Monywa University of Economics Students' Union

Monywa University of Economics Students' Union Better things are coming to our bright future!!!

7 July အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြောင်း ထုတ်ပြန်ချက်  မြန်မာပြည်မြောက်ပိုင်း ရောက် သမဂ္ဂညီနောင်များ စုပေါ...
07/07/2026

7 July အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြောင်း ထုတ်ပြန်ချက်

မြန်မာပြည်မြောက်ပိုင်း ရောက် သမဂ္ဂညီနောင်များ စုပေါင်း၍ ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားကို
စစ်ကိုင်းတိုင်း မြေပြင်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ဆေးတက္ကသိုလ်-မန္တလေးကျောင်းသားများသမဂ္ဂမှ ရဲဘော်များ၊ ရတနာပုံဆိုက်ဘာစီးတီး တက္ကသိုလ် ကျောင်းသားများ၊ မန္တလေးကွန်ပျူတာတက္ကသိုလ်က ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို အောက်ပါ အစီအစဉ်များဖြင့်ပြုလုပ်ခဲ့ကြရာ -

အစီအစဉ် (၁) အရ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သမဂ္ဂရဲဘော်ဟောင်းတစ်ဦးက အမှတ်တရစကားပြောကြားခြင်းဖြင့် အခမ်းအနားစတင်ခြင်း။

အစီအစဉ် (၂) အရ SURC မှ ၇ ဇူလိုင် အောက်မေ့ဖွယ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း။

အစီအစဉ် (၃) အရ တက်ရောက်လာသော ကျောင်းသားသမဂ္ဂ ရဲဘော်များ နှင့် ကျောင်းသားများက အမှတ်တရကဗျာများ ရွတ်ဆိုခြင်း။

(က) သွေးထွက်လွန်သွားတဲ့ကဗျာ
(ခ) ကျောင်းသား အတ္ထုပတ္ထိ
(ဂ) သမိုင်းထဲက သတင်းစကား
(ဃ) မျှော်
(င) ငါ့ဘေးနားကရဲဘော်
(စ) ကျောင်းဖွင့်ချိန်

အစီအစဉ် (၄) အရ အခမ်းအနားအစီအစဉ်ကို ပြီးဆုံးကြောင်း ကြေညာခြင်း တို့ဖြစ်ကြသည်။

" ၇.၇.၆၂ မမေ့ကြနဲ့"
" အရေးတော်ပုံအောင်ရမည်"

မြန်မာပြည် မြောက်ပိုင်းရောက်
တက္ကသိုလ်ကျောင်းသားသမဂ္ဂများ

Address

Monywa

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Alerts

Be the first to know and let us send you an email when Monywa University of Economics Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Monywa University of Economics Students' Union:

Shortcuts

Share