Ah Nyar Institute

Directions Website Contact the university

Ah Nyar Institute Ah Nyar Institute is an independent and non-profit higher education institution. OFFICIAL page of Ah Nyar Institute.

Happy World Teachers' Day!👨‍🏫👩‍🏫ယနေ့ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့တွင် ကျောင်းသား၊ ကျောင်းသူမျာ...
05/10/2026

Happy World Teachers' Day!👨‍🏫👩‍🏫

ယနေ့ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့တွင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူခွင့်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် အနစ်နာခံကြိုးပမ်းပေးနေကြသော ဆရာ၊ ဆရာမအားလုံးကို အညာအင်စတီကျုမှ လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။💐

မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ၊ နေရပ်စွန့်ခွာရမှုများနှင့် လုံခြုံရေးဆိုင်ရာ အခက်အခဲများကြောင့် ကျောင်းသားလူငယ်များ၏ ပညာသင်ယူခွင့်သည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပါသည်။ ထိုသို့သော အခြေအနေများကြားတွင် ဆရာ၊ ဆရာမများသည် မိမိတို့ကိုယ်တိုင်လည်း အခက်အခဲများစွာကို ရင်ဆိုင်နေရသော်လည်း ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး မပြတ်တောက်စေရန်နှင့် ၎င်းတို့၏ အိပ်မက်များ၊ အနာဂတ်များ ပိုမိုတောက်ပလာစေရန် ဆက်လက်ကြိုးပမ်းပေးနေကြသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။ အထူးသဖြင့် ပဋိပက္ခဒဏ်ခံနေရသော ဒေသများတွင် အခက်အခဲမျိုးစုံကြားမှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် မဆုံးရှုံးစေရန်နှင့် ပိုမိုတောက်ပသော အနာဂတ်ကို ပုံဖော်နိုင်စေရန် ပညာရေးအခွင့်အလမ်းများ ဆက်လက်ဖော်ဆောင်ပေးနေကြသော ဆရာ၊ ဆရာမအားလုံးကို လေးစားစွာ ဂါရဝပြုအပ်ပါသည်။💐

Today, we celebrate and honour all teachers who have worked tirelessly and made sacrifices to protect students' right to education and help them build a better future.
Due to ongoing armed conflicts, displacement, and security challenges in Myanmar, many students and young people continue to face difficulties in accessing education. Despite these challenges, teachers continue to do their best to ensure students can keep learning and pursue their dreams. We sincerely thank all teachers, especially those working in conflict-affected areas, for their dedication and commitment to keeping education going and helping students build a brighter future.



📚 ပညာသင်ထောက်ပံ့ကြေး၊ ပညာရေးရန်ပုံငွေနှင့် ချေးငွေ လမ်းညွှန်အဆင့်မြင့်ပညာရေးဆက်လက်သင်ယူလိုပေမယ့် ငွေကြေးအခက်အခဲကြောင့် ပ...
02/10/2026

📚 ပညာသင်ထောက်ပံ့ကြေး၊ ပညာရေးရန်ပုံငွေနှင့် ချေးငွေ လမ်းညွှန်အဆင့်မြင့်ပညာရေးဆက်လက်သင်ယူလိုပေမယ့် ငွေကြေးအခက်အခဲကြောင့် ပညာရေးအခွင့်အလမ်းတွေကို လက်လှမ်းမမီဖြစ်နေတဲ့ မြန်မာကျောင်းသား၊ လူငယ်တွေအတွက် Ah Nyar Institute က “ပညာသင်ထောက်ပံ့ကြေး၊ ပညာရေးရန်ပုံငွေနှင့် ချေးငွေ လမ်းညွှန်” ကို ပြုစုမျှဝေလိုက်ပါတယ်။

📌ဒီလမ်းညွှန်မှာ မြန်မာကျောင်းသား၊ လူငယ်တွေအတွက် ရရှိနိုင်တဲ့ ပညာသင်ဆု (Scholarship)၊ ပညာရေးရန်ပုံငွေ (Education Funding) နဲ့ ချေးငွေ (Education Loan) အခွင့်အလမ်း(12)ခုအကြောင်းကို စုစည်းဖော်ပြထားပြီး အစီအစဉ်တစ်ခုချင်းစီရဲ့ ငွေကြေးပံ့ပိုးမှုပမာဏ၊ လျှောက်ထားနိုင်သူများ၊ အရည်အချင်းသတ်မှတ်ချက်များ၊ လျှောက်ထားရမယ့်ကာလနဲ့ ပြန်လည်ပေးဆပ်ရမယ့် စည်းကမ်းချက်တွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ ပညာရေးအတွက် ငွေကြေးအထောက်အပံ့ ရှာဖွေနေသူတွေအနေနဲ့ မိမိအခြေအနေနဲ့ ကိုက်ညီတဲ့ အခွင့်အလမ်းတွေကို ဒီလမ်းညွှန်ကနေ ရှာဖွေလေ့လာနိုင်ပါတယ်။

📌 အစီအစဉ်တွေရဲ့ သတ်မှတ်ချက်နဲ့ လျှောက်ထားရမယ့်ကာလတွေ ပြောင်းလဲနိုင်တာကြောင့် မလျှောက်ထားမီ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ တရားဝင် website တွေမှာ နောက်ဆုံးအချက်အလက်တွေကို ပြန်လည်စစ်ဆေးဖို့လည်း အကြံပြုပါတယ်။

🔗 လမ်းညွှန်အပြည့်အစုံဖတ်ရန်လင့်ခ် - https://www.ahnyarinstitute.org/departments-articles/6abd42d87f72ed3c0ecaab01

🔗 Download ဆွဲရန်လင့်ခ် - https://www.dropbox.com/scl/fi/6jdolbtbavv7htwf6m4ne/Scholarships-and-Opportunities_Ah-Nyar-Institute_2026.pdf?rlkey=585zc442q7nk1v6ttbr73ym28&st=n3fofjy3&dl=0



✅အညာအင်စတီကျုမှဖွင့်လှစ်သွားမည့် “Foundation of Economics: Micro & Macro Perspectives " short courseအတန်းအတွက်လျှောက်လွှ...
29/09/2026

✅အညာအင်စတီကျုမှဖွင့်လှစ်သွားမည့် “Foundation of Economics: Micro & Macro Perspectives " short courseအတန်းအတွက်လျှောက်လွှာစာရင်းပေးသွင်းနိုင်မည့်အချိန်ကိုတိုးပေးလိုက်ပါတယ်ရှင်။လျှောက်လွှာစာရင်းပေးသွင်းချင် သူများအနေဖြင့် ၂၀၂၆ ‌အောက်တိုဘာလ (၃) ရက်နေ့နောက်ဆုံးထားပြီး လျှောက်လွှာစာရင်းပေးကြပါရန် အသိပေးအကြောင်းကြားလိုက်ပါတယ်ရှင်။✨

🔰ယခုသင်တန်းမှာ Microeconomics နှင့် Macroeconomics ဘာသာရပ်ဆိုင်ရာ အခြေခံသဘောတရားများကို နားလည်သဘောပေါက်အောင်လေ့လာရမည့်သင်တန်းဖြစ်ပါသည်။ ထို့ပြင် စားသုံးသူနှင့် ထုတ်လုပ်သူများ၏ ဆုံးဖြတ်ချက်ချပုံ၊ ဈေးကွက်ဖွဲ့စည်းပုံများ၊ အစိုးရ၏ မူဝါဒဆိုင်ရာ စွက်ဖက်မှုများနှင့် ဈေးကွက်ပျက်ကွက်မှုများကို Microeconomics ရှုထောင့်မှ လေ့လာရမှာ ဖြစ်ပြီး Macroeconomics ရှုထောင့်မှ စီးပွားရေးတည်ငြိမ်မှု၊ လူနေမှုအဆင့်အတန်း၊ ငွေကြေးစနစ်၊ ကမ္ဘာ့စီးပွားရေးစနစ် (Globalization) ၏ သက်ရောက်မှုများနှင့် Macroeconomics မူဝါဒများ က စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအပေါ် မည်သို့သက်ရောက်သည်ကို စနစ်တကျ လေ့လာသင်ယူရမည်ဖြစ်ပါသည်။

⏰အချိန်ကာလအနေနဲ့(၈)ပတ်ကြာမြင့်မှာဖြစ်ပြီးအပတ်စဉ် ကြာသပတေးနေ့နှင့်သောကြာနေ့တွေမှာ ည(၇း၀၀)ကနေ(၉:၀၀)အထိအွန်လိုင်းကနေသင်ကြားပေးသွားမှာဖြစ်ပါတယ်။

🕐 သင်တန်းကာလ - 7:00 PM – 9:00 PM ( Every Thursday & Friday)

💻 သင်ကြားပုံစံ — Zoom

❗️ သင်တန်းကြေး - 50,000 ကျပ်

📍 စိတ်ဝင်စားသူများအနေဖြင့် သင်တန်းလျှောက်ထားရန် ယခု Registration form [https://forms.gle/gpxqohACnAEbNZkT8] ကိုဖြည့်ပြီး လျှောက်ထားနိုင်ပါသည်။ လူဦးရေကန့်သတ်ထားတာဖြစ်လို့ အမြန်ဆုံးစာရင်းသွင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

📍 သင်တန်းလျှောက်လွှာ နောက်ဆုံးလက်ခံမည့်ရက် - ၃ အောက်တိုဘာလ ၂၀၂၆

📍 သင်တန်းလျှောက်လွှာဖြည့်ရာတွင် မိမိတို့၏ ဖုန်းနံပါတ်၊ Email နှင့် Telegram အစရှိသည်တို့ကို သေချာစစ်ဆေးပြီး ဖြည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

❇️ သင်တန်းအကြောင်း ထပ်မံမေးမြန်းလိုပါက ဆက်သွယ်ရန်
Email — [email protected]
Website — www.ahnyarinstitute.org

&MacroPerspectives

“ကျွန်တော်ရှိတဲ့နေရာမှာ ဆရာဆရာမတွေရဲ့လစာနည်းတယ်။ စားဝတ်နေရေးလည်းရှိသေးတော့ တခြားလစာပိုများတဲ့ အရပ်မှာအလုပ်သွားလုပ်ကြတာ။ ...
28/09/2026

“ကျွန်တော်ရှိတဲ့နေရာမှာ ဆရာဆရာမတွေရဲ့လစာနည်းတယ်။ စားဝတ်နေရေးလည်းရှိသေးတော့ တခြားလစာပိုများတဲ့ အရပ်မှာအလုပ်သွားလုပ်ကြတာ။ ဆရာ၊ဆရာမအင်အား မလောက်ငှပါဘူး။ အတန်းဝင်ဖို့အတွက် တစ်တန်းမှာ ဆရာတစ်ယောက်ဝင်ရင် အခြားတစ်တန်း က လွတ်သွားရော။ ကျွန်တော်က G 12 ပြီးရင် ဆရာအတတ်သင်တန်းတက်ချင်ပါတယ်။” ဟု မကွေးတိုင်းမှ စစ်ရှောင်ကျောင်းသားတစ်ဦးက လက်ရှိကျောင်းတက်နေရသည့် အနေအထားကို ပြောပြသည်။

ဆက်ဖတ်ရန် https://www.ahnyarinstitute.org/departments-articles/6aba451f7f72ed3c0ecaa6da




📢 Course Announcement 🔔🔰 Ah Nyar Institute ရဲ့ Hta-Hnaung Centre for Academic Studies ကနေ " Foundation of Economics: Mic...
21/09/2026

📢 Course Announcement 🔔

🔰 Ah Nyar Institute ရဲ့ Hta-Hnaung Centre for Academic Studies ကနေ " Foundation of Economics: Micro & Macro Perspectives " ခေါင်းစဉ်နဲ့သင်တန်းတစ်ခုဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

🔰ယခုသင်တန်းမှာ Microeconomics နှင့် Macroeconomics ဘာသာရပ်ဆိုင်ရာ အခြေခံသဘောတရားများကို နားလည်သဘောပေါက်အောင်လေ့လာရမည့်သင်တန်းဖြစ်ပါသည်။ ထို့ပြင် စားသုံးသူနှင့် ထုတ်လုပ်သူများ၏ ဆုံးဖြတ်ချက်ချပုံ၊ ဈေးကွက်ဖွဲ့စည်းပုံများ၊ အစိုးရ၏ မူဝါဒဆိုင်ရာ စွက်ဖက်မှုများနှင့် ဈေးကွက်ပျက်ကွက်မှုများကို Microeconomics ရှုထောင့်မှ လေ့လာရမှာ ဖြစ်ပြီး Macroeconomics ရှုထောင့်မှ စီးပွားရေးတည်ငြိမ်မှု၊ လူနေမှုအဆင့်အတန်း၊ ငွေကြေးစနစ်၊ ကမ္ဘာ့စီးပွားရေးစနစ် (Globalization) ၏ သက်ရောက်မှုများနှင့် Macroeconomics မူဝါဒများ က စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအပေါ် မည်သို့သက်ရောက်သည်ကို စနစ်တကျ လေ့လာသင်ယူရမည်ဖြစ်ပါသည်။

📍 ဘာတွေလေ့လာရမလဲ?

✅ စီးပွားရေးဆိုင်ရာ အခြေခံအယူအဆများ (Scarcity, Opportunity Cost, Resource Allocation)
✅ မိုက်ခရိုနှင့် မက်ခရို စီးပွားရေး၏ ကွဲပြားချက်များနှင့် ဆက်စပ်မှုများ
✅ ဝယ်လိုအားနှင့် ရောင်းလိုအား သဘောတရားများ၊ ဈေးကွက်မျှခြေ (Market Equilibrium)
✅ စားသုံးသူနှင့် ထုတ်လုပ်သူများ၏ အပြုအမူ (Consumer & Producer Behavior)
✅ ဈေးကွက်ဖွဲ့စည်းပုံများ (Perfect Competition, Monopoly, Oligopoly)
✅ အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုနှင့် ဈေးကွက်ပျက်ကွက်မှုများ (Market Failures & Policy)
✅ မက်ခရိုစီးပွားရေး ညွှန်းကိန်းများ (GDP, Economic Growth, Inflation, Unemployment)
✅ ငွေကြေးစနစ်၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးမူဝါဒများ (Monetary Policy & Financial Stability) ✅ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၊ ကမ္ဘာ့စီးပွားရေးစနစ် (Globalization) နှင့် လူနေမှုအဆင့်အတန်း များကိုလေ့လာနိုင်မှာဖြစ်ပါတယ်။

🎯သင်တန်းပြီးဆုံးပါက သင်တန်းသားများအနေဖြင့်-

✅ စီးပွားရေးဆိုင်ရာ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ပြီး ဆုံးဖြတ်ချက်ချရာတွင် အသုံးပြုနိုင်မည်။
✅ စားသုံးသူနှင့် ထုတ်လုပ်သူများ၏ ပြုမူဆောင်ရွက်ပုံ၊ ဈေးကွက်၏ အရင်းအမြစ် ခွဲဝေပုံနှင့် ဈေးနှုန်းသတ်မှတ်ပုံများကို သုံးသပ်နိုင်မည်။
✅ Perfect Competition, Monopoly, Imperfect Competition နှင့် Oligopoly စသည့် ဈေးကွက်ဖွဲ့စည်းပုံအမျိုးမျိုး၏ ကွဲပြားချက်များနှင့် အစိုးရ၏ စွက်ဖက်မှု အကျိုးသက်ရောက်မှုများကို နှိုင်းယှဉ်သုံးသပ်နိုင်မည်။
✅ GDP, Economic Growth, Unemployment, Inflation, Government Deficits & Debt စသည့် မက်ခရိုစီးပွားရေး ညွှန်းကိန်းများကို တိုင်းတာ အဓိပ္ပာယ်ဖော်နိုင်မည်။
✅ မက်ခရိုစီးပွားရေး မူဝါဒများနှင့် မော်ဒယ်များကို အသုံးပြု၍ အဓိက စီးပွားရေးစိန်ခေါ်မှုများ၊ အဖွဲ့အစည်းများအပေါ် သက်ရောက်မှုများကို ဆန်းစစ်နိုင်မည်။
✅ Globalization, Financial Stability နှင့် မူဝါဒဆိုင်ရာ စိန်ခေါ်မှုများကို မိုက်ခရိုနှင့် မက်ခရို စီးပွားရေး အမြင်နှစ်မျိုးလုံးမှနေ၍ ဝေဖန်ပိုင်းခြား သုံးသပ်နိုင်မည်။

👉 ဘယ်သူတွေ တက်ရောက်သင့်လဲ?

✅ စီးပွားရေးနယ်ပယ်နှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ ကဏ္ဍများတွင် အလုပ်လုပ်နေသူများ
✅ စီးပွားရေး၊ စီမံခန့်ခွဲမှု၊ မူဝါဒရေးဆွဲမှုနှင့် သုတေသနလုပ်ငန်းများ လုပ်ကိုင်လိုသူများ
✅ Micro & Macro စီးပွားရေးအခြေခံအယူအဆများကို အသေးစိတ် လက်တွေ့ကျကျ လေ့လာလိုသူများ
✅ တက္ကသိုလ်ကျောင်းသားများနှင့် စီးပွားရေးဘာသာရပ်ကို စိတ်ပါဝင်စားသူများ

👉 သင်ကြားပေးမည့် ခေါင်းစဉ်များ -

✅Nature and Scope of Economics
✅Demand & Supply
✅Price Controls
✅Consumer Behavior
✅Producer Behavior and Costs
✅Market Structures
✅ Measuring the size of the Economy: Grass Domestic Product
✅ Economic Growth
✅ Unemployment & Inflation Analysis
✅ International Trade, Capital Flows
✅ Money, Banking System & Central Bank Regulations
✅ Monetary Policy and Bank regulation

⏰အချိန်ကာလအနေနဲ့(၈)ပတ်ကြာမြင့်မှာဖြစ်ပြီးအပတ်စဉ် ကြာသပတေးနေ့နှင့်သောကြာနေ့တွေမှာ ည(၇း၀၀)ကနေ(၉:၀၀)အထိအွန်လိုင်းကနေသင်ကြားပေးသွားမှာဖြစ်ပါတယ်။

👨‍🏫 သင်ကြားပေးမယ့် ဆရာမများ ကတော့ MEcon , MSc. Public Policy and Management ရရှိထားရုံသာမက သင်ကြားရေးတွင် ၇ နှစ်ကျော်အတွေ့အကြုံရှိသူ နှင့် Doctor of Public Administration (DPA), Master of Economics(M.Econ), Bachelor of Arts in Economics (BA, Eco) ရရှိထားရုံသာမက သင်ကြားရေးတွင် ၁၄ နှစ်ကျော်အတွေ့အကြုံရှိတဲ့ ဆရာမများက သင်ကြားပေးသွားမှာဖြစ်ပါတယ်။

🗓️ သင်တန်းစတင်မည့်ရက် - 1 October 2026

🗓️ သင်တန်းပြီးဆုံးမည့်ရက် - 20 November 2026

🕐 သင်တန်းကာလ - 7:00 PM – 9:00 PM ( Every Thursday & Friday)

💻 သင်ကြားပုံစံ — Zoom

❗️ သင်တန်းကြေး - 50,000 ကျပ်

📍 စိတ်ဝင်စားသူများအနေဖြင့် သင်တန်းလျှောက်ထားရန် ယခု Registration form [https://forms.gle/gpxqohACnAEbNZkT8] ကိုဖြည့်ပြီး လျှောက်ထားနိုင်ပါသည်။ လူဦးရေကန့်သတ်ထားတာဖြစ်လို့ အမြန်ဆုံးစာရင်းသွင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

📍 သင်တန်းလျှောက်လွှာ နောက်ဆုံးလက်ခံမည့်ရက် - ၂၆ စက်တင်ဘာလ ၂၀၂၆

📍 သင်တန်းလျှောက်လွှာဖြည့်ရာတွင် မိမိတို့၏ ဖုန်းနံပါတ်၊ Email နှင့် Telegram အစရှိသည်တို့ကို သေချာစစ်ဆေးပြီး ဖြည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

❇️ သင်တန်းအကြောင်း ထပ်မံမေးမြန်းလိုပါက ဆက်သွယ်ရန်
Email — [email protected]
Website — www.ahnyarinstitute.org

&MacroPerspectives

🟢အညာအင်စတီကျု၏ Board of Trustees အစည်းအဝေးကို ၁၉ စက်တင်ဘာလ ၂၀၂၆နေ့က  ပြုလုပ်ခဲ့ပါသည်။ အင်စတီကျု၏ စံတန်ဖိုးများ မြစ်ဖျားခ...
20/09/2026

🟢အညာအင်စတီကျု၏ Board of Trustees အစည်းအဝေးကို ၁၉ စက်တင်ဘာလ ၂၀၂၆နေ့က ပြုလုပ်ခဲ့ပါသည်။ အင်စတီကျု၏ စံတန်ဖိုးများ မြစ်ဖျားခံရာ နှင့် ပန်းတိုင်ဖြစ်သည့် ပညာရေးတရားမျှတမှုကို ထပ်မံအတည်ပြုခဲ့ပါသည်။ စစ်ဘေးဒဏ်သင့်ဒေသများမှ ကျောင်းသူ၊ ကျောင်းသားများ၊ လူမှုရေး၊ စီးပွားရေးစသည့် အမျိုးမျိုးသော နောက်ခံ အကြောင်းတရားများကြောင့် ပညာသင်ခွင့်ဆုံးရှုံးကြရသူများအတွက် အညာအင်စတီကျုက အဆင့်မြင့်ပညာရေး လုပ်ငန်းများကို လက်ရှိအနေအထားအထက် တိုးမြှင့်လုပ်ဆောင်နိုင်ရန် Board of Trustees များက အတည်ပြုခဲ့ပါသည်။ ထို့သို့လုပ်ဆောင်ရာတွင် အထောက်အကူပြုနိုင်ရန် နည်းပညာအကြံပေးအဖွဲ့တစ်ခု (Technical Advisory Board) ကိုလည်း တိုးချဲ့ဖွဲ့စည်း သွားမည်ဖြစ်ပါသည်။

🟢TAB သည် အညာအင်စတီကျု၏ မဟာဗျူဟာလမ်းကြောင်းများကို ပုံဖော်ရာတွင် လွတ်လပ်သည့် အကြံပေးမှုနှင့် ကျွမ်းကျင်မှုများဖြင့် ပံ့ပိုးလုပ်ဆောင်နိုင်ရန်ဖြစ်ပါသည်။ အဖွဲ့ဝင် (၅) ဦးခန့်ပါဝင်မည်ဖြစ်သည့် TAB သည် Board of Trustees များ၊ အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့်အတူ လက်တွဲ၍ အလုပ်လုပ်မည့် စေတနာ့ဝန်ထမ်း ပညာရှင်များဖြစ်ပါသည်။ အဆိုပါ ပညာရှင်များကို မိမိတို့၏ ယုံကြည်စိတ်ချရသည့် မိတ်ဆွေများမှတဆင့် ချိတ်ဆက် ဖိတ်‌ခေါ်မည် ဖြစ်သကဲ့သို့ ပိုမိုကျယ်ပြန့်သောကွန်ယက်များမှတဆင့်လည်း ချိတ်ဆက်ပါဝင်နိုင်ရန် အောက်ပါ အဆိုပြုလွှာကို ဖြည့်သွင်းရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

တရားမျှတမှုရှိသော ပညာရေးရပ်ဝန်းဆီသို့။

ဤနေရာတွင် အမည်စာရင်းတင်သွင်းပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။ https://forms.gle/686EiGeGvPfHMkct6

 #အညာပညာသင်ဆု ရရှိသူများစာရင်း ကြေညာခြင်းအညာအင်စတီကျုမှ စီစဉ်ပေးအပ်သည့် ၂၀၂၆–၂၀၂၇ ပညာသင်နှစ် အညာပညာသင်ဆုအတွက် လျှောက်ထား...
19/08/2026

#အညာပညာသင်ဆု ရရှိသူများစာရင်း ကြေညာခြင်း

အညာအင်စတီကျုမှ စီစဉ်ပေးအပ်သည့် ၂၀၂၆–၂၀၂၇ ပညာသင်နှစ် အညာပညာသင်ဆုအတွက် လျှောက်ထားခဲ့ကြသူများထဲမှ ပညာသင်ဆုရရှိသူများကို ရွေးချယ်ပြီးဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။ 🎓

ယခုနှစ်တွင် အညာပညာသင်ဆုအတွက် အနယ်နယ်အရပ်ရပ်မှ လျှောက်လွှာစုစုပေါင်း (၁၀၀) ကျော် လက်ခံရရှိခဲ့ပါသည်။ လျှောက်ထားသူများပြားသည့်အတွက် လျှောက်လွှာများကို သေချာစွာ စိစစ်ရွေးချယ်ခဲ့ပြီး ငွေကြေးအခက်အခဲရှိမှု၊ ပညာရေးအခြေအနေ၊ မိသားစုနှင့် လူမှုဘဝ အခြေ အနေများ၊ ပညာရေးဆက်လက်သင်ယူလိုစိတ်နှင့် အင်တာဗျုးအတွင်းဖြေဆိုမှုများကို ပညာသင်ဆု ရွေးချယ်ရေးကော်မတီမှ ထည့်သွင်းအကဲဖြတ်၍ရွေးချယ်ခဲ့ပါသည်။ရွေးချယ်ခံရသူများ အားလုံးကို အထူးဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါသည်။ 💐

ပညာသင်ဆုရရှိသူများထံသို့ Scholarship Award Letter နှင့် Scholarship Terms & Conditions Letter များကို Email မှတစ်ဆင့် ပေးပို့၍ ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ပညာသင်ဆုရရှိသူများအနေဖြင့် ပေးပို့လာသော Terms & Conditions များကို သေချာစွာဖတ်ရှုပြီး လက်မှတ်ရေးထိုးကာ 25 August နောက်ဆုံးထား၍ Email မှတစ်ဆင့် ပြန်လည်ပေးပို့ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

ယခုနှစ်တွင် ပညာသင်ဆုအတွက် ရွေးချယ်ခြင်းမခံရသော လျှောက်ထားသူများအနေဖြင့်လည်း အားမလျှော့ဘဲ မိမိတို့၏ ပညာရေးရည်မှန်းချက်များကို ဆက်လက်ကြိုးစားသွားကြရန်နှင့် နောင်လာမည့် ပညာသင်နှစ်များတွင် အညာပညာသင်ဆုကို ထပ်မံလျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ယခုနှစ်တွင် လျှောက်ထားခဲ့ခြင်းသည်ပင် သင်တို့၏ ပညာရေးအပေါ် စိတ်အားထက်သန်မှုနှင့် ရည်မှန်းချက်ကို ပြသနေခြင်းဖြစ်ပါသည်။
အညာပညာသင်ဆုအတွက် အချိန်ပေး၍ လျှောက်လွှာတင်သွင်းခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးတစ်ယောက်ချင်းစီနှင့် လျှောက်ထားရာတွင် ကူညီပံ့ပိုးပေးခဲ့ကြသော သက်ဆိုင်ရာ ကျောင်းများ မှ ဆရာ၊ ဆရာမများအားလုံးကိုလည်း အညာအင်စတီကျုမှ အထူးကျေးဇူးတင်ရှိပါသည်။ လျှောက်ထားသူတစ်ဦးချင်းစီ၏ ပညာရေးရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ပြီး မိမိတို့ရည်မှန်းထားသည့် ပညာရေးခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ❤️

For any inquiries, please contact us:
📧 Email: [email protected]
📘 Facebook: https://www.facebook.com/ahnyarinstitute
🌐 Website: https://www.ahnyarinstitute.org/




အညာအင်စတီကျု ဖွဲ့စည်းတည်ထောင်မှု ၂ ဩဂုတ် ၂၀၂၆ နေ့က လေးနှစ်ပြည့်ခဲ့ပါပြီ။ ကျွန်ုပ်တို့ မိတ်ကောင်းဆွေကောင်းများ၏ အားဖြည့်က...
04/08/2026

အညာအင်စတီကျု ဖွဲ့စည်းတည်ထောင်မှု ၂ ဩဂုတ် ၂၀၂၆ နေ့က လေးနှစ်ပြည့်ခဲ့ပါပြီ။ ကျွန်ုပ်တို့ မိတ်ကောင်းဆွေကောင်းများ၏ အားဖြည့်ကူညီမှုများကို လေးနက်စွာဖြင့် ကျေးဇူးမှတ်တမ်းတင်အပ်ပါသည်။

အညာအင်စတီကျုသည် ကျောင်းသား၊ လူငယ်များ လက်လှမ်းမှီနိုင်သော ပညာရေးရပ်ဝန်းဖြစ်စေရန်နှင့် ပြောင်းလဲလာသော ခေတ်စနစ်အခြေအနေများနှင့်အညီ မိမိတို့၏ ပညာရေးဝန်ဆောင်မှုများကို ဆက်လက် လည်ပတ်နိုင်စေရေး၊ အရည်အသွေးနှင့် အသိအမှတ်ပြုမှုခိုင်မာစေရေး၊ အဆင့်မြှင့်တင်နိုင်ရေးတို့ကို ဦးစားပေး အနေဖြင့် ဆက်လက်အားထုတ်ကြိုးပမ်းနေပါသည်။

မိတ်ဆွေများအားလုံး ကျန်းမာချမ်းသာကြပါစေ။

လေးစားလျက်
အညာအင်စတီကျု

Today marks the 4th anniversary of starting our mission to educational justice. Four years strong, our commitment to sup...
02/08/2026

Today marks the 4th anniversary of starting our mission to educational justice. Four years strong, our commitment to supporting in creating intellectual society under any circumstances is only getting deeper. We are dedicated to contribute to the development of knowledge society across Myanmar. Thank you to our incredible partners, students, teachers and community for being part of this journey.



✅အညာပညာသင်ဆုအစီအစဉ်အတွက် လက်ခံရရှိထားသော လျှောက်လွှာများကို စိစစ်လျက်ရှိနေပါသည်။📍Interview အဆင့်သို့ တက်ရောက်ခွင့်ရရှိသည...
20/07/2026

✅အညာပညာသင်ဆုအစီအစဉ်အတွက် လက်ခံရရှိထားသော လျှောက်လွှာများကို စိစစ်လျက်ရှိနေပါသည်။

📍Interview အဆင့်သို့ တက်ရောက်ခွင့်ရရှိသည့် Shortlisted Candidates များကို လာမည့် အပတ်အတွင်း Email မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားပေးသွားမှာဖြစ်ပါသောကြောင့် မိမိတို့၏ Email ကို ပုံမှန်စစ်ဆေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

❇️အညာပညာသင်ဆုအစီအစဉ်ကို စိတ်ဝင်စားစွာဖြင့် လျှောက်ထားပေးကြသော လျှောက်ထားသူအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

🔰For any inquiries, please contact us!
Email: [email protected]
Website: www.ahnyarinstitute.org
LinkedIn: https://www.linkedin.com/company/ah-nyar-institute/
YouTube: https://www.youtube.com/
Facebook: https://www.facebook.com/ahnyarinstitute

Address

Monywa

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Ah Nyar Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Ah Nyar Institute:

Shortcuts

Share