Monywa University Of Distance Student's Association

Monywa University Of Distance Student's Association အဝေးသင်ကျောင်းသားများတန်းတူအခွင့်?

အဝေးသင်များ ကျောင်းတက်ရမယ့် သတ်မှတ်ရက်တွေ ထွက်လာ​ပြီ....ဒါပေမယ့် စျေးဦးပေါက်ပြောပရစေ...မင်မင် ကတော့ စစ်အာဏာရှင် လက်အောက...
06/06/2021

အဝေးသင်များ ကျောင်းတက်ရမယ့် သတ်မှတ်ရက်တွေ ထွက်လာ​ပြီ....
ဒါပေမယ့် စျေးဦးပေါက်ပြောပရစေ...
မင်မင် ကတော့ စစ်အာဏာရှင် လက်အောက်မာ လုံးဝ ကျောင်းတက်မည် မဟုတ်ပါ.....
မုံရွာ တက္ကသိုလ် အဝေးသင်က ညီအကိုမောင်နှမ သူငယ်ချင်း (ကျောင်းသူ/သား) တွေကရော

N.

 #ကျောင်းသားပြည်သူများ  ေးခြင်းဖြင့်ကူညီပေးကြပါ...ပြည်တွင်းပြည်ပမှ မြန်မာပြည်သူများသို့ မုံရွာတက္ကသိုလ် အဝေးသင် ကျောင်းသ...
25/05/2021

#ကျောင်းသားပြည်သူများ ေးခြင်းဖြင့်ကူညီပေးကြပါ...

ပြည်တွင်းပြည်ပမှ မြန်မာပြည်သူများသို့ မုံရွာတက္ကသိုလ် အဝေးသင် ကျောင်းသား/သူ များ အဖွဲ့ မှ အသိပေးနှိုးဆော် တိုက်တွန်းခြင်း...

မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူများက
ရရှိရေးအတွက် စကစအား ရရာလက်နှက်ဖြင့်ခဲ့အာဏာဖီဆန်တိုက်ပွဲဝင်ခဲ့သည်မှာ ရက်အတော်ကြာခဲ့ပီဖြစ်ပါသည်။ ကနီမြို့နယ်အတွင်းကျေးရွာအများစုမှ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်များ
နှင့် မအလ စကစမှ လက်ပါးစေများ တိုက်ပွဲများနေ့စဥ် ဆက်တိုက် တိုက်ခိုက်မှုများ ရှိနေပါသည်။ထိုတိုက်ပွဲများ ဖြစ်ပေါ်လာရခြင်းမှာ မအလ လက်ပါးစေများက ကနီမြို့နယ်တွင်းကျေးရွာများကို အကြမ်းဖက်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုများ ရှိလာသဖြင့်၄င်းကျေးရွာများမှပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက စကစလက်ပါးစေများက ပြည်သူများကို မတရားဖမ်းစီး ညှင်းပမ်းနှိပ်ဆက်သတ်ဖြတ်မှုများကို မလိုလားအပ်သောကြောင့် ခုခံကာကွယ် ပြန်လည်ပစ်ခတ်တိုက်ခိုက်ရခြင်းသာ ဖြစ်ပေသည်။ ဤတိုက်ပွဲများကြောင့် ကြားခံ ကနီမြို့နယ်သူ/သား များမှာ စစ်ဘေးသင့်ဒုက္ခပင်လယ်ဝေနေရပါသည်။ ထိုသူများ၏ စားဝတ်နေရေး မပြေလည်မှု များကို ပြည်တွင်းပြည်ပ မြန်မာပြည်သူများမှ မိမိတို့ပြည်သူအချင်းချင်း ဝိုင်းဝန်းကူညီကြရန် ကျွန်တော်/မတို့ မုံရွာတက္ကသိုလ် အဝေးသင်ကျောင်းသား/သူ များ အသင်းမှ တိုက်တွန်းနှိုးဆော်ပါသည်။ ပြည်တွင်းပြည်ပမှ မြန်မာပြည်သူများ အနေဖြင့်
: Wave Money ဖြင့်လည်းကောင်း
: KBZ Pay ဖြင့်လည်းကောင်း
အောက်ပါ ဖုန်းနံပါတ်ကို ဆက်သွယ် ကူညီဆောင်ရွက်ပေးနိုင်ပါသည်.
တာဝန်ခံ ဖုန်းနံပါတ် -09953006929(ငွေလွှဲအကောင့်)
ကျွန်ုပ်တို့ မုံရွာတက္ကသိုလ် အဝေးသင် ကျောင်းသား/သူ များ အသင်းမှ အကြမ်းဖက် စစ်ကောင်စီအား တော်လှန်နေသော အများပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည် ဖြစ်ပါသည်...

မုံရွာတက္ကသိုလ် ယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်းစီကြေညာချက်အမှတ် ၂/၂၀၂၁ရက်စွဲ/မေလ(၅)ရက်၊ ၂၀၂၁ခုနှစ်"တက္ကသိုလ်များဖွင့်လှစ...
05/05/2021

မုံရွာတက္ကသိုလ် ယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်းစီ
ကြေညာချက်အမှတ် ၂/၂၀၂၁
ရက်စွဲ/မေလ(၅)ရက်၊ ၂၀၂၁ခုနှစ်
"တက္ကသိုလ်များဖွင့်လှစ်မည့်ကိစ္စရပ်များကို ရပ်ဆိုင်းခြင်း"

မုံရွာတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းကြောင်းကြေညာခြင်းကြေညာချက် အမှတ် ၁/၂၀၂၁ရက်စွဲ / မေလ ၄ ရက် ၂၀၂၁ ခုနှစ်။
05/05/2021

မုံရွာတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းကြောင်းကြေညာခြင်း

ကြေညာချက် အမှတ် ၁/၂၀၂၁

ရက်စွဲ / မေလ ၄ ရက် ၂၀၂၁ ခုနှစ်။

📣📣 တစ်ကမ္ဘာလုံး မြည်ဟီးသွားမည့် မေလ (၂) ရက် 📣📣🌎🌎 ကမ္ဘာ့ နွေဦးတော်လှန်ရေးနေ့💪💪ပြည်သူ့အစိုးရအသစ် ( NUG )ကို နိုင်ငံတကာမှ တ...
01/05/2021

📣📣 တစ်ကမ္ဘာလုံး မြည်ဟီးသွားမည့် မေလ (၂) ရက် 📣📣

🌎🌎 ကမ္ဘာ့ နွေဦးတော်လှန်ရေးနေ့💪💪

ပြည်သူ့အစိုးရအသစ် ( NUG )ကို နိုင်ငံတကာမှ
တရားဝင်အသိအမှတ်ပြုရေးနှင့် စစ်အာဏာရှင်အမြစ်ပြတ်ပြုတ်ကျရေးဆန္ဒထုတ်ဖော်ပွဲကိုလာမည့် မေလ ( ၂ )ရက်နေ့မှာ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး နေ့( Global Myanmar Spring Revolution ) ကိုကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့ကို ပြည်တွင်းပြည်ပက ညီအကိုမောင်နှမများအားလုံပေါင်းပြီး မြန်မာတွေရဲ့အသံ​နဲ့ တစ်ကမ္ဘာလုံးကိုတုန်လှုပ်အောင် တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်စွာ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။

နိုင်ငံပေါင်း ၁၅နိုင်ငံမှမြို့ပေါင်း၃၁ မြို့မှမြန်မာလူမျိုးများသည်၅လ၂ရက်ပွဲတွင်ပါဝင်ဆင်နွှဲမည်ဖြစ်ပါသည်။ပါဝင်သည်နိုင်ငံများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

🇲🇲 မြန်မာ - (ပြည်နယ်နှင့်တိုင်း၁၄ခု)
🇺🇸 အမေရိကန်ပြည်ထောင်စု - (နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ဝါရှင်တန်ဒီစီ၊ လော့စ်အိန်ဂျယ်လိစ်)
🇬🇧 အင်္ဂလန် - (လန်ဒန်၊ မန်ချက်စတာ)
🇮🇹 အီတလီ - (ရောမ၊ မီလန်)
🇦🇺 သြစတြေးလျ - (ဆစ်ဒနီ၊ မဲလ်ဘုန်းမြို့၊ ဘရစ္စဘိန်း)
🇩🇪 ဂျာမနီ
🇯🇵 ဂျပန်- (တိုကျို, Hokkaido, Shizuoka)
🇰🇷တောင်ကိုရီးယား- (ဆိုးလ်၊ အင်ချွန်း၊ဆူဝမ်၊ဘူဆန်၊ ဂင်မဲ၊ ချွန်းဝမ်၊ အီဂျောင်းဘူ၊ ဂျယ်ဂျူဒို)
🇹🇼 ထိုင်ဝမ်
🇧🇪 ဘယ်လ်ဂျီယံ
🇦🇹 သြစတြီးယား
🇳🇱 နယ်သာလန် - (Den Haag)
🇨🇦 ကနေဒါ- (Montreal, Vancouver)
🇫🇮 ဖင်လန်-Helsinki
🇳🇿 နယူးဇီလန်၊ အော့ကလန်

🙏🙏 There is good news!Currently, Myanmar communities from 31cities in 15countries are participating in this demonstration. Notified participant countries as follow:

🇲🇲Myanmar - (7States and 7Divisions)
🇺🇸United States - New York, San Francisco, Washington DC, Los Angeles
🇬🇧United Kingdom - London, Manchester
🇮🇹Italy - Rome, Milan
🇦🇺Australia - Sydney, Melbourne, Brisbane
🇩🇪Germany
🇯🇵Japan - Tokyo,Hokkaido , Shizuoka
🇰🇷Korea - Seoul, Incheon, Suwon, Busan, Gimhae, Changwon, Uijeongbu, Jeju island)
🇹🇼Taiwan
🇧🇪Belgium
🇦🇹Austria
🇳🇱Netherlands - The Hague (Den Haag)
🇨🇦Canada - Montreal, Vancouver
🇫🇮Finland -Helsinki
🇳🇿 New Zealand -Auckland

Let's keep adding the list!

Update date : 26/4/2021

🔈🔉🔊好消息!好消息!🙌🏻
現時已有來自15個國家31個城市的緬甸同胞們會一同參加這次示威遊行,通知參加的國家如下:
🇲🇲 緬甸-(14個州和分區)
🇺🇸美國-(紐約、舊金山、華盛頓特區、洛杉磯)
🇬🇧英國-(倫敦,曼徹斯特)
🇮🇹義大利-(羅馬,米蘭)
🇦🇺澳大利亞-(雪梨、墨爾本、布里斯班)
🇩🇪德國
🇯🇵日本- (東京,北海道,靜岡)
🇰🇷韓國-(首爾,仁川,水原,釜山,金海,昌原,議政府, 濟州島)
🇹🇼臺灣
🇧🇪比利時
🇦🇹奧地利
🇳🇱荷蘭-海牙(Den Haag)
🇨🇦加拿大-(蒙特利爾,溫哥華)
🇫🇮芬蘭-赫爾辛基
🇳🇿 新西蘭- 奧克蘭市

讓我們繼續添加清單!

更新日期:26/4/2021

GMSR - GenZ


ပြည်သူ့ဝန်ထမ်း​ကောင်း​တွေကို ဂုဏ်ပြုရင်း ​မေ​ဒေး(အလုပ်သမား​နေ့)ကို ပါဝင်ဆင်နွှဲကြစို့===========================မနက်ဖြန်...
30/04/2021

ပြည်သူ့ဝန်ထမ်း​ကောင်း​တွေကို ဂုဏ်ပြုရင်း ​မေ​ဒေး(အလုပ်သမား​နေ့)ကို ပါဝင်ဆင်နွှဲကြစို့
===========================

မနက်ဖြန် ​မေလ(၁) ရက်​နေ့ဟာ အလုပ်သမား​နေ့ ဖြစ်ပါတယ်။ ​​နွေဦး​တော်လှန်​​​ရေးကို အစပျိုး​ ဖောက်ခွဲခဲ့တာက လမ်းမ​တွေအ​ပေါ်ကို တက်လာခဲ့တဲ့ စက်ရုံအလုပ်သမား၊ စက်ရုံဝန်ထမ်း​တွေပါ။

ဒါ့အပြင် အကြမ်းဖက်စစ်​ကောင်စီရဲ့ စစ်ယန္တရားကို မလည်ပတ်နိုင်​အောင် CDM လုပ်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်း​ကောင်း​တွေ​ကြောင့်လည်း ယခုအချိန်ထိ ​နွေဦး​တော်လှန်​ရေးဟာ အရှိန်အဟုန်ပြင်းစွာ ဖြစ်​ပေါ်တိုးတက်​နေတာ ဖြစ်ပါတယ်။

ဒီ​နွေဦး​တော်လှန်​ရေးမှာ တက်ကြွစွာ ပါဝင်​နေကြတဲ့ပြည်သူ့ဝန်ထမ်း​ကောင်း၊ ပြည်သူ့ဘက်​တော်သား စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း​ကောင်း​တွေကို ဂုဏ်ပြုတဲ့အ​နေနဲ့ မနက်ဖြန် ​မေ​ဒေး​နေ့မှာ မုံရွာမြို့နယ်မှာ ​နေထိုင်တဲ့ ပြည်သူလူထုက ​အောက်​မှာ ဖော်ပြထားတဲ့ အစီအစဥ်​တွေကို တက်ကြွစွာပါဝင်​ဆောင်ရွက်ကြပါစို့။

(၁) ရပ်ကွက်နဲ့ ​ကျေးရွာစစ်​ကြောင်းများ ထွက်ရှိခြင်း

💤 ရပ်ကွက်နဲ့ ​ကျေးရွာအတွင်းမှာ ​​နေထိုင်ကြတဲ့ ပြည်သူ​တွေအ​နေနဲ့ ရပ်ကွက်၊ ​ကျေးရွာစစ်​ကြောင်းများကို ပြန်လည်ထွက်ရှိနိုင်​အောင် ကြိုးစားကြပါ။ လုံခြုံ​ရေး အထူးသတိထားပြီး စိတ်ချရမယ့်သူ​တွေအချင်းချင်း ဆက်သွယ်ထားကာ စုရပ်ကို သတ်မှတ်ပြီး လှုပ်ရှားမှူ​တွေကို ပြုလုပ်ကြပါ။

(ရပ်ကွက်နဲ့​ကျေးရွာအတွင်း ဦး​ဆောင်နိုင်မယ့်သူများက ဦး​ဆောင်​ပေးကြပါရန်။)

(၂) အသံနဲ့ အလံကို နားစွင့်

💬​ကျောင်းသားသမဂ္ဂတပ်ဦးအလံ​တော်ကို မြင်တဲ့သူများက ​ရောက်ရာ​နေရာက​နေ ပူး​ပေါင်းပါဝင်ချီတက်​ပေးကြပါ။ အသံနဲ့ အလံ နားစွင့်ပြီး တပ်ဦးချီလာတဲ့ ရပ်ကွက်က ပြည်သူများက လိုက်ပါပူး​ပေါင်းပါဝင်ချီတက်​ပေးကြပါ။

(၃) လက်ခုပ်တီး ဂုဏ်ပြုကြ၊ သံပုံးတီး ဂုဏ်ပြုကြ

👏 ပြည်သူ​တွေအတွက် ဘဝ​တွေနဲ့ချီ ရင်းနှီးထားကြတဲ့ ပြည်သူ့ဝန်ထမ်း​ကောင်း​တွေအတွက် ​ည (၇) နာရီခွဲမှာ လူတိုင်းက လက်ခုပ်တီး ဂုဏ်ပြုကြပါ။ ည (၈) နာရီမှာ သံပုံး​တွေကို အရင်လို အိမ်တိုင်း၊ အိမ်တိုင်းက ပြန်လည်တီးခတ်​ပေးကြပါ။

"အ​ရေး​​တော်ပုံ ​အောင်ရမည်"

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

မုံရွာတက္ကသိုလ်တွင်းက စစ်ခွေးဘောမသူများအကြောင်း----🔻CDM လုပ်ထားတဲ့ ဆရာမအချို့ ပြန်ပြီး စစ်ကောင်စီအလိုကျ အလုပ်ပြန်ခိုးဆင်...
29/04/2021

မုံရွာတက္ကသိုလ်တွင်းက စစ်ခွေးဘောမသူများအကြောင်း----

🔻CDM လုပ်ထားတဲ့ ဆရာမအချို့ ပြန်ပြီး စစ်ကောင်စီအလိုကျ အလုပ်ပြန်ခိုးဆင်းနေ

🔻မုံရွာတက္ကသိုလ် နည်းပြ၊ သရုပ်ပြ လျောက်လွှာခေါ်ယူတဲ့ကိစ္စမှာ
လျောက်ထားသူ ဦးရေအများအပြားရှိ
(5.5.21နေ့နောက်ဆုံးထားလျှောက်ရမည်
15.5.21ဖြေရမည် ဟုလည်း သိရ။)

🔻ဒီချိန်မှာပြောချင်တာက ကျွန်တော်တို့တွေက စစ်ကောင်စီကို တော်လှန်ဖို့ ဆရာ၊ ဆရာမတွေကို CDM လုပ်ဖို့ဆိုပြီး တိုက်တွန်းခဲ့ကြတယ်။ တကယ်စိတ်ပါပြီး CDM လုပ်တဲ့သူတွေရှိခဲ့သလို၊ SP အလုပ်ခံရမှာမို့ဆိုပြီး ရောယောင်ပါလာတဲ့ ဘောမတသိုက်ကလည်းရှိပြန်တယ်။

🔻နောက်ပြီး တက္ကသိုလ်တွေပြန်ဖွင့် စစ်ကျွန်ပညာရေးကို အသက်သွင်းဖို့ စစ်ကောင်စီ ကြိုးပမ်းနေတဲ့ အချိန်မှာ ကျနော်တို့တွေဟာ စစ်ကောင်စီရဲ့ ကျွန်ပညာရေးစနစ်စီးကြောင်းကို တော်လှန်ဖို့အတွက် အတွက် ကျနော်တို့ ကျောင်းသားတွေကိုယ်တိုင် CDM လုပ်ရမယ့်အချိန်ကာလကိုရောက်လာပြီဖြစ်တယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာ အသက်ပေးပြီးတော်လှန်ခဲ့ကြတဲ့ ရဟန်းရှင် လူ ကျောင်းသား ပြည်သူတွေရဲ့ သွေးတွေပေါ် စီးနင်းလျောက်လှမ်းပြီး ရုံးပြန်တက်၊ ကျောင်းပြန်တက်မယ့်၊ သစ္စာဖောက်လောက် ကျောင်းသား၊ ဆရာဆရာမများခဗျာ--
မရှက်ကြဘူးလား သိက္ခာမဲ့လှပါတကား လူမှမွေးသော လူသားမှဟုတ်ကြပါရဲ့လား ----
သင်တို့သည် ခွေးထက်ပင်ဆိုးယုတ်သော သတ္တဝါပင်ဖြစ်ချေသည်။
Crd.

'' ထွန်းလှ၊ ငါ ဗိုက်ဆာလိုက်တာကွာ '''' ဟုတ်ကဲ့ ဗိုလ်ချုပ် ... ဘာစားချင်လို့လဲ ''" ငါ ပလာတာ စားချင်တယ်ကွာ "ဗိုလ်ထွန်းလှလည်...
13/02/2021

'' ထွန်းလှ၊ ငါ ဗိုက်ဆာလိုက်တာကွာ ''

'' ဟုတ်ကဲ့ ဗိုလ်ချုပ် ... ဘာစားချင်လို့လဲ ''

" ငါ ပလာတာ စားချင်တယ်ကွာ "

ဗိုလ်ထွန်းလှလည်း မဂိုလမ်း
(ရွှေဘုံသာလမ်း) ကိုခေါ်လာပြီး သူတို့ ကျောင်းသား ဘဝက စားနေကျ ပလာတာဆိုင်မှာ ပလာတာ မှာကျွေးတယ်။

ဗိုလ်ချုပ်က ဆိတ်သားခပတ်ပါ စားချင်တယ်လို့ ဗိုလ်ထွန်းလှ ကို တီးတိုးပြောလိုက်တယ်။

ဗိုလ်ထွန်းလှ ဆီမှာ ပိုက်ဆံလုံလုံလောက်လောက် မပါပေမဲ့
ပလာတာစားနေတဲ့ ဗိုလ်ချုပ်ကို ကြည့်ပြီး သနားလို့ ဆိုပြီး ဆိတ်သားခပတ်ပါ မှာပေးလိုက်တယ်။

ဗိုလ်ချုပ် စားနေတာကို ဗိုလ်ထွန်းလှ ထိုင်ကြည့်နေရင် ဗိုလ်ချုပ် စားမှာမဟုတ်ဘူးဆိုတာ သိတော့

ဗိုလ်ထွန်းလှ ဆိုင်ရှင် အပနား ဆီကို မယောင်မလည်သွားပြီး..

'' ဟိုမှာ ထိုင်နေတဲ့ သူ့ကို သိလား ''

'' အင်းသိတယ် ဒီနိုင်ငံ ဗိုလ်ချုပ်လေ ''

'' ဟုတ်ပြီ အဲ့ဒါဆို သူစားထားတာကို မနက်ဖြန်မှာ ကျုပ်လာရှင်းပေးမယ်သိလား ။ဗိုလ်ချုပ်မေးရင်တော့ ရှင်းပြီးပြီလို့ပြောနော် ။ အခု ပိုက်ဆံ လုံလုံလောက်လောက်မပါလာလို့... ''

'' ဟုတ်ကဲ့ ဟုတ်ကဲ့ ''

ဗိုလ်ချုပ် အားရပါးရ စားလို့အပြီးမှာ

'' ထွန်းလှ ပိုက်ဆံရှင်းလိုက်တော့ ''

'' ဟုတ်ကဲ့ ရှင်းပြီးပါပြီ ဗိုလ်ချုပ် ''

တိုင်းပြည်ခေါင်းဆောင်လုပ်ပြီး တပည့်လုပ်သူကို တိုးတိုးပြောတယ် ... ပလာတာကိုဆိတ်သားခပတ်လေးနဲ့ စားချင်တယ်တဲ့ ...
ကျုပ်တို့ ဘယ်လိုရင်ဘတ်နဲ့ အငိုတိတ်ရမှာလဲ ဗိုလ်ချုပ်ရယ် ...

===========

သမီးလေးအောင်ဆန်းစုကြည်ကို ခမည်းပေးဖို့
နတ်မောက်က အမေကြီးဆီ အမွေသွားတောင်းတာ
မရတဲ့အပြင် 'ငါသေမှလာ' ဟဲ့....ဆိုပြီး..
အအော်အငေါက်ပါခံခဲရတဲ့ ငမွဲကြီးပေါ့ ...

တိုင်းပြည်ရဲ့ နံပါတ် ၁ က.
အိမ်ပိုင်မရှိဘူး ...
စစ်ဝတ်စုံ သုံးစုံပဲပိုင်တဲ့ လူကြီးပေါ့ ...
လမ်းဘေးအကြော်တဲတွေ့ရင် ဟေ့ရောင် ထွန်းလှလာကွာ ဆိုပြီး ဝင်ဝင်စားတတ်တဲ့လူကြီးပေါ့ ...

လမ်းဘေးမှာ ပြည်သူတစ်ဦးစွတ်ကျယ်အစုတ်နဲ့ ခိုက်ခိုက်တုန် ချမ်းနေတာတွေတော့ အဲ့ဒါငါ့တာဝန် ငါနဲ့ဆိုင်တယ် ဆိုပြီး
ဝတ်ထားတဲ့အနွေးထည်ကြီး ချွတ်ပေးခဲ့တဲ့လူကြီးပေါ့....

ဟုတ်တယ် ဒီလူကြီး ...
ချစ်မဝတဲ့ ဒီလူကြီး ...
မေ့မရတဲ့ ဒီလူကြီး ...
ဒီလူကြီးကို သတိရတိုင်းဦးညွတ်နေရတာ ...
အလေးပြုနေရတာ ...
ဒီလူကြီး ပြန်လာစေချင်တယ်....
ခဏပဲဖြစ်ဖြစ် မော်ဖူးချင်လို့ပါ ဗိုလ်ချုပ်ရယ် 😢

"ဗိုလ်ထွန်းလှပြန်လည်ပြောပြခဲ့ဖူးသော မှတ်မှတ်ရရစကားများ"

13.2.2021
(၁၀၆) နှစ်ပြည့် မွေးနေ့
Happy Birthday ပါဗိုလ်ချုပ်ရေ ❤

Credit 🙏

05/02/2021
05/02/2021
ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများသို့ ပန်ကြားချက်
04/02/2021

ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများသို့ ပန်ကြားချက်

မုံရွာတက္ကသိုလ် အဝေးသင် ကျောင်းသား/သူ များအသင်း သဘောထားထုတ်ပြန်ချက်
01/02/2021

မုံရွာတက္ကသိုလ် အဝေးသင် ကျောင်းသား/သူ များအသင်း သဘောထားထုတ်ပြန်ချက်

Address

Monywa University
Monywa
02301

Alerts

Be the first to know and let us send you an email when Monywa University Of Distance Student's Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Monywa University Of Distance Student's Association:

Share