19/08/2022
GTI ကို GTC၊ GTC ကို GTI အဖြစ်ပြောင်းကာ B.Tech. ပြန်လည်ပေးအပ်ဖို့ စစ်ကောင်စီ စီစဉ်နေ [ Friday, August 19, 2022 8:28 PM ]
GTC နှင့် GTI မှာ အခေါ်အဝေါ်သာ ကွဲပြားပြီး အခြားထူးထူးခြားခြား ကွဲပြားတာ မရှိဘူးလို့ ဆိုလျှင် ငြင်းပွားဖွယ်ရာတော့ သိပ်မရှိချေ။ များသောအားဖြင့် သင်ကြားပို့ချပေးသော course နှင့် ပေးအပ်သော degree အပေါ်မူတည်၍ GTC နှင့် GTI ကို ခွဲခြားနိုင်သည်။ GTC များတွင် A.G.T.I. B.Tech. B.E. ဆိုပြီး တစ်နေရာတည်းမှာပင် အဆင့်ဆင့် တက်ရောက်နိုင်ပြီး GTI များတွင်မူ A.G.T.I. တစ်ခုသာလျှင် တက်ရောက်နိုင်သည်။ သို့သော်လည်း 2013-2014 ပညာသင်နှစ်နောက်ပိုင်းမှ စတင်ပြီး B.Tech. ပေးခြင်းကို ဖျက်သိမ်းလိုက်ကာ A.G.T.I. B.E. သာလျှင်ရှိတော့ပြီး B.E. ကို TU များတွင် ဆက်လက်တက်ရောက်နိုင်သည်။ GTC များတွင် အရင်လက်ကျန် B.E. များသာ ရှိနေခဲ့ပြီး 2018-2019 ပညာသင်နှစ်တွင် ကျောင်းပြီးသွားခဲ့ကြပြီ ဖြစ်သည်။
ယခုတွင် စစ်ကောင်စီလက်အောက်ခံ DTVETက B.Tech. ပြန်ပေးရန် စီစဉ်နေပြီး လာမည့် သို့ တွင် ဖွင့်လှစ်ရန် ကြိုးပမ်းလျက်ရှိသည်။ ပြီးခဲ့သည့်နှစ်တုန်းကလည်း GTI များကို GTC အဖြစ်သို့ ပြောင်းလဲခဲ့ကာ ယခုတွင်မူ GTC (Mohnyin & Myingyan) ကို GTI (Mohnyin & Myingyan) အဖြစ်သို့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ DTVET က ပြောင်းလဲသုံးစွဲပြန်သည်။ ဒါကြောင့်မို့ အရင်က GTC(Mohnyin, Shwebo, Myingyan) 3 ခု ရှိခဲ့သော်လည်း ယခုတွင် (Shwebo, Mandalay, Kyaukphyu, South Dagon, Naypyitaw) 5 ခု ရှိနေပြီဖြစ်သည်။ ၎င်းတို့ရဲ့ policyအရ GTI များတွင် A.G.T.I. သာ တက်ရောက်နိုင်မှာ ဖြစ်ပြီး GTC များတွင် A.G.T.I. ရော B.Tech. ပါ သင်ယူနိုင်မှာ ဖြစ်သည်။ A.G.T.I. ပြီးမြောက်ပြီး B.E. ဆက်လက်တက်ရောက်လိုပါက အရင်အတိုင်း TU များမှာသာ သွားရောက်တက်ရမည်ဖြစ်သည်။ B.Tech ပြီးမြောက်သူများကတော့ M.Tech ကို ထိုကျောင်းတွင်သာ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်သည်။ (ဤစာပိုဒ်သည် GTC များကို TU အဖြစ်ပြောင်းလဲပြီးချိန်နှင့် 2007 နောက်ပိုင်းကာလကို ရည်ရွယ်ပါသည်။)
ဒါကြောင့်မို့ A.G.T.I. ပြီးလျှင် B.E. ဆက်လက်တက်ရောက်နိုင်မှာ ဖြစ်ပြီး B.Tech. ပြီးလျှင် M.Tech. ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း အကြမ်းဖျင်း မှတ်ယူနိုင်သည်။ သို့သော်လည်း A.G.T.I. နှင့် B.Tech. များတွင် သတ်မှတ်အရည်အချင်းဖြင့် အောင်မြင်မှသာ နောက်ထပ်အတန်းများကို ဆက်လက်တက်ရောက်နိုင်မှာသာဖြစ်သည်။
Fri, Aug 19, 2022
AITS - MGN GTC