Department Of History

Department Of History Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Department Of History, College & University, Monywa University, Monywa.

ဝမ်းနည်းကြောင်းသဝဏ်လွှာ
19/01/2022

ဝမ်းနည်းကြောင်းသဝဏ်လွှာ

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအ...
31/08/2021

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် အသိပေးပန်ကြားချက်များကို တိကျစွာ လိုက်နာပြီး
ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို အနိုင်ယူပါ
ကြားကာလပညာရေးအစီအစဥ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ ကျောင်းသားများကို ပညာဆက်လက်သင်ယူခွင့်ရရန် သက်ဆိုင်ရာပြည်တွင်း ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်လျက်ရှိသည်။
Short Course on Latin America: History and Current Times
သင်ကြားမည့် အကြောင်းအရာ
လက်တင် အမေရိက၏ သမိုင်းကြောင်းနှင့် မျက်မှောက်ခေတ်တွင် ဖြစ်ပေါ်နေသော အကြောင်းအရာများအား ကဏ္ဍ ၄ ခု ခွဲ၍ ဆွေးနွေးပို့ချသွားမည် ဖြစ်ပါသည်။

သင်တန်းတက်ရောက်ရန် လျှောက်ထားနိုင်သူများ
စိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပြီး သမိုင်း၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ နိုင်ငံသိပ္ပံ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒ၊ ဥပဒေပညာသင်တန်းများမှ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်းနှင့် နောက်ဆုံးနှစ်များမှကျောင်းသူကျောင်းသားများကို ဦးစားပေးစဉ်းစားသွားမည် ဖြစ်ပါသည်။
မှတ်ချက်။ ။ သင်တန်းအား လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံသွားမည်ဖြစ်သည်။

သင်တန်းစတင်မည့်ရက်
စက်တင်ဘာလ (၂)ရက်နေ့၊ ၂၀၂၁ ခုနှစ်။

သင်တန်းအချိန်နှင့် ကာလ
အပတ်စဉ် ကြာသာပတေးနေ့ မြန်မာစံတော်ချိန် ညနေ (၇ : ၃၀) နာရီတွင် ပို့ချမည်ဖြစ်ပြီး (၄) ပတ်ခန့် ကြာမြင့်မည်ဖြစ်သည်။

သင်တန်းလျှောက်ထားခြင်းနှင့် ဝင်ခွင့်ရသူများအား အကြောင်းပြန်ခြင်း
စိတ်ပါဝင်စားသူ ကျောင်းသား/သူများအနေဖြင့် အောက်တွင် ဖော်ပြထားသော linkတွင် (၀၂.၀၉.၂၀၂၁) ရက်နေ့
နေ့လည် (၁၂:၀၀) နာရီ နောက်ဆုံးထား၍ သင်တန်းလျှောက်ထားနိုင်သည်။
https://forms.gle/xDsqdVXeXUwWpypY7
သင်တန်းတက်ရောက်ခွင့်ရသူများအား သတ်မှတ်ချိန်မတိုင်မီ emailမှ တစ်ဆင့် ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး လိုအပ်သော reading၊များ၊ တက်ရောက်ရမည့် ZOOM Link များအား ပေးပို့သွားမည်။ Inbox mail မဝင်ပါက SPAM ထဲသို့သွားရောက် ကြည့်ပေးပါရန် အသိပေးအပ်ပါသည်။

ကျောက်ဆည်သမိုင်းကတော့ ရှင်းတယ်၊ပြတ်တယ်
15/08/2021

ကျောက်ဆည်သမိုင်းကတော့ ရှင်းတယ်၊ပြတ်တယ်

.                                                     12 (viii) 21ဒုတိယအကြိမ်မြောက်မုံရွာတက္ကသိုလ် သမိုင်းဌာန CDM သူရဲကေ...
12/08/2021

. 12 (viii) 21

ဒုတိယအကြိမ်မြောက်

မုံရွာတက္ကသိုလ် သမိုင်းဌာန CDM သူရဲကောင်းဆရာ/ဆရာမများကို ပူဇော်ကန်တော့ရန် ထပ်မံ လှူဒါန်းထားကြသော အလှူရှင်များစာရင်းကို ဖြစ်ပါသည်။

သမိုင်းကျောင်းသား ကျောင်းသူများအနေဖြင့်လည်း စေတနာတရား နည်းများမဆို ပါဝင်လှူဒါန်းပေးကြဖို့ရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

လှူဒါန်းမှုများနှင့် ပတ်သတ်သည့် အချက်အလက်များကို Page Cb တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

သမိုင်းကို မ'အ'အောင်သင်ခဲ့ရပြီးစာအုပ်တွေကို ဘေးလွယ်အိတ်ထဲထည့်သိမ်းထားတယ်ညှီစော်နံနေတဲ့ စနစ်ဆိုးကိုတော်လှန်ဖို့တော့ စိတ်ဓ...
08/08/2021

သမိုင်းကို
မ'အ'အောင်သင်ခဲ့ရပြီး

စာအုပ်တွေကို
ဘေးလွယ်အိတ်ထဲထည့်သိမ်းထားတယ်

ညှီစော်နံနေတဲ့ စနစ်ဆိုးကို
တော်လှန်ဖို့တော့ စိတ်ဓာတ်တွေ
ချောင်မထိုးနိုင်ဘူး ဆိုတဲ့.....
သမိုင်း 3rd Year (S1) က ညီငယ် ညီမငယ်လေးတွေ.....။

#အရေးတော်ပုံအောင်ရမည်။

မုံရွာတက္ကသိုလ် သမိုင်းမိသားစုအနေဖြင့်လည်း ထပ်တူဝမ်းနည်းကြေကွဲရပါသည်။
02/08/2021

မုံရွာတက္ကသိုလ် သမိုင်းမိသားစုအနေဖြင့်လည်း ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

လွိုင်ကော်တက္ကသိုလ်သမိုင်းဌာနမှDrယဥ်မွန်ဆွေသည်အဆုံးထိCDMပြုလုပ်သူဖြစ်ပြီးကိုဗစ်ကူးစက်၍ကွယ်လွန်သွားကြောင်းသိရှိရပါသည်။ထို့ကြောင့်လွိုင်ကော်တက္ကသိုလ်ယာယီကောင်စီအနေနှင့်လွိုင်ကော်တက္ကသိုလ်သမိုင်းမိသားစုCDMများကိုယ်စားအထူးဝမ်းနည်းကြေကွဲရပါကြောင်းမှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

မုံရွာတက္ကသိုလ် သမိုင်းဌာန CDM သူရဲကောင်း ဆရာ/ဆရာမ များကို ဒုတိယအကြိမ် ပူဇော်ကန်တော့ရန် အလှူငွေများ ထည့်ဝင်လှူဒါန်းကြပါရ...
01/08/2021

မုံရွာတက္ကသိုလ် သမိုင်းဌာန CDM သူရဲကောင်း ဆရာ/ဆရာမ များကို ဒုတိယအကြိမ် ပူဇော်ကန်တော့ရန် အလှူငွေများ ထည့်ဝင်လှူဒါန်းကြပါရန် မေတ္တာရပ်ခံနှိုးဆော်ပါရစေ။

မုံရွာတက္ကသိုလ် သမိုင်းဌာန နေ့သင်တန်း ကျောင်းသားကျောင်းသူများ၊ အဝေးသင်ကျောင်းသားကျောင်းသူများ၊ ကျောင်းသားကျောင်းသူဟောင်းများနှင့် သမိုင်းဘာသာရပ်ကို ချစ်​မြတ်နိုးသူများ အားလုံး အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ လှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

သမိုင်းဌာနရှိ ဆရာဆရာမများကို ပူဇော်ကန်တော့ရန်အတွက် လှူဒါန်းနိုင်မည့် ဖုန်းနံပါတ်
K Pay (or) Wave Money - 09755108864

ဌာနအသီးသီးရှိ ရုံးဝန်ထမ်းများကို ကူညီထောက်ပံ့​နိုင်ရေးအတွက် ဆက်သွယ်လှူဒါန်းနိုင်မည့် ဖုန်းနံပါတ်
K Pay (or) Wave Money - 09789958339

အထက်ဖော်ပြပါ ph noများသို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ လှူဒါန်းမှု နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို Page Cbသို့
ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ပထမအကြိမ် လှူဒါန်းငွေများကို CDM ဆရာ/ဆရာမများ ထံသို့ 19.7.2021ရက်နေ့တွင် ပူဇော်ကန်တော့ခဲ့ပြီး ဖြစ်ပါသည်။အသေးစိတ်သိရှိလိုပါက အောက်ပါLinkမှတဆင့် ဖတ်ရှူနိုင်ပါသည်။
https://www.facebook.com/148699085738704/posts/883670235574915/

CDM သူရဲကောင်း ဆရာ/ဆရာမများကို ပထမအကြိမ်ပူဇော်ကန်တော့ပြီးကြောင်း ကြေညာခြင်း
19/07/2021

CDM သူရဲကောင်း ဆရာ/ဆရာမများကို ပထမအကြိမ်
ပူဇော်ကန်တော့ပြီးကြောင်း ကြေညာခြင်း

.                                                     17 (vii) 21မုံရွာတက္ကသိုလ် သမိုင်းဌာန CDM သူရဲကောင်းဆရာ/ဆရာမများကိ...
17/07/2021

. 17 (vii) 21

မုံရွာတက္ကသိုလ် သမိုင်းဌာန CDM သူရဲကောင်းဆရာ/ဆရာမများကို ပူဇော်ကန်တော့ရန် ထပ်မံ လှူဒါန်းထားကြသော အလှူရှင်များစာရင်းကို ဖော်ပြပေးလိုက်ပါသည်။

ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ အထိ လှူဒါန်းထားသည့် အလှူရှင် (၁၀၀)ဦးရှိပြီး အလှူငွေစုစုပေါင်း (၁၁)သိန်းကျပ် ရရှိထားပါသည်။

နာမည်စာရင်းမပေးပို့ရသေးသော အလှူရှင်များ Page Cb သို့ ဆက်သွယ်ပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လှူဒါန်းမှုများနှင့် ပတ်သတ်သည့် အချက်အလက်များကို Page Cb တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

မုံရွာတက္ကသိုလ် သမိုင်းဌာန CDM ဆရာ ဆရာမ များကို ပူဇော်ကန်တော့ရန်အတွက် လှူဒါန်းထားကြသည့် အတန်းအသီးသီးက အလှူရှင်ဦးရေစာရင်...
14/07/2021

မုံရွာတက္ကသိုလ် သမိုင်းဌာန CDM ဆရာ ဆရာမ များကို ပူဇော်ကန်တော့ရန်အတွက် လှူဒါန်းထားကြသည့် အတန်းအသီးသီးက အလှူရှင်ဦးရေစာရင်းကို ဖော်ပြပေးလိုက်ပါသည်။

ဇူလိုင်လ ၁၃ ရက်နေ့ အထိ လှူဒါန်းကြသော အလှူရှင်ဦးရေ စုစုပေါင်းမှာ ၉၀ ဦးရှိပြီး အလှူငွေ (၁၀) သိန်း ကျပ် ရရှိထားပြီး ဖြစ်ပါသည်။

အလှူငွေ ထည့်ဝင်လှူဒါန်းခြင်း မပြုရသေးသော ကျောင်းသားကျောင်းသူများလည်း Page Cb ကနေ ဆက်သွယ်လှူဒါန်းပေးကြဖို့ရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။ ။

Address

Monywa University
Monywa

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Department Of History posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share