လဲ?

✔️ လက်ရှိ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဆရာ၊ ဆရာမများ
✔️ ဆရာဖြစ်သင်တန်း တက်ရောက်နေသူများ
✔️ Trainer များ၊ Facilitator များနှင့် လူငယ်စွမ်းရည်မြှင့်တင်ရေး လုပ်ဆောင်နေသူများ
✔️ ပညာရေးနှင့် စိတ်ပညာဘာသာရပ်များကို စိတ်ဝင်စားသူများ
✔️ ပညာရေးနှင့် စိတ်ပညာဆိုင်ရာ ဘွဲ့ကြို၊ ဘွဲ့လွန် ပညာသင်ယူရန် စိတ်ဝင်စားသူများ
✔️ မိဘများနှင့် ကလေးပြုစုစောင့်ရှောက်သူများ

👩‍🏫 သင်ကြားပို့ချပေးမည့် ဆရာမ
ဆရာ့အတတ်ပညာနှင့် ပညာရေးစိတ်ပညာနယ်ပယ်တွင် (၁၀) နှစ်ကျော် သင်ကြားရေး၊ Teacher Training နှင့် ပညာရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှု အတွေ့အကြုံများရှိသော Teacher Trainer မှ တာဝန်ယူ ပို့ချပေးသွားမည် ဖြစ်ပါသည်။

⏰အချိန်ကာလအနေနဲ့(၆)ပတ်ကြာမြင့်မှာဖြစ်ပြီးအပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့်ကြာသပတေးနေ့တွေမှာည(၇:၀၀)ကနေ(၉း၀၀)အထိအွန်လိုင်းကနေသင်ကြားပေးသွားမှာဖြစ်ပါတယ်။

👉သင်ကြားပေးမယ့်ခေါင်းစဉ်လေးတွေကတော့
✅Understanding learning
✅Knowledge & Learning
✅Behavioral Views of Learning
✅Cognitive Views of Learning
✅Complex Cognitive Process
✅Social Cognitive Views of Learning
✅Constructivist Views of Learning
✅Theories of Motivation စတဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။

🗓သင်တန်းစတင်မည့်ရက် - ဇွန်လ (၁၇ ) ရက်
🗓သင်တန်းပြီးဆုံးမည့်ရက် - ဇူလိုင်လ (၂၃) ရက်
⏰သင်တန်းကာလ -(၆)ပတ်
💻သင်ကြားမည့်ပုံစံ-Zoom
❗️သင်တန်းကြေး- မြန်မာငွေ ၃၀,၀၀၀ကျပ်

📍စိတ်ဝင်စားသူများအနေဖြင့် သင်တန်းလျှောက်ထားရန် ယခု Registration form [https://forms.gle/JMNQefcpvUzvb84W9]ကိုဖြည့်ပြီးလျှောက်ထားနိုင်ပါသည်။
📍သင်တန်းလျှောက်လွှာနောက်ဆုံးလက်ခံမည့်ရက်က ဇွန်လ ၁၃ ရက်နေ့ ဖြစ်ပါတယ်။
📍သင်တန်းလျှောက်လွှာဖြည့်ရာတွင် မိမိတို့ရဲ့ဖုန်းနံပါတ်၊ emailနှင့် Telegram အစရှိသည်တို့ကိုသေချာစစ်ဆေးပြီးဖြည့်ပေးဖို့မေတ္တာရပ်ခံအပ်ပါသည်။

❇️ For any inquiries, please contact us
Email: ‌[email protected]
Facebook: Ah Nyar Institute


👉ဒီတစ်ခါ မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဂျပန်နိုင်ငံရဲ့ထိပ်တန်းအမျိုးသားတက္ကသိုလ်တစ်ခုဖြစ်တဲ့ Hokkaido တက္ကသိုလ်တွင...
22/05/2026

👉ဒီတစ်ခါ မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဂျပန်နိုင်ငံရဲ့ထိပ်တန်းအမျိုးသားတက္ကသိုလ်တစ်ခုဖြစ်တဲ့ Hokkaido တက္ကသိုလ်တွင် တက်ရောက်ခွင့်ရမည့် Hokkaido University MEXT Scholarship 2027 ပညာသင်ဆုအစီအစဥ် ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာဆိုရင်ထူးချွန်ထက်မြက်သည့် နိုင်ငံတကာကျောင်းသားကျောင်းသူများကို‌ငွေကြေးအခက်အခဲမရှိဘဲ ကမ္ဘာ့အဆင့်မီ ပညာရေးနှင့် သုတေသနပညာရပ်များကို ဆက်လက်လေ့လာနိုင်ရန် ရည်ရွယ်ပြီး ဂျပန်အစိုးရ(MEXT) မှ ပေးအပ်သည့် ပညာသင်ဆုအစီအစဥ်ဖြစ်ပါတယ်။

❇️ Hokkaido University ကနေပေးမည့် MEXT Scholarship ဟာဆိုရင်အရည်အချင်းပြည့်မီသော နိုင်ငံတကာကျောင်းသားများကို Hokkaidoတက္ကသိုလ်တွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများကို စရိတ်ငြိမ်း (Fully Funded) တက်ရောက်နိုင်ရန် ကူညီထောက်ပံ့၊ အခွင့်အလမ်းပေးသောပညာသင်ဆုအစီအစဥ်ဖြစ်ပါတယ်။

💰 Scholarship Benefits
ဒီပညာသင်ဆုဟာ ကျောင်းသားတွေရဲ့ကျောင်းလခ၊ နေထိုင်စားသောက်စရိတ်နှင့် ခရီးစရိတ်များကို အပြည့်အဝ ထောက်ပံ့ပေးသည့် Fully Funded အစီအစဉ်ဖြစ်သည့်အပြင် လစဉ်ထောက်ပံ့ကြေးပေးသည့်ပညာသင်ဆုလဲဖြစ်ပါတယ်။

Undergraduate Students: ÂĽ117,000/month
Research Students: ÂĽ143,000/month
Master’s Students: ¥144,000/month
Doctorate: ÂĽ145,000/month

✅ Eligibility Criteria
▪️ဒီပညာသင်ဆုကို လျှောက်ထားဖိုရာအတွက် မိမိအနေနဲ့ အောက်ပါအချက်များနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။
▪️မိမိနောက်ဆုံးတက်ရောက်ခဲ့သည့် ကျောင်းတွင် Grade Point Average (GPA) ရမှတ် အနည်းဆုံး ၂.၃၀/၃.၀၀ နှင့်အထက် ရှိရမည်ဖြစ်ပြီး၊ ပညာသင်ဆုရရှိနေစဉ် ကာလတစ်လျှောက်လုံးတွင်လည်း ဤ GPA ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရမည်။
▪️အင်္ဂလိပ်ဘာသာစကား (သို့မဟုတ်) ဂျပန်ဘာသာစကားကျွမ်းကျင်မှုအထောက်အထားလိုအပ်ပါသည်။
▪️Hokkaido တက္ကသိုလ်တွင် အချိန်ပြည့် (Full-time) တက်ရောက်ပညာသင်ကြားရန် အစီအစဉ်ရှိသူ ဖြစ်ရမည်။

👉 ပညာသင်ဆုနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ link ကနေတစ်ဆင့်အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.global.hokudai.ac.jp/admissions/scholarships/






🔆မင်္ဂလာပါရှင့် 🔔အညာအင်စတီကျုရဲ့  #ကမ်းလက်အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။🎉 🔰ဒီတစ်ခါမှာတော့မြန်မာကျောင်းသားကျောင်းသူ...
04/05/2026

🔆မင်္ဂလာပါရှင့်

🔔အညာအင်စတီကျုရဲ့ #ကမ်းလက်အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။🎉

🔰ဒီတစ်ခါမှာတော့မြန်မာကျောင်းသားကျောင်းသူတွေစောင့်မျှော်နေကြတဲ့ Propspect Burma Scholarship အကြောင်းကို အညာအင်စတီကျူရဲ့ ကမ်းလက်အစီအစဉ် မှ Sharing sessionလေး ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။မျှဝေပေးမယ့် အစီအစဉ်ကို လာမယ့်မေလ 9 ရက်နေ့ မနက် ၁၀:၀၀ -၁၁:၃၀ အချိန်တွင်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

🔰Prospect Burma Online Scholarship ဟာ အဆင့်မြင့်ပညာသင်ယူနိုင်ရန် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေရသော မြန်မာကျောင်းသားများကို ကူညီပံ့ပိုးပေးရန် ရည်ရွယ်ပြီးပေးထားတဲ့ ပညာသင်ဆုအစီအစဉ်တစ်ခုဖြစ်ပါတယ်။ Prospect Burma Scholarship သည် အထူးသဖြင့် ပဋိပက္ခ၊မတည်ငြိမ်မှု၊ငွေကြေးအခက်အခဲ များကြောင့် တက္ကသိုလ်တက်ရောက်ရန် ခက်ခဲနေသည့်မြန်မာကျောင်းသားကျောင်းသူများအတွက် အခြားနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ရန် မလိုဘဲ အရည်အသွေးမြင့်ပညာရေးကိုOnlineမှသင်ယူနိုင်စေရန်အတွက်ရည်ရွယ်ပြီးပေးထားတဲ့ပညာသင်ဆုဖြစ်ပါတယ်။

✅ပညာသင်ဆုကိုလျှောက်ချင်တယ်ဆိုတဲ့ကျောင်းသားကျောင်းသူတွေအတွက် ဘယ်လိုလျှောက်ရမလဲ၊ဘာတွေလိုအပ်သလဲ ၊ဘယ်လိုပြင်ဆင်ရမလဲ အစရှိသည့်မေးခွန်းတွေကို ယခု sharing session လေးမှာပြောပေးသွားမှာဖြစ်ပါတယ်။

👩🏻‍🎓Sharing ပြုလုပ်ပေးသွားမယ့်ဆရာကတော့ University of the People တွင် ကျန်းမာရေးသိပ္ပံဘွဲ့ (Bachelor of Health Science) တက်ရောက်နေသည့် ကျောင်းသားတစ်ဦးဖြစ်ပြီး Prospect Burma Online Scholarship နှင့် EMPM Virtual Internship Scholarship တို့ကို ချီးမြှင့်ခြင်းခံထားရသူဖြစ်ပါတယ်။

🔰ဒါ့အပြင် ကိုယ်သိချင်တာတွေကိုလည်း လွတ်လွတ်လပ်လပ် မေးမြန်း‌ဆွေးနွေးနိုင်တဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။

🔰ဒီScholarship Sharing Sessionလေးကို စိတ်ဝင်စားလို့ join ချင်တယ်ဆိုရင် အောက်မှာပေးထားတဲ့ link ကတဆင့် မေလ (၇) ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းလိုရပြီဖြစ်ပါတယ်။

✅ လူဦးရေကန့်သတ်ထားတာဖြစ်လိုအမြန်ဆုံးစာရင်းပေးသွားထားဖိုတော့လိုမယ်နော် 👇

Registration Link - https://forms.gle/gRqJr4wqGq9ffokD8


🔔 Sharing Session Details

🗓️Date: 9 May 2026
⏰ Time: 10:00 Am – 11:30 Am
🌐 Platform: Zoom




မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေလို့ အညာအင်စတီကျုမှဆုမွန်ကောင်းတောင်းပေးလိုက်...
13/04/2026

မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေလို့ အညာအင်စတီကျုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အညာအင်စတီကျု

🎉"Knowledge Frontier for Re-envisioning Myanmar 2026” စာတမ်းဖတ်ပွဲကျင်းပပြီးစီးခြင်း👏🏻🏫အညာအင်စတီကျုက ပထမဆုံးအကြိမ် ကျင်း...
30/03/2026

🎉"Knowledge Frontier for Re-envisioning Myanmar 2026” စာတမ်းဖတ်ပွဲကျင်းပပြီးစီးခြင်း👏🏻

🏫အညာအင်စတီကျုက ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ “ Knowledge Frontier for Re- envisioning Myanmar 2026” စာတမ်းဖတ်ပွဲကို မတ်လ (၂၈) ရက် နှင့် (၂၉) ရက်တွေမှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ စာတမ်းဖတ်ပွဲတွင် Zoom platform မှတစ်ဆင့် Plenary sessions များကို အကြောင်းအရာအလိုက် အခန်းများခွဲ၍ အင်္ဂလိပ်၊ မြန်မာ ဘာသာစကား(၂) မျိုးဖြင့် စာတမ်းများကိုတင်ပြဆွေးနွေးခဲ့ကြပါသည်။

📚စာတမ်းဖတ်ပွဲတွင် အညာအင်စတီကျုမှ ဆရာ၊ဆရာမများနှင့်တာဝန်ရှိသူများ၊ ပညာရပ်နယ်ပယ်အသီးသီးမှ ပညာရှင်များနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနှင့် သုတေသနစာတမ်းများတင်ပြကြသော နယ်ပယ်အသီးသီးမှ သုတေသနပညာရှင်များအပါအဝင် ပြည်တွင်း၊ ပြည်ပနိုင်ငံများမှ စုစုပေါင်း လူဦးရေ (၁၀၀) ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

➡️ယခုစာတမ်းဖတ်ပွဲသည် မြန်မာနိုင်ငံ၏ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး ပကတိအခြေအနေများကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန် အထောက်အကူပြုနိုင်ရုံသာမက တရားမျှတမှု၊ အုပ်ချုပ်မှု၊ လူထု၏ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုနှင့် ပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆွေးနွေးမှုအသစ်များ ဝေမျှရာနေရာဖြစ်ခဲ့ပါသည်။ ထို့အပြင် အညာအင်စတီကျု၏ အရေးကြီးသော ပညာရပ်ဆိုင်ရာမှတ်တိုင်တစ်ခုလည်းဖြစ်ပါသည်။

✅အပြည့်အစုံဖတ်ရန် ကွန်မန့်ပါလင့်ခ်ကိုနှိပ်ပါ။

Website: https://www.ahnyarinstitute.org/
LinkedIn: https://Inkd.in/giUzKhQD
Facebook: https://facebook.com/ahnyarinstitute



Address

Monywa

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Ah Nyar Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Ah Nyar Institute:

Share